အပိုင်း (၃၈)
ပိုးပန်းမယ်. . . . . . . . . . . . . . . . .
ကျီရှောင်အုံး ထိုစကားလုံးကို သူမအပေါ်မှာ အသုံးခံရမယ်လို့ ဘယ်တုန်းကမှ မတွေးမိပေ၊ အဲဒါကြောင့် သူမ အကူအညီမဲ့စွာ ပြောလိုက်တယ် "ဒါပေမယ့် ငါက လူသားလေ........"
"မျိုးပွားမှုစနစ် သီးသန့်ချည်းထားတာက ပြဿနာတစ်ခု မဟုတ်တော့ပါဘူး" ရမ်က သူမစကားအား ကြားဖြတ်လိုက်တယ် "နှစ်ပေါင်းများစွာ ဆင့်ကဲဆင့်ကဲပြောင်းလဲလာပြီးတော့ မျိုးမတူတဲ့ အနွယ်တွေကြားက မိတ်ဖက်မှုကို မျိုးနွယ်စုတွေက တာဆီးကြတာ အရမ်းနည်းသွားပါပြီ"
" မင်း အဲဒီအတွက် စိုးရိမ်နေစရာ မလိုဘူး" လူသားတွေနှင့်အတူတူ ဘော်နီးယားတိုက်ကြီး၏ မျိုးနွယ်စုများကလည်း မျိုးရိုးအဆက်အနွယ်ကို အလွန်အာရုံစိုက်တာပင်။
ရမ် ကျီရှောင်အုံးအား အမှန်အတိုင်း ပြောမသွားခဲ့တာက တစ်ခုတည်းပင်။ မျိုးနွယ်စုများကြား ကူးလူးဆက်ဆံမှုက သွေးမျိုးဆက်ကို မွေးထုတ်ပေးနိုင်ပေမဲ့လည်း မွေးဖွားလာတဲ့ မျိုးဆက်တွေက မတိကျမှုနှုန်း များပြားတာပဲဖြစ်တယ်။ ပါရမီရှင် ဖြစ်နိုင်သလို သို့မဟုတ်ပါလည်း စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူ ဒါမှမဟုတ် သာမာန်မျှသာအဆင့်ရှိသူ ဖြစ်နိုင်တာပင်။
ဘယ်လိုနည်းနဲ့မဆို မျိုးနွယ်စုတွေက သူတို့အား လုံးဝ လက်သင့်ခံကြမှာ မဟုတ်ချေ။
"မဟုတ်ဘူး ငါ ဆိုလိုတာက အဲဒီလို မဟုတ်ဘူး" ကျီရှောင်အုံး တစ်ယောက် ငိုချလိုက်ချင်ပေမယ့် မျက်ရည်က ကျမလာခဲ့ပေ။
သူနဲ့ မျိုးဆက်ပွားမှုအကြောင်း ဘယ်သူက ဆွေးနွေးချင်နေလို့လဲ။ ခွဲခြားထားတာ မရှိဘူးဆိုရင်တောင် သူမ ကျားသစ်တစ်ကောင်နဲ့ ကလေးမလိုချင်ပါဘူး။ အာ..... . သူမက အရွယ်တောင် မရောက်သေးတာပဲကို။
"ငါက နင့်ရဲ့အပိုင် ဖြစ်လို့မရဘူး၊ ငါ အနှေးနဲ့ အမြန် ထွက်သွားရတော့မှာပဲလေ" ကျီရှောင်အုံးက သူမကိုယ်သူမ အတင်းပင် စိတ်တည်ငြိမ်အောင်ထားပြီးတော့ သူမအတွေးတွေကို ရှင်းထုတ်ပြီး ရမ် နဲ့ စကားကောင်းကောင်းပြောဖို့ ကြိုးစားလိုက်ခဲ့ပါတယ်။
ရမ် က ဘာ့လို ဒီလိုတွေ လာပြောလည်း သူမ မသိသလို သူက ဆိုင်းမဆင့်ဘုံမဆင့်နဲ့ သူမကို "ရည်းစားစကား" လာပြောတာလဲ သူမ မသိပေ။ ဒါပေမယ့် သူမ သိတာက သူမ ဒါကို လက်မခံနိုင်ဘူးဆိုတာပါပဲ။
တစ်ယောက်က ကျားသစ်တစ်ကောင်ဖြစ်ပြီးတော့ တစ်ယောက်က လူသားတစ်ယောက်လေ။ သူမ အိမ်ပြန်ချင်ပြီး အနှေးနှင့်အမြန် သူမ ထွက်သွားတော့မှာပဲကို။
ရမ် က နှုတ်ဆိတ်ကျသွားပြီး အဲဒီနောက် ပြောလိုက်တယ်။ "တကယ်လို့ မင်း ပက် ကို ရှာတွေ့ပြီးတဲ့နောက်တောင် မင်းထွက်သွားချင်သေးတယ်ဆိုရင်လည်း ငါ မင်းကိုမတားပါဘူး"
ကျီရှောင်အုံး အနည်းငယ်လေး အံ့သြသွားလိုက်တယ်။ သူ အမှန်အတိုင်းပြောနေတာလား။ ဒါပေမဲ့ သူမ ဒီအကြောင်းကို စဉ်းစားလိုက်ခဲ့တယ်၊ တကယ်လို့ သူသာ ပက် လို့ခေါ်တဲ့ လိပ်ကို သူမကို ရှာတွေ့ဖို့ ကူညီပေးမယ်ဆိုရင် သူမ သက်တောင့်သက်သာနဲ့ ထွက်သွားလို့ ရနိုင်ပါဦးမလား။
သူမက သူ့ကို အသုံးချပြီးတာနဲ့ ခါထုတ်လိုက်ရအောင် ဘယ်လိုမိန်းမစားမျိုးမို့လို့လဲ။ ဒါပေမယ့် မထွက်သွားဘူးဆိုရင်တောင်မှ ဒီမှာနေသွားဖို့ သူမကိုယ်သူမ စည်းရုံးလို့မရနိုင်ဘူးပဲ။
နောက်ဆုံးတော့လည်း သူမရဲ့မိဘတွေ က ဒီမှာမှ ရှိမနေတာပဲ၊ သူမ ဒီကအရာအားလုံးနဲ့ အစိမ်းသက်သက်ကြီးပဲမလား။
ကျီရှောင်အုံး တွေးတော့လိုက်ပြီးတာနဲ့ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်ပြီး သူမ ကျောပိုးအိတ်ကိုဆွဲယူပြီး အိမ်အပြင်ဘက်ကိုလှမ်းဖို့ ရမ် နားကနေ ဖြတ်လျှောက်သွားလိုက်ခဲ့တယ်
"ငါ သူ့ကို ရှာဖို့ သွားတော့မယ်"
သူမ တံခါးပေါက်ဝ ရောက်လိုက်ချိန်တွင် သူမ ရပ်တန့်သွားလိုက်ရတယ်။ ခြံဝင်းအပြင်ဘက်တွင်တော့ အဖြူရောင်အစင်းကျား ကျားသစ် မိန်းမပျိုတစ်ယောက် မတ်တပ်လာရပ်နေခဲ့တယ်။
သူမ ထွက်လာတာကို မြင်လိုက်တော့ သူက မော့ကြည့်လိုက်ခဲ့တယ်။ ကျားသစ်ရဲ့ မျက်လုံးလေးတွေက လှပပြီး သူမအသားအရေက ဖြူဖွေးနေခဲ့တယ်။
သူမရဲ့ မျက်နှာနဲ့ လည်ပင်းတွေမှာတော့ သိသာထင်ရှားတဲ့ အမာရွတ်တွေရှိနေခဲ့တယ်။ သူမ အဲဒီနေရာမှာ ရပ်စောင့်နေတာ ဘယ်လောက်ကြာနေပြီလဲဆိုတာတော့ ကျီရှောင်အုံးလည်း မသိချေ။
ကျားသစ်မလေးက ရှက်ပြုံးလေးပြုံးကာ ကျားသစ်ဘာသာစကားဖြင့် မေးလိုက်တယ် "ငါ့နာမည် အိုလန်ပက်စ် ပါ ခေါင်းဆောင်ရမ် အထဲမှာရှိလား "
ကျီရှောင်အုံး နားမလည်လိုက်ခဲ့ပေ၊ သူမက ရိုးရှင်းတဲ့ စကားလုံးတွေပဲ သင်ယူထားခဲ့တာဖြစ်တယ်၊ သူမ မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်ပြီး "နင် ဘာပြောလိုက်တာလဲ"
"အိုလန်ပက်စ်" လို့ အမည်ရတဲ့ ကျားသစ်မလေးက လန့်ဖျန့်သွားတယ်၊ သူမမှ ကျီရှောင်အုံး၏စကားကို နားမလည်တာပဲ။
အိုလန်ပက်စ်က အစွယ်ကွေး ကျားမျိုးနွယ်စုကနေ ရမ် ကယ်လာခဲ့တဲ့ မိန်းမပျိုတွေထဲမှ တစ်ဦးဖြစ်၏။
တစ်နှစ်ပတ်လုံး ကျားတွေရဲ့ ရက်ရက်စက်စက် နှိပ်စက်ကမူပြုမူတာကို ခံထားရတာကြောင့် သူမရဲ့အပြုအမူတွေက အနည်းငယ်လေး ရှိုးတိုးရှန့်တန့် ဖြစ်နေခဲ့ပြီး ပုံမှန်တွေ့နေကျ ကျားသစ်မိန်းမပျိုများနှင့် အလွန်ကွာခြားနေခဲ့သည်။
တကယ်လို့သာ သူ့နေရာမှာ ဆူဇန်နာသာဆိုရင် သူမက မနက်အစောကြီးကတည်းက အိမ်ထဲကို ဖောက်ဝင်လာမှာဖြစ်ပြီး တံခါးအပြင်ဘက်တွင် နာနာခံခံနဲ့ စောင့်နေလိမ့်မှာတော့ မဟုတ်ပေ။
ကံမကောင်းတာက ကျီရှောင်အုံး သူမနဲ့စကားပြောချင်စိတ်ရှိမနေဘဲ ရမ် အပြင်ဘက်ကို ထွက်မလာတဲ့အချိန် ကတိုက်ကရိုက် ထွက်သွားလိုက်ခဲ့တယ်။
အဲဒီနောက် ရမ် လည်း ထွက်လာခဲ့ကာ သူ့ရဲ့ရှည်လျားတဲ့အရပ်နဲ့ တံခါးပေါက်ဝတစ်ခုလုံးကို ပိတ်ဆို့ထားလိုက်ပြီး သူ့ပတ်ဝန်းကျင်အား ဖိအားများနဲ့ နှိမ့်ချပစ်လိုက်ခဲ့တယ်။
သူမက ရမ့်ကို မြင်လိုက်ပြီးချင်းချင်း အိုလန်ပက်စ် သူမပါးစပ်ထောင့်စွန်းက အပြုံးတစ်ပွင့်သို့ ကွေးညွှတ်သွားလိုက်ကာ ရှေ့ကို လှမ်းလာလိုက်ခဲ့တယ် " ခေါင်းဆောင်ရမ် ငါက အိုလန်ပက်စ်ပါ။ ကျားတွေ လက်ကနေ ကယ်တင်ပေးလို့ ကျေးဇူးပါ . . ငါ.. ."
ရမ်က ခြေလှမ်းကျဲကျဲနဲ့ သူမကို ဖြတ်ကျော်သွားလိုက်တယ်၊ သူမ ပြောတာကို သူ နားထောင်လား မနားထောင်လိုက်လားဆိုတာ သူမ မသိခဲ့ပေ။ "ဒါ့အတွက် ငါ့ကို အသိမှတ်ပြုစရာ မလိုဘူး။ မင်းကို ကယ်ခဲ့တာ တခြားသူတွေပဲ၊ မင်း ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး"
ဒီလိုပြောပြီးသွားတာနဲ့ သူ ခြံဝင်းအပြင်ကို ထွက်သွားလိုက်ခဲ့ပါတယ်။
ခဏအကြာတွင်တော့ သူ ကောင်မလေး၏ တင်ပါးလေးကို သူ့လက်မောင်းပေါ် ပွေ့ချီကာ ပြန်ရောက်လာခဲ့ပြီး သူမရဲ့ခန္ဓာကိုယ် အပေါ်ပိုင်းအား သူ့ပုခုံးပေါ် လွှဲတင်လာခဲ့သည်။ ဒီအပြုအမူက ရိုင်းပြတဲ့ပုံပေါက်ပေမဲ့ သူမခန္ဓာကိုယ်ကိုတော့ ကောင်းစွာ ကာကွယ်ပေးထားခဲ့တယ်။
သူ ဖြတ်လျှောက်သွားလိုက်အချိန် အိုလန်ပက်စ် က ကျီရှောင်အုံးအား သူ(ရမ်) တစ်ခုခုပြောလိုက်တာကို ကြားလိုက်ပေမယ့် ကံမကောင်းစွာပဲ သူတို့က လူသားဘာသာစကားကို အသုံးပြုနေတာကြောင့် အိုလန်ပက်စ် က ဘာပြောမှန်း နားမလည်လိုက်ခဲ့ပါဘူး။
"မင်း ငါ့ကို မကျေနပ်တာတစ်ခုခုရှိရင် မင်း အဲဒါကို ထုတ် ပြောလို့ရတယ်။" အမြဲတမ်း ထွက်ပြေးဖို့ချည်း မတွေးပါနဲ့။ မင်းကို လိုက်ဖမ်းရတာ အား အများကြီး စိုက်ထုတ်စရာမလိုဘူးဆိုရင်တောင် မင်းရဲ့ခန္ဓာကိုယ်က အဲဒီလောက် ကောင်းမနေဘူး၊ အစွန်းအထင်းသေးသေးလေးတွေကတောင် ပြဿနာတွေ ဖြစ်စေလိမ့်မယ်။"
ကျီရှောင်အုံး မျက်နှာလေးက နီမြန်းနေခဲ့ပါတယ်၊ အဲဒါက ရှက်တာကြောင့်ပဲလား ဒါမှမဟုတ် ဒေါသကြောင့်ပဲလား တော့ သူမ မသိတော့ပေ။ "ရမ့် ငါက နင့်ကို ကယ်ပေးထားတာနော်!"
ရမ်၏အသံက အေးအေးလူလူနဲ့ပင်။ "ငါ ဘယ်တော့မှ မမေ့ဘူး"
'ဒါဆိုလဲ ဘာလို့လဲ..... သူ ဘာလို့ ဒီလိုတွေ လာလုပ်နေတုန်း! ကျီရှောင်အုံး ဒီလောက်ထိ ဒေါသမထွက်ရဖူးဘူးပဲ။'
'သူမ ထောင်ထောင်က ဒီလိုမျိုးဆိုတာ သိခဲ့ရင် သူမ ....... သူမ သူ့ကို ကယ်တင်ဖို့ ကြိုးစားခဲ့မှာ မဟုတ်ဘူးပဲ၊ သူ့ကို သောက်စရာ နို့ဘူး ပေးမှာလည်း မဟုတ်ဘူး၊ စားစရာ အမဲသားပိုင်းလည်း ပေးခဲ့မှာကို မဟုတ်ဘူး။'
ဒါပေမယ့် သူမ ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ ကျီရှောင်အုံး က ရမ်ရဲ့ ခွန်အားကို မခုခံနိုင်ဘဲ သူမအား သူ့ကို အိမ်ထဲကိုသာ ခေါ်သွားခွင့်ပြုစေလိုက်ရတယ်။
"ခေါင်းဆောင်ရမ်..." ရမ် နှင့် ကျီရှောင်အုံးရဲ့နောက်မှ အသံတစ်ခုက နှောင့်ယှက်လိုက်ခဲ့၏။
ရမ်က ခုထိ မထွက်သွားသေးဘဲ သူတို့နဲ့ ဆန့်ကျင်ဘက်တည့်တည့်မှာ မတ်တပ်ရပ်နေတဲ့ အိုလန်ပက်စ် ရှာတွေ့ဖို့ ဘေးတိုက်ကြည့်လိုက်ခဲ့သည်။
ဒီမိန်းမပျိုနဲ့ပတ်သတ်လို့ သူ့မှာ မှတ်မိခြင်းမရှိတာမို့ သူ မေးလိုက်တယ်။ "တစ်ခုခု ရှိသေးလို့လား"
အိုလန်ပက်စ်က အလျင်အမြန်ရှင်းပြခဲ့သည်၊ "မျိုးနွယ်စုမှာ အိမ်အလွတ်တွေ အလုံအလောက်မရှိဘူးလို့ အကြီးအကဲ စကားလက်က ပြောလိုက်တယ်"
ခရစ်ဆီ နဲ့ ငါ့မှာ နေစရာ နေရာမရှိဘူးဖြစ်နေတာ။ ဒီနေရာမှာ ငါတို့ကို နေခွင့်ပေးလို့ရမလားလို့ အကြီးအကဲတွေက ငါ့ကို မေးခိုင်းလိုက်တယ်။ အိမ်အသစ်တွေ ဆောက်ပြီးတာနဲ့ ငါတို့ အိမ်ပြန်ပြောင်းပေးမှာပါ...."
တစ်ခုပြောစရာရှိတာက အကြီးအကဲ စကားလက် က ရမ့် ကို အရေးပေးလိုက်တာပင်။ မျိုးနွယ်စုထဲမှာ မိန်းမပျိုတွေ ရှားပါးတာတောင် သူတို့တွေက ရမ့် ကို နှစ်ယောက်တောင် ပေးလိုက်ခဲ့၏။ ရမ်၏အိမ်ကလည်း သေးသေးလေး မဟုတ်ပေ။
အိပ်ဖို့ အိပ်ခန်းတစ်ခန်းရှိပြီး ဂိုဒေါင်တစ်ခုရှိသည်။ တကယ်လို့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်ရင် လူတွေက အဲဒီမှာ နေလို့ရနိုင်တာပင်။
"နေရာအလွတ်က ရှိတယ်" ရမ် ရဲ့အသံက တည်ငြိမ်ပြီး အသံအနိမ့်အမြင့်ပြောင်းလဲမှုလည်း မရှိပေ။ "ဒါပေမယ့် အခု အဲဒါက ဦးပြီးသွားပြီ"
အိုလန်ပက်စ်က ကျီရှောင်အုံးရဲ့ခန္ဓာကိုယ်ကိုကြည့်ကာ တုံ့ဆိုင်းသွားလိုက်ပြီး မမေးမနေနိုင်ဘဲ မေးလိုက်တယ်... "ဒီမိန်းမပျိုလား"
ရမ် က အဖြေ ပြန်မပေးခဲ့လိုက်ပေ။ သူ တကယ်တမ်းက ဂိုဒေါင်ကို ရှင်းလင်းသွားမှာဖြစ်ပေမဲ့ ကျီရှောင်အုံး ကိုတော့ အဲ့ဒီမှာ နေခိုင်းမှာမဟုတ်ပေ။
သူ့အမျိုးသမီးက သူနဲ့နေတာ အကောင်းဆုံးပဲမလား။ ဂိုဒေါင်ကိုတော့ နောင်ကျရင် သူ မီးဖိုချောင်အဖြစ် ပြောင်းလဲလိုက်မှာပင်။
ဒီရှက်တတ် ရွံတတ်တဲ့လူသားလေးက အသားစိမ်းငါးစိမ်းတွေ မစားနိုင်ပေ၊ သူမရဲ့အစာစားချင်စိတ်ကို ဂရုစိုက်ပေးဖို့ မီးဖိုချောင်တစ်ခု သုံးတတ်ဖို့ သူ မဖြစ်မနေသင်ယူဖို့လိုပေလိမ့်မည်။
End Chapter