Chapter 34
Viewers 9k

 


အပိုင်း (၃၄)



ထိုစာပိုဒ်က အတော်အသင့်ရှည်ပြီး ဆူဇန်နာ ကလည်း ခပ်မြန်မြန် ပြောချပစ်လိုက်တယ်။ ကျီရှောင်အုံး "ဟိုလ်ဒန်" ဆိုတဲ့နာမည်စာလုံးကိုသာ နားလည်လိုက်နိုင်ခဲ့တယ်။


ဟိုလ်ဒန်လား ??


ကျီရှောင်အုံး ဟိုလ်ဒန် ကဘယ်သူလဲဆိုတာ သေချာပေါက်မှတ်မိတာပေါ့။ ထောင်ထောင် ဝံပုလွေမျိုးနွယ်စု၏ သင်္ဘောပေါ်ကို ခိုးတက်သွားတုန်းက သူမ သူ့ကို ကယ်ဖို့အတွက်နဲ့ ဝံပုလွေတွေနဲ့ အပြန်အလှန် စကားပြောခဲ့ရတာ၊ သန္တာကျောက်တန်းကို ဖြတ်ကျော်ဖို့ သူတို့ကို ကူညီပေးတဲ့ အလဲအလှယ်အနေနဲ့ သူမနဲ့ ထောင်ထောင်ကို သူတို့ လွှတ်ပေးလိုက်ကြတာပဲ။


ပြီးတော့ ဟိုလ်ဒန် က ဝံပုလွေတွေရဲ့ အကြီးအကဲလည်းဖြစ်တယ်။


အဲဒီနေရာက ဝံပုလွေနယ်ပိုင်နက်ကိုး။


ကျီရှောင်အုံး မသိစိတ်ကနေ သူ့အလိုလို နောက်ကို လှည့်ကြည့်လိုက်တော့ ရှေးကျတဲ့သစ်ပင်တွေ အနောက်ဘက်တွင် နေပျောက်ထိုးကာ မှောင်ရီ ဖျိုးလာတာကို တွေ့လိုက်ရတယ်။


တောက်ပနေသော မျက်လုံးနှစ်လုံးနဲ့ သူမ အလန့်တကြား ကြည့်လိုက်ခဲ့တယ်။


အဲဒီမှာ ခုနတုန်းက ဘာမှမရှိပါဘူး၊ သူမ အရင်က ဒီနေရာကို မြင်ဖူးသလိုလို ခံစားလိုက်ရတယ်။


ကျီရှောင်အုံး က စကားပြန်မပြောတာကို ဆူဇန်နာက မြင်လိုက်ပြီး သူမဘာကိုဆိုလိုသည်ကို သူမ(ကျီရှောင်အုံး) သိသွားပြီလို့ တွေးတောလိုက်ကာ သူမ သက်သာရာရစွာ သက်ပြင်းချလိုက်ပြီးတော့ မျိုးနွယ်စုဆီ သူမကို ပြန်ခေါ်သွားခဲ့လိုက်တော့တယ်။


သူ ရမ့် အိမ်သို့ ပြန်ရောက်လိုက်တော့မှ ကျီရှောင်အုံးတစ်ယောက် ထိုရင်းနှီးကျွမ်းဝင်တဲ့ ခံစားချက်ကို ဘယ်ကရောက်လာတာလဲဆိုတာ သတိရသွားလိုက်တော့တယ်။


သစ်ပင် သစ်ရွက်တွေ ထူထည်းစွာနဲ့ ဆန်းဆန်းပြားပြာ အပင်တွေ . . .... အဲဒီအပင်တွေက သူမ ဒီတိုက်ကြီးကို ပထမဆုံး ရောက်လာတုန်းက အပင်တွေနဲ့ တစ်ပုံစံတည်းပါလား။


သူမ သူမ၏ ကျောပိုးအိတ်ကို နေရာလွတ်မှ အလောတကြီး ထုတ်ယူလိုက်ပြီး သူမ ဆဲလ်ဖုန်းကို လှန်လှောမွှေနောက်ရှာကာ ယူလိုက်ပြီး ပါဝါခလုတ်ကို လက်ချောင်းဖြင့် ဖိနှိပ်လိုက်ကာ ဖွင့်လိုက်ခဲ့တယ်။


ဒီနေရာကို ရောက်ကတည်းက ကျီရှောင်အုံး သူမဖုန်းဘက်ထရီကို ချွေတာဖို့ သူမဖုန်းကို ပိတ်ထားခဲ့တော့ ဘက်ထရီအား ရှိနေသေးတယ်။


အိုင်ကွန် ဘက်တမ် လာလိုက်ပြီးနောက် ခဏကြာပြီးနောက် သူမ အယ်လ်ဘမ်ကိုဖွင့်ကာ ဓာတ်ပုံအချို့ကို ထုတ်ကြည့်လိုက်ခဲ့တယ်။


သူမ ဒီကမ္ဘာကို ပထမဆုံးရောက်လာတုန်းက နံပါတ်လေးလုံးနဲ့ "1002" ဆိုတဲ့ ဂဏန်း လေးလုံးကို သစ်ပင်သားထူထူပေါ်မှာ ထွင်းထုလိုက်ခဲ့တယ်။ တောထဲမှာ သူမ လမ်းပျောက်တိုင်း လမ်းဆုံတစ်ခုစီ သူမ ဓာတ်ပုံရိုက်ပြီး တူညီတဲ့လမ်းကိုရှောင်သွားခဲ့တာပဲဖြစ်တယ်။


ကျီရှောင်အုံး ယခု သစ်ပင်တွေကို သေချာဂရုတစိုက်ကြည့်လိုက်ခဲ့တယ်။ သူမရဲ့ ဓာတ်ပုံထဲက သစ်ပင်တွေက ဒီနေ့သူမ မြင်ခဲ့ရတဲ့ သစ်ပင်တွေနဲ့ တစ်ပုံစံတည်းတူနေတာပဲ။


ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ . .


သူမ ဒီလောက်အကြာကြီး နောက်ပြန်လာလိုက်တာက သူမ စတဲ့နေရာမှာ ပြန်အဆုံးသတ်သွားလိုက်တာလား။


ဒါကို အခုလို သတိချပ်သွားလိုက်ကာ ကျီရှောင်အုံး အချိန်အကြာကြီး စကားမပြောနိုင်တော့ပေ။


ဘတ်ဟမ်က ဘော်နီးယား အရှေ့ဘက်စွန်းက အရမ်းဝေးလံတယ်လို့ပြောလိုက်တဲ့ အချိန်တည်းက သူမမှာ မကောင်းသောခံစားချက်တစ်ခု ရှိခဲ့တာပင်။


သို့ပေမဲ့လည်း အဲဒီအချိန်တုန်းကတော့ လမ်းက နည်းနည်းတော့ ဝေးလောက်မှာပဲလို့ သူမတွေးလိုက်မိတာပင်၊ သူမ မမျှော်လင့်ထားတဲ့အချက်ကတော့ သူမ တွေးထင်ထားတာထက် ရက်ရက်စက်စက်ကို ဆိုးနေခဲ့တာပဲ။


ကျီရှောင်အုံး၏လည်ချောင်းက တစ်စုံတစ်ခုက လာရောက်ပိတ်ဆို့နေသလို မသက်သာစွာ အသက်ရှူကျပ်သွားခဲ့တယ်။


'—— သူမက သူမအိမ်နဲ့ အဝေးကြီး အဝေးကြီးမှာ ရောက်နေတာပဲ'


ကျားသစ်နဲ့ ဝံပုလွေတွေက တောင်တစ်တောင်ပဲ ခြားလိမ့်မယ်လို့ သူမ လုံးဝ မထင်ထားလိုက်ပေ။


'ထောင်ထောင်က သူမ အရှေ့ဘက်ကို သွားချင်နေတယ်ဆိုတာ သူလည်း သိနေရက်သားနဲ့ ဘာလို့ သူ သူမကို ဒီနေရာကို ပြန်ခေါ်လာရတာလဲ။'


တစ်ဖက်တွင်တော့ ကျီရှောင်အုံး သူမရဲ့အကျပ်အတည်းအတွက် ရမ့်ကို အပြစ်တင်ချင်နေပေမဲ့ တစ်ဖက်ကတော့ သူမကို မကယ်ဆယ်ဘဲ ပြန်မခေါ်လာခဲ့ရင် သူမ သေသွားပြီးတော့ ဘုရားပဲသိမဲ့ နှင်းလွှာထုထူထူထဲမှာ မြှုပ်နှံခြင်းခံရမယ်ဆိုတာ သူမ သိပါတယ်။ .


. . 


သို့ပေမဲ့လည်း သူမ နားလည်ပေမဲ့လည်း...... . .


အဲဒီအချက်က သူမစိတ်ထဲမှာ တိုးဝင်နေတုန်းပင်..... .


ကျီရှောင်အုံး စိတ်ပျက်လက်ပျက်နဲ့ ဝါးခြင်းတောင်းကို ချလိုက်ခဲ့တယ်။ သံလွင်သီးနဲ့ အခြားသစ်သီးတွေ ရှာတွေ့တုန်းက သူမရဲ့စိတ်လှုပ်ရှားမှုတွေ တစ်စွန်းတစ်စမှ မရှိတော့ပါပေ။


လက်တစ်ဖက် သူမ ဖုန်းကို ကိုင်လိုက်ပြီး ပင်မစာမျက်နှာဆီ ပြန်သွားဖို့ သူမ လက်မနဲ့ တို့လိုက်ခဲ့၏။


စက်ခရင်ပေါ်တွင်တော့ ဆေးဝါရောင်သန်းနေတဲ့ ပုံဟောင်းတစ်ပုံ ထွက်ပေါ်လာခဲ့ပါတယ်-----


သူမ ငါးနှစ်သမီးအရွယ်တုန်းက ဓာတ်ပုံပင်ဖြစ်လေတယ်။ ဓာတ်ပုံနည်းပညာက သိပ်မကောင်းတော့ ပုံထွက်အရည်အသွေးကလည်း အရမ်းမကောင်းပေ။


ကျီရှောင်အုံးက မူလတန်းစတက်ခဲ့တဲ့အချိန်ကဖြစ်ပြီး ပန်းရောင်ပန်းရောင်စကတ်ကို ၀တ်ထားပြီး ကျောင်းလွယ်အိတ်သေးသေးလေးကို လွယ်ထားခဲ့တယ်။ သူမက မျက်လုံးများ ရဲတွတ်စွာနဲ့ ကျောင်းတံခါးဝတွင် မတ်တပ်ရပ်နေပြီး သူမရဲ့လက်မောင်းတိုတိုလေးတွေ ကျယ်ပြောစွာ ဖွင့်လှစ်လို့ ထားခဲ့ပါတယ်။


သူမမျက်နှာပေါ်တွင် အပြုံးသေးသေးလေးတစ်ခု ချိတ်ဆွဲနေပြီး သူမ ခေါင်းကို ငုံ့ကာ မျက်တောင်မွေးပေါ်က မျက်ရည်တွေကို သုတ်ဖယ်နေခဲ့တယ်။


. . .


ဒီဓာတ်ပုံက သူမ ဦးလေးဖြစ်သူက ရိုက်ပေးထားတဲ့ပုံပင်။


အဲဒီဦးလေးက ဒီပုံထဲမှာ သူမက ကျောင်းတက်ဖို့ ငြင်းဆန်ခဲ့တာက သူမ နောက်ခုံမှာ ရှိတဲ့ ကောင်လေးက သူမကို အမြဲတမ်း အနိုင်ကျင့်တာမို့လို့လို့ ပြောခဲ့တယ်။ သူမအမေက သူမကို နောက်ပြန်ဆုတ်ပြီး ကျောင်းထဲ လမ်းလျှောက်ဖို့ အချိန်အတော်ကြာအောင် စည်းရုံးလိုက်ရခဲ့တယ်တဲ့။


ကျီရှောင်အုံး ဒီအကြောင်းကို မေ့လျော့နေခဲ့တာပဲဖြစ်တယ် ။ သူမ မူလက စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီဓာတ်ပုံလေးကို တွေ့ရှိခဲ့ပြီး ဒီဓာတ်ပုံကို သူမဖုန်းရဲ့ ကာဗာပုံအဖြစ် ထားထားလိုက်ခဲ့တာပင်။ အခုတော့ သူမ အမူမဲ့အမှတ်မဲ့နဲ့ နားလည်သွားခဲ့တယ်၊ ဒါက ဝမ်းနည်းနေရမဲ့ အကြောင်းမှ မဟုတ်တာလို့ပဲ။


ကျီရှောင်အုံး ဓာတ်ပုံလေးကို အချိန်အကြာကြီးကြာအောင် ကြည့်လိုက်ခဲ့ပြီးတော့ သူမ၏ မျက်လုံးများကို မသာမယာနဲ့ လွှဲဖယ်လိုက်ပြီး သူမ မျက်ရည်တွေကို သုတ်ဖယ်လိုက်ခဲ့တယ်။


. . .


အချိန်အတော်ကြာပြီးနောက် သူမ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ခုနက ဓာတ်ပုံတွေကို နောက်တစ်ကြိမ် ထပ်ကြည့်မိလိုက်တယ်။ သူမ၏ စိတ်ဝိညာဉ်တွေကို ကောက်သိမ်းလိုက်ရင်း သူမ ဘောပင်တစ်ချောင်းနဲ့ စာရွက်အချို့ကို ထုတ်ကာ လမ်းတွေနဲ့ ပတ်သက်တဲ့ သူမမှတ်ဉာဏ်တွေကို တစ်လမ်းပြီး တစ်လမ်း ချရေးလိုက်တော့တယ်။


*


ဘာမှ မဖြစ်ပါဘူး ..... ကျီရှောင်အုံးက သူမကိုယ်သူမ နှစ်သိမ့်ပေးလိုက်တယ်၊ သူမ နောက်ထပ် ထပ်သွားသွားဖို့ အချိန်တန်လာပြီဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခက်ခဲတဲ့လမ်းတစ်လမ်းတော့ မဟုတ်တာပဲ။


သူမ ပြန်သွားနိုင်ပြီးတော့ သူမ အဖေနဲ့အမေကို ပြန်တွေ့နိုင်ရင် အရာအားလုံး လုပ်ဖို့ ထိုက်တန်တာပင်။


နောက်နှစ်ရက်ကျော်သည်အထိ ကျီရှောင်အုံးတစ်ယောက် သူမ မြေပုံဆွဲတာနဲ့ အလုပ်များနေခဲ့ပြီး တောင်ပတ်လည်က လမ်းတွေအား လေ့လာစူးစမ်းဖို့ သွားလိုက်ခဲ့ကာ သစ်သီးတွေကောက်ဖို့လည်း သူမ သွားလိုက်ခဲ့တယ်။


ဒီကနေ အရှေ့ဘက်ကို ရောက်ဖို့က တကယ့်ကို အချိန်အကြာကြီးသွားရမှာ သေချာပေါက်ပဲ။ သူမ နေရာလွတ်ထဲမှာ ကျန်သေးတဲ့ အစားအစာတွေက မလုံလောက်တာမို့ သူမ အစားအသောက်တွေ ပိုထည့်သွားပြီး ပြင်ဆင်တာ ပိုကောင်းလိမ့်မှာပင်။


ဒီအပြင် ကျီရှောင်အုံး စောင်နှစ်ထည်ကိုလည်း ပြီးအောင် ချုပ်လုပ်နိုင်ခဲ့တယ်။


ခြုံစောင်က ဝါဂွမ်း ထည့်အစာသွပ်ညှပ်ထားခဲ့ကာ ပျော့ပြောင်းတဲ့ သစ်ခေါက်မျှင်နဲ့ လိုင်းကြောင်းထည့်သွင်းကာ အခြောက်ခံကျစ်ထားခဲ့တဲ့ သဘက်နှစ်ထည်ပဲဖြစ်တယ်။ တစ်ခုတည်းသောပြဿနာမှာ အပ်ကောင်းကောင်းတစ်ချောင်း မရှိတာပဲဖြစ်တယ်။


ကံကောင်းထောက်မစွာပဲ ဒီနေရာက သားရဲလူသားတွေကလည်း သားရေခွံများကို ချုပ်လုပ်ကြတာမို့ ဆူဇန်နာ က အိမ်တွင် အဆင်သင့်လုပ်ထားသော ဝါးအပ်များ ရှိနေခဲ့တယ်။ ကျီရှောင်အုံး သူမဆီကနေ တစ်စုံ ငှားလိုက်ပြီး အားတဲ့အချိန်တိုင်း ထိုင်ပြီး ခြုံစောင်ကို ချုပ်လိုက်ခဲ့တယ်။


သူမ အရင်က ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးတာကြောင့်မို့လို့ ကျီရှောင်အုံး သူမလက်တွေက လုပ်စကိုင်စမရှိတော့ သူမချုပ်ရိုးတွေက ရှုပ်ထွေးနေခဲ့တယ်။ သူမ ကြိုးတွေကို အကြိမ်တော်တော်များများ ပြန်ဖြဲထုတ်လိုက်ပြီး နောက်ဆုံးထွက်လာတဲ့စောင်ကတော့ အရမ်းကြည့်လို့မလှပေမဲ့ အလွန်နွေးထွေးနေတုန်းပင်။


ကျီရှောင်အုံးက ခြုံစောင်အား နေ့ခင်းဘက်တွင် နေပူထဲတွင် လှမ်းထားလိုက်ပြီး ညဘက်ကျ သူမကိုယ်ပေါ် ခြုံဖို့ မစောင့်နိုင်တော့ပေ။


အဲဒီညတွင်တော့ ကျီရှောင်အုံး လုံးလုံးအေးတယ်လို့ မခံစားရဘဲ အလွန်ကျေနပ်သွားလိုက်ခဲ့တယ်။


နောက်နေ့မနက်စောစောတွင်တော့ ကျီရှောင်အုံး ပစ္စည်းတွေအားလုံး သူမနေရာလွတ်ထဲကို ထည့်လိုက်ခဲ့ပြီးတော့ သူမမြေပုံကို ယူကာ အိမ်ငယ်လေးဆီမှ ထွက်လာခဲ့တော့တယ်။


သူမ အပြင်ထွက်ပြီး လမ်းကို လေ့လာ စူးစမ်းရန် ရည်ရွယ်ထားတာပဲဖြစ်တယ်။ တကယ်လို့ သူမ ချိုင့်ဝှမ်းထဲက အောင်အောင်မြင်မြင် ထွက်သွားနိုင်လို့ရှိရင် သူမ လုံဝ ပြန်မလာနိုင်တော့ဘူးပဲ။


ကျီရှောင်အုံး နဂိုကတော့ ရမ် ပြန်လာတာကို စောင့်ပြီး သူ့အား စကားလည်းအနည်းငယ်ပြောကာ တွေ့လည်းတွေ့ချင်သေးတာဖြစ်တယ်။


ဒါပေမယ့် သူ ဘယ်အချိန် ပြန်လာမယ်ဆိုတာကို သူမ မသိပေ၊ ရမ် က သူမကို လွှတ်ဖို့သဘောတူမှာမဟုတ်ဘူးလို့ သူမ ခံစားလိုက်ခဲ့တယ်...... . .


ပထမအကြိမ် သူမ ထွက်သွားမယ်လို့ ပြောတုန်းက သူက သဘောတူတဲ့ တုံ့ပြန်မှုမရှိခဲ့တာပဲ။


နောက်တစ်စက္ကန့်လောက် တွေးတောလိုက်တော့ ရမ် က သူမက လူသားဖြစ်တယ်ဆိုတာနဲ့ သူမမှာ လျှို့ဝှက်ချက်တွေအများကြီးရှိတယ်ဆိုတာ သိထားပြီးဖြစ်တာပင်။ သူမကို လွယ်လွယ်နဲ့ ထွက်သွားခွင့်ပေးဖို့က ဖြစ်နိုင်မှာ မဟုတ်ပေ။


. . .


******** .


ကျီရှောင်အုံး သူမကျောပိုးအိတ်ကို ကျောပေါ်လွယ်ကာ ဆူဇန်နာ သူမကို ခေါ်သွားဖူးတဲ့ တောအုပ်ဆီသို့ လမ်းလျှောက်လာလိုက်ရင်း ကျားသစ်မျိုးနွယ်စုနယ်မြေမှ ထွက်ခွာလိုက်တော့တယ်။


နှင်းတွေက အရှင်းမပျောက်ကွယ်သွားသေးပေ၊ ကျီရှောင်အုံး အရမ်းမြန်မြန် မလျှောက်နိုင်ခဲ့ပေ။


ကောင်မလေးရဲ့ကျောပြင်က ပါးလွှာပြီး ကျောပိုးအိတ်နီနီက ကြီးမားကျယ်ပြန်တဲ့ အဖြူရောင် ရှုခင်းတွင် မျက်စိစူးတဲ့အရာတစ်ခု ဖြစ်တည်လာလိုက်ကာ မျက်ခုံးရိုးကြားထဲက ဖျာလဲ့နေတဲ့ နီလာရောင်အစက်လို တလက်လက် လင်းဖျာလို့နေခဲ့တယ်။


နောက်ဆုံးတွင်တော့ ပျောက်ကွယ်သွားလိုက်တော့တယ်။


. . .


. . . . . .


ထိုစဉ်တွင်တော့ ဆူဇန်နာ က ရမ်၏ ခြံအပြင်ဘက်တွင် မတ်တပ်ရပ်ကာ တံခါးဝတွင် ပျော်ရွှင်စွာ နှုတ်ဆက်လိုက်တယ် "ဟေး... အသီးအရွက်စားမိန်းမပျို နင် သိလား! ဒီနေ့ ရမ် ပြန်ရောက်လာပြီ!"


ခဏကြာပြီးနောက် အတွင်းထဲမှ ဘာတုံ့ပြန်မှုမှ မရှိခဲ့ပေ။


ဆူဇန်နာ က တံခါးကို တွန်းလိုက်ပေမယ့် တံခါးက အပြင်ကနေ သော့ခတ်ထားပြီး တံခါးတွင်လည်း သော့ဂလောက် ချိတ်ထားခဲ့တယ်။


ဆူဇန်နာ က သော့ကို ကိုင်ဆွဲလိုက်ပြီး "သူတကယ် အပြင်ထွက်ပြီး သော့မယူသွားတာလား။ လုံလုံးကို အသီးအရွက်စားတွေရဲ့ခေါင်းက မြက်တွေနဲ့ ပြည့်နေတာပဲ"


ဒီရက်အတောအတွင်း ကျီရှောင်အုံး ခဏခဏ အပြင်ထွက်ပြီး တောင်တန်းပေါ်မှာပဲ အချိန်အများစုကုန်ဆုံးတာမို့ ဒီနေရာမှာ လူ မတွေ့တာက ဆူဇန်နာ ထူးဆန်းတယ်လို့ မခံစားရပေ။


ဆူဇန်နာ က သော့အား ဒီအတိုင်းပဲ ပြန်ချိတ်ထားလိုက်ခဲ့တယ်၊ အစတုန်းကတော့ တောင်ပေါ်မှာ ကျီရှောင်အုံးကို သွားရှာချင်ပေမဲ့ ရမ် ပြန်လာတော့မှာပဲလို့ တွေးတောလိုက်ပြီး သူမ မျက်လုံးက အရောင်ပြောင်းလဲလိုက်ကာ အဆုံးတွင်တော့ သွားမရှာလိုက်ဖို့ ဆုံးဖြတ်လိုက်ခဲ့တယ်။ သူမ မျိုးနွယ်စုမှာပဲ နေပြီးတော့ ရမ် ကိုပဲ စောင့်နေလိုက်တော့တယ်။


*******


ကောင်းကင်ရှိ နေရောင်က စောင်းလာပြီး အလင်းရောင်ခြည်က ပိုမို အားနည်းလို့လာခဲ့သည်။


ကျားသစ်အုပ်စုတစ်စုက တောအုပ်ထဲကို ဖြတ်သန်းကာ ပေါ့ပါးဖြတ်လတ်စွာနဲ့ ဒုန်းစိုင်းပြေးနေပြီး တဟုန်ထိုး ခုန်ပေါက်ပြေးလွှားနေကြကာ နောက်တွင် အရိပ်မှလွဲလို့ ဘာမှ မထားရှိခဲ့လိုက်ပေ။


အလယ်မှာရှိနေတဲ့ ကျားသစ်က လျင်မြန်ပြီး အားမာန်ပါစွာဖြင့် ပြောင်းလဲလျက်ရှိပြီး မကြာမီပင် သူ မျိုးနွယ်စု၏ ဝင်ပေါက်သို့ ရောက်ရှိသွားခဲ့တယ်။


ရမ် သူ့ရဲ့ လူသားအသွင်သို့ ပြောင်းလဲလိုက်ခဲ့တယ်။ သူ့မျက်လုံးအောက်တွင်တော့ အမာရွတ်အသစ်တစ်ခု ရှိနေခဲ့တယ်။ အမာရွတ်က နားထင်စပ်ကနေ ပါးရိုးအထိရှိနေပြီး အစွယ်ကွေးကျားတွေနဲ့ တိုက်ခိုက်တုန်းက ကျန်ရစ်ခဲ့တာပဲဖြစ်တယ်။ သွေးထွက်တာ အတော်အသင့်ရပ်သွားပြီဖြစ်ပေမဲ့ သူ ထိုဒဏ်ရာကို ဂရုမစိုက်ပေ။


"ရမ် နင် အစောကြီး ပြန်လာလိုက်တာလား!" ဆူဇန်နာက အခြားသူတွေနဲ့အတူ ဂိတ်တံခါးဝတွင် စောင့်ဆိုင်းနေခဲ့တယ်။ ရမ် ပြန်လာတာကို မြင်လိုက်တဲ့အချိန် သူမ၏သွယ်လျသောအမြီးက ပျော်ရွှင်ကြည်နူးစွာနဲ့ သူမနောက်တွင် လှပစွာကွေးသွားခဲ့တယ်။


သူ အနည်းငယ် လှည့်ကြည့်လိုက်တော့ ရမ့် ရဲ့မျက်နှာပေါ်က အမာရွတ်ကိုမြင်သွားလိုက်ကာ စိတ်ကသိကအောက်ဖြစ်သွားလိုက်တယ် "နင့်မျက်နှာက ဘယ်လိုလုပ် ဒဏ်ရာရလာတာလဲ"


ရမ်က အကြည့်လွှဲလိုက်ပေမဲ့ မျိုးနွယ်စုအလယ်တွင် ကျီရှောင်အုံးအား မမြင်တာမို့ သူမကို ပြန်ကြည့်ကာ ပြောလိုက်၏ "သူ ရော"


"ဘယ်သူလဲ" ဆူဇန်နာက မသိဟန်ဆောင်လိုက်ခဲ့တယ်။


ရမ်၏ မျက်လုံးများက သူမကို တင်းတင်းကြပ်ကြပ် ဖိအားပေးလိုက်တဲ့အချိန်ကျမှ သူမအသံက လျှောကျသွားတော့တယ်။ သူမ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်တယ်။ "စိတ်ချပါ သူ အဆင်ပြေပါတယ်။ မနေ့က နေ့လယ်ကတောင် ငါ သူ့နဲ့ တွေ့ခဲ့သေးတယ်..."


ရမ့်ကို ကြည့်ရတာ အနည်းငယ် တင်းမာတဲ့ပုံပေါက်သွားလိုက်တယ်။


ဆူဇန်နာ က ကျီရှောင်အုံး အတွက် အလွန်စိတ်လှုပ်ရှားနေသည်ကို တွေ့လိုက်တော့ သူမနှလုံးခုန်သံက အနည်းငယ်လေး တောင့်တင်းသွားခဲ့တယ်။ သူကတော့ ပြန်ရောက်လာတာနဲ့ သူမ ဘယ်မှာလဲလို့မေးပေမယ့် ထိုကောင်မလေးကတော့ ပြီးခဲ့တဲ့ရက်တွေမှာ သူ့နာမည်ကိုတော့ သိပ်မပြောဘဲနဲ့များ။


. . .


. . . . . .


ဆူဇန်နာ က သူမ ရမ်၏အိမ်သို့သွားတဲ့အခိုက်တန့်ကို သတိရသွားလိုက်တယ်၊ သော့က အပြင်ဘက်မှ ရှိနေတာပဲ "ဟုတ်သားပဲ..."


သူမ ပြောလို့မဆုံးသေးခင်မှာပဲ နောက်ဆုံးကျန်နေတဲ့ အမဲလိုက်အဖွဲ့က မျိုးနွယ်စုထဲကို ဝင်ရောက်လာခဲ့တယ်။


သူတို့နောက်တွင်တော့ မိန်းမပျို တစ်ဒါဇင်ကျော်ကိုလည်း သူတို့ သယ်ဆောင်လာခဲ့ကြတာပင်။


ဒီကျားသစ်တွေတွင် ကွဲပြားတဲ့အရောင်အသွေးများရှိနေခဲ့တယ်။ အချို့က နှင်းကျားသစ်တွေဖြစ်ပြီး အချို့ကတော့ ကျားသစ်နက်များဖြစ်ပြီး ကျန်တဲ့သူတွေကတော့ သစ်ကျုတ်တွေဖြစ်ကြတယ်။ အများစုက ထိခိုက်ဒဏ်ရာတွေရှိနေကြီး ဆင်းသက်လိုက်ပြီးနောက် သူတို့ရဲ့ လူသားပုံစံသို့ သူတို့ ပြောင်းလဲလိုက်ကြတယ်။


ဆူဇန်နာက အသက်ရှူသွင်းလိုက်ပြီး ထူးဆန်းတဲ့ မိန်းမပျိုတွေကို စိုက်ကြည့်ကာ "သူတို့က ဘယ်သူတွေလဲ"


ရမ် က ပြန်မဖြေဘဲ ချက်ချင်းလက်ငင်းပဲ ဖမ်းဆီးလာတဲ့ သားကောင်ဆီ သွားလိုက်ခဲ့တယ်။


ဒီနှစ်ရဲ့ရိတ်သိမ်းမှုက ယခင်နှစ်ထက် နှစ်ဆဖြစ်ခဲ့တယ်။ ရမ် က ဝက်ဝံမျိုးနွယ်အတွက် ပေးမဲ့အပိုင်းကို ဖယ်ထားလိုက်ပြီး ထိုအသားတွေကို အိမ်နီးချင်းမျိုးနွယ်ထံ ပေးပို့ခဲ့ပေမဲ့ ကျန်တဲ့ဟာတွေကိုတော့ သိုလှောင်ခန်းထဲတွင် ချန်ထားလိုက်ခဲ့တယ်။


သားကောင်တွေ အများကြီးဖြစ်နေတာမို့ သူတို့တွေ အချိန်ကြာကြီး သယ်ဖို့လိုအပ်ခဲ့တော့ ရမ်က ကြီးကြပ်ရေးအလုပ်အား ဒိုးနဲ့ ချန်ထားလိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်ခဲ့တယ်။


"ခေါင်းဆောင် ငါတို့ ဒီမိန်းမပျိုတွေကို ဘာလုပ်ရမလဲ" ဝင်းတား က သူ့ဆီလာပြီး သူတို့ပြန်သယ်လာတဲ့ သူတွေကို ညွှန်ပြလိုက်တယ်။


ကျားတွေက ရက်စက်ကြမ်းကြုတ်ပြီး သူတို့အား လွတ်မြောက်ဖို့အတွက် ကြားခံပစ္စည်းကိရိယာတွေအဖြစ် လုံးလုံးလျားလျား ဆက်ဆံခဲ့ကြတာပဲဖြစ်တယ်။ ဒီမိန်းမပျိုတွေက တစ်နှစ်ပတ်လုံး အကြောက်တရားဖြင့် နေထိုင်ခဲ့ကြရတာပင်။ သူတို့မျိုးနွယ်စုတွေရဲ့ နယ်မြေကို ပြန်လာခဲ့တာတောင် သူတို့အားလုံး အလွန်ပင်ကြောက်ရွံနေခဲ့ကြပါတယ်။


ရမ် က နောက်ပြန်ကြည့်လိုက်ပြီးတော့ "အိမ်နည်းနည်းထပ်ရှာပြီး သူတို့ကို အဲဒီမှာပဲနေခိုင်းလိုက်။ ကျန်တာကို စကားလက် ကို လွှဲပေးလိုက် "


မျိုးနွယ်စု၏လူဦးရေအား အကြီးအကဲဖြစ်သူ စကားလက် က အမြဲတမ်း စီမံခန့်ခွဲခဲ့တာပဲဖြစ်၏။


ဝင်းတားက စကားလက် ကို သွားရှာဖို့ ချက်ချင်း ကတိကဝတ်ပြုလိုက်ခဲ့တယ်။


ရမ်က အရာအားလုံးကို ရှင်းပြလိုက်ပြီးတော့ သူ့ရဲ့ခြေတံရှည်ရှည်တွေနဲ့ မျိုးနွယ်စုထဲကို လျှောက်သွားလိုက်ခဲ့တယ်။


ရမ်က ရွာ၏ အတွင်းနက်နက်ထဲတွင် နေထိုင်တာမို့ လမ်းအဆုံးအထိ ဒေါင်လိုက်လမ်းမကြီးအတိုင်း သူ လျှောက်သွားလိုက်ခဲ့တယ်။ အရှေ့ဘက်ကို ခြေလှမ်း နှစ်လှမ်းဆက်သွားပြီးရင် သူ့အိမ်ပင်ဖြစ်၏။


ရမ်က အိမ်တံခါးဝတွင် ရပ်လိုက်ခဲ့တယ်၊ တံခါးက အပြင်ဘက်မှ သော့ခတ်ထားခဲ့ပါတယ်။ သူ မျက်မှောင်ကြုတ်လိုက်တော့တယ်။


သူ မထွက်သွားခင် ကျီရှောင်အုံးအား အတွင်းထဲကနေ ဘယ်လိုသော့ခတ်ရမယ်ဆိုတာ သူ သင်ပေးခဲ့တယ်။


အခုကျ တံခါးက အပြင်ကနေ သော့ခတ်ထားခဲ့တာပင်။


သူ သူ့လက်ဖဝါးကို မတင်ပြီး တံခါးပေါ် တင်လိုက်တယ်။ အင်အားအနည်းငယ်မျှဖြင့် သူ တံခါးကို တွန်းလိုက်တာ တံခါးက အောက်ပြုတ်ကျသွားပြီး သော့ပျက်သွားသည်အထိပင်။


ရမ် ခြံဝင်းထဲသို့ လျှောက်ဝင်သွားခဲ့တယ်။ အိမ်က သန့်ရှင်းသပ်ရပ်နေခဲ့တယ်၊ သူ ထွက်သွားတုန်းကနဲ့ ကွဲပြားနေခဲ့တယ်။


အိမ်က အနည်းငယ်လေး တိတ်ဆိတ်လို့တောင် နေခဲ့တယ်။ 


ရမ်က အိမ်တံခါးကို တွန်းဖွင့်လိုက်ပြီး အထဲထဲကို ကြည့်လိုက်ခဲ့တယ်။


မီးက ငြှိမ်းသတ်ခဲ့တာ ကြာနေပြီဖြစ်ပြီး အိမ်က လည်း ခြောက်ကပ်နေခဲ့တယ်။ အရာအားလုံးက သပ်သပ်ရပ်ရပ် စီစီရီရီဖြစ်နေခဲ့တယ်။


----- ကျီရှောင်အုံး ပိုင်ဆိုင်တဲ့ အရာများသာ လုံးလုံး ပျောက်ကွယ်နေခဲ့တော့၏။


End Chapter.....