Chapter 44
Viewers 9k

အပိုင်း (၄၄) 


ရမ်၏အိမ်အပြင်တွင်ရှိတဲ့ အိုလန်ပက်စ်က သူမ၏နေအိမ်သို့ တန်းမပြန်လိုက်ခဲ့‌ပေ။


ဆူဇန်နာထံ အလည်လာတဲ့ခေါင်းစဉ်အောက်တွင် အကြီးအကဲဖြစ်သူ စကားလက်၏နေအိမ်သို့ သူမ သွားလိုက်ခဲ့၏။


စကားလက်က ဆူဇန်နာအား ဆန်ပြုတ်တစ်ပန်းကန် တိုက်ကျွေးပြီးရုံပင်ရှိ‌သေး၏။ သူမ လည်ချောင်းဒဏ်ရာကြောင့် ဒီလိုအရည်ပါတဲ့အစာတွေကိုသာ သူမ စားနိုင်‌လေတယ်။


စကားလက် ပန်းကန်ဆေးဖို့အတွက် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့တယ်၊ အိုလန်ပက်စ် က တံခါးဝတွင် ရပ်ကာ သူ့အား "အကြီးအကဲ" လို့ လှမ်းခေါ်လိုက်ခဲ့တယ်။


စကားလက်က နောက်ပြန်လှည့်ကြည့်တော့ ခြံဝင်းထဲတွင် ရပ်နေတဲ့ သူမကို တွေ့လိုက်ရတယ်။ သူမက ပြုံးလိုက်ပြီး "ကျွန်မ ဆူဇန်နာကို တွေ့ဖို့လာတာ၊ သူ့ဒဏ်ရာက ဘယ်လောက် ဆိုးသွားလဲမသိဘူး"


ကျားမျိုးနွယ်စုမှ ကယ်တင်ခဲ့တဲ့ အမျိုးသမီးများက ရှက်ရွံ့ကြပေမဲ့ အိုလန်ပက်စ်ကတော့ ရုတ်တရက် အရင် စကားစပြောလာနေပြီး ဆူဇန်နာ့ကို လာ‌တွေ့တာမို့ စကားလက် ဒါကို တော်တော်ကလေးကို မ‌မျှော်လင့်ထားတာကို တွေ့ရှိခဲ့ရတယ်။


ဒါပေမယ့် သူမက ရွှင်လန်းတက်ကြွနေပြီး အခုထိတော့ မျိုးနွယ်စုနဲ့ ဆက်ဆံရေးကောင်းရှိထားတာကြောင့် စကားလက်က သိပ်အများကြီး တွေးမနေတော့ဘဲ ပြောလိုက်တယ်။ "အားနာလိုက်တာ။ ဆူဇန်နာက ခုနကလေးတင်ပဲ အိပ်ယာထဲ ပြန်ဝင်သွားပြီ။ သူ နိုးလာရင် မင်းရောက်လာတယ်ဆိုတာကို ငါ ပြန်ပြောပေးလိုက်ပါ့မယ်။"


အိုလန်ပက်စ်က ခေါင်းညိတ်လိုက်ကာ စိတ်မပျက်သွားဘဲ ထွက်သွားသင့်ပေမဲ့ သူမ ခြေတစ်လှမ်းမှ မရွေ့သေးပေ။ "ဒါနဲ့ ... အကြီးအကဲ ကျွန်မမှာ ကိစ္စတစ်ခုရှိသေးတယ်"


စကားလက် က ပြောလိုက်၏။ "ဘာကိစ္စရှိလို့လဲ"


အိုလန်ပက်စ်၏ မျက်လုံးတွေ မှေးမှိန်သွားကာ သူမ ကြမ်းပြင်ကို စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်တယ် " ခေါင်းဆောင်ရမ် လည်း ဒဏ်ရာရသွားတယ်လို့ ကျွန်မ ကြားရလို့။ ကျွန်မ သူ့ကို တွေ့ဖို့ သွားလိုက်တာ ဒါပေမဲ့ သူ့ကြည့်ရတာ မိန်းမပျိုတစ်ယောက်နဲ့ အတူနေနေပုံရတယ်နော်။ အဲ့တစ်ယောက်က ကျွန်မတို့နဲ့လည်း မတူဘူးနော်"


"အိုး...မင်း သူမကိုတွေ့ခဲ့တယ်ပေါ့" စကားလက် က ဒါကို အကြိမ်ကြိမ်ပြန်ဖြေခဲ့ရတဲ့အတိုင်း အေးဆေးတည်ငြိမ်စွာ ပြောလိုက်တယ်။ "ရမ်က သူ့ကို အပြင်ကနေ ပြန်ခေါ်လာခဲ့တာ‌လေ။ သူအရင်က ငါတို့ရဲ့ခေါင်းဆောင်ကို ကယ်ခဲ့တာ၊ သူက ကျားသစ်မျိုးနွယ်ဝင်တစ်‌ယောက် မဟုတ်ဘူး..."


အိုလန်ပက်စ် ထိုစကားကိုကြားလိုက်ရချိန် သူမ အံ့အားသင့်သွားခဲ့တယ်။ သူမနဲ့ ကျီရှောင်အုံး အတူတူပဲ နှစ်ယောက်လုံး ရမ်က ကယ်တင်ပေးခဲ့တာလို့ သူမ ထင်ထားခဲ့တာဖြစ်တယ်။ 'ဒါပေမယ့် ရမ့် ရဲ့အသက်ကို သူမက ကယ်‌ပေးခဲ့တာတဲ့လား။'


'ရမ်က မယုံနိုင်လောက်အောင် အရမ်းစွမ်းအားကြီးတာပဲကို မိန်းမပျိုတစ်ဦးက သူ့ကို ကယ်ပေးဖို့ ဘယ်လိုလုပ် လိုအပ်နိုင်မှာလဲ။'


အိုလန်ပက်စ်က အံ့အားသင့်စွာ မော့ကြည့်လိုက်ပြီး သူမမျက်နှာထားကို ထိန်းချုပ်လိုက်တယ်။


"သူ က ကျားသစ်မျိုးနွယ်ထဲမှာပဲ နေသွားတော့မှာလား။"


စကားလက်က "ဟုတ်လောက်မယ်" ထိုမိန်းမပျိုက နှစ်ကြိမ် သုံးကြိမ်လောက် ထွက်ပြေးခဲ့ဖူးကြောင်း သူသိပေမဲ့ ရမ်က ပြန်ပဲခေါ်လာခဲ့တာပင်။


သူမက ရမ့်၏အသည်းအသက်ရတနာ‌လေးပဲလေ ၊ သူမထွက်သွားတာ သူ ဘယ်လိုခွင့်ပြုနိုင်မှာလဲ။


အိုလန်ပက်စ်က အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး သူမနှုတ်ခမ်းကို ဖွဖွကိုက်လိုက်ကာ"ဒါပေမယ့် ... မျိုးနွယ်စုက မိန်းမပျိုတွေက ရွာအနောက်ပိုင်းမှာ နေကြတာမလား၊ သူကတော့ ခေါင်းဆောင်ရမ် နဲ့ အတူတူနေတယ်။ အဲဒါက သဘောထားကွဲလွဲစရာ ဖြစ်နေမှာ မဟုတ်ဘူးလား။"


အဆုံးတွင်တော့ ကျားသစ်မျိုးနွယ်စုတွင် မိန်းမပျိုများက ရှားပါးပြီး ယောက်ျားပျိုတိုင်း သူတို့ကိုယ်ပိုင်မိန်းမပျိုရှိဖို့ အိပ်မက်မက်နေကြတာပင်။


စကားလက် က ချင့်ချိန်စဉ်းစားလိုက်ခဲ့တယ်။


"သူ့ကြည့်ရတာ လူတွေကို ကောင်းကောင်းဂရုစိုက်တတ်ပုံမပေါ်ဘူး... ကျွန်မ ခေါင်းဆောင်ရမ် ကိုသွားတွေ့တုန်းက သူက ဟင်းချက်နေတာ မီးဖို‌ချောင်ကို မီးလောင်လုနီးနီးပါပဲ..." အိုလန်ပက်စ်က စကားလက် ဝေခွဲမရဖြစ်နေတာကိုတွေ့တော့ ယဉ်ကျေးစွာ ပြုံးပြတယ်။ "ကျွန်မနေရာမှာ အခန်းအလွတ်တစ်ခုရှိတယ်။ သူ အဲဒီမှာလာ‌နေရင် ချက်ပြုတ်နည်းကို ကျွန်မသင်ပေးလို့ရတယ်။ ကျွန်မက ဟင်းလည်း ကောင်းကောင်းချက်တတ်တယ်"


အိုလန်ပက်စ် ထွက်ခွာသွားပြီးနောက် မှ စကားလက်က ဒီပြဿနာကို သဘောပေါက်သွားလိုက်ပုံရ၏။


ရမ်က ကျီရှောင်အုံးအား မျိုးနွယ်စုနဲ့ မျှဝေဖို့ ဘယ်တုန်းကမှ အဆိုမပြုခဲ့ဘူး၊ ဒီလိုဆို သူက သူမကို လက်ဝါးကြီးအုပ်ချင်တာလား။


ရမ့်ရဲ့ အရည်အချင်းနဲ့က . . မဖြစ်နိုင်တာတော့ မဟုတ်ဘူးပဲ။


သို့ပေမဲ့လည်း ကျားသစ်မျိုးနွယ်စု၏ စည်းမျဉ်းက နှစ်ပေါင်းရာနှင့်ချီ၍ တည်ရှိနေခဲ့တာပဲ။ ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် မျိုးနွယ်စု၏ ချိန်ခွင်လျှာတစ်ခုလုံး ပျက်သွား‌ပေလိမ့်မည်။


ဒီလိုဆိုရင် အမျိုးသားနဲ့ အမျိုးသမီး အချိုးအစား မညီမျှတဲ့အတွက် မျိုးပွားမှုမှာတောင် ပြဿနာတစ်ခု ဖြစ်လာလိမ့်မှာပင်။


စကားလက် သူ ဒီလို အဖြစ်ခံခွင့် မပြုနိုင်‌ပါချေ။


*****


ကျီရှောင်အုံး ပြီးခဲ့တဲ့အခေါက် မီးဖိုကို မီးလောင်လုနီးပါးဖြစ်‌အောင် လုပ်မိကတည်းက သူမ မီးဖိုကို မသုံးရဲ‌တော့ပေ။ နေ့လယ်ခင်းတွင်တော့ သူမ ဂတ်မီးဖို၊ အလူမီနီယံဒယ်အိုးတစ်လုံးတို့နဲ့အတူ ဟင်းချက်စရာအချို့ကို သူမနေရာလွတ်မှ ထုတ်ယူလိုက်ခဲ့တယ်။ ဆန်ကို သူမပစ္စည်းတွေနဲ့ ပေါင်းချက်လိုက်ပြီး အမဲသားပြုတ်ကြော်နဲ့ အမဲသားကင်နှစ်ခွက် ချက်လိုက်ခဲ့တယ်။ ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ဖြည့်ပြီး အိမ်ထဲသို့ ယူလာခဲ့လိုက်တယ်။


ရမ့်ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက ပိုကောင်းလာပြီး သူ့ရဲ့ဘယ်ဘက်လက်မောင်းကိုသာ ပတ်တီးစများဖြင့် ပတ်ထားဆဲဖြစ်တယ်။


ကျီရှောင်အုံး ရမ်အား တူတစ်စုံကို ကမ်းပေးလိုက်ပြီး မေးလိုက်တယ်။


"နင် ဒါကို သုံးတတ်လား"


ရမ်က အဖြေမပေးဘဲ အနက်ရောင်သစ်ရွက်တစ်ရွက်ကို ငုံ့ကြည့်လိုက်ပြီး "ဒါက ဘာလဲ"


ကျီရှောင်အုံးက ပြောလိုက်တယ်။ "ပင်လယ်ရေမှော်လေ ... အာ ...ဒါက နင့်ဒဏ်ရာအတွက် ကောင်းတယ်။"


အသားစားမျိုးစိတ်များက တစ်နှစ်ပတ်လုံး အသားများကိုသာ စားလေ့ရှိတာမို့ အသီးအရွက် လုံးဝမစားဘဲ သူတို့၏ အာဟာရက မညီမမျှ ဖြစ်နေမှာပဲ။ ကျီရှောင်အုံး တွေး‌တောလိုက်ရင်းနဲ့ သူမ ရမ့်ကို ကူ ညှပ်ထည့်ပေးပြီး သူ့ပန်းကန်ထဲကို ထည့်လိုက်တယ်။ "နင်က များများစားပေး" 


ကျီရှောင်အုံးက ဒီလိုအစားအစာမျိုးကို သူ ပထမဆုံးမြင်ဖူးတာဖြစ်‌လောက်မယ်ထင်လိုက်ပြီး သူမ သူ့အား ပြန်ရှင်းပြလိုက်တယ်။ "နင် အသားချည်းပဲ စားလို့မရဘူး ဒါတွေလည်း စားပေးသင့်တယ်"


ရမ် မျက်ခုံးရိုးတစ်ဖက်က အနည်းငယ်တက်သွားလိုက်ကာ စားမယ်လို့လည်း မပြော မစားဘူးလို့လည်းမပြောချေ။


အသားစားမျိုးစိတ်များကလည်း တစ်ခါတစ်ရံ အစာကြေလွယ်စေဖို့ အပင်တွေကို စားတတ်ကြောင်းကိုတော့ သူ ကျီရှောင်အုံးအား မပြောလိုက်‌ပေ။


ဒါပေမယ့် လူသားတွေမှာရှိတဲ့ ကျယ်ပြန့်မှုလို မရှိခဲ့ပါဘူး။ ရေနှင့်မြေတွင် နှစ်ပေါင်းများစွာ မြှုပ်နှံထားသော အပင်များကို တူးဖော်စားသောက်နိုင်တာဖြစ်၏။


စားပြီးသွား‌တော့ ရမ် က သူ့ပန်းကန်တွေကို သိမ်းယူပြီး မီးဖိုချောင်ကို ယူသွားလိုက်တယ်။


မိန်းကလေးက သူ့ အစာစားနှုန်းကို လျှော့တွက်ခဲ့တာပဲ။ ဟင်းနှစ်ပွဲနှင့် စွပ်ပြုတ်က သူ့အတွက်တော့ အမြည်းတစ်ခုသာသာပဲ။ သူတို့တတွေအများစုက သက်သတ်လွတ်စားသူများဖြစ်ကြတော့ ဒီဟင်းတွေကိုစားတာက သူ့အား ဗိုက်မပြည့်စေနိုင်ဘူး။


ကျီရှောင်အုံး တစ်ရေးတစ်မော အိပ်နေချိန်တွင် ရမ်က သားရဲပုံစံ အသွင်ပြောင်းလဲ လိုက်ပြီး မျိုးနွယ်စု၏အနောက်ဘက်ခြမ်းသို့ သွားလိုက်ခဲ့တယ်။ သူ တောဆိတ်တစ်ကောင်ကို လျင်မြန်စွာ ဖမ်းပြီး အမဲဖျက်လိုက်ကာ စားပစ်ပြီးတော့ အရိုးတွေသာ ချန်ထားရစ်ခဲ့၏။


မပြန်ခင်မှာ ရမ် သူ့သွေးနံ့ကို ဆေးကြောပစ်လိုက်ခဲ့တယ်။


*


ကလေး‌လေးက ရှက်ရွံ့ပြီး ထိလွယ်ရှလွယ်ဆိုတော့ သူက အပင်စားတိရစ္ဆာန်တစ်ကောင်ကို ထပ်သတ်ပြန်ပြီဆိုတာ သူမ သိသွားရင် သူမထပ်ပြီး ထိတ်လန့်နေလိမ့်ဦးမယ်။


ရမ် အိမ်သို့ပြန်လာလိုက်ပြီး မမျှော်လင့်တာက ကျီရှောင်အုံး တစ်ရေးမှကို မအိပ်ခဲ့ရပေ။


သူမက မီးဖိုရှေ့တွင် သူမကျောပိုးအိတ်ကို ကိုင်ကာ လှန်လှောရှာဖွေနေခဲ့တယ်။


ခြေသံကြားတော့ သူမ မော့ကြည့်လိုက်ပြီး သူမမျက်လုံးတွေ အနည်းငယ်နီမြန်းနေခဲ့ပါတယ်။ သူမက မျက်ခုံးပင့်ကာ "ရမ် နင် ငါ့ကျောပိုးအိတ်ကို နေရာရွှေ့ထား‌သေးလား"


ရမ်က တံခါးဖိနပ်ချွတ်ခုံပေါ်သို့ အနည်းငယ်နင်းတက်သွားပြီး တည်ငြိမ်စွာ မေးလိုက်တယ်။ "ဘာဖြစ်လို့လဲ"


ကျီရှောင်အုံး ကျောပိုးအိတ်ကို ပြောင်းပြန် လှန်လိုက်ရာ အတွင်းထဲမှ အရာအားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့တယ်။ သူမရဲ့ဓာတ်မီး၊ မှန်ပြောင်း၊ ဓား၊ သူမရဲ့မှတ်စုစာအုပ်နှင့် ဘောပင် . . ဒါပေမယ့် အရင်က သူမ ဆွဲထားတဲ့ မြေပုံကို သူမ မ‌တွေ့ တော့ဘူးပဲ။


"ငါ့ အိတ်ထဲမှာ ဒီလိုမျိုး စာရွက်တစ်ရွက်ရှိတယ်" သူမက စာအုပ်ကိုဖွင့်ပြီး သူ့ကို ပြလိုက်တယ်။ "ငါ အဲဒီပေါ်မှာ အရေးကြီးတာတစ်ခုရှိတာ နင် မြင်လိုက်သေးလား"


ရမ် ကတော့ ကျီရှောင်အုံးရဲ့သောကရောက်ရမှုနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး "ဘယ်လောက်အရေးကြီးလို့လဲ"


"... " ကျီရှောင်အုံး မလှုပ်ချင်မကိုင်ချင် ဖြစ်သွားတော့တယ်။ သေချာတာပေါ့ သူမ ဒါက ကမူဒါတောင်ကြားကနေ ထွက်တဲ့လမ်းလို့ သူမ မပြောနိုင်ဘူးပဲ.. ဒါ့ကြောင့်မို့ သူမ ပြောလိုက်ခဲ့တယ်။ "အရမ်း အရေးကြီးတယ်" 


ရမ် သူမရှာဖွေနေသည့်အရာကို ခန့်မှန်းနိုင်၏။ ကောင်မလေးက မြေပုံဆိုတာ ဘာလဲဆိုတာ သူ မသိလောက်ဘူးလို့ ထင်နေတာပဲ။


သူက ထိုစားပွဲတွင် ထိုင်ပြီး မတုန်မလှုပ် ပြောလိုက်တယ် "မတွေ့ဖူးဘူး"


မနေ့က မြေပုံက မီးဖိုထဲ ပစ်ချခံလိုက်ရပြီးပြီပဲ။ ဒါပေမယ့် တကယ်ဆို အဲဒါက ဘယ်သူ့ကိုမှ အပြစ်ဖို့လို့ မရတော့ဘူးပေါ့။


ကျီရှောင်အုံး က ငိုချချင်နေတဲ့အတိုင်း သူမနှုတ်ခမ်းကိုကိုက်ပြီး စိတ်ဓာတ်ကျဆင်းသွားလိုက်တယ်။


သံလိုက်အိမ်မြှောင်က ပျက်သွားပြီးတော့ မြေပုံကလည်း မရှိတော့ဘူးပဲ။ သူမကို ပက် ကိုရှာဖို့ ရမ့်ကို တကယ် အားကိုးနိုင်လို့ရမှာလား။


ကျီရှောင်အုံးက ရမ့်ကိုကြည့်ရင်း "အဲဒီ တစ်ယောက် ဝင်းတား..... သူ ပက် ကို သွားရှာပြီလား"


ရမ် က မတုန်မလှုပ် ပြောလိုက်၏ "ဝင်းတားက မြန်နေတယ်ဆိုရင်တောင် သုံးရက်အတွင်း အရှေ့အရပ်က ပြန်လာဖို့ မဖြစ်နိုင်ဘူး"


"... " ကျီရှောင်အုံး က ထပ်မံမေးလိုက်ခဲ့တယ်။ "သူ ဘယ်တော့ ပြန်လာမှာလဲ။ ပက်ကို သူရှာ တွေ့ရင် သူ ပက် ကို ပြန်ခေါ်လာပေးမှာလား"


ရမ်က ပြောလိုက်၏။ "ဖြစ်နိုင်ပါတယ်။"


ပင်လယ်လိပ်ကြီးတွေက အရှေ့ဘက်တွင် အခြေချနေထိုင်ခြင်းမရှိကြောင်းနှင့် သူတို့ကိုရှာဖွေဖို့ရာက အနည်းငယ်လေး အခက်အခဲရှိနိုင်ကြောင်းကိုတော့ သူ သူမအား မပြောလိုက်ခဲ့ပေ။


ကျီရှောင်အုံးတစ်ယောက် ညိုးငယ်နေချိန်မှာ တံခါးလာခေါက်သံတစ်ခု ရှိလာလိုက်တယ်။


ရမ် တံခါးကိုဖွင့်လိုက်ပြီး အကြီးအကဲ စကားလက်၏ အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ ဝီဘာ လို့ခေါ်တဲ့ ကျားသစ်နှင့်အတူ အပြင်သို့ထွက်သွားလိုက်ခဲ့တယ်။


"ခေါင်းဆောင်ရမ် အကြီးအကဲတွေက မင်းကို မေးစရာရှိလို့တဲ၊ အခု အဆင်ပြေလား"


ရမ်က မေးလိုက်၏ "စကားလက်မှာ ဘာကိစ္စရှိနေလို့လဲ "


ဝီဘာ : "ငါ မသိဘူး... ဒါပေမယ့် သူ့ကြည့်ရတာ အရမ်းစိုးရိမ်နေတဲ့ပုံပဲ။"


ရမ်က ထပ်မမေးလိုက်တော့ပေ။ စကားလက်က မျိုးနွယ်စု အရေးကိစ္စများနှင့်ပတ်သက်၍ မကြာခဏဆိုသလို သူ့ထံလာခဲ့၏။


မထွက်သွားလိုက်ခင် ရမ်က ကျီရှောင်အုံးအား ရှေ့သို့ကိုခေါ်လိုက်ပြီး သူမရဲ့နူးညံ့တဲ့ မျက်နှာလေးကို ဖျစ်ညှစ်လိုက်ကာ "လျှောက်ပြေးဖို့ မစဉ်းစားနဲ့ဦး.. ကိုယ်ပြန်လာတာကို စောင့်နေ"


အပြင်လူတစ်ယောက် ရှေ့မှာရှိနေတော့ ကျီရှောင်အုံး ရှက်ရွံ့စွာနဲ့ သူ့လက်ကို ရိုက်ချလိုက်ပြီး ရေရွတ်လိုက်တယ်။ "... ငါ သိပါတယ်" 


ရမ် ထွက်သွားပြီးတော့ ကျီရှောင်အုံး သူမရဲ့မြေပုံကိုရှာဖို့ အတွင်းထဲသို့ ပြန်ဝင်သွားလိုက်တယ်။


ရှိနိုင်လောက်တဲ့ နေရာတိုင်းတွင် ရှာတာတောင် ကျီရှောင်အုံး မြေပုံကို ရှာမတွေ့ခဲ့ပေ၊ ဒါပေမဲ့ သူမရဲ့ရာသီစက်ဝန်းစာအုပ်ကိုတော့ အမှတ်မထင် ရှာတွေ့လိုက်ခဲ့ပါတယ်။


လစဉ် ဓမ္မတာလာမဲ့ရက်ကို သူမ မှတ်တမ်းတင်ထားပဲဖြစ်တယ်။ ဒီနေရာကိုရောက်ပြီးတာတောင်မှ သူမ အဲဒီကျင့်ကို ထိန်းသိမ်းထားခဲ့တာပဲဖြစ်တယ်။


ကျီရှောင်အုံး ပြီးခဲ့တဲ့လက မှတ်တမ်းကိုတွေ့ရှိခဲ့ပြီး သူမ၏မျက်လုံးတွေက အနီရောင် နဲ့ရေးသားထားတဲ့ "မျိုးဥထွက်ချိန်ကာလ" စကားလုံးများဆီ ဆွဲခေါ်ခြင်းခံလိုက်ရတယ်။


'—— သူမ အမှတ်မမှားရင် ဒီနေ့ သူမ မမျိုးဥထွက်စပြုပြီလား။'


ကျီရှောင်အုံး နောက်ဆုံးအကြိမ်က ဟိုလ်ဒန့်ရဲ့သင်္ဘောပေါ်က အခြေအနေကို သတိရလိုက်ပြီး မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။


သူမ လှေပေါ်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် အခုအချိန်မှာတော့ ကျားသစ်မျိုးနွယ်စုထဲ ရောက်နေတာဖြစ်တယ်။ သူမ ဘယ်လိုလုပ် ဖုံးဖိရမှာလဲ။


ဒါကို စိတ်ထဲရောက်သွားတော့ ကျီရှောင်အုံး ပြတင်းပေါက် တံခါးတွေကို အလျင်အမြန် ပိတ်ပြီး နေရာလွတ်ထဲမှာ ကျန်နေတဲ့ တောနှံပင်ကို ထုတ်ယူလိုက်ပြီး သူမခါးမှာ အမွှေးအိတ်တစ်ခုလုပ်ဖို့ ဟင်းခတ်အမွှေးအကြိုင် အချို့ကိုပါ ထည့်ပေါင်း ထည့်ပေးလိုက်တယ်။ သူမ စိတ်မချနိုင်သေးဘဲ သူမနေရာလွတ်ထဲကို လှန်လှောမွှေနှောက်ကာ ခြင်ဖျန်းဆေးတစ်ဘူးကိုပါ ရှာလိုက်ခဲ့တယ်။ ဦးခေါင်းမှ ခြေဖျားထိ ဖျန်းလိုက်ပြီး နောက်ဆုံးတွင် သူမ စိတ်ချလက်ချဖြစ်သွားလိုက်တယ်။


သူမကိုယ်ပေါ် က 'မိတ်လိုက်ဖို့လိုလားနဲ့အနံ့' ကို ဘယ်သူမှ အနံမခံရလောက်ပါဘူးနော်။


ဒုတိယအတွေးတွင်တော့ သူမ ပို၍ပင် စိတ်အားငယ်သွားလိုက်တယ်။ ဒီတခေါက် သူမ 'မိတ်လိုက်ဖို့လိုလားတဲ့ရနံ့' ကနေ လွတ်သွားရင်တောင် သူမရဲ့ အန်တီကြီး လာလည်တဲ့အချိန်ကျရင် သူမ ဘယ်လိုလုပ်ရမှာလဲ။


ပြီးခဲ့တဲ့အခေါက်ကလို သူမ ဂွမ်းတောင့်ကို သုံးထားပြီးသားဆိုတော့ သူမ သစ်ခေါက်ကို တကယ်သုံးရတော့မှာလား။


တအောင့်လောက်အကြာတွင်တော့ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့တယ်။


ကျီရှောင်အုံးက ရမ်ပြန်လာပြီလို့ထင်ပြီး သူမ ခန္ဓာကိုယ်ပေါ်က ရနံ့ကို အတည်ပြုချင်တာကြောင့် တံခါးဖွင့်ဖို့ ထွက်လာခဲ့တယ်။


သို့သော်လည်း အခြားတစ်ဖက်ကသူက ရမ် မဟုတ်ဘဲ အခြားကျားသစ်အထီးဖြစ်နေ၏။


ဝီဘာက ကျီရှောင်အုံးအား အခြေခံလူသားဘာသာစကားဖြင့် ပြောလာ၏။ "ခေါင်း‌ဆောင်ရမ် က ငါ့ကို တောင်ရဲ့အနောက်ဘက်ဆီ မင်းကို ခေါ်သွားခိုင်းတယ်။ ဝင်းတား ပြန်ရောက်လာပြီ ပက် က ဘယ်မှာလဲဆိုတာ သူသိတယ်"


End Chapter