အပိုင်း (၄၁)
နောက်တစ်နေ့ မနက်ခြောက်နာရီတွင် ကျီရှောင်အုံးတစ်ယောက် အချိန်မှန် မျက်လုံးဖွင့်လာခဲ့သည်။
သူမ မသိစိတ်က အလိုလိုပင် လွတ်နေတဲ့ အိပ်ရာပေါ်ကို လှည့်ကြည့်လိုက်တော့ ရမ့် ကို မတွေ့လိုက်ရပေ။
ရမ် က သူမကို ရည်းစားစကား စပြောလိုက်တဲ့ အချိန်ကတည်းက သူမကို ညတိုင်း သူ့ရင်ခွင်ထဲတွင် မလှုပ်နိုင်အောင်ချုပ်နှောင်ထားခဲ့ပြီးတော့ သူ့ရဲ့ပူလောင်နေတဲ့ ခန္ဓာကိုယ်က သူမကို တစ်ညလုံး မျက်တောင်တောင် မခတ်ရဲသလောက်ကို အကျပ်ရိုက်စေခဲ့ပါတယ်။ သို့ပေမဲ့လည်း ဒီလို ရမ် တစ်ညလုံး ပြန်မလာတော့တာက ကျီရှောင်အုံးအား စိတ်ဖြောင့်ဖြောင့် မထားနိုင်ခဲ့ပါပေ။
မနေ့က အဲဒီအစွယ်ကွေးကျားအုပ်စုက ထိုကဲ့သို့ စိတ်ကြီးဝင်စွာဖြင့် ရောက်ရှိလာပြီး သူတို့၏ ဟိန်းဟောက်သံတွေအား ကမူဒါ တောင်ကြားတစ်ဝန်းလုံးအနှံ့ တစ်ညလုံး ပဲ့တင်ထပ်နေခဲ့ပါတယ်။
ကျီရှောင်အုံး အရင်တုန်းက animal kingdom ကို ကြည့်တုန်းက ကျားတွေက တောရဲဘုရင်ဖြစ်တာကို ကြည့်ခဲ့တာ သတိရသွားလိုက်တယ်။ အလွန့်အလွန်အစွမ်းထက်ပြီး ရက်စက်ခက်ထန်ကာ သူတို့၏ ကိုယ်ခန္တာအရွယ်အစား နှင့် ခွန်အားက ကျားသစ်တွေထက် အလွန်တရာ ကြီးမားတာပင်။
. . . ရမ်များ အန္တရာယ်ရှိနေလိမ့်မလားလို့ သူမ သိချင်သွားမိတယ်။
ကျီရှောင်အုံး သူမဘာသာ အဝတ်အစားဝတ်နေရင်းနဲ့ အခြေအနေကို စူးစမ်းဖို့ အပြင်သို့ထွက်ရန် တွေးတောလိုက်ခဲ့ပါတယ်။
သူမ နေရာလွတ်ထဲမှာ မှန်ပြောင်းတစ်လက်ရှိနေခဲ့ပါတယ်၊ အဲဒီမှန်ပြောင်းကို ဘယ်သူယူလာမှန်း သူမ မမှတ်မိပေမဲ့လို့ပေါ့။ ကန့်သတ်ချက်ဘောင်က 131x1000 ဖြစ်တယ်။ ရမ့် ဆီက အဖမ်းခံရတဲ့နေ့က သူမ အထူးတလည် သတိထားမိခဲ့တာပင်။ ဒီနေရာကနေ ကမူဒါတောင်ကြားအစွန်းအထိ တစ်ကီလိုမီတာလောက်ဝေးတာပဲဖြစ်တယ်။
တစ်နည်းပြောရရင် သူမ ခြံဝင်းထဲတွင် ရပ်ပြီး အခြေအနေကို စောင့်ကြည့်နေလို့ရနေတာပင်။
သို့ပေမဲ့လည်း သူမ အခုထိ အဲဒါကို ရှာမတွေ့သေးပေ။ ကျီရှောင်အုံး သူမနေရာလွတ်ရဲ့ ထောင့်ကို လှမ်းကြည့်လိုက်သည်။
မနေ့က ဆိုင်းမဆင့်ဗုံမဆင့် ဗြောက်အိုးတွေ ထွက်ပေါ်လာပြီးနောက် အခုတော့ အဲဒီမှာ သပ်သပ်ရပ်ရပ်စီထားတဲ့ သစ်သားသေတ္တာအချို့ နည်းနည်းပိုရှိလာခဲ့ပါလား။
ကျီရှောင်အုံး မနေ့က အဲဒီသေတ္တာတွေကို သူမ မမြင်ဖူးကြောင်း သေချာအတည်ပြုလိုက်တယ်။ သူမ သူတို့မှာရေးထားတဲ့ စာတွေကို အနီးကပ်ကြည့်ရှုလိုက်ခဲ့သည်။ သစ်သားသေတ္တာကို ဖတ်ကြည့်လိုက်တော့ "ပျက်စီးလွယ်သည်.. သတိထား၍ ကိုင်တွယ်ပါ" လို့ ရေးထားခဲ့၏။ အဲဒီစာတန်းရဲ့ဘေးက စာရင်းတွေကို ကြည့်လိုက်တော့ သူမ ချက်ချင်းပင် အံအားသင့်သွားတော့တယ်။ အထဲမှာက မထင်ထားရလောက်အောင် အဖိုးတန်တဲ့ မဟော်ဂနီသစ်သား ပရိဘောဂတွေကြီးပါလား!
ရေနဂါးတစ်ကောင်ပုံ ဖောင်းကြွပုံ ထွင်းထုထား တဲ့ အနီရောင် စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်စုံရှိနေခဲ့တယ်။ အံဆွဲပါတဲ့ ဗီရိုအဝိုင်းတွေရောပါလား......
ကျီရှောင်အုံးရဲ့ မျက်နှာအမူအရာက ပိုလို့ ပိုလို့ပင် ပျက်ယွင်းလာခဲ့တော့တယ်။ ဒီပစ္စည်းတွေက ၂၁ ရာစုမှာဆို ဘယ်လောက် တန်ဖိုးရှိလိုက်မလဲ..အား! သူမရဲ့နေရာလွတ်ထဲမှာ ဒါတွေ ဘယ်လိုလုပ် ပေါ်လာတာလဲ။
'သူမ ခဏလောက် တစ်ရေးအိပ်လိုက်ရုံနဲ့ သူမနေရာလွတ်က ထပ်ပြီး အဆင့်မြှင့်နိုင်တာပဲလား။'
ကျီရှောင်အုံး က သူမကိုယ်သူမ အေးအေးဆေးဆေး တွေးတောကြည့်လိုက်တယ်၊ ဒါတွေက သူမ နေရာလွတ် အဆင့်မြှင့်တင်တာကြောင့်တော့ မဖြစ်နိုင်လောက်ဘူးပဲ။
ပရိဘောဂတွေနဲ့ မနေ့က ဗြောက်အိုးတွေက ဘယ်နေရာကနေမှ ထွက်ပေါ်လာခြင်းမဟုတ်ဘူးပဲ။ သီအိုရီအရဆိုလည်း ဖြစ်နိုင်ခြေမှ မရှိတာ . . ပစ္စည်းတွေက သူမနေရာလွတ်ထဲမှာ ဘွားခနဲပေါ်လာတာပဲ။
မူလက ဘတ်စ်ကားကုန်တင်ခန်းမှာ ထားတဲ့ ပစ္စည်းတွေက သူမ၏နေရာလွတ်ထဲမှာ နားမလည်နိုင်အောင် ဆန်းဆန်းပြားပြားကို ဝင်လာခဲ့တာပဲ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျီရှောင်အုံး တစ်ခုခုကို တွေးမိသွားလိုက်တယ်။ သူမ မျက်လုံးတွေ ပြူးကျယ်သွားလိုက်ပြီး ပရိဘောဂတွေကို မယုံနိုင်စွာ စိုက်ကြည့်လိုက်တော့တယ်။
ဒီပစ္စည်းတွေကိုလည်း ဘတ်စ်ကားကုန်တင်ခန်းထဲမှာ သိမ်းဆည်းထားတာများလား။ သူမတို့ ခရီး သွားတုန်းက ပစ္စည်းတွေလိုမျိုးပဲ ဒါတွေကလည်း စုပ်ဝင်သွားတာလား။
'-- သူမရဲ့နေရာလွတ်က ဘတ်စ်ကားကုန်တင်ခန်းနှင့် တစ်နည်းနည်းနဲ့ ချိတ်ဆက်နေတာများလား။'
ကျီရှောင်အုံး စိတ်လှုပ်ရှားစွာ တုန်ယင်သွားတော့၏။
ဒီပစ္စည်းတွေက ၂၁ ရာစုကနေ နေရာလွတ်ကို ဖြတ်သန်းလာနိုင်တယ်ဆိုတည်းက အဲဒါဆို တစ်ဖက်ကပြောရရင် နေရာလွတ်ကနေတဆင့် သူမကမ္ဘာသို့ ပြန်သွားလို့ရမှာများလား။
ဒီအတွေးက စိတ်ထဲရောက်လာတော့ ကျီရှောင်အုံး သူမရဲ့ နေရာလွတ်ထဲကို ဝင်ပြီး စမ်းကြည့်ဖို့ မစောင့်နိုင်တော့ချေ။
သူမ ဖြတ်သန်းမဝင်ခင်မှာပဲ အပြင်ဘက်ကနေ လျှောက်လာတဲ့ ခြေသံ ဆူဆူညံညံတွေကို သူမ ကြားလိုက်ရတယ်။ အဲဒီနောက် အမျိုးသမီးတွေရဲ့ ထိတ်လန့်တကြား အော်ဟစ်ငိုကြွေးသံတွေက သူမကို လာအနှောင့်အယှက်ပေးလိုက်ခဲ့ပါတယ်။
.
ကျီရှောင်အုံး အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်ခဲ့၏။
အဲဒီနောက် ချက်ချင်းဆိုသလိုပဲ သွေးအနံ့ပြင်းပြင်းတွေက ခြံဝင်းနံရံကို ဖြတ်ကျော်ဝင်လာခဲ့တယ်။
ကျားသစ်တွေက ကျားတွေနဲ့ နေ့ရောညပါ ဆက်လက် တိုက်ပွဲဝင်နေခဲ့ကြတာပင်။ သူတို့တတွေမှာ အရေအတွက် နည်းပါးတာကြောင့် အစပိုင်းတွင် အားနည်းချက်ရှိခဲ့၏။
ကျားသစ်သားရဲလူ စစ်သည်တော် အများအပြား ဒဏ်ရာရရှိခဲ့ပြီး မျိုးနွယ်စုသို့ ပြန်ပို့ခံရတယ်။
ကျီရှောင်အုံး ခြံဝင်းတံခါးကို ဖွင့်လိုက်ပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်တယ်။
အမျိုးသားအများစု ဒဏ်ရာပြင်းထန်စွာ ရရှိလာခဲ့ကြပါတယ်။ အချို့တွေက သူတို့လက်မောင်းတွေတွင် အကိုက်ခံရပြီး အချို့မှာ ပေါင်များ စုတ်ပြဲသွားကြကာ၊ အချို့ကတော့ ခြေသည်းရာနက်နက်ဒဏ်ရာတွေ ရရှိလာကြတာပဲ . .
သားရဲလူတော်တော်များက ဒဏ်ရာရတဲ့ ကျားသစ်တစ်ကောင်ကို သယ်ဆောင်လာပြီး ဂိတ်ပေါက်ကို ဖြတ်သန်းလာခဲ့သည်။ ပေါက်ထွက်နေတဲ့ဗိုက်ကို မြင်လိုက်ရုံနဲ့တင် သူမ သူမပါးစပ်ကို အုပ်လိုက်ပြီး ခြေလှမ်းအနည်းငယ်တောင် နောက်ဆုတ်သွားလိုက်တော့တယ်။
သူမ ဒီနေရာကို ပထမဆုံးရောက်ဖူးတဲ့အချိန်တည်းက တောတွင်းဥပဒေရဲ့ နမူနာများစွာကို မြင်ဖူးထားတာတောင်မှ ဒီလို မကြည့်ရက်စရာ သွေးသံရဲရဲအရာမျိုးကို အနီးကပ်မြင်ခဲ့ရတာ ပထမဆုံးအကြိမ်ပါပဲ။
*******
"အာမင် ၊ ကျားသစ် ဦးခေါင်းခွံကွဲဒဏ်ရာ ကုသမှုမလုံလောက်လို့ သေဆုံး..."
"ဘေလီ ၊ နှင်းကျားသစ်၊ သွေးအလွန်အကျွံထွက်ပြီး ကုသမှုမလုံလောက်လို့ သေဆုံး...."
"နိုက်စ် ကျားသစ်၊ အပြင်းအထန်ဒဏ်ရာရ..."
. . .
အကြီးအကဲဖြစ်သူ စကားလက်က မျိုးနွယ်စု ဝင်ပေါက်တွင် မတ်တပ်ရပ်နေပြီး မျိုးနွယ်စုအတွင်းရှိ ဒဏ်ရာရသူ များနဲ့ ကျဆုံးသွားတဲ့ စစ်သည်တော်တွေကို ရေတွက်နေခဲ့ပါတယ်။
သူ့သမီးဖြစ်သူ ဆူဇန်နာလည်းပဲ မနေ့က ဒဏ်ရာအပြင်းအထန်ရလာခဲ့တယ်။ သူမက အစွယ်ကွေး ကျားတစ်ကောင်ရဲ့အသတ်ခံရလုနီးပါးဖြစ်ခဲ့ပြီး သူမကို ခက်ခက်ခဲခဲ ကယ်တင်ထားခဲ့ရတာပင်။ သူ့ခမျာ သူမကို ဂရုစိုက်ဖို့ အချိန်တောင် ရှိမနေချေ။
ကျီရှောင်အုံး တစ်ယောက် ခပ်ဝေးဝေးကနေ မတ်တပ်ရပ်နေကာ ဒဏ်ရာရလာတဲ့ ကျားသစ်တွေကို တစ်ကောင်ပြီးတစ်ကောင် ပြန်ခေါ်လာတာကို ကြည့်ရှုလိုက်ခဲ့ပါတယ်။ သူမမျက်နှာသေးသေးလေးက ဖြူဖျော့နေခဲ့တော့တယ်။
ပြင်းထန်တဲ့ သွေးရနံ့က မျိုးနွယ်စုရဲ့ လေထုထဲသို့ စိမ့်ဝင်သွားပြီး ကျားသစ်သားရဲလူအမျိုးသားတွေကလည်း သူတို့ရဲ့ အပေါင်းအဖော်တွေကို ကုသပေးဖို့ အလုပ်များနေတာကြောင့် မည်သူကမျှ သူမကို သတိမထားမိကြပေ။
သူမ ပတ်ချာလည် လျှောက်သွားလိုက်ခဲ့ပြီး ရမ် ရဲ့ အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။
ကျီရှောင်အုံး သူမရဲ့မှန်ပြောင်းနဲ့ လှမ်းကြည့်လိုက်တော့ ကျားအချို့က ကျားသစ်တစ်ကောင်အား ဝိုင်းရံတိုက်ခိုက်နေတာကို မြင်လိုက်ရပြီး ရမ်ကို တော့ ရှာမတွေ့ခဲ့ပေ။
ကျီရှောင်အုံး အကြီးအကဲ စကားလက် ဘေးသို့ လျှောက်လာလိုက် ပြီး ရမ်ရဲ့ အခြေအနေကို မေးဖို့အတွက် သူမ ပါးစပ်ကို ဖွင့်လိုက်တယ်.. "ရှင် သိလား..."
စကားလက် က ချက်ချင်းပင် လက်ကို ဝှေ့ယမ်းလိုက်ပြီးတော့ သူမနှင့် စကားပြောဖို့ အားမထုတ်ခဲ့ဘဲ ကျားသစ်ဘာသာစကားဖြင့် ပြောလိုက်ခဲ့၏ "သွား သွား ငါ အလုပ်ရှုပ်နေတာ မတွေ့ဘူးလား ဘာကိစ္စပဲရှိရှိ ခဏစောင့်ဦး"
ချွန်ထက်တဲ့ လက်သည်းတွေက ကျီရှောင်အုံး၏ပါးပြင်ကို လာပွတ်တိုက်လာလိုက်ခဲ့ပြီး သူမ အလျင်အမြန် နောက်ပြန်ဆုတ်သွားပေမဲ့ အလျော့မပေးဘဲ မေးလိုက်ခဲ့တယ် ။ "ရမ် ဘယ်ရောက်နေလဲ ရှင် သိလား"
ကျားသစ်မျိုးနွယ် အကြီးအကဲတစ်ယောက်ဖြစ်တဲ့ စကားလက် က လူသား ဘာသာစကားကို နားလည်နိုင်ရုံသာဖြစ်သည်။
သူ သူ့ခေါင်းကို နောက်ပြန်လှည့်လိုက်ပြီး ရမ်ရဲ့ မိန်းမပျိုကလေးဖြစ်နေတာကို တွေ့လိုက်တော့ ပြောလက်စကို ရပ်တန့်လိုက်တယ်။ "ရမ် က မင်းကို မပြောသွားဘူးလား"
ကျီရှောင်အုံး သူမခေါင်းကို ခါရမ်းလိုက်တယ်။
စကားလက် က ပြောလိုက်တယ် "ရမ်က တောင်ကြား အဝင်ဝမှာ ကျားတွေကို တိုက်ခိုက်ဖို့ မျိုးနွယ်စုကို ဦးဆောင်နေတယ်။ အခြေအနေက အရေးပေါ်ဖြစ်နေတော့ ခဏတစ်ဖြုတ်လောက်တော့ သူ ပြန်လာနိုင်မှာ မဟုတ်ဘူး"
. . .
ညနေမှောင်ရီတရောချိန် ကမူဒါတောင်ကြား ဝင်ပေါက်တွင်ဖြစ်၏။
သစ်ပင်တွေပေါ်သို့ လရောင်က ဖျန်းပက်လျက်ရှိပြီး နေရာတိုင်းတွင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
အစွယ်ကွေး ကျားတစ်ကောင်က သစ်ပင်အောက်ကနေ ဖြတ်သန်းသွားခဲ့တယ်။ သူ့ရဲ့ခြေချောင်းလက်ချောင်းတွေက ထူထပ်တဲ့နှင်းတွေ ဖုံးလွှမ်းနေပြီး သူ့ခြေလှမ်းများက ပဲ့တင်ထပ်နေခဲ့တယ်။
ကျားက ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်လိုက်ပြီး တစ်ယောက်မှ မတွေ့တာကြောင့် သူ သူ့အရှိန်ကို လျှော့ချပြီး သစ်ပင်အောက်တွင် အနားယူဖို့ ပြင်ဆင်လိုက်တယ်။
သစ်ပင်ပေါ်တွင်တော့ သန်မာအားကောင်းတဲ့ပုံရိပ်တစ်ခုက အမှောင်ထဲတွင် ပုန်းအောင်းနေခဲ့ပြီး အပြာရောင်မျက်လုံးတစ်စုံကို ဖြည်းညှင်းစွာ ဖွင့်လှစ်လိုက်ခဲ့တော့တယ်။
ရမ်က တိတ်ဆိတ်စွာဖြင့် နေရာပြောင်းလဲလိုက်ကာ သစ်ပင်၏မြင့်မားမှုကို အခွင့်ကောင်းယူပြီး မပြင်ဆင်ရသေးတဲ့ကျား ရှိနေတဲ့ သစ်ပင်အောက်သို့ ရုတ်ခြည်း ခုန်ဆင်းချလိုက်၏...
ရမ်ရဲ့ ရှေ့ခြေဖဝါးက ကျားကို နှင်းတောထဲမှာ မလှုပ်နိုင်အောင် ဖိချုပ်ထားခဲ့လိုက်တော့၏။
အစွယ်ကွေးကျားက သူ့ပါးစပ်ကိုဖွင့်ပြီး ရမ်ရဲ့လည်ပင်းကို ဆတ်ခနဲ လှမ်းဆွဲလိုက်ခဲ့တယ်။
ရမ်က ဘေးသို့ အနည်းငယ် လွှဲစောင်းလိုက်ပြီး သူ့လက်သည်းတွေနဲ့ ကျား၏ခေါင်းပေါ် တက်ဖိကာ ဘေးသို့ တွန်းလှဲလိုက်ခဲ့တော့တယ်။
ကျားခေါင်းဆောင် စရန့်က ကိုယ်အနေထားပြောင်းလဲသွားတာကနေ ပြန်ထူထဖို့ အချိန်မရှိသဖြင့် သူ့ဘေးနားရှိ သစ်ပင် ပင်စည်ကို ကိုက်မိလိုက်ခဲ့သည်။ ရှည်လျားတဲ့ သွားအစွယ်တွေက သစ်ပင်တွင် နစ်မြုပ်သွားကာ ပြန်ဆွဲထုတ်လို့မရတော့ချေ။
အလောတကြီးနဲ့ စရန့်စ် အကြိတ်အနယ် ဆောင့်ဆွဲလိုက်ခဲ့ရာ သူ့အစွယ်တွေက သစ်ပင်အား ပဲ့ထွက်သွားစေလိုက်ခဲ့ပြီး ရမ်အား ဒေါသတကြီး ဟိန်းဟောက်လိုက်ခဲ့သည်။
ဆူညံသံက ကျယ်လောင်လွန်းတာကြောင့် သစ်ပင်ပေါ်က နှင်းတွေတောင် အောက်ကို ပြုတ်ကျလာခဲ့တော့တယ်။
စရန့်စ်က သူ့ခြေသည်းတွေကို မြှောက်လိုက်ပြီး ရမ့်ကို လှမ်းကုတ်ဆွဲလိုက်ခဲ့တယ်။ သို့သော်လည်း သူသွားလာရတာ အရမ်းကြာနေပြီဖြစ်တာမို့ သူ့ရဲ့ကိုယ်ကာယပိုင်းခွန်အားကို ရှည်ကြာစွာ သုံးစွဲခဲ့ရပြီး သူ့ခြေသည်းတွေမှာ အားသိပ်မပါရှိတော့ပေ။ ရမ်က တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းနိုင်လိုက်ခဲ့တယ်။
လူတစ်ယောက်ကိုသတ်ဖို့ မြင်းကို အရင်ပစ်ရမည်။ သူခိုးတစ်ကောင်ဖမ်းဖို့ ဘုရင်ကို အရင်ဦးဆုံး လုပ်ကြံရပေမည်။
ဤအမှန်တရားအား တောရိုင်းသားရဲတို့က ရှင်းရှင်းလင်းလင်း သိကြပေ၏။
ကျားသစ်အရေအတွက်က ကျားတွေလောက် မများပြားပေ။ ဒါ့ကြောင့်မို့ သူတို့နဲ့တိုက်ခိုက်ပြီး အလဟသ အင်အား ဖြုန်းတီးနေမည့်အစား ကျားခေါင်းဆောင်ကို အရင်ဦးစွာ အနိုင်ယူဖို့က ပိုမြန်ပေမည်။
ရမ်က စရန့်အား တစ်နေ့လုံးတစ်ညလုံး အထူးအာရုံစိုက်နေခဲ့ရတာပင် ။ ပထမတော့ သူက ကျားနဲ့ လက်ရေတူတူ ယှဉ်ပြိုင်နေခဲ့တယ်။ တကယ်တမ်းတော့ စရန့် တွင် အားသာချက်အနည်းငယ်လေးတောင် ရှိနေခဲ့၏။
ဒါပေမယ့် အချိန်အတော်ကြာ တိုက်ပွဲဝင်ပြီးနောက်မှာတော့ စရန့် ရဲ့ ကာယကြံ့ခိုင်မှုက လွန်ကဲစွာ ထုတ်ယူလိုက်ခဲ့ပြီး ရမ်ကတော့ မနေ့ကအတိုင်း ခံနိုင်ရည်ရှိနေတုန်းပင်။ သူ့ရဲ့ ခွန်အားက နည်းနည်းလေးမှတောင် လျော့မသွားခဲ့ပေ။
စရန့်စ်က ဒါကို အခုတော့ သိရှိသွားလိုက်ခဲ့၏။ ရမ်က တစ်ချိန်လုံး သူ့ခွန်အားကို ချွေတာနေခဲ့ပြီးတော့ သူ့အား အသေထိုးနှက်ချက်ပေးဖို့ စောင့်ဆိုင်းနေခဲ့တာပင်။
*******
နောက်ထပ် ညတစ်ည ဖြတ်ကျော်ပြီးတော့ ကမူဒါတောင်ကြားက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီး ရမ် ကတော့ ပြန်ရောက်မလာတုန်းပင်။
ကျီရှောင်အုံး ခြံရှေ့တွင် မတ်တပ်ရပ်နေပြီး ကျားသစ်မျိုးနွယ်အများစု ပြန်လှည့်လာကြသည်ကို တွေ့လိုက်ရတယ်။ သူတို့ထဲက အများစုက ဒဏ်ရာ အနည်းနှင့်အများ ရလာခဲ့ကြတယ်။ "သုံ့ပန်းတွေ" လို့ သာ ခေါ်ဆိုနိုင်တော့တဲ့ ဒဏ်ရာရနေတဲ့ အစွယ်ကွေးကျားများအား သူတို့နဲ့ အတူ ဒရွတ်တိုက်ဆွဲခေါ်လာကြ၏။
. . .
ကျားများ ရှုံးနိမ့်သွားမှုကြောင့် ဖြစ်နိုင်ပေမည်၊ မောပန်းနွမ်းနယ်နေကြတာတောင် ကျားသစ်တွေက သူတို့ရဲ့ သွေးဆာနေတဲ့ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားနိုင်ကြတော့ပေ။
ကျီရှောင်အုံး က သူမမျက်လုံးတွေကို အဲဒီလမ်းဘက် ရမ့်ကို ရှာဖို့ လှည့်လိုက်ခဲ့တော့ ဘာမှကို မတွေ့ခဲ့ရပေ။
သူမ အနီးကပ်သွား မကြည့်ရဲဘဲ တံခါးနောက်တွင် ပုန်းနေခဲ့တာပဲဖြစ်၏။
ကျီရှောင်အုံး မနေ့က သူမနေရာလွတ်ထဲသို့ နစ်မြုပ်၍ နေရာလွတ်တစ်ခုလုံးအား လည့်လည်ကြည့်ရှုခဲ့ပြီး ၂၁ ရာစုနဲ့ နေရာလွတ်ကြားက ဆက်စပ်မှုကို ရှာဖွေဖို့ ကြိုးစားလိုက်ခဲ့တယ်။
ကံမကောင်းတာက ဘာမှကို ရောက်မလာတော့ချေ။
ထို့အပြင် ယာဉ်မောင်းက တစ်ခုခု မရှိတော့တာကို သတိပြုမိသွားလောက်ပြီး ဘတ်စ်ကား ကုန်တင်အခန်းထဲမှာ ဘာမှထပ် မထည့်တော့ပေ။ ကျီရှောင်အုံး နေရာလွတ်အား အထူးဂရုစိုက် ကြည့်ရှုလိုက်ခဲ့ပြီး သူမနေရာလွတ်ထဲမှာ အသစ်အဆန်း တစ်ခုမျှမတွေ့ရတော့ပေ။
ဒါက သူမအား အနည်းငယ်လေး စိတ်ပျက်သွားစေလိုက်ပါတယ်။
ဒါက ဒီလိုမျိုးပင်။ တောက်ပနေတဲ့ မျှော်လင့်ချက် ပိုးချည်မျှင်လေးကို သူမ ထိတွေ့လိုက်တာနဲ့ ဗြုန်းဆိုင်းကြီး တစ်ဖက်မှ ဖြတ်တောက်သွားလိုက်သလိုပင် ။ သူမရဲ့ တရှိန်ထိုးပျော်ရွှင်လိုက်ရမှုက ရုတ်တရက် အဆုံးသတ်သွားခဲ့ပါတယ်။
သို့သော်လည်း နေသားကျသွားသည့် နောက်တစ်ညမှာတော့ ကျီရှောင်အုံး စိတ်အခြေအနေက ပိုကောင်းလာခဲ့ပါတယ်။
သူမနေရာလွတ်က လမ်းကြောင်းတစ်ခု မဟုတ်တော့ပေမဲ့ ပက်ကတော့ သဲလွန်စတစ်ခုအဖြစ် ရှိနေတုန်းပဲမလား။
ဘယ်လိုပဲဖြစ်နေနေ မျှော်လင့်ချက်ရေးရေးလေးတစ်ခု ရှိသေးတာပဲမဟုတ်လား။
ကျီရှောင်အုံး ခြံဝင်းဘေးတွင် ထိုင်ချလိုက်ပြီး ဒီအကြောင်းတွေအား တွေးတောလိုက်ခဲ့ကာ ရမ် အပြန်လာ ကို စောင့်ဆိုင်းနေလိုက်ခဲ့ပါတယ်။
နေ့လယ် သုံးနာရီထိုးသွားတာတောင် ရမ် ပြန်ရောက်မလာခဲ့သေးပေ။
သူမဗိုက်က ဗိုက်ဆာလာတာနဲ့ သူမ ပေါင်မုန့်နည်းနည်းစားလိုက်ပြီး သူမဗိုက်ကို ဖြည့်တင်းလိုက်ခဲ့တယ်။ သူမ တံခါးကို တိတ်တိတ် ဖွင့်ကြည့်လိုက်တော့ မျိုးနွယ်စုက ငြိမ်းချမ်းတဲ့အခြေအနေ ပြန်ရောက်နေခဲ့ပါတယ်။ အသက်ဆုံးရှုံးခဲ့ရသူ အနည်းငယ်မှလွဲလို့ ကျားသစ်တွေအကုန်လုံး မျိုးနွယ်စုသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
ကျီရှောင်အုံး ငါးနာရီကြာတဲ့အထိ နောက်ထပ်နှစ်နာရီ ထပ်စောင့်ခဲ့ပြီး နောက်ဆုံးတွင်တော့ ထိုင်ပဲ ထိုင် မနေနိုင်တော့ချေ။
ခြံတံခါးဝမှာ သားရဲလူတွေ မတွေ့တာကြောင့် သူမ တံခါးဖွင့်ပြီးတော့ မနေ့က အကြီးအကဲဖြစ်သူ စကားလက် ရှိရာဘက်ကို ထွက်သွားလိုက်ခဲ့တယ်။
အသေအချာပင် စကားလက်က အဲဒီနေရာမှာ ထိခိုက်ကျဆုံးတဲ့သူတွေအား ရေတွက်နေတုန်းပါပဲ။
မြေပြင်တွင် အလောင်းတွေ အတန်းလိုက် ဖုံးလွှမ်းနေခဲ့ပြီး ကျီရှောင်အုံး အကြမ်းပျင်း ကြည့်လိုက်တော့ အလောင်း တစ်ဆယ်၊ နှစ်ဆယ်ကို တွေ့လိုက်ရပါတယ်။
. . . ရမ် တော့ မဟုတ်ဘူးပဲ။ သူမ သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်ခဲ့တယ်။
"အကြီးအကဲ ဒဏ်ရာရတဲ့သူတွေအကုန်လုံး ဒီနေရာမှာပဲလား" ကျီရှောင်အုံးက စကားလက်ရဲ့ အနားကို ရောက်လာပြီး မေးလိုက်တယ်။
မနေ့တုန်းက အပြန်အလှန်စကားပြောထားတာကြောင့် သူ လူသားဘာသာစကားကို နားလည်တာကို သူမ သိရှိထားခဲ့တာပင်။
စကားလက်က သူမကို ငုံ့ကြည့်ကာ ပြောလိုက်တယ် ။ "ပြန်မသယ်ရသေးတဲ့ အလောင်းတွေ အများကြီးရှိသေးတယ်"
သူ့အသံ ဆုံးပြီးသွားတာနဲ့ သားရဲလူအမျိုးသား တော်တော်များများက အပြင်ဘက်က နှစ်ယောက်ထက်ပိုတဲ့ အပေါင်းအဖော်တွေရဲ့ အလောင်းတွေကို သယ်ဆောင်လာကြတယ်။
သူတို့တတွေက ဆိုးဆိုးရွားရွား သေဆုံးခဲ့ကြရတာပင်။ တစ်ယောက်က မျက်နှာတစ်ခြမ်း အကိုက်ခံရပြီး နောက်တစ်ယောက်က တစ်ကိုယ်လုံး ရုပ်လုံးမပေါ်သည်အထိပင်။
ကျီရှောင်အုံးက သူတို့ရဲ့ထိတ်လန့်ကြောက်ရွံစရာမျက်နှာတွေကို မြင်လိုက်ရပြီး သူမ မျက်နှာအမူအရာ တင်းကျပ်သွားလိုက်ကာ သူမစားထားတဲ့ ပေါင်မုန့်က သူမ ဗိုက်ထဲမှာ တလိပ်လိပ် ထသွားတော့တယ် ။ သူမ မသက်မသာနဲ့ အသက်ရှူကျပ်သွားခဲ့ပြီး တွန့်ဆုတ်နေပေမဲ့ မေးလိုက်ဆဲပင်။ "ဒါဆို ..... ရမ် ကရော။ သေတဲ့သူကလွဲရင် ကျားသစ်တွေအကုန်လုံး ပြန်ရောက်လာကြပြီလား"
စကားလက် က သူမစိတ်အေးသွားရစေဖို့ ရမ်က မျိုးနွယ်စု၏ အသန်မာဆုံးခေါင်းဆောင်ဖြစ်ကြောင်းနဲ့ သူ ပြန်မလာရင်တောင် ဒဏ်ရာရနေတယ်လို့ မဆိုလိုဘူးဆိုတာ သူ သူမအား ပြောပြမလို့လို့ လုပ်လိုက်ခဲ့တယ်။ အဲဒီနောက် သူ သူမရဲ့နောက်မှ ပုံရိပ်ကိုကြည့်မိလိုက်ပြီး သူ့စိတ်အား ပြောင်းလဲလိုက်၏ ။ "ဟုတ်တယ် သေတာကလွဲလို့ အကုန်လုံး ပြန်ရောက်လာကြပြီ"
ကျီရှောင်အုံး တစ်ယောက် ဖျော့တော့သွားလိုက်၏။
တစ်နည်းပြောရရင်တော့. . ရမ်က.... . .
ကျီရှောင်အုံး ဒီ အချက်ကို ခဏလောက် လက်သင့်မခံနိုင်ဘဲ နောက်သို့ ယိုင်းထိုးသွားခဲ့ပါတယ်။
ရမ်က အစွမ်းထက်တယ် မဟုတ်လား။ သူ့မျက်လုံးထဲမှာ ဝံပုလွေတွေကိုတောင် ထည့်တွက်တာမဟုတ်ဘူးပဲ ၊ ကျားတွေက ဘယ်လိုလုပ် သူ့ကို လွယ်လွယ်နဲ့ သတ်ပစ်နိုင်မှာလဲ။
ဒါပေမယ့် အဲဒီနောက် သူမ အဲဒါကို နားလည်နိုင်တာပဲလို့ တွေးတောလိုက်ခဲ့တယ်။ ကျားတစ်ကောင် နှင့်ကျားသစ် ဆိုတာက တစ်ယောက်က အခြားတစ်ကောင်ထက် ပိုသာလွန်နိုင်တာပင်။
ကျီရှောင်အုံး ပင့်သက်ရှိုက်လိုက်ခဲ့ပြီး အလောင်းတွေကို သယ်ဆောင်လာတဲ့ သားရဲလူတွေက သူမကို ဖြတ်ကျော်သွားလိုက်ပြီး သူမကို လာတိုက်မိသွားလိုက်တယ်။ သူမ မြဲအောင်မရပ်နိုင်ဘဲ ဘေးသို့ ယိုင်လဲကျသွားတော့တယ်။
သူမလဲကျခါနီးဆဲဆဲမှာပဲ လက်မောင်းတစ်စုံက သူမကို အလယ်မှာ ဖမ်းမိလိုက်ခဲ့ပြီး ချွေးနဲ့ သွေးတို့ရဲ့ ရနံ့ပြင်းပြင်းတွေနဲ့အတူ သူမကို သူ့ရင်ခွင်ထဲ သယ်ဆောင်လိုက်ခဲ့တော့တယ်...
"ဆိုတော့ ကိုယ့်ကို အရမ်းစိတ်ပူနေတာလား" သူမခေါင်းထက်မှ အသံက ရွှင်မြူးတဲ့အရိပ်အယောင်နဲ့အတူ ကျောက်စရစ်ကို ထွင်းဖောက်လာတဲ့ မီးခိုးတန်းလို အသံထွက်ပေါ်လာခဲ့တယ်။
အသံက အက်ရှ ကြမ်းတမ်းပြီး ညို့ဓာတ်ပါနေခဲ့၏။
ကျီရှောင်အုံး သူမနားရွက်တွေ ထူပူသွားတာကို ပထမဦးဆုံးအကြိမ် ခံစားသိလိုက်ရပြီးနောက် ရမ်ရဲ့မျက်လုံးပြာတွေနဲ့ ဆုံဖို့ မော့ကြည့်လိုက်ခဲ့ပါတယ်။
သူမ မျက်တောင် တဖျက်ဖျတ်ခတ်လိုက်ခဲ့ပြီး တစ်ဝက်တစ်ပျက်နဲ့တင် တုန်လှုပ်သွားကာ "ရမ် လားဟင်"
"ကိုယ်ပါ" ရမ် က သူမ ခြေထောက်တွေကို မလိုက်ပြီး သူ ဘယ်လောက်ညစ်ပတ်နေတယ်ဆိုတာ ဂရုမစိုက်ဘဲ သူ့ရင်ဘတ်ထဲမှာ ပွေ့ချီထားလိုက်တယ်။
ကျီရှောင်အုံး အကြီးအကဲ စကားလက် ပြောတဲ့စကားကို သတိရသွားလိုက်ပြီး "နင်..... နင် မသေသေးဘူးလား"
ရမ်က စကားလက် ကို နှုတ်ဆက်လိုက်ပြီး အရာအားလုံးကို စီမံဖို့ သူ့ကို လွှဲအပ်လိုက်ပြီး အဲဒီနောက် ကျီရှောင်အုံးအား အိမ်ကို ပြန်သယ်သွားလိုက်တယ်။ "ကိုယ့်အမျိုးသမီးက ကိုယ့်ကို စောင့်နေတာပဲကို။ ကိုယ် ဘယ်လို သေနိုင်ရမှာလဲ"
ကျီရှောင်အုံး : " ..."
*
အဲဒီလို ပြောလိုက်ပြီး ပြန်ရောက်လာပြီးနောက် ကျီရှောင်အုံး ကျားတွေနဲ့ တိုက်ခိုက်ရာကနေ ရမ် တစ်ယောက် ဒဏ်ရာတော်တော်များများ ရရှိခဲ့တာကို တွေ့ရှိလိုက်ခဲ့တယ်။
ပခုံးပေါ်မှာ နှစ်ခု၊ လည်ပင်းမှာ တစ်ခု နဲ့ လက်မောင်းမှာတော့ အနက်ဆုံးဖြစ်ပြီး လက်တစ်ဘက်လုံးကို ဖောက်လုနီးပါးပါပင်။ ဒဏ်ရာက နက်ရှိုင်းပြီး ရှည်လျားကာ သွေးတွေ စိမ့်ထွက်နေတုန်းပင်။
ပြီးတော့ သူက ဒီလက်မောင်းကိုသုံးပြီး သူမကို ပြန်သယ်လာခဲ့တာပဲ။
ကျီရှောင်အုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားလိုက်ပြိး သူမ ဆေးသေတ္တာကို နေရာလွတ်ထဲကနေ မြန်မြန် ယူလိုက်ခဲ့ကာ ဒဏ်ရာကို ကုသဖို့ ပိတ်စနှင့် ပိုးသတ်ဆေးကို မသိစိတ်က သူမဘာသာ ထုတ်ယူလိုက်ခဲ့ပါတယ်။
ထောင်ထောင့် ရဲ့ ဒဏ်ရာတွေကို ပတ်တီးစီးပေးရတာ သူမအဖို့တော့ ထုံးစံလိုဖြစ်နေတာပင်။ ကျီရှောင်အုံး ရမ့်ဆီကနေ ခွင့်ပြုချက်တောင် မတောင်းလိုက်ခဲ့တော့ပေ။ သူမ သူ့လက်မောင်းကို ဆွဲယူလိုက်ပြီး သူ့အင်္ကျီလက်နားစကို ဖြတ်လိုက်ကာ သွေးထွက်တာကို ရပ်အောင်လုပ်လိုက်ပြီး အနာပေါ် ပိုးသတ်ဆေးလိမ်းလိုက်ခဲ့တယ်။ အဲဒီနောက် သူမ ဒဏ်ရာအားလုံးကို တစ်ခါတည်း စည်းနှောင်လိုက်ခဲ့ပါတယ်။
သူ့ပခုံးပေါ်က ဒဏ်ရာတွေက ကောင်းကောင်း မကုသထားတာမို့ သူ့အဝတ်အစားတွေကို ချွတ်ပစ်မှကို ရတော့တယ်။ ကျီရှောင်အုံး အရင်ဆုံး ရမ်၏လည်ပင်းပေါ်က ခြစ်ရာတွေကို ကုသပေးလိုက်ခဲ့ပါတယ်။
ဒဏ်ရာက အနက်ကြီးမဟုတ်ပဲ အရေပြားအပေါ်ယံကသာ ကွဲသွားခဲ့တယ်။
ကျီရှောင်အုံး က ဒဏ်ရာတွေကို ပိုးသတ်ပေးပြီးတော့ သားရဲလူတွေက တစ်ယောက်ယောက်ကို နာကျင်အောင်လုပ်ဖို့ သူတို့ရဲ့ခြေသည်းတွေကိုပဲ တကယ်ကြီး သုံးနိုင်ကြတာလားလို့ မနေနိုင်ဘဲ တွေးတောမိလိုက်တယ်။ သူတို့မှာ ခွေးရှုးပြန်ရောဂါ မရကြဘူးလား.....။
ကောင်မလေးက ရမ်၏ရှေ့တွင် ရပ်နေကာ ထောက်ကူဖို့အတွက် လက်တစ်ဖက်က ကုတင်ကို ကိုင်ထားပြီး တစ်ဖက်ကတော့ ဂွမ်းဖတ်တစ်ခုကို ကိုင်၍ သူ့ဒဏ်ရာတွေကို လေးလေးနက်နက်နဲ့ ကုသပေးနေခဲ့ပါတယ်။။
သူမက ရမ့် ခန္ဓာကိုယ်ထဲမှာ မရည်ရွယ်ပါဘဲ ပိတ်မိနေခဲ့လိုက်တယ်။
သူမက သူမခေါင်းကို ငုံ့ထားကာ ဒဏ်ရာကို ကြည့်ရှုနေရင်း သူမရဲ့ရှည်လျားတဲ့ မျက်တောင်တွေက ရမ်ရဲ့မေးစေ့ဆီသို့ လာထောက်လိုက်ခဲ့သည်။
ထူးထူးဆန်းဆန်း ခိုးလို့ခိုးလုဖြစ်လာတော့၏။
ရမ်က အောက်ကိုငုံ့ကြည့်လိုက်တော့ သူ့နဲ့ နှစ်စင်တီမီတာသာ ကွာဝေးတဲ့ ကောင်မလေးကို တွေ့လိုက်ရတယ်။ သူမမျက်လုံးတွေထဲမှာ သူ့မျက်နှာကို ရောင်ပြန်ဟပ်နေခဲ့ကာ သူမနှုတ်ခမ်းသားက ပန်းရောင်သန်းနေပြီး လေးနက်စွာဖြင့် တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားခဲ့ပါတယ်။
ရုတ်တရတ် ဖြစ်ပေါ်သွားတဲ့ စိတ်လှုပ်ရှားမှုကြောင့် သူ ရုတ်ခြည်း တုန်လှုပ်သွားလိုက်ပြီး ကျီရှောင်အုံးက သူမရဲ့စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိသွားလိုက်ပါတယ်။ သူမမျက်လုံးများက သူ့ဘက်သို့ ရွေ့သွားကာ သူမ မျက်နှာနီမြန်းသွားခဲ့ပြီး သူမကိုယ်လုံးကို အမြန်ဆွဲထုတ်လိုက်တော့တယ်။
သူမ အဝေးကို မရောက်လိုက်ဘဲ ရမ်က သူမလက်ကောက်ဝတ်ကို ဖမ်းဖို့ ဒဏ်ရာမရတဲ့ သူ့လက်ကို သုံးလိုက်ခဲ့တယ်.....
ရမ်က သူမဦးခေါင်းနောက်ကို သူ့လက်ဖဝါးဖြင့် ဆုပ်ကိုင်ကာ ကောင်မလေးကို သူ့ဘက်သို့ဆွဲခေါ်လိုက်ပြီး နောက်ဆုံးတွင် သူ့ကိုယ်ကို ကိုင်းညွတ်၍ တုံ့နှေးချင်းအလျင်းမရှိပါဘဲ သူအကြာကြီးတောင့်တခဲ့ရတဲ့ နှုတ်ခမ်းသားလေးအား ကိုက်ခဲလိုက်ခဲ့တော့တယ်။
End Chapter
Book 4 End