Chapter 36
Viewers 9k

 


အပိုင်း (၃၆)



ရမ်ရဲ့မျက်နှာက ခံစားချက်ကင်းမဲ့နေပြီး ဟိုလ်ဒန်ကို ကိုင်ထားတဲ့ သူ့လက်သည်းများက ပလာယာတစ်ချောင်းလို ဖြစ်နေခဲ့တယ်။


"ခရက်" ဆိုတဲ့ အသံတစ်သံနှင့်အတူ အရိုးများက တုန်ယင်သွားခဲ့တော့တယ်။


ဟိုလ်ဒန်က သူ့အကြည့်အား ရမ် ၏ နက်မှောင်တဲ့မျက်လုံးတွင် ဆိုက်ရောက်လိုက်ပြီး ပြုံးရယ်လိုက်ကာ "အိုး... မင်းက အရှုံးမပေးသေးဘူးပဲ"


ဒီနှစ်တွေမှာ ဝံပုလွေလူဦးရေက ဆက်လက်တိုးပွားလာပြီး မျိုးဆက် အရေအတွက်က တဟုန်ထိုးတိုးပွားလာခဲ့တာပင်။ သူတို့တွေက အဆမတန် ကြီးထွားလာခဲ့ပြီး မျိုးနွယ်စုက ကျပ်ညပ်သပ်လာခဲ့တာက ကျားသစ်မျိုးနွယ်ရဲ့ ဆန်ကျင်ဘက်က ချိုင့်ဝှမ်းကို သိမ်းပိုက်ရန် သူတို့တွေ စိတ်ကူးရှိလာခဲ့ကြတယ်။


ကျားသစ်တွေက ချိုင့်ဝှမ်းတစ်ခုလုံးအား နေရာယူထားတာတာမို့ ဝံပုလွေပိုင်နက်ထက် ဆယ်ဆမကပိုမို ကြီးမားနေခဲ့တာပင်။


ကျားသစ်မျိုးနွယ်၏ခေါင်းဆောင်ဖြစ်တဲ့ ရမ် က ငြိမ်ခံမနေခဲ့ဘဲ ဟိုလ်ဒန် နှင့် သူ့လူများကို ထပ်ခါတလဲလဲ မောင်းထုတ်လိုက်ခဲ့တယ်။


ဟိုလ်ဒန် က ကျားသစ်တွေဟာ တစ်ဦးတည်းနေထိုင်တာကို ကြိုက်တာကို သူ သိခဲ့တယ်၊ ဒီတော့ သူတစ်ယောက်တည်းရှိစဉ် ရမ့် ကို တိုက်ခိုက်ဖို့ သူ့ရဲ့လူ ဒါဇင်ပေါင်းများစွာကို ဦးဆောင်လိုက်ခဲ့တယ်။


အဲဒီနောက် ဟိုလ်ဒန်က ဘေးကနေ ချောင်းမြောင်းကာ ရမ်ရဲ့နောက်ခြေထောက်အား ကိုယ်ထိလက်ရောက် ဆုတ်ဖြဲလိုက်ခဲ့ပြီး သူ့အား ဒဏ်ရာအပြင်းအထန် ရစေလိုက်ခဲ့တာပင်။


အကျိုးသက်ရောက်မှုက ဂုဏ်ယူဖွယ်ရာ မဟုတ်ပေမယ့် သူတို့ နိုင်နေသရွေ့တော့ စည်းမျဉ်းတွေဆိုတာ ဝံပုလွေအတွက် အရေးမပါပေ။


"ဒီတော့ မင်းရဲ့ပထမဆုံးအောင်ပွဲအတွက် ကျေနပ်နေတယ်ပေါ့.... မင်းတို့ ဝံပုလွေတွေက မင်းတို့ကိုယ်မင်းတို့ အထင်ကြီးလွန်းနေတာ မဟုတ်လား"


ရမ်ရဲ့အသံက ဂရုမစိုက်ဟန်ဖြင့် ဟိုလ်ဒန်၏ရန်စမှုအပေါ် မျက်စိထဲပင် ထည့်မနေခဲ့ပေ ။ သူက အနည်းငယ် စောင်းလိုက်ပြီး ဘေးမှာ မတ်တပ်ရပ်နေတဲ့ ကောင်မလေးကို ကြည့်လိုက်ခဲ့တယ်။


ထိတ်လန့်ကြောက်ရွံ့နေတာကြောင့် ဖြစ်မယ်... ကောင်မလေး မျက်နှာက ဖြူဖျော့နေပြီး တောက်ပကြည်လင်နေတဲ့ မျက်လုံးလေး အပြူးသားနဲ့ သူ့အား စိုက်ကြည့်ရင်း အံအားသင့်နေခဲ့တယ်။


ကျီရှောင်အုံး သစ်ပင်ပေါ်မှ လျှောချတဲ့ အချိန်တုန်းက သူမနှာခေါင်းထိပ်ဖျားက သစ်ခေါက်များရဲ့ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ခံရတာကြောင့် သူမအင်္ကျီလက်နားစများတွင် မည်းညစ်သွားစေခဲ့တယ်။ သူမ၏ ရှူးဖိနပ်ထိပ်နှစ်ဖက်လုံးကလည်း ဝံပုလွေတွေရဲ့ နောက်ဆုံးအစာဖြစ်တဲ့ သွေးများဖြင့် စိုစွတ်နေပြီး သူမ တစ်ကိုယ်လုံးက ကပ်ဘေးတစ်ခုကို ကြုံတွေ့လာရသည့်အတိုင်း စုတ်စုတ်ပြတ်ပြတ်နဲ့ စိတ်မချမ်းမြေ့စရာ ကောင်းနေခဲ့တယ်။


ရမ်ရဲ့နှလုံးအိမ်က တိမ်ဝင်သွားလိုက်ပြီး မနေ့ကမှ ချုပ်တည်းထားတဲ့ ခံစားချက်လှိုင်းများက နောက်ဆုံးတွင် ထိုးဖောက်ကျော်လွှားမှုတစ်ခုကို ရှာတွေ့သွားသလို ထင်လိုက်ရတယ်။ သူ ဆိတ်ငြိမ်စွာနဲ့ သူ့ကိုယ်ကိုကိုင်းလိုက်ပြီး လက်တစ်ဖက်က သူမရဲ့ ပျော့ပျောင်းတဲ့ခါးတစ်ဝိုက်မှာ ရစ်ပတ်ထားပြီး ကျန်တစ်ဖက်ကတော့ သူမရဲ့ခြေထောက်အောက်မှာ ရစ်ပတ်ထားပြီး ရှင်းပြစရာမလိုဘဲ သူမအား မြေပြင်ပေါ်ကနေ မ တင်လိုက်ပါတယ်။


ကျီရှောင်အုံး ရုတ်တရက် လေထဲသို့ ပျံဝဲတက်သွားပြီး သူမ မသိစိတ်က သူမ လက်တွေနဲ့ ရမ့် လည်တိုင်ဆီကို ဖက်တွယ်ထားလိုက်ရတယ်၊ အဲဒီနောက် သူမရဲ့ မအောင်မြင်တော့တဲ့ "လွတ်မြောက်ဖို့ ကြိုးစားမှု" ကို သတိရသွားလိုက်ကာ သူမ လက်တွေကို အမြန် ဖြေလျော့သွားလိုက်တယ်။


"ဘာ.... နင် ဒီကို ဘာလာလုပ်တာလဲ"


သူမ ဆူဇန်နာ ပြောတာကို နားထောင်လိုက်ခဲ့ရတယ်၊ ရမ်က သူ့ရဲ့ အမဲလိုက်ခရီးစဉ်မှာ ပြဿနာတချို့ကြုံခဲ့ရပြီး သူတို့မျှော်လင့်ထားတာထက် နည်းနည်းနောက်ကျပြီးမှ မျိုးနွယ်စုကို ပြန်လာနိုင်လိမ့်မယ်လို့ပင်။ အဲဒါကြောင့်မို့လို့ မနေ့က ထွက်သွားဖို့ သူမ ဆုံးဖြတ်လိုက်တာပဲ။


'ဒါပေမယ့်... . . သူ ဘယ်လိုလုပ်ပြီး မြန်မြန်ကြီး ပြန်ရောက်လာခဲ့တာလဲ??' 


'သူမ ဒီမှာ ရှိနေတာကို သူ ဘယ်လိုပြီးသိတာလဲ။' 


'သူမကို ရှာဖို့ သူ တမင် ရောက်လာလိုက်တာလား။' 


သူမ ခေါင်းထဲတွင် မေးခွန်းတစ်သီတစ်တန်းလုံးက ထွက်ပေါ်လာလိုက်တာက ရမ်၏မျက်လုံးထဲက ထိန်းချုပ်ထားတဲ့ တင်းကျပ်မှုတွေအား သူမ မြင်လိုက်ချိန်မှာတော့ အားလုံးက လေထဲသို့ လွင့်ပါသွားပြီး သူမ ဗိုက်ထဲသို့ ပြန်မျိုချလိုက်ရတယ်။


'ဟုတ်ပါပြီ...... နှုတ်မဆက်ဘဲ ထွက်လာလိုက်တာ သူမ အမှားပါ'


'သူလည်း ဒေါသထွက်သင့်ပါတယ်'


ရမ် ကတော့ ကောင်မလေးစိတ်ထဲမှာ အတွေးများနဲ့ တောင်ရောက် မြောက်ရောက်ဖြစ်နေတာကို မသိပေ။ သူက ကျီရှောင်အုံးရဲ့ တင်ပါးတွေကို လက်တစ်ဖက်ဖြင့် အားစိုက်ထုတ်ပွေ့လိုက်ပြီး ဟိုလ်ဒန်နဲ့ အခြားဝံပုလွေတွေအား တစ်ချက်လေးတောင် အကြည့်မရောက်ဘဲ အဝေးကို စတင်လျှောက်လှမ်းလိုက်တယ်။


နှစ်လှမ်းမျှ လှမ်းလိုက်ပြီးသည်နှင့် တစ်ဖက်တစ်ချက်စီကနေ ဝံပုလွေတွေက ရုတ်ခြည်း ကျော်တက်သွားလိုက်ပြီး ရမ်ရဲ့လမ်းကြောင်းကို ပိတ်ဆို့လိုက်ခဲ့တယ်။


ဟိုလ်ဒန်ရဲ့ အသံက သူ့နောက်ကနေ ထွက်ပေါ်လာလိုက်တယ်၊ "မင်း ငါ့ကို နှုတ်ဆက်ဖို့ အပင်ပန်းမခံချင်ဘဲနဲ့ မင်းက ငါ့ပစ္စည်းတွေကို ယူသွားလိုက်တာပဲ။ ရမ့် ဒါက ဘယ်သူ့ပိုင်နက်လဲဆိုတာကို မင်းမေ့နေတာလား"


သူ စကားပြောပြီးသွားလိုက်တာနဲ့ ဝံပုလွေနှစ်ကောင်က ပါးစပ်များဟလျက် ကြမ်းတမ်းရက်စက်တဲ့ အမူအရာတွေနဲ့ ရမ့် ဆီကို လျှောက်လာလိုက်ခဲ့တယ်။


တစ်ချိန်တည်းမှာပင် ဝံပုလွေနှစ်ကောင်က နောက်ကနေ ပြေးတက်လာပြီး ဒဏ်ရာရသွားတဲ့ ရမ်၏ ညာဘက်ခြေထောက်ကို ချိန်ရွယ်၍ သွားဖြဲကာ ရက်စက်စွာဖြင့် ကိုက်ချလိုက်တော့၏—


သူ့ကျောဘက်တွင် ရန်သူတွေနဲ့အတူ ရမ် ကလည်း သူ့သွားတွေကို မာန်ဖီလိုက်ခဲ့ပြီး သူ့ပတ်ဝန်းကျင်ရှိ လေထုက သူ့အား စိတ်မရှည်နိုင်ဖြစ်လာခဲ့တယ်။


သူ သူ၏ ခြေထောက်ရှည်ရှည်ကို မြှောက်လိုက်ပြီး ဝံပုလွေ ခေါင်းတစ်ခေါင်းကို ချိန်ရွယ်လိုက်ခဲ့တယ်။ သူ ခေါင်းကို နင်းချေပစ်ပြီး ကန်ပစ်လိုက်ကာ တစ်ဖက်ဝံပုလွေကို လေထဲတွင် အဝေးကြီး မြောက်တက်သွားစေလိုက်တယ်၊ သူ့ကိုယ်ခန္တာက သစ်ပင်တစ်ပင်ရဲ့ပင်စည်လုံးပတ်နဲ့ ပြင်းပြင်းထန်ထန် သွားရိုက်မိလိုက်တယ်။ ဦးခေါင်းခွံ ကွဲအက်သံကို သူ ရှင်းရှင်းလင်းလင် ကြားလိုက်ရတယ်။ ရမ်က လျင်မြန်စွာနဲ့ နောက်ကို ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်ပြီး သူ့ဆီ ပြေးဝင်လာနေတဲ့ သူ့မျက်နှာချင်းဆိုင်က ဝံပုလွေနှစ်ကောင်အား သူ့ကို ပျောက်ကွယ်သွားစေလိုက်ကာ အချင်းချင်း ပြင်းပြင်းထန်ထန် တိုက်မိသွားစေလိုက်တယ်။


ဝံပုလွေတွေက ဒါကိုမြင်လိုက်ပြီး အနည်းငယ်နောက်ပြန်ဆုတ်သွားကာ ရမ် အာရုံများနေတာကို အခွင့်ကောင်းယူပြီး နောက်ကနေ အလစ် ဝင်တိုက်ခိုက်လိုက်ခဲ့တယ်။


ကျီရှောင်အုံးက ရမ်ရဲ့ပုခုံးပေါ်ကနေ ဒါကို မြင်လိုက်ရပြီး သူမ မှုန်ဝါးဝါးပြောရင်း သူမ နှလုံးသားက တင်းတင်းဆွဲဆုတ်ထားသလို ခံစားလိုက်ရကာ ရှေ့နောက် မစဉ်းစားဘဲ ပြောချလိုက်လေတယ် - "ထောင်ထောင် သတိထား!"


သူမစကားပြောလိုက် ပြီးပြီးချင်းမှာပဲ ရမ်က သူမကို ပွေ့ချီထား‌နေရင်းနဲ့ ကိုယ်ကို လှည့်လိုက်ကာ အခြားလက်တစ်ဖက်မှ လက်သည်းများနဲ့ ဝံပုလွေလည်ပင်းနှင့် ဖိညှစ်ထားလိုက်ခဲ့တယ်။ သူ့မျက်လုံးသူငယ်အိမ်တွေက အမှောင်ကျသွားပြီး သူ ချက်ချင်းပဲ ရှေ့ကို အားထည့်လိုက်ခဲ့ဝယ်။


"ခရက်" ဟု အသံမြည်လိုက်ခဲ့ကာ ဝံပုလွေသားရဲလူရဲ့လည်ပင်းကို ကျိုးသွားခဲ့ကာ အသက်ရှုရပ်ကာ သေဆုံးသွားခဲ့လိုက်၏။


မြေပြင်ပေါ်တွင် ရောထွေးနေသော ဝံပုလွေနှစ်ကောင်ကလည်း ကုန်းရုန်း မတ်တပ်ထရပ်လိုက်ပြီး ရမ်အား ပြန်လည်တိုက်ခိုက်ခဲ့လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဟိုလ်ဒန်က အနောက်မှ ဒုန်းစိုင်း ပြေးဝင်လာပြီး ကျီရှောင်းအုံး အား ချိန်ရွယ်လိုက်ခဲ့တယ်။


ရမ် က တစ်ချက်တည်းနဲ့ နောက်ထပ်ဝံပုလွေရဲ့လည်ပင်းကို ချိုးပစ်လိုက်ပြီး ဘေးဘက်သို့ ရှောင်ထွက်သွားလိုက်တယ်။ အခြားဝံပုလွေတစ်ကောင်က သူ့လက်သည်းတွေကို ဆန့်ထုတ်ပြီး ရမ် အား ထိုးသွင်း လိုက်ခဲ့၏။


ရမ်ရဲ့လက်မောင်းက သွေးများ တသွင်သွင် စီးကျသွားလိုက်ပြီး သူ့လက်မောင်းပေါ်ကနေ နှင်းများပေါ်သို့ ဖြည်းညှင်းစွာ လှိမ့်ဆင်းသွားလိုက်တယ် ။


သူ့လက်ကို မြှောက်လိုက်ပြီး ဒဏ်ရာတစ်လျှောက် လျှာဖြင့် လျက်လိုက်ပြီးတော့ သူ့အသံက ဂရုမစိုက်ဟန်ဖြင့်


" မင်းတို့တွေ စွမ်း‌ဆောင်နိုင်တာ ဒါ အကုန်ပဲလား"


သူ စကားပြောလိုက်ပြီးနောက် သူ့ ခြေထောက်ကို မလိုက်ပြီး သူ့အား ထိုးသွင်းလိုက်တဲ့ ဝံပုလွေပေါ်ကို ‌ ခြေချလိုက်ကာ နှင်းထုထဲသို့ ရက်စက်စွာဖြင့် နင်း‌ချေလိုက်ခဲ့တယ်။


ဟိုလ်ဒန် မျက်လုံးများက ကျုံ့ဝင်သွားလိုက်ကာ သူ့မျက်နှာက ပျက်ယွင်းသွားလိုက်၏။


ရမ်ရဲ့ ခွန်အားက အားလုံးထဲမှာ သိသာနေတာပင်။ မဟုတ်လို့ရှိရင် သူက ကျားသစ်မျိုးနွယ်ရဲ့ ခေါင်းဆောင် ဘယ်ဖြစ်လာလိမ့်မလဲ။


သို့ပေမဲ့ အခု သူက ကျီရှောင်အုံးကို လက်တစ်ဖက်က ပွေ့ကိုင်ထားပြီး သွက်လတ်စွာ လှုပ်ရှားနိုင်တာက လက်တစ်ဖက်တည်းသာ ရှိတယ် ။ အဲလိုတောင်မှ သူက ဝံပုလွေသားရဲလေးကောင်ကို လွယ်လွယ်လေး အနိုင်ပိုင်းနိုင်လိုက်တာပဲ။


အဲဒီသားရဲလူလေးယောက်က သူတို့မျိုးနွယ်စုက ခွန်အားအမြင့်ဆုံးထဲမှ တစ်ချို့ပင်။


သူ ဘယ်အချိန်တည်းက ဒီလောက် စွမ်းအားကြီးလာရတာလဲ။


ဟိုလ်ဒန် သူ့မျက်လုံးများက ကျဉ်းမြောင်းသွားလိုက်ပြီး သူ့လက်သည်းတွေက ရှည်ထွက်လာလိုက်ခဲ့ကာ ရမ့် ပုခုံးပေါ်ရှိ မိန်းကလေးအား ကုတ်ဆွဲလိုက်ခဲ့တော့တယ်—


တကယ်တမ်းကျတော့ သူလုပ်လိုက်စေကာမူ သူမကို ထိတောင် မထိလိုက်ရခဲ့။ ရမ်က လျင်မြန်စွာဖြင့်ပင် သူ့လက်ကို ကုတ်ဆွဲလိုက်ပြီး သူ့ရဲ့ အဲဒီ ဒဏ်ရာသွားတဲ့ လက်မောင်းကို သုံးကာ သူ့ပုခုံးပေါ်ကနေ ကျော်၍ ကိုင်ပေါက်ပစ်လိုက်ခဲ့တယ်။


ဒါတွေကို ဆက်တိုက်ဆိုသလို ချောမွေ့စွာ လုပ်ဆောင်လိုက်ခဲ့ပြီး နှင်းတောထဲတွင် ဗွမ်းခနဲတောင် မြည်သံ မထွက်သွားလိုက်ခဲ့ပေ။


သို့သော် ဟိုလ်ဒန်ကတော့ မြေပြင်ပေါ်တွင် အချိန်အကြာကြီး လဲလျောင်းသွားလိုက်တော့တယ်။


သူ့ခြေတွေလက်တွေက ထုံထိုင်းသွားလိုက်ပေမယ့် သူ့စိတ်က ကြည်လင်နေခဲ့တယ်။ သူ့ရင်ဘတ်က နှစ်ခြမ်းကွဲသွားသလိုတောင် ခံစားလိုက်ရပြီး အဲဒီနာကျင်မှုက သူ့ခြေတွေလက်တွေဆီ လျင်မြန်စွာ ပျံ့နှံ့သွားလိုက်တယ်။


ဟိုလ်ဒန်က သူ့လက်ကို ရင်ဘတ်ပေါ် တင်လိုက်ပြီး သူ့လျှာကို သပ်လိုက်ခဲ့တယ်။


အရင်တုန်းကတော့ ဟိုလ်ဒန်က ရမ့် လောက် တိုက်ခိုက်ရေးမတော်ပေမဲ့ သူ့ကိုယ်သူ ခဏလောက် တောင့်ခံထားနိုင်သေးတယ်။ ဒီတစ်ခါတွင်တော့ သူ တစ်ချက်လေးတောင် ပြန်မရိုက်လိုက်ရဘဲ ကြမ်းပြင်ပေါ်မှာပဲ မှောက်သိပ်လိုက်ခြင်းခံလိုက်ရတာပဲ။


ဟိုလ်ဒန် ရဲ့ နှလုံးသားက စိတ်ဓာတ်ကျဆင်းသွားတော့တယ်။ သူ မျက်လုံးကို မော့ကြည့်လိုက်တော့ ရမ် က ကောင်မလေးကို ပွေ့ချီထားရင်း တောထဲကို လျှောက်ဝင်သွားလိုက်တာကို တွေ့လိုက်ရတယ်။ သူ့မျက်လုံးများက သူ့(ရမ်)ပုခုံးဆီသို့ ရွေ့ပြောင်းသွားကာ ကောင်မလေးရဲ့ စူးစိုက်နေတဲ့ အကြည့်နဲ့ သွားဆုံလိုက်ခဲ့တယ်။ အဲဒီနောက် သူ ပါးစပ်က ရက်စက်တဲ့အပြုံးတစ်ခုဖြင့် ကွေးညွှတ်သွားလိုက်တယ်။


ခဏလောက်ကြာပြီးသွားတဲ့နောက်တွင် ရမ် အရိပ် လုံးဝ မထင်ရှိတော့မှ သူ အသံထွက်ကာ ရေရွတ်လိုက်တယ် "သနားစရာချာတိတ်မလေး။ ကျားသစ်မျိုးနွယ်ရဲ့မိန်းမပျိုတွေက အရမ်းနည်းတဲ့အတွက် သူတို့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ဘယ်သူမှ ခံနိုင်ရည်မရှိကြဘူး။ သူ မင်းကို ငြီးငွေ့လာတာနဲ့ မင်းကို အခြားသူတွေဆီ ပေးပစ်လိုက်မှာပဲ၊ ပြီးတော့ အဲဒီ မျိုးနွယ်စုက လူတွေက မင်းကို အလှည့်ကျ ရယူကြလိမ့်မယ်။ အဲဒီအချိန်ကျတော့မှ မင်း နောင်တရရင်တော့...... အရမ်းနောက်ကျသွားလိမ့်မယ်"


ကျီရှောင်အုံးရဲ့လက်ချောင်းတွေက ရမ့် ပခုံးပေါ်တွင် တင်းကြပ်စွာ ဖက်တွယ်ထားခဲ့တယ်။


မသိစိတ်ထဲကနေ သူ့အလိုလို သူမ ရမ့်ကို ကြည့်မိလိုက်တယ်။


ရမ်က သူမအား သူ့ရဲ့သန်မာတဲ့လက်မောင်းတွေနဲ့ ပွေ့ချီထားပြီး ကျားသစ်မျိုးနွယ်၏ ကမူဒါတောင်ကြားဆီ သို့ ပြန်သွားလိုက်ခဲ့တယ်။


သူမ ကျိန်းသေပေါက် ဝန်ခံရလိမ့်မယ်၊ ဟိုလ်ဒန် ပြောလိုက်တဲ့စကားတွေက သူမ စိတ်ထဲရောက်နေပြီဆိုတာကိုပေါ့။


အဲဒါက သူမ ကျားသစ်တွေနဲ့ မနေချင်ရတဲ့ အကြောင်းရင်းတစ်ခုလည်းဖြစ်တယ်။ သူတို့တွေက သူတို့မိန်းမပျိုတွေကို မျှဝေခံစားကြပြီး အဲဒါကလည်း သူမ တစ်ခါမှ မကြားဖူးတဲ့အရာလည်းပဲ ဖြစ်လေတယ်။


ရမ် က သူမကို အဲ့ဒီလို ဆက်ဆံမှာမဟုတ်ဘူးလို့ ကတိပေးထားခဲ့တာပဲ ဒါပေမဲ့က...... . . ကျားသစ်တွေရဲ့ စည်းမျဉ်းက နှစ်ပေါင်းရာနဲ့ချီပြီး တပြေးတည်းရှိလာခဲ့တာလေ။ သူမတစ်ယောက်တည်းအတွက် သူတို့ဘယ်လိုလုပ် ပြောင်းလဲပစ်နိုင်ပါ့မလဲ။


********


အရပ်ရှည်ရှည်နဲ့ အားကိုးအားထားရတဲ့ သားရဲလူအမျိုးသားက ကောင်မလေးကို နှစ်နာရီကြာ သယ်ဆောင်လာလိုက်ပြီး တစ်လမ်းလုံး ဆိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။


မကြာမီမှာပဲ သူတို့တတွေ တောင်ကုန်းတစ်ခုအား ဖြတ်ကျော်လာခဲ့ပြိး ကမူဒါတောင်ကြားရဲ့ ဝင်ပေါက်ဝနားကို မြင်လိုက်ခဲ့တယ်။


ကျီရှောင်အုံးက ထိုမသက်မသာဖြစ်နေတဲ့ တိတ်ဆိတ်ငြိမ်သက်မှုထဲမှာ အကြိမ်ပေါင်းများစွာ စကားစပြောလိုက်ချင်ခဲ့‌ပေမဲ့ သူမပါးစပ်ကို မဖွင့်ရသေးမီမှာပဲ ရမ် က မျက်မှောင်ကြုတ်ကာ အရှိန်မြှင့်လိုက်ခဲ့တယ်။ သူ တောအုပ်တွင်းသို့ သက်တောင့်သက်သာစွာနဲ့ လျင်လျင်မြန်မြန် ဖြတ်သန်းလိုက်ပြီး အချိန်တိုင်းလိုလို အန္တရာယ်ရှိတဲ့ ချောက်ကမ်းပါးစွန်းတွေမှာပဲ သွားရပ်နေခဲ့တယ်။ ရမ် က သူမအား ယိမ်းနွဲ့စွာ ပွေ့ချီထားလိုက်ခဲ့ပြီး ပြုတ်ကျမှာ ကြောက်ရွံ့နေတဲ့ ကျီရှောင်အုံး ခမျာမှာတော့ သူ့လည်ပင်းအား ကျစ်ကျစ်ပါအောင် တွဲခိုလိုက်ပြီး သူမမျက်နှာကို သူ့ရင်ဘတ်မှာ မြှုပ်နှံပစ်လိုက်ရတော့တယ်။


End Chapter