Chapter 37
Viewers 9k

 


 အပိုင်း(၃၇)



"ငါ့ကို အောက်ချပေး ရမ်... ငါ နင်နဲ့ ပြန်မလိုက်နိုင်ဘူး"


သူမရှေ့မှာ ကျားသစ်မျိုးနွယ်စုရွာကို မြင်လိုက်ရတော့ ကျီရှောင်အုံး နောက်ဆုံးတွင်တော့ အလောသုံးဆယ်နဲ့ အသံကျယ်လောင်စွာ ပြောလိုက်တယ်။


ဝံပုလွေတွေလက်ကနေ သူမကိုကယ်တင်‌ပေးခဲ့တဲ့အတွက် ရမ့် ကို သူမ အရမ်းကျေးဇူးတင်ရပေမယ့် သူနဲ့အတူ မျိုးနွယ်စုကို ပြန်လိုက်မယ်လို့ မဆိုလိုဘူးလေ။


'အဆုံးမှာတော့ သူမက အဝေးကြီး လျှောက်လာလိုက်ရတာ သူကတော့ သူမကို ပြန်ခေါ်လာတယ်၊ ဘယ်အချိန်မှ သူမ အိမ်ကို ပြန်နိုင်‌တော့မှာလဲ။'


သူမ ဒီလိုပြောလိုက်တာနဲ့ပင် ရမ်က ရုတ်ခြည်းပင် မြင့်မားတဲ့ တောင်စောင်းကနေ လေထဲကို ခုန်ဆင်းသွားလိုက်တယ်။ သူမခြေထောက်ကို ပွေ့ချီထားတဲ့ လက်က ရုတ်တရက် ပြေလျော့သွားခဲ့လိုက်တယ်။


တောင်ထိပ်ဖျားများက မတ်စောက်ပြီး လုံးလုံး ထောင့်မှန်ကျနေတာကြောင့် အဆုံးတွင် သူတို့ကြားမှာ အရှိန်သတ်မှုလုံးလုံး မရှိလုနီးပါးပင်။


လေအေးတွေက သူမပါးပြင်တွေကို အရှိန်အဟုန်ပြင်းပြင်း တိုက်ခတ်သွားခဲ့ကာ ကျီရှောင်အုံးရဲ့နှလုံးသားလေး တုန်ယင်သွား‌တော့တယ်။ ရမ် က သူမကို ရုတ်တရက်ကြီး ဘာလို့များ လက်လွှတ်လိုက်တာလဲလို့ သူမ သိချင်သွားမိတယ်၊ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကို အရင်ဦးစွာ ပွေ့ဖက်ထားလိုက်ပြီး သူမရဲ့ သွယ်လျတဲ့ ခြေထောက်တွေနဲ့ သူ့ခါးပတ်လည်မှာ သွားချိတ်တွယ်ထားလိုက်ရတယ်။ သူမတစ်ကိုယ်လုံး ကြောက်လန့်တကြား တုန်ယင်နေတော့တယ်။


မီတာတစ်ရာမြင့်တဲ့ တောင်ထွတ်ဖျားကနေ ပြုတ်ကျလာတာက အခုခေတ်က ရိုလာကိုစတာနဲ့ အတူတူ‌ပြောလို့ရနေသည်ပင်။


လေ‌တွေက သူမနားထဲကို တဝီဝီနဲ့ တည့်တည့်ကြီး တိုးဝင်‌နေခဲ့တယ်။


သူမတို့တတွေ မြေကြီးပေါ် ဆင်းသက်တဲ့ အခိုက်အတန့်ထိတောင် ကျီရှောင်အုံးရဲ့စိတ်ထဲမှာ ဗလာသက်သက်


ဖြစ်နေတုန်းပင်။


ရမ်က သူ့ကိုယ်သူ စုစည်းပြီး သူ့ရှေ့က ကောင်မလေးရဲ့ ဖြူ‌ဖတ်နေတဲ့ မျက်နှာလေးကို ကြည့်လိုက်တယ်။ သူ့လည်ချောင်းကို ရှင်းလိုက်ပြီး သူမရဲ့အဖြစ်အပျက်ကို စတင်ရည်ရွယ်ပြောလိုက်တယ် "မင်း ဘာလို့ ဘာမှမပြောဘဲ ထွက်သွားရတာလဲ"


ကျီရှောင်အုံးရဲ့မျက်နှာက ထိတ်လန့်သွားပြီး သူမ၏ခြေထောက်‌တွေက မသိစိတ်ကနေ သူ့အလိုလို လမ်းမဘက်ဆီသို့ ရွေ့‌သွားလိုက်ကာ "ငါ ဘာမှမပြောဘဲ ထွက်သွားတာ မဟုတ်ပါဘူး... ငါ နင့်ကို အရင်က ပြောခဲ့တယ်လေ"


ရမ် က မျက်မှောင်ကြုတ်ပြီး: "ဘယ်အချိန်ကလဲ"


"သိပ်မကြာသေးဘူး။ နင် အမဲလိုက်မထွက်သွားခင်တုန်းက...... ငါ့ ဒဏ်ရာက ပိုသက်သာသွားတာနဲ့ ငါ သွားလို့ရတယ်လို့ နင်‌တောင် ကတိပေးခဲ့သေးတယ်‌လေ" ကျီရှောင်အုံးက ရမ် ရဲ့ ပုခုံးတွေမှာ ခိုအာလာ‌လေးတစ်‌ကောင်လို ကုတ်တွယ်ထားဆဲဖြစ်ပြီး သူမတို့နှစ်ယောက်သား ဘယ်လောက်နီးနီးကပ်ကပ်ရှိနေလဲဆိုတာကို သူမ သဘောမပေါက်လိုက်ခဲ့ပေ။ ရမ် က တစ်ခုခုမေးလာတဲ့အခါမှာတော့ သူမ ပြန်ဖြေလိုက်ခဲ့တာပင်။ " အခု ငါ့ဒဏ်ရာက အရှင်းပျောက်သွားပြီလေ ဆက်နေဖို့မှ မလိုတော့တာ"


ရမ့် မျက်လုံးတွေက လက်ခနဲဖြစ်သွားခဲ့၏။


ကျီရှောင်အုံးက သူ တုန့်ပြန်မှု မပေးတာကို မြင်လိုက်ပြီး ဆင်းဖို့ အကြောက်အကန် ရုန်းကန်လိုက်တယ်။


"အောက်ချပေး... ရမ်"


ရမ်က မလှုပ်ရှားခဲ့ဘဲ ပြန်ကာ မေးလိုက်တယ် "မင်း ကျားသစ်မျိုးနွယ်စုက‌နေ ထွက်သွားပြီးရင် ‌ေတိုက်ကြီးရဲ့ အရှေ့ဘက်ဆုံးအပိုင်းကို သွားမှာမလား"


ကျီရှောင်အုံး နှေးကွေးသွားလိုက်ပေမဲ့ လျင်မြန်စွာ ခေါင်းညိတ်လိုက်တယ်။


ရမ်: "မင်းက ပက် ကိုသွားရှာချင်တာလား"


ကျီရှောင်အုံး က မယုံကြည်နိုင်စွာ မေးလိုက်တယ် "နင် ဘယ်လိုလုပ်သိနေတာလဲ"


'သူမလည်း ဘော်နီယားကုန်းမြေရဲ့ အရှေ့ဘက်ဆုံးကို သွားမယ်လို့ တစ်ခါမှ မပြောခဲ့ဖူးပါဘူး။'


ရမ်က အဖြေမပေးခဲ့ဘဲ ရှေ့ကို ဆက်လှမ်းသွားလိုက်ရင်း မေးလိုက်တယ် "သူ့ကို ဘာအတွက်နဲ့ သွားရှာတာလဲ" 


ကျီရှောင်အုံး က သူမအောက်နှုတ်ခမ်းသားကို ကိုက်လိုက်ပြီး စစချင်းတော့ မဖြေချင်လိုက်ခဲ့။ သို့ပေမဲ့ နှစ်ကြိမ်မြောက် ထပ်တွေးလိုက်ခဲ့တယ်၊ ရမ် က သူမ လူသားဖြစ်တယ်ဆိုတာ သိထားပြီး ဖြစ်မှတော့ အချို့အရာတွေ ဖုံးကွယ်ထားရန် မလိုအပ်တော့တာပဲလေ။


"အီရစ်ရဲ့အဘိုးက ငါ့ကိုပြောတယ် ပက်က ဗဟုသုတကြွယ်ဝတယ်တဲ့ တကယ်လို့ ငါ သူ့ကို ရှာတွေ့ရင်... ငါ အိမ်ပြန်ဖို့ အခွင့်အရေးရှိနိုင်တယ်။"


ဒီလိုမှ မဟုတ်လို့ရှိရင် သူမက ဒီကမ္ဘာကြီးမှာ မျိုးနွယ်လည်း မရှိ၊ ဘာပင်ကိုအရည်အချင်းမှလည်းမရှိ၊ ဘာ ဆင်ခြင်နိုင်စွမ်းမှ မရှိတဲ့ ဂြိုဟ်သားတစ်ယောက်ပဲ ဖြစ်နေလိမ့်မှာပဲ။


ရမ် အနည်းငယ်လေး စိတ်ပြေလျော့သွားလိုက်ချိန်မှာတော့ ကျီရှောင်အုံး သူ့လက်မောင်းထဲကနေ ရုန်းထွက်ပြီးတော့ မြေကြီးပေါ်ကို ခုန်ဆင်းလိုက်ခဲ့တယ်။ သူမကိုယ်သူမ ခွဲခြမ်းစိတ်ဖြာလိုက်ပြီး သူမ ဘာမှ ပျောက်သွားတာမရှိကြောင်း အတည်ပြုလိုက်ကာ ရမ့်ကို ပြောလိုက်ခဲ့တယ် " ဒီရက်အတောအတွင်း ငါ့ကို စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ အခုနက ငါ့ကို ကယ်တင်ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ... ဒါပေမယ့် ငါ သွားရတော့မယ် ထောင်ထောင် "


အဲဒီလို ပြောလိုက်ပြီး သူမ ခဏရပ်လိုက်ပြီးနောက် သူမရဲ့ မူလသွားမဲ့လမ်းသို့ ပြန်လှည့်လိုက်ခဲ့တယ်။


ကောင်မလေးက သူမကျောပိုးအိတ်ကို လွယ်ပြီး သူမကို ပေးထားတဲ့ ငန်းမွေးကုတ်အင်္ကျီကို ၀တ်ဆင်ထားခဲ့တယ်။ ကုတ်အင်္ကျီက သူမအပေါ် လေးလံစွာ ဖိထားပြီး သူမ ပုံပန်းသွင်ပြင်က လျင်မြန်စွာဖြင့်ပင် သေးသထက် သေးငယ်လာခဲ့တယ်။


သူမကို မမြင်ရတော့လုနီးပါးဖြစ်တဲ့အထိပင်။


ရမ် က သူမနောက်ကျောကို ကြည့်ရှုနေလိုက်ကာ သူမ ဝေးသထက် ဝေးသည်အထိ တစ်လှမ်းချင်းလှမ်းသွားလိုက်တာကို ကြည့်ရှုလိုက်ရင်းနဲ့ သူ့မျက်ခုံးရိုးတွေက နက်နက်ရှိုင်းရှိုင်း ရှုံ့လာခဲ့ကာ မျက်လုံးတွေက နက်မှောင်သွားတော့တယ်။


ဒီခံစားချက်က သူ့နှလုံးအိမ်ထဲမှာ အမှတ်တမဲ့နဲ့ မျဉ်းကြောင်း တစ်ကြောင်း မြှုပ်နှံထားသလိုပင် အစတုန်းကတော့ သတိမထားမိနိုင်ပေမယ့် အခုတော့ အဲဒီခံစားချက်က သူ့ရင်ကို တဆစ်ဆစ် ဆို့နင့်စေခဲ့၏။


သို့ပေမဲ့ ဒီအတွေးအမျှင်က သူ့နှလုံးသားထဲတွင် ဟိုးအရင်ကတည်းက တည်ရှိနေခဲ့တာပင်။


အခုတော့ ဒီခံစားချက်က ဆွဲထုတ်ခံလိုက်ရပြီးတော့ တွယ်ရာမဲ့ဖြစ်သွားခဲ့တာက သူ့ရင်ဘတ်မှာ သွေးမစိုသေးခင်မှာပဲ နာကျင်စွာ အော်ဟစ်ဖို့ရာ သူ့တွင် အချိန်မရှိသကဲ့သို့နှယ်။


ရမ် တစ်ယောက် နာကျင်မှုရဲ့အမြစ်ကို ဖိနှိပ်လိုက်ပြီး သူ့မျက်နှာအမူအရာ ရုတ်ခြည်း ပြောင်းလဲသွားလိုက်တယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာပင် သူ ကျီရှောင်အုံးရဲ့နောက်တွင် သွားရပ်လိုက်ခဲ့ပြီး သူ သူမအား ပွေ့ယူလိုက်ခဲ့ကာ မျိုးနွယ်စုဆီ ပြန်ခေါ်သွားလိုက်တော့၏။


ကျီရှောင်အုံး အထိတ်တလန့် ဖြစ်သွားလိုက်တယ်။ နောက်ဆုံးတွင်မှ တုံ့ပြန်နိုင်ခဲ့ပြီး သူမ ပါးစပ်ကို မယုံနိုင်စွာ ဖွင့်ဟလိုက်ပြီး "ထောင်ထောင်လား!"


ရမ် က သူ့လက်မောင်းထဲမှာ သူမအား တင်းတင်းကြပ်ကြပ်ပွေ့ချီထားလိုက်ပြီး သူ၏သွက်လက်ပေါ့ပါးတဲ့ ခန္ဓာကိုယ်က သစ်ပင်တွေဆီ ပျံ့လွင့်သွားကာ သူ့ အရှိန်နှုန်းကို တိုးစေဖို့ရာ သစ်ပင် ပင်စည်၏သန်မာမှုအား ခြေထောက်တွေနဲ ချေးငှားလိုက်ခဲ့တယ်။


သစ်ရွက်တွေက တရွှမ်းရွှမ်း မြည်သံများနှင့်အတူ ချာချာလည်နေခဲ့တော့၏။


ကျီရှောင်အုံး ဒီလိုဆူညံနေတဲ့ပတ်ဝန်းကျင်တွင် ရမ်ရဲ့အသံကို ကြားလိုက်ရတယ် ။ "မင်းရဲ့အစွမ်းနဲ့သာဆို မင်း အရှေ့အရပ်ကို မရောက်နိုင်ဘူ၊ ပက် ကိုလည်း ရှာမတွေ့နိုင်မှာမို့ဘူး။ မင်း လမ်းပေါ်မှာတင် သေသွားလိမ့်မယ်"


ကျီရှောင်အုံး က သူ ဆိုလိုတာကို နားမလည်လိုက်ဘဲ အနည်းငယ် သောကရောက်သွားခဲ့ကာ "ငါ မတတ်နိုင်ရင်တောင် ငါ ကြိုးစားရဦးမှာပဲ ။ ငါ့ကို သွားခွင့်သာပေးပါ..."


မျှော်လင့်ချက် တစ်ပိုင်းတစ်စ ကျန်နေသေးသရွေ့ သူမ အရှုံးပေးမှာ မဟုတ်ဘူးပဲ။


ပြီးတော့လည်း ကျီရှောင်အုံးအတွက်က ကျားသစ်တွေနဲ့ နေထိုင်ရတာပဲဖြစ်ဖြစ် အရှေ့ဘက်ကို ဦးတည်သွားတာပဲဖြစ်ဖြစ် ကွာခြားမှုမှ မရှိတာပဲ။ သူတို့တွေအားလုံးက သားရဲလူတွေကြီးပါပဲ သူတို့စိတ်မကြည်တာနဲ့ သူမကို လွယ်လွယ်လေး ဆွဲဖြဲပစ်ပြီး သတ်စားပစ်နိုင်ကြတာပဲမလား။


တကယ်တမ်းကျတော့ ကျားသစ်တွေက ပိုတောင် ကြောက်ဖို့ကောင်းသေးတယ်။ ဘာလို့ဆိုတော့ အဲဒီအခိုက်အတန့် ရောက်လာတဲ့အချိန် သူမမှာ ပုန်းစရာနေရာမှ မရှိတာပဲ။


ကျီရှောင်အုံးက ရမ်က စိတ်မပါတာကို မြင်လိုက်တော့ သူမ လက်ချောင်းတွေနဲ့ သူ့သားရေအကျီကို တင်းတင်း ဆုပ်ကိုင်လိုက်ပြီး "ငါ နင်နဲ့မလိုက်ချင်ဘူး။ ငါ အိမ်ပြန်ချင်တယ် ရမ်... ငါ အိမ်ကို ပြန်ကိုပြန်ရမယ်..."


"ပက် ကိုရှာဖို့ ငါ မင်းကို ကူညီပေးမယ်" ရမ် က ရုတ်တရက် သူမအား ကြားဖြတ်ပြောလိုက်ခဲ့တယ်။


ရှေ့တည့်တည့်တွင်တော့ မျိုးနွယ်စုကို ရောက်ပြီဖြစ်တယ်၊ ရမ်က သစ်တောအုပ် အစွန်းတွင် ရပ်လိုက်ပြီး သူ့လက်မောင်းထဲမှ ကောင်မလေးကို ကြည့်လိုက်ခဲ့တယ်။


ကျီရှောင်အုံး က ခေတ္တရပ်တန့်သွားလိုက်ပြီး "နင် ဘာ ပြောလိုက်တယ်"


ရမ် က ထပ်ပြောလိုက်ခဲ့တယ်။ "မင်း ပက် ကိုရှာဖို့ ငါ ကူညီပေးမယ်။ ဒါပေမယ့် အဲဒီအချိန်အတောအတွင်း ငါ့မျိုးနွယ်စုနဲ့ မင်း နေရမယ်။"


ကျီရှောင်အုံးက မေးလိုက်၏ "ဘာလို့လဲ" 


'သူ ဘာလို့ သူမကို ကူညီရတာလဲ။ ပြီးတော့ ဘာလို့ သူမကို ကျားသစ်တွေနဲ့ အတူတူ ဆက်နေဖို့ မရမက သူ တောင်းဆိုနေရတာလဲ' 


ရမ်ရဲ့ နောက်ထပ် မှတ်ချက်စကားက သူမအား အေးခဲသွားစေလိုက်၏--


"ဘာလို့ဆို ငါ မင်းကို 'လိုက်'​ချင်​လို့"


********


ကျီရှောင်အုံး တစ်ယောက် သူမတို့တတွေ ကျားသစ်မျိုးနွယ်စုကို ဘယ်လိုဘယ်လို ပြန်ရောက်လာလိုက်တာလဲဆိုတာ လုံးလုံးမေ့လျော့သွားတော့တယ်။


ရမ် က သူမအား အိပ်ယာပေါ်တွင် ချပေးပြီး သူမ အဝတ်အစားတွေ ချွတ်ဖို့ လက်ရောက်လာလိုက်တဲ့ အထိပင်ဖြစ်တယ်၊ အဲဒီတော့မှ သူမ ရုတ်တရက် သတိဝင်လာပြီး ကုတင်ထောင့်ကို ခုန်ပျံပုန်းအောင်းလိုက်ပြီး သူမအင်္ကျီကို တင်းတင်းဆုပ်ကိုင်ရင်း မေးလိုက်တယ် "နင် ဘာလုပ်နေတာလဲ" 


ရမ်ရဲ့မျက်လုံးတွေက သူမကို စိုက်ကြည့်ကာ ဟိုလ်ဒန်ရဲ့ကုတ်အင်္ကျီက လုံးလုံး ကြည့်ရဆိုးတယ်လို့ တွေးတောလိုက်ခဲ့တယ်။ သူ သူ့ မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး ပြောလိုက်တယ် "မင်းရဲ့အဝတ်တွေ ချွတ်လိုက် " 


ကျီရှောင်အုံး က သူ့အဆိုပြုချက်ကြောင့် ထိတ်လန့်တကြား တုံ့ပြန်လိုက်ပြီး သူမခေါင်းကို ထပ်ခါတလဲလဲ ခါရမ်းလိုက်တယ် " ငါ မချွတ်နိုင်ဘူး" 


အတွေ့အကြုံများစွာရှိနေပြီဖြစ်တဲ့ ကျီရှောင်အုံးတစ်ယောက် ဒီနေရာက သားရဲလူတွေရဲ့ တဏှာစိတ်နဲ့ အရှက်ကင်းမဲ့မှုအား ရှင်းရှင်းလင်းလင်း နားလည်ထားခဲ့တာမို့ ရမ် က ဒီလိုမျိုး ပြောလိုက်တဲ့အချိန်မှာတော့ သူမ ချက်ချင်းပင် ဒီအကြောင်းအား လမ်းကြောင်းလွဲစွာ တွေးတောမိလိုက်တာပင်။


ရမ် က သူ့ကုတ်အင်္ကျီကို ချွတ်ချလိုက်ပြီး သန်မာတောင့်တင်းတဲ့ သူ့ရင်ဘတ်ကို ထုတ်ဖော်ပြပြီး သူ့အင်္ကျီအား ကျီရှောင်အုံး ရဲ့ ခေါင်းပေါ်ကို ပစ်ပေါက်လိုက်ကာ "အဲဒါကို ချွတ်ပြီး ငါ့အင်္ကျီဝတ်လိုက်"


ကျီရှောင်အုံး : " ..."


ကျီရှောင်အုံးက နှင်းတောထဲတွင် အချိန်အကြာကြီးလမ်းလျှောက်လာခဲ့တာကြောင့် သူမ ကုတ်အင်္ကျီနှင့် ဘောင်းဘီတွေ နှင်းတွေစိုရွှဲနေတာဖြစ်ပေမဲ့ သူမ တွန့်ဆုတ်နေခဲ့ပါတယ်။


သူမခေါင်းက ရှုပ်ထွေးပွေလီနေပြီး ရမ် ပြောတဲ့စကားတွေသာ အဆက်မပြတ် ကြားယောင်လို့နေခဲ့တယ်။ သူမ ကြားတာ မှားမှာစိုးတာမို့ သူမ မေးလိုက်ခဲ့တယ် "နင် အခုနက ဘာပြောလိုက်တာလေ နင် အဲဒါက ဘာကိုဆိုလိုတာလဲ" 


ရမ်က မီးဖိုရှေ့တွင် ငုတ်တုတ်ထိုင်လိုက်ပြီး မီးအား ကျွမ်းကျင်စွာနဲ့ မီးမွှေးလိုက်ပြီး ထင်း ထပ်ထည့်လိုက်ရင်းနဲ့ လေသံတိုးတိုးဖြင့် မေးလိုက်တယ် "ဘယ် စကားကို ပြောတာလဲ" 


ကျီရှောင်အုံး က ချောင်းတဟွတ်ဟွတ်ဆိုးလိုက်ပြီး အသံထွက်လိုက်ကာ မပြောချင်ပြောချင်နဲ့ ပြောလိုက်တယ် "နင်.... ငါ့ကို 'လိုက်'မယ်လို့ ပြောတဲ့ တစ်ကြောင်း ...."


ရမ်က နောက်လှည့်ကြည့်လိုက်ပြီး မျက်လုံးတွေက သူမအပေါ် အကြည့်ရောက်လိုက်ကာ "အဲဒါက ဘာကိုဆိုလိုရဦးမှာလဲ"


ကျီရှောင်အုံး : " ..."


ရမ်က မီးမွေးထားလိုက်ပြီး မတ်တပ် ထရပ်လိုက်တယ်။ ကျီရှောင်အုံး ဆီသို့ လျှောက်သွားရင်း သူကိုယ်ကို သူမအပေါ် လွှမ်းခြုံလိုက်ပြီး မျက်လုံးချင်းဆိုင်လိုက်ကာ " မင်း ပက် ကို ရှာဖို့ ငါ ကူညီပေးမှာပါ ပြီးတော့ ကျားသစ်မျိုးနွယ်မှာ နေဖို့ ငါ မျှော်လင့်တယ်။ မင်းကို ငါ့အပိုင် ဖြစ်စေချင်တယ်။ မင်းတို့ လူသားတွေက ဒါကို " ပိုးပန်းတဲ့ကာလ" ပြောတာမဟုတ်ဘူးလား"


End Chapter