Chapter 42
Viewers 9k

အပိုင်း (၄၂)* 


*တစ်ပွင့် တပ်ထားပါတယ်ရှင့်။ မူရင်း english translator ပြောထားတာကတော့ ရမ် က လူသားမဟုတ်တာမို့ လူသားတွေရဲ့ ပြုမူနေထိုင်ပုံကို သူ မသိပါဘူး.. အဲ့အတွက်ကြောင့် တချို့ဇာတ်ကွက်တွေမှာ အတင်းအကြပ်လုပ်သလိုမျိုး၊ နည်းနည်း r*pe ဆန်တာမျိုးရှိနိုင်ပါတယ်.. မကြိုက်ရင် ကျော်ဖတ်နိုင်ပါတယ်တဲ့ရှင့်။ နောက်ပိုင်းမှာလည်း ပါဦးမှာပါ။ နောက်အပိုင်းတွေကျရင်တော့ * ပွင့်ပဲ တပ်ထားပါတော့မယ်နော်။


•••


ကောင်မလေး၏ နှုတ်ခမ်းသားများက နူးညံ့ပြီး ပျားရည်တိမ်တိုက်‌တွေလို ခံစားရပြီး သင်းရနံ့ဖျော့ဖျော့လေး ရှိနေလေတယ်။


ရမ်ရဲ့ မမျှော်လင့်ထားတဲ့ လှုပ်ရှားမှုကြောင့် သူမ ကြောက်သွားတာကြောင့် ဖြစ်နိုင်ပါတယ်၊ ဘာလို့ဆို သူမခန္ဓာကိုယ်က တောင့်ခဲသွားပြီးတော့ သူမ ဘယ်လိုလှုပ်ရှားရမလဲဆိုတာတောင် မေ့သွားလိုက်ပါတယ်။


ရမ်က ကောင်မလေး၏ နှုတ်ခမ်းသားတွေကို ဖိကပ်လိုက်ပြီး လျှာကို ဖြန့်ကာ နမ်းရှုပ်လိုက်ခဲ့တယ်။ ဒါပေမဲ့ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ကတော့ သူ သည့်အရင်က ဒီလိုအရာမျိုးကို တစ်ခါမှ လုပ်ဖူးခဲ့ခြင်းမရှိတာပင်။


သားရဲတိရိစ္ဆာန်တွေရဲ့ တဏှာစိတ်က အလွန်ကို တည့်တိုးဆန်လေတယ်။ မိတ်လိုက်ရာသီ ပြီးတာနဲ့ မျိုးပွားကြပြီး အဲဒီနောက် သားပေါက်တွေ မွေးထုတ်လိုက်တာပင်။ မည်သည့် အပိုအဆင့်များ ပါရှိဖို့ မလိုအပ်ပေ။


ရမ်တစ်ယောက် ကျီရှောင်အုံးကို နမ်းရှိုက်ချင်နေခဲ့ပြီး သည်အရာကတော့ သူ့ရဲ့ပင်ကိုယ်အပြုအမူတွေရဲ့ အပြင်ဘက်ကို လုံးလုံးရောက်ရှိနေတာပဲဖြစ်၏။


သူ့ရှေ့မှာ မကြာမကြာ တီတီတာတာစကားတွေပြောတတ်တဲ့ ဒီပါးစပ်သေးသေးက ချိုမြိန်တဲ့အသံတွေ ထွက်ရှိအောင် လုပ်လိုက်တာပဲ။ သူ့ကို "ထောင်ထောင်" လို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ခေါ်ခဲ့တာလေးတွေ၊ ဒါမှမဟုတ် သူ့ကို "ရမ်" လို့ မရဲတရဲ ခေါ်တာ၊ ဒါမှမဟုတ် အိမ်ပြန်ချင်တယ်လို့ ခေါင်းမာမာနဲ့ ပြောနေခဲ့တာလေးတွေ။ ဒီလိုတွေပြောတဲ့ ဒီပါးစပ်သေးသေးလေးကို သူ မြည်းစမ်းချင်နေတယ် ၊ သူ ဒီအရာကို လုံးလုံး မြည်းစမ်းချင်နေခဲ့တာပင်။


ဒီအရာက စိတ်ကူးထားတာထက် ပိုမိုကာ ချိုမြနေခဲ့၏။


ရမ်က နမ်းတဲ့နေရာမှာ အတွေ့အကြုံမရှိပေမဲ့ သူမအောက်နှုတ်ခမ်းသားကို လျှာနဲ့ နည်းနည်းချင်း လျက်ပြီးတော့ ကိုက်ခဲလိုက်ခဲ့တယ်။


အဲဒီနောက်တော့ ကိုယ်ကိုယ်တိုင်ပဲ သင်ကြားလိုက်ပြီး သူမသွားတွေနောက်မှ သူမလျှာအား အထဲကို ထိုးသွင်းလိုက်ခဲ့ပြီး သူမ ပါးစပ်ထဲသို့ ဝင်ရောက်လိုက်ဖို့ သူ့လမ်းကြောင်းသူ ရှာလိုက်ခဲ့တယ်။


သူ့ရဲ့ ဆူးသွားပါတဲ့လျှာက ကျီရှောင်အုံး၏ လျှာထိပ်ဖျားကို ညင်သာစွာ ခြစ်မိလိုက်ခဲ့ပြီး သူမ လျင်မြန်စွာနဲ့ သူမကိုယ်သူမ အသိစိတ်ပြန်ကပ်သွားလိုက်ပြီး ရမ်၏ ရင်ဘတ်ကို ချက်ချင်းပင် တွန်းထုတ်လိုက်တော့တယ်။


သူမ၏မျက်နှာက ပန်းဆီရောင် နီမြန်းလို့လာပြီး သူမလက်တွေက ကူကယ်ရာမဲ့စွာဖြင့် အားပျော့လာကာ သူမ မျက်လုံးထဲတွင် စိတ်တိုစွာနဲ့ ရမ့်အား စိုက်ကြည့်လိုက်ပြီး "နင် ... နင်.... ..."


သူမ၏လျှာက စပ်ဖျဉ်းဖျဉ်းခံစားနေရတာက သူမ အခုလေးတင် ကျားသစ်တစ်ကောင် နမ်းတာကို ခံလိုက်ရတယ်ဆိုတာ သတိပေးလိုက်တာပဲ!


ရမ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိပေ၊ အနည်းငယ်လေးတော့ နောင်တ ရသွားပေမဲ့ပေါ့။ ဆက်နမ်းချင်နေရင်းနဲ့ သူ့ပါးစပ်ထောင့်ကို လျှာနဲ့သပ်လိုက်ပြီး သူ ပြောလိုက်တယ် "ဟမ်"


ထိုအသံက အရသာတစ်ခု မြည်းစမ်းရသလို အောရှပြီး လေးလံနေခဲ့တယ်။


ကျီရှောင်အုံး သူ့အသံကို နားထောင်လိုက်ပြီးတော့ နားမလည်နိုင်စွာပင် သူမ၏ နားရွက်တွေက ပူလောင်သထက် ပိုပူလာခဲ့တော့တယ်။ သူမလက်ထဲက ပတ်တီးစကို လွှတ်ချပစ်လိုက်ပြီး ကုတင်ပေါ်ကနေ ဆင်းလိုက်တော့တယ်။


ကံမကောင်းစွာပဲ သူမ၏ခြေချောင်းတွေက မြေပြင်ပေါ်ကို မထိရသေးခင်မှာပဲ ရမ်က သူမလက်ကောက်ဝတ်ကို နောက်ထပ်ဆွဲယူလိုက်ကာ သူမကို ပတ်ချာလည် လှည့်၍ ကုတင်ပေါ်ပြန်ဆွဲတင်လိုက်ခဲ့ပါတယ်... 


ဒီတစ်ကြိမ်တွင်တော့ ရမ်က သူမ၏ခေါင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ သူမနှုတ်ခမ်းသားတွေပေါ် သူ့နှုတ်ခမ်းနဲ့ အုပ်မိုးလိုက်ခဲ့ပြီး သူမသွားတွေကိုဖွင့်စေကာ တည့်မတ်စွာ ထိုးဝင်လိုက်ခဲ့တယ်။


ကောင်မလေး၏ ကိုယ်သင်းရနံ့က အချုပ်အနှောင်ကင်းစွာ တဟုန်ထိုး ထိုးထွက်လာလိုက်ပြီး ထိုအနံ့က သူ့မျိုးနွယ်စုမှ မိန်းမပျိုတွေ မပိုင်ဆိုင်ကြတဲ့ ရနံ့ပင်။


ဒီလိုကိစ္စနှင့် ပတ်သက်၍ အမျိုးသားတိုင်းမှာ အတိုင်းမသိတဲ့ ကျွမ်းကျင်မှုတွေ ရှိကြတာပင်။ ရမ်က ကောင်မလေး၏ ခုခံမှုလမ်းကြောင်းကို ချိုးဖောက်ဝင်လိုက်ပြီးတော့ သူမပါးစပ်ရဲ့ တစ်လက်မစီတိုင်းကို အမိဖမ်းချုပ်ကာ သူမအား အနိုင်ကျင့်မိလုနီးပါး ဖြစ်နေခဲ့ပါတယ်။


ထိုအချိန်တွင် သူ့လက်က သူမရဲ့ပျော့ပျောင်းတဲ့ ခါးပေါ်တွင် အထိုင်ချလိုက်ခဲ့ပြီး မနေနိုင်စွာဘဲ တရွေ့ရွေ့ အပေါ်သို့ ဆန်တက်သွားခဲ့တယ်။


ကျီရှောင်အုံး တစ်ယောက် အကျောက်အကန် ရုန်းကန်နေခဲ့ပြီး ဒေါသလည်းထွက် လုပ်မိလုပ်ရာနဲ့ ရမ်၏ပုခုံးတွေပေါ်ကို လက်သီးတစ်ချက်ဖြင့် ထုနှက်လိုက်ခဲ့တယ်။


သူမ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါ၊ သူမ ခွန်အားက သူ့အတွက် အရာမထင်ဖြစ်ခဲ့လိုက်ပြီး သူမ ရုန်းကန်လေလေ သူ သူမကို ပိုနမ်းချင်လေလေ ဖြစ်နေခဲ့တယ်။


သူ့လျှာပေါ်ရှိ ဆူးထစ်တွေက သူမကို နာကျင်စေတယ်ဆိုတာတော့ သူ မသိလိုက်ခဲ့ပါဘူး . .


သေးသွယ်လှပတဲ့ မိန်းကလေးက သန်မာတောင့်တင်းတဲ့ သားရဲလူသားအောက်တွင် ဖိချခံရပြီး သူမခေါင်းကို တိမ်းစောင်းဖို့ ဖိအားပေးခံလိုက်ရကာ သူ့ရဲ့နမ်းရှိုက်မှုကို ကြံ့ကြံ့ခံနေခဲ့ရတယ်။


သူမ ဘယ်လောက်ကြာကြာ အနမ်းခံနေရမှန်း မသိပေမယ့် သူမရဲ့လျှာက တစစ်စစ်ဖြစ်နေပြီး သူမမျက်လုံးတွေက နီရဲလာကာ မျက်ရည်တွေ ပြည့်လျှံလာခဲ့တယ်။ သူမ အမှန်တကယ်ပဲ နာကျင်နေရလို့လား ဒါမှမဟုတ် စိတ်ထိခိုက်နေလို့ပဲလား မသိချေ။


ရုတ်​တရက်ဆိုသလိုပဲ​ ကသုတ်ကရက်နိုင်စွာနဲ့ တံခါးကိုတဒုန်းဒုန်း ထုရိုက်တဲ့ အသံတစ်ခု ပေါ်လာလိုက်ခဲ့တယ်။ "ခေါင်းဆောင် ခေါင်းဆောင်...... အိမ်မှာရှိနေလား "


ရမ် ကျီရှောင်အုံးကို အလွတ်ပေးဖို့ ရည်ရွယ်ချက်မရှိဘဲ တုံ့ခနဲ ရပ်တန့်သွားကာ မျက်မှောင်ကြုတ်သွားလိုက်၏။


ကံမကောင်းစွာဖြင့်ပင် အပြင်ဘက်မှ အသံက သည်းမခံနိုင်တော့ဘဲ ခဏအကြာတွင် ဆက်ပြောလာလိုက်တယ်။ "ခေါင်းဆောင် ဝင်းတား ပါ။ အကြီးအကဲက မင်း အိမ်ပြန်သွားပြီလို့ ပြောလို့..."


ရမ် ကောင်မလေးကို တွန့်ဆုတ်စွာနဲ့ လွှတ်ပေးလိုက်ပြီး သူ့လည်ချောင်းထဲကနေ အသံနှိမ့်ကာ ဆဲဆိုလိုက်ပြီး စိတ်မရှည်စွာနဲ့ အပြင်ဘက်ကို သွားလိုက်ခဲ့တယ်။ "ဝင်းတား မင်း အရေးကြီးတာ တစ်ခုခုပြောရင်ကောင်းမယ် မဟုတ်လို့ကတော့ ငါ မင်းလည်ပင်းကို လိမ်ချိုးပစ်မယ်" 


တံခါးအပြင်ဘက်တွင် ဝင်းတားက တီးတိုးပြောလိုက်တယ် "ခေါင်းဆောင် အဲဒီအစွယ်ကွေးကျား သုံ့ပန်းအုပ်စုက ထွက်ပြေးချင်နေပြီ။ ခေါ်ရီ နဲ့ ငါ သူတို့ကို မဖိနှိပ်နိုင်ဘူးဖြစ်နေတယ်။ မင်း တစ်ချက်လောက် သွားကြည့်ပေးလို့ရမလား..."


*******


ရမ် ထွက်ခွာသွားပြီးနောက် ကျီရှောင်အုံး သူမ အသိစိတ်ပြန်မကပ်မီ အချိန်အကြာကြီး ကုတင်ပေါ်တွင် လဲလျောင်းနေခဲ့ပါတယ်။ အိပ်ရာပေါ် ထထိုင်လိုက်ပြီး ကျောပိုးအိတ်ကိုဆွဲယူကာ အပြင်သို့ ပြေးထွက်သွားခဲ့လိုက်တော့တယ်။


'မဟုတ်ဘူး.. သူမ ဒီနေရာမှာ မနေနိုင်တော့ဘူး။'


'ရမ် က သူမကို ပက် ကိုရှာဖို့ ကူညီပေးမယ်လို့ ကတိပေးခဲ့ရင်တောင်မှ သူမ သူနဲ့ အတူနေတော့မှာ မဟုတ်ဘူးပဲ။'


'သူမကတော့ ကြင်ကြင်နာနာနဲ့ သူ့ဒဏ်ရာ တွေကို ကူညီပေးခဲ့ရတာ၊ သူကတော့ သူမကို ဒီလိုအရာမျိုး တကယ်လုပ်ရက်နိုင်လိုက်တာ!'


ကျီရှောင်အုံး တံခါးဆီသို့ လျှောက်သွားပြီး သူမ လက်ချောင်းကို တံခါးချက်ပေါ် မှာ တင်လိုက်ခဲ့တယ်။ သူမ ဆွဲဖွင့်ချင်ပေမဲ့ တုံ့ဆိုင်းသွားပြန်တယ်။


'ကျားတွေက တောင်ကြားထဲကနေ ထွက်သွားပြီလား သူမ မသိသေးဘူးပဲ . . ကျားသစ်တွေဆီကနေ ထွက်သွားပြီးလို့ သူမ ကျားတွေနဲ့ နောက်ထပ် ထပ်တွေ့နေရင် ဘယ်လိုလုပ်မလဲ။'


. . . . . .


'ပိန်လှီနေတဲ့ ကုလားအုတ်က မြင်းထက်တော့ ကောင်းနေဦးမှာပဲ။ သူတို့တွေ ကျားသစ်ကို ရှုံးခဲ့ရင်တောင်မှ သူတို့တတွေက သူမကို ကိုင်တွယ်ဖြေရှင်းဖို့ သန်မာနေသေးတာပဲမလား။'


သူမ မနေ့က သူတို့ထဲက တစ်ယောက်ကို ဗြောက်အိုးနဲ့ အနိုင်ယူနိုင်ခဲ့ပေမယ့်လည်း အဲဒါက သူမမှာ အဲဒီလိုလုပ်ဖို့ အားသာချက်တစ်ခုရှိလို့ပါပဲ။ အဲဒီအချိန်တုန်းက ကျားက သူမရဲ့ခြေရင်းအောက်တွင် ရှိနေလို့ပဲ။ တကယ်လို့ သူတို့အုပ်စုတစ်စုလုံး သူမဆီ ဝိုင်းအုံပြီး ပြေးလာလိုက်ရင် သူမ မလွတ်နိုင်ဘူးပဲ . .


ကျီရှောင်အုံး၏ လက်ချောင်းထိပ်များက သစ်သားချက်တုံးကို ရိုက်လိုက်ကာ သူမ စိတ်ပျက်စွာနဲ့ မျက်မှောင်ကြုတ်လိုက်မိတယ်။


. . .


အကျဉ်းသားတွေကို ဖြေရှင်းပြီးတဲ့နောက် ရမ် အပြင်ကနေ ပြန်လာလိုက်တော့ အရိပ်အရောင် တစ်ခုပင်မရှိသော အိမ်အလွတ်တစ်လုံးကို သူ မြင်လိုက်ရ၏။


သူ့မျက်လုံးများ မဲမှောင်ကျသွားကာ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ လေထုဖိအားတွေက အလွန့်အလွန် နိမ့်ဆင်းသွားလိုက်၏။


သူမက သူ့ကို ပက် ကိုရှာဖို့ အခွင့်ပေးမည်ဟု သူထင်ထားခဲ့ပြီး ၊ အဲဒါက သူမကို ထွက်သွားလိုက်တာပဲ။ သူ မမျှော်လင့်ဘဲ တစ်မိနစ်လောက် ထွက်သွားလိုက်တာက သူမကို နောက်တစ်ကြိမ် ထွက်ပြေးခွင့်ရစေလိုက်တာပဲ။


ရမ့်ရဲ့ နှလုံးသား နက်နက်ရှိုင်းရှိုင်းထဲတွင်တော့ ပြောမပြနိုင်လောက်အောင် ထူးခြားတဲ့ အမှောင်ထုကြီး ထွက်ပေါ်လာလိုက်တော့တယ်။ သူ သူ့သွားတွေကို လျှာနဲ့သပ်လိုက်ကာ တံခါးဆီသို့ လျှောက်သွားလိုက်တယ်။


သူ သူမကို ထပ်မံ ဖမ်းမိပြီးရင် သူမကို သင်ခန်းစာတစ်ခု "သင်ကြား"ပေးဖို့လိုလာပြီပဲ။


သို့ပေမဲ့ သူ ခြေလှမ်းအနည်းငယ်မျှ မလှမ်းရသေးဘဲ တံခါးဘေးက မီးဖိုချောင်မှ သူ အသံတစ်ခုကြားလိုက်ရတယ်။


အသံက အလွန်ကို တိုးတိတ်ပြီး အလွန်ကို သတိထားလွန်းနေတယ်။


တစ်ယောက်ယောက်ကို အနှောက်အယှက်ဖြစ်မှာ ကြောက်သလိုမျိုးပဲ။


ရမ် ခဏမျှ ရပ်တန့်လိုက်ပြီး ဂရုတစိုက် နားထောင်လိုက်ပေမဲ့ အသံက ပျောက်ကွယ်သွားခဲ့တယ်။


သူ့မျက်လုံးတွေကို လှည့်လိုက်ခဲ့ပြီး သူ့မျက်ခုံးရိုးတွေကို သူ့ လက်ညိုးနဲ့ ပွတ်သပ်လိုက်ခဲ့တယ်။ အဲဒီနောက် သူ့ ခြေဖျားကို ထောက်ပြီးတော့ မီးဖိုချောင်တံခါးဆီသို့ လျှောက်သွားလိုက်တယ်။


ရမ်က တံခါးကို တွန်းဖွင့်လိုက်ပြီး သူ့မျက်လုံးနက်နက်တွေက မီးဖိုခန်းကို စေ့စေ့စပ်စပ်ကြည့်ရှုလိုက်၏။


အခန်းက သေးသေးလေးဖြစ်ပြီး သူ တစ်ချက်ကြည့်လိုက်ရုံနဲ့ အားလုံးမြင်နိုင်တာပင်။


သူ မီးဖိုနောက်ဘက်နားကို လျှောက်လာလိုက်တော့ အဲဒီနေရာမှာ သိမ်မွေတဲ့ပုံရိပ်လေးတစ်ခုက ကျုံ့ကျုံ့လေးကွေးနေတာကို သူ တွေ့လိုက်ရတယ်။


ကောင်မလေးက သူမလက်တွေနဲ့ သူမခြေထောက်တွေပေါ်တွင် ရစ်ပတ်ထားပြီး သူမရဲ့နူးညံ့သောမေးစေ့သည် ဒူးပေါ်တွင် တင်ထားခဲ့ပါတယ်။ သူမ ထိုနေရာတွင် ထိုင်နေသည်မှာ အကြာကြီးရှိနေလောက်မည်၊ ဘာလို့ဆို သူမ မျက်လုံးတွေက မှိတ်ချထားပြီး ကြည့်ရတာ သူမ အိပ်ငိုက်နေပုံရတယ်။ လေးလံတဲ့ လှုပ်ရှားမှုကြောင့် ရှည်လျားသော မျက်တောင်များ နှစ်ချက်မျှ လှုပ်ခတ်သွားကာ သူမ သူမမျက်လုံးကို ဖွင့်လှစ်လိုက်ခဲ့တယ်။ သူ့ကိုမြင်တော့ သူမမျက်လုံးတွေ ပြူးကျယ်သွားကာ သူမပါးစပ်ကို အလိုအလျောက် ဖုံးအုပ်ကာ နောက်ပြန်ဆုတ်သွားလိုက်ခဲ့ပါတယ်။


. . . . . .


. . .


သူ နောက်တစ်ကြိမ် ထပ်နမ်းဖို့ ကြိုးစားမှာကို စိတ်ပူသွားလိုက်တယ်။


သူမလျှာက အခုထိ နာနေတုန်းပဲ။


ရမ်က သူမကို ကြည့်ရှုလိုက်ပြီး သူ့စိတ်က နည်းနည်းလျော့ပါးသွားသလို ခံစားလိုက်ရတယ်၊ ဒါပေမယ့် သူ့မျက်နှာအမူအရာကတော့ မပြောင်းလဲသေးပါဘူး။ "မင်း ဒီမှာ ဘာအတွက် ပုန်းနေတာလဲ"


ကျီရှောင်အုံး အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီး သူမစိတ်ထဲရှိတာနဲ့ ဆန့်ကျင်ကာ ပြောလိုက်တယ် "... ဒီမှာက နွေးတယ်" 


ကျီရှောင်အုံး မူလကတော့ ထွက်ပြေးချင်ပေမဲ့ သူမ တံခါးဆီသို့ လျှောက်သွားလိုက်ချိန်မှာတော့ သူမ တုံ့ဆိုင်းသွားခဲ့ပါတယ်၊ ကမူဒါတောင်ကြားကနေ သူမ လမ်းလျှောက်ပြီးတော့ မထွက်နိုင်မှန်း သဘောပေါက်လိုက်ပါတယ်။ သူမ ကျားတွေက စားတာခံရလိမ့်မယ်၊ အဲဒါက အရမ်းအန္တရာယ်များလိမ်မည်။


အဲဒါကို တွေးမိလိုက်ပြီးနောက်မှာတော့ သူမ ထွက်သွားဖို့ လက်လျော့လိုက်ခဲ့တာပဲဖြစ်တယ်။


ဒါပေမယ့် ရမ်က တစ်ခန်းတည်းမှာ တူတူရှိနေတော့ တော်တော်လေး မလုံခြုံဘူးလို့ သူမ ခံစားနေခဲ့တယ်။ သူမ ရှာဖွေကြည့်လိုက်တော့ ဒီနေရာကို တွေ့တာကြောင့် သူမဘာသူမ ဒီနေရာမှာ လာပုန်းအောင်းချင်လိုက်တာပဲဖြစ်တယ်။


"အိမ်မှာက ဒီထက် ပို‌နွေးတယ်လေ" ရမ် လက်တစ်ဖက် ဆန့်ထုတ်လိုက်ပြီး သူမမျက်နှာပေါ်မှာ မတော်တဆ ပွတ်မိထားတဲ့ ပြာ‌မှုန်တွေကို ဖယ်ပေးလိုက်ခဲ့တယ်။ သူ သူမကို ပွေ့ချီမလို့ လုပ်လိုက်ပေမဲ့ မမျှော်လင့်ထားပဲ ကျီရှောင်အုံးက ရုတ်ခနဲရှောင်တိမ်းသွားလိုက်ပြီး သူ့လက်မောင်းအောက်မှ လှစ်ခနဲ ထွက်ပြေးသွားလိုက်တယ်။


"နင်! ငါ့ကို ကြုံသလို လျှောက်လျှောက် မဖက်နဲ့" ကျီရှောင်အုံး ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်လိုက်ပြီး တံတွေးမျိုချလိုက်တယ်။ သူမက အနည်းငယ်လေး ကြောက်ကြောက်ရွံ့ရွံ့နိုင်စွာနဲ့ ပြောလိုက်တယ်။ "ငါ့ကိုလာပြီး လျှောက်လျှောက် ပွေ့တာလည်း ငါ မကြိုက်ဘူး"


ရမ်၏မျက်ခုံးရိုးတွေက အနည်းငယ်‌လေး တွန့်ကွေးသွားလိုက်၏။


ကျီရှောင်အုံး ဒီစာကြောင်း ဆုံးတာနဲ့ သူမ ရမ် ရှိနေတဲ့ မီးဖိုချောင်မှ လှည့်ထွက်ပြီး အိမ်ထဲသို့ ပြေးဝင်သွားခဲ့တယ်။


ခဏအကြာတွင် ရမ်က အိမ်ထဲသို့ လိုက်ဝင်လာတော့ သူမက စာရွက်နှင့် ဘောပင်ကို ကိုင်ဆောင်ကာ စားပွဲပေါ်မှာ တစ်ခုခုဆွဲသားရန် ငုတ်တုပ်ထိုင်နေသည်ကို တွေ့လိုက်ရတယ်။


ရမ် သူမလက်ထဲရှိ ဘောပင်၊ စာရွက်ကို စိတ်မဝင်စားသလို သူမ ဘာဆွဲနေတာလဲဆိုတာကို ပိုလို့တောင် စိတ်မဝင်စားပါ။ သူ သူမ၏ခါးလေး အနောက်ကနေ လက်တစ်ဖက်ဖြင့် ဝိုင်းပတ်လိုက်ပြီး သူတို့တတွေ ရပ်နားထားတဲ့နေရာကို ဆက်လက်လုပ်ဆောင်ဖို့ သူမကို ကုတင်ပေါ်သို့ သယ်ဆောင်သွားလိုက်တော့တယ်။


အံ့သြစရာကောင်းလောက်အောင်ပဲ သူ့ရင်ခွင်ထဲက ကောင်မလေးက အပြင်းအထန် ရုန်းကန်ပြီး အော်ပြောလိုက်တယ်၊ "ရမ်... ခဏနေပါဦး၊ ငါ နင့်ကို ပြောစရာရှိတယ်"


ရမ် က ခဏလောက်ရပ်လိုက်ပေမဲ့ သူမကို အလွှတ်မပေးဘဲ "ဘာပြောမလို့လဲ"


ကျီရှောင်အုံး သူမရဲ့ နှုတ်ခမ်သားကို သပ်လိုက်ပြီး ယုံကြည်မှု အနည်းငယ်ပိုရစေဖို့ စုစည်းလိုက်ခဲ့ကာ "ငါ နင့်ကို အရင်က ပြောဖူးတယ်လေ ငါ ဒီမှာ နေလည်း မနေနိုင်ဘူး နင့်ရဲ့ မိန်းမပျိုလည်း မဖြစ်နိုင်ဘူးလို့ ..... ... ငါ အိမ်ပြန်ဖို့ လမ်းရှာတွေ့တာနဲ့ ဒီကနေ ထွက်သွားမယ်ဆိုတာ " 


ရမ်က ခဏလောက် နှုတ်ဆိတ်သွားလိုက်ပြီး အဲဒီနောက် ပြောလိုက်တယ် ။ "အဲဒါမို့ ကိုယ် မင်းကို 'လိုက်' နေတာပဲလေ" 


"... " သူမ ပြောတာကို သူ နားမလည်ဘူးလား။


"မင်း ဒီမှာနေချင်လာအောင် ကိုယ် လုပ်မယ်" ရမ်က သူ့ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး သူမကို မျက်လုံးအတွင်းထဲနဲ့ နှာသီးဖျားကိုကြည့်လိုက်တယ် " တကယ်လို့ ကိုယ့်မိန်းမပျိုဖြစ်ရတာ မင်း မကြိုက်ဘူးဆိုရင် ကိုယ့် "အိမ်ထောင်ဖက်"ဖြစ်ပေးပါ"


ကျားသစ်မျိုးနွယ်စုမှာက "အိမ်ထောင်ဖက်" ဆိုတဲ့အရာမျိုး မရှိပေ၊ ဘာလို့လဲဆိုတော့ အဲဒီ'အိမ်ထောင်ဖက်'ဆိုတဲ့ အသုံးနှုန်းက သူတို့တစ်ဘဝလုံးအတွက် မိန်းမပျိုတစ်ယောက်တည်းကိုပဲ သက်ဆိုင်မှာမို့လို့ပင်။


ယေဘူယျအားဖြင့် ကျားသစ်တွေက သူတို့ရဲ့မိတ်ဖက်တွေကို "မိန်းမပျို"လို့သာ ပြောဆိုကြတာပဲဖြစ်၏။


ကျီရှောင်အုံး မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်မိတယ်။ ဒါကို သူမသိနေတဲ့အတွက် ရမ်က ဒီလိုတွေတောင် ပြောလာလိုက်တော့ သူမ အံ့သြသွားခဲ့ပါတယ်။


'. . . သူမ ဘာကို စိတ်ပူနေတယ်ဆိုတာ သူ အမြဲတမ်း သိနေတာလား။'


'မဟုတ်သေးဘူး... အဲဒါက သူမ အခု သူပြောချင်နေတာ မဟုတ်ဘူးလေ။'


ကျီရှောင်အုံး က ခေါင်းခါရမ်းလိုက်ပြီး ရှုပ်ထွေးပွေလီနေတဲ့ အတွေးတွေကို ခါထုတ်လိုက်တယ်။ "အဲဒီကိစ္စက ငါတို့ ဆွေးနွေးရမယ်။ နင့်ရဲ့' အိမ်ထောင်ဖက်'ဖြစ်မယ်လို့ ငါ ကတိမပေးမချင်း နင် ငါ့ကို နမ်းလို့မရဘူး"


ရမ်က မျက်ခုံးပင့်ပြီး "ဘာလို့လဲ။ မင်းလည်း ကိုယ့်ကို ပြန်တုံ့ပြန်ခဲ့တာပဲ မဟုတ်လား"


အိမ်ရာဘေးတွင်ကပ်နေတဲ့ ကျီရှောင်အုံး သူမဘာသာသူမ ထိတ်လန့် သွားပြီး ဘာပြောရမလဲ မစဉ်းစားနိုင်တော့ဘဲ သူမ မျက်နှာက ရဲရဲတွတ်နီမြန်းသွားလိုက်ပါတယ်။


'သူမ သူ့ကို မတုံ့ပြန်ခဲ့ပါဘူး! သူ့လျှာက သူမကို အရမ်းနာစေလို့ သူမ သူ့ကို တွန်းထုတ်ချင်နေတာကြောင့်ပဲလေ။'


"ဘာလိုပဲဖြစ်ဖြစ်... ....နင် သဘောမတူရင် ငါ ထွက်သွားပြီး ငါ့ဘာသာပဲ ပက်ကိုသွားရှာလိုက်မယ်"


ရမ် ကျီရှောင်အုံးအား မမှိတ်မသုန် စိုက်ကြည့်နေလိုက်တယ်။


ဒီလို ချိုမြိန်တကာ့ အချိုမြိန်ဆုံးကို သူ့မှာ မြည်းစမ်းဖူးရုံပဲရှိသေးတာ။ ကောင်မလေးက သူထင်ထားတာထက် ပိုအရသာရှိတယ်။ တစ်ချို့အရာတွေက ကမ်းခြေကို ရေလွှမ်းမိုးနေသလိုပါပဲ၊ စတင်ပြီးတာနဲ့ ထိန်းချုပ်ဖို့ ခဲယဉ်းတာပင်။


ကျီရှောင်အုံးက ဆုံးဖြတ်ချက်ခိုင်မာနေခဲ့တာပင်။ တကယ်လို့ သူသာ သဘောမတူရင် သူမ တကယ်ပဲ လှည့်ထွက်သွားလိမ့်မှာပဲ။


ရမ်က သူမ၏ ခေါင်းမာမှုကို သိပေသည်။


ထို့အတွက်ကြောင့် သူ စကားပြန်မပြောတော့ဘဲ အရှုံးကိုသာ ရွေးချယ်လိုက်တော့၏။


ကျီရှောင်အုံးက ရမ် ကတိပြုသည်ကို မြင်လိုက်ရပြီးမှ သက်သာရာရစွာ သက်ပြင်းချကာ သူမ၏ခါးပေါ်ရှိလက်ကို ငုံ့ကြည့်ကာ "နင် ငါ့ကို ကိုင်လည်း ကိုင်လို့ မရဘူး"


ရမ် : "..."


"ငါ အိပ်ရင်လည်း နင့်လက်မောင်းထဲ ငါ့ကို ပွေ့ဖက်ထားလို့မရဘူး"


"... "


"ပြီးတော့" ကျီရှောင်အုံးက ခေါင်းကို အမြန်လှည့်စောင်းလိုက်ပြီး သူမပြောချင်တဲ့ အရာတွေအားလုံးကို မတွေးတောတတ်တော့ဘဲ "ငါ့ခွင့်ပြုချက်မရှိရင် နင် ငါ့ကို လုပ်လို့မရ ... "


ရမ် နောက်ဆုံး လုံးလုံးသည်းမခံနိုင်တော့ဘဲ ကျီရှောင်အုံးရဲ့ အတောမသတ်နိုင်သော တွတ်တွတ်ထိုးနေသော ပါးစပ်လေးကို ဖုံးအုပ်ဖို့ သူ့လက်သည်းကို မြှောက်လိုက်ခဲ့တယ်။ သူ သူ့ကိုယ်ကိုကိုင်း၍ သူ့ပါးစပ်အား သူမ နားနားသို့ ဖိကပ်လိုက်ခဲ့ကာ တိုးညင်းစွာ ပြောလိုက်တယ် "အာ... လိမ်လိမ်မာမာရှိစမ်းပါ။ ကိုယ် မင်းကို တစ်လက်မလောက်ပေးတာနဲ့ တစ်မိုင်လောက် မယူချင်စမ်းပါနဲ့" 


Chapter End