Chapter 45
Viewers 9k

အပိုင်း (၄၅) *


'ဝင်းတား ပြန်ရောက်လာပြီလား။'


ကျီရှောင်အုံး ခြေ‌ထောက်တစ်ဖက်ကို လှမ်းဖို့ မတင်လိုက်ခဲ့ပြီး အဲဒီနောက် နောက်ပြန်ယူလိုက်ခဲ့တယ်။ သူမရဲ့ မျက်ဝန်းနက်နက်တွေက ဒီထူးဆန်းတဲ့ အမျိုးသားကိုကြည့်ကာ "ရမ်က တခြားဘာပြောလိုက်သေးလဲ"


ဝီဘာ က "ခေါင်းဆောင်က တခြားဘာမှ မပြောလိုက်ဘူး၊ မင်းကို ငါ့နောက် လိုက်ခဲ့ပေးဖို့ပဲ ပြောလိုက်တယ်"


ကျီရှောင်အုံး၏လက်ချောင်းတွေက တံခါးဘောင်ပေါ်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လက်သည်းခွံများ အဖြူရောင်ပေါ်တဲ့အထိ တင်းတင်းဆုပ်ကိုင်ထားခဲ့လိုက်ပါတယ်။ "မဟုတ်ဘူး... ရမ် ငါ့ကိုလာတွေ့ဖို့ ငါ စောင့်‌ပဲစောင့်နေမယ်"


ဒါက အရင်တုန်းကသာဆိုရင် ကျီရှောင်အုံး သူမရင်ထဲမှာ ဒီလောက် သတိထားနေမှာ မဟုတ်ပေ။


ယခုမူ သူမက သူမရဲ့"မိတ်လိုက်ရန်လိုလားတဲ့ရနံ့" ကာလတွင် ရှိနေခဲ့ပြီး ရမ် ကလည်း ဝင်းတား က အချိန်တိုတိုအတွင်း အရှေ့အရပ်မှ ပြန်လာနိုင်မည် မဟုတ်ဘူးလို့ ခုနကလေးတင် ပြောထားခဲ့လိုပင်။


'ဒီသားရဲလူသားအတွက်ကတော့ သူက ပက် အကြောင်းကို ဘယ်လိုလုပ်ပြီး သိနေတာလဲ . . . ကျီရှောင်အုံး ပိုပြီးတွေးတောလေလေ သူမ ထိုအကြောင်းနဲ့ပတ်သတ်ပြီး ပိုပြီးခံစားချက် ဆိုးလေလေဖြစ်နေတော့တယ်'


'ရမ် က သူ့ကို ပြောပြလိုက်တာလား။ ဒါမှမဟုတ် သူ တခြားနေရာကနေ သိလာခဲ့တာလား။'


'သူမက လူသားဆိုတာကို သူတို့သိသွားကြပြီလား။'


ဝီဘာက ကောင်မလေး၏ မျက်လုံးများထဲက သတိချပ်နေပြီး သူမရဲ့သူငယ်အိမ်တွေက ကျယ်ပြန့်လာတာကို မြင်လိုက်ရပြီး တစ်စုံတစ်ခုကို မှန်းဆမိသွားကြောင်း သိသွားလိုက်ခဲ့တယ်။ သူ သူမကို ကြာကြာထိန်းချုပ်နိုင်မှာမဟုတ်ဘူးပဲ။ ဒီတော့ သူ သူ့လက်သည်းတွေကို ဆန့်ထုတ်ပြီး သူမအား ဖမ်းဆွဲလိုက်ခဲ့တော့တယ်။


ကံကောင်းထောက်မစွာပဲ ကျီရှောင်အုံးသည်လည်း ကြိုတင်ပြင်ဆင်ထားပြီး သစ်သားတံခါးကို လျင်မြန်စွာ ပိတ်ချလိုက်ကာ အထဲကနေ သော့ခတ်ဖို့ တံခါးချက်ကို အသုံးပြုလိုက်တယ်။


သို့ပေတိုင် သူမ အသက်ရှုပေါက်ချောင်တယ်လို့ မခံစားရသေးပေ၊ သူမ နောက်လှည့်လိုက်ပြီးချင်းချင်းမှာပဲ ဝီဘာက နံရံပေါ်မှ ခုန်ကျော်ဆင်းလာသည်ကို သူမတွေ့လိုက်ရ၏။


ကျီရှောင်အုံး တုန်တုန်ယင်ယင်နဲ့ နောက်ပြန်ဆုတ်လိုက်ပြီး သူမဦးနှောက်က ဖြစ်ပျက်နေတဲ့အရာတွေကို လျင်မြန်စွာပေါင်းစပ်သွားလိုက်ကာ ဒါက လျို့ဝှက် ကြံစည်မှုတစ်ခုလို့ သိရှိသွားလိုက်တယ်။ "နင့် ကို ဘယ်သူက ဒီကိုလာခွင့်ပေးတာလဲ။ ရမ် ဘယ်မှာလဲ"


ဝီဘာက စကားမပြောဘဲ ကျီရှောင်အုံး ဆီကိုသာ ရောက်လာပြီး သူမလည်ပင်းနောက်ကို ထိုးဖောက်ဖို့ သူ့လက်သည်းတွေကို မြှောက်လိုက်တော့တယ်။


ကျီရှောင်အုံး သူမလည်ဂုတ်နောက်တွင် နာကျင်မှုကို ခံစားသိခဲ့ရပြီး သူမ သတိလစ်သွားတော့တယ်။


သူမ ပြန်နိုးလာချိန်မှာတော့ သူမက ဟောင်းနွမ်းစုတ်ပြုတ်တဲ့ သက်ကယ်တဲထဲတွင် ရှိနေခဲ့ပါတယ်။ ကျီရှောင်အုံး သူမ လည်ပင်းတွင် လက်တင်ထားရင်း ကုတင်ပေါ်တွင် ထထိုင်ကာ လှည့်လည် ကြည့်ရှုလိုက်တယ်။ အခန်းထဲမှာ သူမ ဘာကိုမှ မတွေ့ခဲ့ပေ။ ကုတင်တစ်လုံးနှင့် စားပွဲတစ်လုံးသာ ရှိနေတယ်။ အခန်းက အရမ်းစုတ်ချာလွန်းနေပြီး ခြေချစရာနေရာတောင် မရှိပေ။


'ဒါ ဘယ်နေရာလဲ။'


'သူမ ဘာလို့ ဒီမှာရှိနေတာလဲ။'


ကျီရှောင်အုံးက သံသယတွေ ပြည့်နှက်နေခဲ့ပါတယ်။ သူမ အလစ်ငိုက် အရိုက်မခံရခင်တုန်းကအဖြစ်ကို သူမ ပြန်စဉ်းစားလိုက်တယ်၊ သူမ ဝီဘာ လို့ခေါ်တဲ့ သားရဲလူသားနဲ့ အတူရှိနေတာ မဟုတ်ဘူးလား။


သူမရဲ့လည်ပင်းက နာနေသေးပြီး သားရဲလူက ဒါကို လုပ်ခဲ့တာပဲ။ ကျီရှောင်အုံး အိပ်ရာမှထကာ အပြင်ကိုကြည့်ရန် တံခါးဆီသို့သွားလိုက်ခဲ့တယ်။ သူမက ကျားသစ်မျိုးနွယ်ထဲတွင် ရှိနေဆဲဖြစ်တယ်။ အိမ်က သန့် ရှင်းပြီး မြေပြင်က ပြန့်ပြူးနေလေတယ်။ ခပ်လှမ်းလှမ်းတွင်တော့ ကမူဒါတောင်ကြားက ဆက်လက်၍ ဖြန့်ကျက်လျက်ရှိပြီး ကျားသစ်တွေအများကြီးကလည်း သွားလိုက်လာလိုက် လုပ်နေကြတယ်။


ဒါပေမဲ့... ကြည့်ရတာ ဒီနေရာက သားရဲလူတွေ... . . အများစုက အမျိုးသမီးတွေပဲ။


ကျီရှောင်အုံးနဲ့ ရမ်တို့က မျိုးနွယ်စု၏ အရှေ့ဘက်အပိုင်းတွင် အတူတူ နေထိုင်ကြပြီး သူမနဲ့တွေ့တဲ့သူ အများစုကလည်း အမျိုးသားတွေပဲဖြစ်ကြတယ်။ လမ်းဘေးမှာ လမ်းလျှောက်နေတဲ့အချိန်တောင် အမျိုးသမီးတွေကို မမြင်နိုင်လောက်အောင် ရှားပါးတယ်လို့ သူမ ထင်လိုက်ခဲ့တာပဲ။ လုံးလုံးလျားလျား သီးခြားနေရာမှာ နေထိုင်ရတယ်လို့ သူမ မမျှော်လင့်ထားလိုက်ဘူးပဲ။


အမျိုးသမီးအများစုသည် ခြံဝင်းထဲတွင် ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်ရှုပ်နေကြ၏။ ရုတ်တရတ်ကြီး သူမ ထပ်တိုးလာတာကို ဘယ်သူမှ သတိမထားမိလိုက်ဘူးပဲ။


'ဝီဘာက သူမကို ဘာလို့ ဒီမှာထားခဲ့တာလဲ။ သူ့ ရည်ရွယ်ချက်က ဘာများလဲ။'


ကျီရှောင်အုံး ပဟေဠိဖြစ်စွာနဲ့ ရှေ့ကို တိုးသွားလိုက်တယ်။ ခြံထဲတွင်တော့ တဲအိမ်သုံးလုံးရှိနေခဲ့ပါတယ်။ ကျန်တဲ့ နှစ်လုံးကတော့ တံခါးပိတ်ထားတာကို တွေ့လိုက်ရတယ်။ သူမ အိမ်ထဲမှ အိမ်တစ်လုံး၏ အိမ်ရှေ့တံခါးဆီသို့ လျှောက်သွားလိုက်တယ်။ သူမ အဲဒီအိမ်ဆီ မရောက်သေးရသေးမီမှာပဲ နက်နက်ရှိုင်းရှိုင်း ညည်းတွားလိုက်တဲ့ သည်းညူ သံတစ်ခုကို ကြားလိုက်ရခဲ့တယ်။


ကျီရှောင်အုံးရဲ့ ခြေလှမ်းများက ရုတ်တရက် တန့်သွားလိုက်တော့တယ်။


အိမ်အတွင်းတွင် လေးလံပြီး သိမ်မွေ့သော အသံတစ်ခုပါရှိပြီး အလွန့်အလွန်ကို ဒွိဟဖြစ်စေတဲ့ သတင်းတစ်ခုကို ပေးစွမ်းနေလေတယ်။


လေပြင်းတစ်ချက်က တိုက်ခတ်လာခဲ့ပြီး တံခါးက ရုတ်တရက် ဝုန်းခနဲ ပွင့်ဟလို့သွားတယ်။ အတွင်းထဲကမြင်ကွင်းက ကျီရှောင်အုံး၏ မျက်လုံးများထဲသို့ တောက်လောင်ကျွမ်းဝင်သွားတော့၏။


အရပ်ရှည်ရှည်နဲ့ သားရဲလူအမျိုးသားက အမျိုးသမီးတစ်ဦး၏အပေါ်ကနေ ဖိချနေပြီး ထိုသူက အကြမ်းပတမ်း ချစ်စိတ်အရှိန်ဟုန်ပြင်းစွာဖြင့် သူမကိုယ်ထဲသို့ ဆောင့်ချနေခဲ့တယ်။


ကျားသစ်မိန်းမပျို၏ မျက်လုံးများ တစ်ဝက်မှေးစင်းသွားပြီး သူမ အသံက ပြာဝင်လို့သွားခဲ့တယ်။ ထိုအရာက သူမ နာကျင်နေလို့ပဲလား သာယာခံစားနေလို့ပဲလား ပြောလို့မရနိုင်ခဲ့ပေ။


ကျီရှောင်အုံးရဲ့ခေါင်းက ထူပူကာ အသက်မဲ့သွားလိုက်ပြီး သူမခြေထောက်တွေက အမြစ်စွဲရှိသွားလိုက်ပုံ ရလိုက်၏။


အသံက ရုတ်တရက် အဆုံးသတ်သွားလိုက်သည်အထိ သူမ သတိမဝင်လာခဲ့ပေ၊ သူမ နိုးလာတဲ့ အခန်းဆီသို့ ပြန်ပြေးသွားခဲ့တော့တယ်။


သူမ အိမ်ထဲကို ဝင်သွားလိုက်သည်နဲ့ ချက်ချင်းပင် ယောက်ျားပျိုက ကျေနပ်မှုအပြည့်နဲ့ အခန်းထဲက ထွက်လာလိုက်ခဲ့တယ်။


ခဏအကြာတွင်တော့ နောက်ထပ်ယောကျ်ားပျိုတစ်ဦး လျှောက်ဝင်လာခဲ့ပြီး ကျားသစ်မိန်းမပျို၏ အိမ်ထဲသို့ ဝင်သွားလိုက်ခဲ့ပါတယ်။


မကြာမီမှာတော့ အခန်းထဲကနေ ကိုယ်လက်နှီးနှောဆက်ဆံနေတဲ့ အသံတွေ ထွက်ပေါ်လာပြန်၏။


ကျီရှောင်အုံး ပြတင်းပေါက်အောက်နားတွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး သူမဘာသူမ ကျုံ့ဝင်နေလိုက်တယ်။ သူမ အဲဒီနေရာမှာပဲ နေ့တစ်ဝက်ကုန်ဆုံးလိုက်ခဲ့ပြီး ထိုနေရာမှကနေ ယောက်ျားလေးမည်မျှ ဝင်ထွက်သွားလိုက်တာကို မသိတော့ပေ။


သူမ နှုတ်ခမ်းကို ကိုက်ပြီး တုန်တုန်ယင်ယင်ဖြစ်သွားကာ ကြောက်စိတ်တွေ ပြည့်လျှံမသွားအောင် ကြိုးစားလိုက်ခဲ့ပါတယ်။


"မိန်းမပျိုတွေကို ဝေမျှမယ်" လို့ သူတို့ပြော ပြောနေတာကို သူမ အမြဲကြားနေပေမယ့် သူမမှာ ထိုကိစ္စနဲ့ပတ်သတ်လို့ တိတိကျကျ သူမ မသိရှိခဲ့ပါဘူး။ ယခုတော့ သူမကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်ဖူးသွားလိုက်ပါပြီ။


ဒီအမျိုးသမီးနဲ့.... ပြည့်တန်ဆာတစ်ယောက်နဲ့က ဘာများကွာခြားသွားလို့လဲ။


ဝီဘာ သူမကို ဒီနေရာတွင်ထားခဲ့တာက ကျားသစ်မျိုးနွယ်၏ မိန်းမပျိုတစ်ဦးအဖြစ် သူမအား သွတ်သွင်း လုပ်ဆောင်စေဖို့ပဲ။ အခုဆို သူမကရော "မျှဝေ" ခံရတော့မှာလား။


မဟုတ်ဘူး... သူမ ဒီမှာ မနေနိုင်ဘူး။ သူမ ရမ့်ဆီကို ပြန်သွားရမယ်။


ကျီရှောင်အုံး သူမလက်ချောင်းတွေကို မြှောက်ကာ မျက်ရည်တွေကို သုတ်ဖယ်လိုက်တယ်။ သူမ ကြမ်းပြင်ပေါ်မှထကာ တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်ခဲ့တယ်။ ဘန်းဆိုတဲ့ အသံတစ်ခုနဲ့ တံခါးကို တွန်းဖွင့်ခြင်းခံလိုက်ရပြီး အမျိုးသမီးတစ်ယောက်က တံခါးဝတွင် ရပ်နေခဲ့တယ်။


ကျီရှောင်အုံး လှမ်းတော့မဲ့ ခြေလှမ်းတစ်ဝက်ကို နောက်ပြန်ဆုတ်လိုက်ပြီး သူမအပေါ်တွင် မျက်လုံးများ အကြည့်ရောက်သွားလိုက်တယ်။ သူကတော့ အိုလန်ပက်စ် ပင်။


အိုလန်ပက်စ်က သူမကို ပြုံးပြနေပြီး သူမရဲ့ နီရဲနေတဲ့ မျက်လုံးတွေကို တွေ့တော့ သူမက ယတိပြတ်ကြည့်ရှုလိုက်ကာ မေးလိုက်တယ်။ "နင် ဒီကနေ ထွက်သွားဖို့ ကြိုးစားနေတာလား။"


ကျီရှောင်အုံး ဒီစာကြောင်းကို နားလည်ခဲ့ပြီး သူမနှလုံးသားထဲတွင် ကြိုတင်ကာကွယ်မှု ရှိနေလိုက်တယ်။ သူမ ချက်ချင်းပင် မျက်နှာပေါ်က ထိတ်လန့်ကြောက်ရွံ့မှုကို ဖယ်ရှားပစ်လိုက်တယ်။ သူမ သူမနှုတ်ခမ်းကို သပ်လိုက်ပြီး ကျားသစ်ဘာသာစကားနဲ့ ပြောဖို့ သူမစကားလုံးများကို ရှာဖွေလိုက်ခဲ့တယ်။ "ငါ က ကျားသစ်မျိုးနွယ်ရဲ့ မိန်းမပျို တစ်ယောက်မှ မဟုတ်တာ၊ ဒီတော့ ငါ ဒီမှာနေ နေစရာ မလိုဘူး" 


သူမက ထိုကဲ့သို့ ပြောပြီး အပြင်ထွက်ဖို့ အိုလန်ပက်စ်ကိုကွေ့ကျော်ကာ လျှောက်သွားလိုက်တယ်။


"နေပါဦး" အိုလန်ပက်စ်က ရုတ်တရက် သူမကို အော်ပြောလိုက်ခဲ့ရာ သူမ တုံ့ဆိုင်းသွားလိုက်တယ်။ "နင်တော့ မသိလောက်ဘူး.. ဒါပေမယ့် ဒါက ရမ် ပြောခဲ့တာ အမှန်ပဲ၊ နင့်ကို ဒီကိုပို့ဖို့ ဝီဘာ ကို သူပဲ တောင်းဆိုခဲ့တာ"


ကျီရှောင်အုံး ရုတ်တရက် ရပ်တန့်သွား၏။


"နင် ဘာပြောလိုက်တယ်" အလွန်အံ့ဩသွားပြီး သူမ လူသားဘာသာစကားကို မသိစိတ်က သူ့အလိုလို သုံးစွဲလိုက်တယ်။။


အိုလန်ပက်စ်က သူမကိုယ်တိုင် ရှင်းပြလိုက်တယ်။ "ကျားသစ်တွေမှာ အမြဲတမ်း ဒီစည်းမျဉ်းစည်းကမ်းတွေရှိတယ်။ အထီးတွေက 'အမ'တစ်ယောက်ကို တစ်ကိုယ်ကောင်းဆန်ဆန် လက်ဝါးကြီးအုပ်ယူလို့မရဘူး။ နင်က ရမ့်ရဲ့အိမ်မှာနေနေတာကို မျိုးနွယ်စုက မကျေနပ်ကြဘူး။ ဒါကြောင့်မို့ ငါတို့ နင့်ကို ငါတို့နဲ့အတူနေစေဖို့ ဆုံးဖြတ်လိုက်ကြတာပဲ"


ကျီရှောင်အုံး ဒီနေရာကို ရောက်လာကတည်းက ကျားသစ်ဘာသာစကားကို သင်ယူရတာ အကြီးမားဆုံးအခက်အခဲလို့ ခံစားသွားရတယ်။


အိုလန်ပက်စ်က ဒီလိုမျိုးရှည်လျားသော စကားလုံးတွေကို ပေါင်းစည်းထားပေမဲ့ သူမကတော့ မမျှော်လင့်စွာပဲ သူမဆိုလိုချင်တဲ့အရာကို ပေါင်းစပ်နိုင်ခဲ့တယ်။


'ရမ်က ဝီဘာ့နဲ့ သူမကို ဒီနေရာဆီ ပို့ခွင့်ပေးလိုက်တာလား။'


'သူ သူမကို ဒီမှာပဲ တချိန်လုံး နေခွင့်ပြုလိုက်တော့မှာတဲ့လား။'


'ဒါပေမဲ့လည်း သူ ဘာလို့ သူမကို သူကိုယ်တိုင် မပြောရတာလဲ။ တကယ်လို့ သူမက သူ့အတွက် ဒုက္ခများစေခဲ့မည်ဆိုရင် သူမ သေချာပေါက် သူမဘာသူမ အရင်ဦးအောင် ထွက်ခွာသွားမှာပဲမလား။ သူမက ဘယ်လိုပဲဖြစ်ဖြစ် ကျားသစ်တွေနဲ့ တကယ် စကားမပြောချင်တည်းက ဘာဖြစ်လို့ သူမဘာသူမ ဒီနေရာမှာ နေရစ်ဖို့ ခွင့်ပြုရမှာလဲ။'


ကျီရှောင်အုံး သူမမျက်လုံးတွေကို မှိတ်ချလိုက်ပြီး ဘာမှ မပြောလိုက်တော့ပေ။


အိုလန်ပက်စ်က သူမ သူ့စကားကို ယုံသွားတယ်လို့ တွေးတောလိုက်ပြီး သူမကို အိမ်ထဲကို ပြန်သွင်းဖို့ နှစ်သိမ့်စကားဆိုကာ "နင် အခု ဒီမှာ ငါတို့နဲ့ အတူနေလို့ရပြီ။ ဒီမှာ ငါတို့ နှစ်ယောက်ပဲ ရှိသေးတာ။ နင့် နာမည် ဘယ်လိုခေါ်လဲ။ ငါ ခုထိ မသိရသေးဘူးနော်"


ကျီရှောင်အုံး တံခါးဝတွင် ရပ်လိုက်ပြီး အထဲကို ထပ် မဝင်လာတော့ချေ။ ရုတ်တရက် သူမ ပြောလိုက်တယ်။ "ငါ ဒီမှာ မနေနိုင်ဘူး"


အိုလန်ပက်စ် : "ဘာ" ကျီရှောင်အုံး က ဒါကို ပြောဖို့ လူ့ဘာသာစကားကို အသုံးပြုထားတာကြောင့် အိုလန်ပက်စ်က သူမပြောတာကို နားမလည်နိုင်ခဲ့ပါဘူး။


ကျီရှောင်အုံးက သူမကို ဂရုမစိုက်တော့ပေ။ သူမ အိုလန်ပက်စ်၏ လက်ကို ပုတ်ချလိုက်၏။


အိုလန်ပက်စ်ရဲ့ စကားကို သူမ မယုံဘူး။ အဲဒါက မှန်တယ်ဆိုရင်တောင် သူမ ရမ်နဲ့ သူမကိုယ်တိုင် အတည်ပြုရလိမ့်မယ်။


ရမ် က ဒီလိုဆိုလိုတယ်ဆိုရင်တော့ သူမက သူမအပေါ် ကျားသစ်တွေရဲ့ ဖျက်ဆီးခြင်းကို ခံရမယ့်အစား ကျားသစ်မျိုးနွယ်ကနေ သူမ ထွက်သွားလိုက်မှာပဲ......


အိုလန်ပက်စ်၏ မျက်နှာက ချက်ချင်းပျက်ယွင်းသွားပြီး သူမကို တားမြစ်လိုက်ချင်ပေမဲ့ ယောက်ျားလေးတစ်ယောက်က ခြံဝင်းထဲသို့ ရုတ်တရက် ၀င်လာခဲ့တယ်။ သူက ထူးထူးခြားခြား အရပ်ရှည်ပြီး တိရိစ္ဆာန်အရေခွံများ ဝတ်ဆင်ထားခဲ့တယ်။ သူ့မျက်လုံးအောက်မှာ အနက်ရောင် စက်ဝိုင်းတစ်ခု ရှိပြီး အမျိုးသမီးတစ်ယောက်ကိုရှာဖို့ သူ ဒီနေရာကို ရောက်လာတာပဲဖြစ်၏။


အိုလန်ပက်စ်က ချက်ချင်းပင် ကျီရှောင်အုံးအား အော်ပြောလိုက်၏ "နင် ဘယ်သွားမလို့လဲ။ ရမ် က နင့်ကို သူ ပြန်မခေါ်ဘူးလို့ ပြောထားပြီးပြီပဲ။ ဒီမှာနေရတာ နင့်အတွက် လုံလောက်အောင် မကောင်းသေးဘူးလား၊ ငါက ထမင်းချက်တတ်ပြီး တခြားမိန်းကလေးက ကောင်းကောင်းချုပ်နိုင်တယ်..."


သားရဲလူအထီးက အိုလန်ပက်စ်ရဲ့ အသံကြောင့် စွဲဆောင်ခံလိုက်ရပြီး လှည့်ကြည့်လိုက်တော့ ကျီရှောင်အုံးအား ကို မြင်သွားလိုက်ခဲ့တယ်။ သူ့မျက်လုံးတွေက ရုတ်တရက် တောက်ပလာတော့တယ်။


"အို...ဒါက ခေါင်းဆောင်ရမ်ရဲ့ အကောင်ပေါက်စကောင်မလေး မလား။ ခေါင်းဆောင်က မင်းကို ဒီလောက်မြန်မြန် ငြီးငွေ့သွားပြီလား"


ရမ်က ကျီရှောင်အုံးကို ပြန်ခေါ်လာတဲ့အချိန်တုန်းက သူမက အရမ်းနက်နက်ရှိုင်းရှိုင်း အဝှက်ခံထားရပြီး မျိုးနွယ်စုက စူးစမ်းချင်စိတ်ပြင်းပြခဲ့ပေမဲ့ ရမ်ရဲ့ ခွန်အားကြောင့် ဘာမှ မလုပ်ရှားရဲခဲ့ကြပေ။


အခုတော့ ကျီရှောင်အုံးက တစ်ယောက်တည်း ဒီမှာ ထွက်ပေါ်လာပုံရသည်။ သားရဲလူအထီးက အိုလန်ပက်စ် ရဲ့ ပါးစပ်ကနေတောင် ရမ်က သူမကို ဒီမှာ စွန့်ပစ်လိုက်ပြီဆိုတဲ့စကားကို ကြားလိုက်ခဲ့ရ၏။ သူ သူမဆီသို့ လှမ်းလာလိုက်ပြီး စိတ်ဝင်တစားဖြင့် သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ကာ သားရဲလူက သူ့မျက်လုံးထဲတွင် မျိုတောင်မျိုသိပ့်မထားတော့ချေ။


ကျီရှောင်အုံး၏ နှလုံးခုန်သံက တဒုတ်ဒုတ် ခုန်မြည်လို့ သွားပြီး သူမ နောက်ပြန်ဆုတ်သွားလိုက်တော့တယ်။


အမျိုးသားက သူ့ လက်သည်းတွေကို ဆန့်ထုတ်ကာ ကျီရှောင်အုံး၏ ပခုံးကို လှမ်းကိုင်လိုက်တယ်။ သူ့လက်က ကျယ်လာပြီး အောက်သို့ ပုတ်ရိုက်လိုက်ကာ သူမခန္ဓာကိုယ်ကို တစ်ဝက်လဲအောင် တွန်းလှဲလိုက်တယ်။


ကျီရှောင်အုံး အံကို တင်းတင်းကြိတ်ကာ သူမ နေရာလွတ်ထဲမှ ဓားကို ထုတ်ယူလိုက်တော့တယ်။ သူမ မနှစ်မြို့မှုကို ဂရုမထားဘဲ သူမလက်ကို မြှောက်ကာ သားရဲလူ၏ လက်ဖမိုးအား ဆောင့်ထိုးချလိုက်၏။


သူ အော်ဟစ်ပြီး ကျီရှောင်အုံးအား ချက်ချင်း လွှတ်ပေးလိုက်ရတော့တယ်။


သူမ သူ့အောက်မှ လွတ်မြောက်ရန် အခွင့်အရေးယူခဲ့နိုင်ပေမဲ့ ဝေးဝေးလံလံ မရောက်နိုင်ခဲ့ပေ။ သားရဲလူက သူမကို သိသိသာသာ ဒေါသထွက်သွားပြီး သူမနောက်ကို လိုက်လာခဲ့လိုက်တော့တယ်။


ကျီရှောင်အုံး သုတ်ခြေတင် ပြေးသွားလိုက်ပေမဲ့ ကျားသစ်၏ အရှိန်နှုန်းအား သူမ မယှဉ်ပြင်နိုင်ပါလေ။ သူမကို ဘယ်နည်းနဲ့မဆို လိုက်ဖမ်းတော့မယ်ဆိုတာကို မြင်လိုက်ရပြီး သူမရဲ့နေရာလွတ်ထဲကနေ မဖွင့်ရသေးတဲ့ ဗြောက်အိုးတွေ အများကြီးရှိနေတာကို သူမ မြန်မြန်ပဲ သတိရမိသွားတယ်။


ကျားသစ်တစ်ကောင်ကို ယှဉ်တိုက်ဖို့ ဗြောက်အိုးအများကြီး သုံးရမယ်ဆိုတာကို သူမ မသိပေမဲ့လည်း အခြားနည်းလမ်း မရှိတော့ သူမ စမ်းကြည့်ရုံသာ တတ်နိုင်လေတယ်။


ကျီရှောင်အုံး ချက်ချင်း ရပ်လိုက်ပြီး ဗြောက်အိုးတစ်တွဲကို ထုတ်လိုက်သည်။ သူမ မီးညှိပြီး ဗြောက်အိုးနဲ့ သားရဲလူအထီးအား ပစ်ပေါက်လိုက်ခဲ့တော့တယ်။


အမျိုးသားက သူမနဲ့ မျက်နှာချင်းဆိုင်မိပြီး အံအားသင့်စွာနဲ့ မပြင်ဆင်လိုက်ရဘဲ အငိုက်မိသွားလိုက်တယ်။


ကျီရှောင်အုံး အခြားတစ်ဖက်လူက ဗြောက်အိုးကြောင့် ဒဏ်ရာရသွားလားဆိုတာ သတိထားမိဖို့ အချိန်မရှိဘဲ သူမ နောက်လှည့်ကာ လျင်မြန်စွာ ထွက်သွားလိုက်တော့တယ်။


******


ဒီအချိန်တွင်တော့ အကြီးအကဲစကားလက်အိမ်တွင်။


ရမ်၏ မျက်ခုံးရိုးက နိမ့်ဆင့်နေပြီး စိတ်မရှည်နေတဲ့ အရိပ်အယောင်ကို ပေါ်လွင်နေလေတယ်။


ဒီနေ့ စကားလက်က သူ့ကို လာပြောသမျှအားလုံးက အရေးမပါတာတွေကြီးပင်။ သူက အချိန်အတော်ကြာ စကားပြောလိုဟန်ရှိနေပြီး အဆက်မပြတ် ဦးတည်နေတာကတော့ - "ဒါနဲ့ ငါမင်းကို ပြီးခဲ့တဲ့အခေါက်တုန်းက ပြောဖူးပါတယ်..."


"စကားလက် ငါက ဘဏ္ဍာစိုးမဟုတ်ဘူး၊ ခေါင်းဆောင်ပဲ။" ရမ် စိတ်ရှည်သည်းခံမှု ပျောက်ဆုံးသွားပြီး ထိုင်ခုံကနေ ထရပ်လိုက်ကာ စကားလက်၏ စကားအား အေးစက်သောအသံဖြင့် ကြားဝင်ပြောလိုက်ကာ "ဒီအရာတွေကို မင်းမကိုင်တွယ်နိုင်ဘဲနဲ့ အသေးအမွှားကိစ္စတိုင်း ငါ့ဆီ သတင်းပို့ဖို့ လိုအပ်နေရင် အကြီးအကဲထိုင်ခုံကနေ နှုတ်ထွက်လိုက်တော့"


သူ ဒီလိုပြောပြီး ထွက်သွားဖို့ ခြေတံရှည်တွေကို ဆန့်ထုတ်လိုက်တယ်။


"ခဏနေပါဦး ခေါင်းဆောင်။ ငါ့မှာ နောက်ဆုံးတစ်ခုရှိတယ်" စကားလက်က ရမ့်ကို အမြန်အော်ခေါ်လိုက်တယ်။


ရမ် က ခဏရပ်သွားလိုက်ပြီး "တကယ်လို့ ဒါက မသက်ဆိုင်ဘူးဆိုရင် မင်းအခုပဲ ပါးစပ်ပိတ်လိုက်တာ ပိုကောင်းမယ်"


"ငါ မင်းရဲ့မိန်းမပျိုကို နောက်ဖေးလမ်းကို ပို့ဖို့ ဝီဘာကို ခိုင်းလိုက်တယ်" စကားလက်က ရုတ်တရက် ပြောလိုက်တယ်။


နောက်ဖေးလမ်းက မျိုးနွယ်စုဝင် အမျိုးသမီးအားလုံး အတူတကွ စုပေါင်းနေထိုင်ကြပြီး အမျိုးသားများ သွားလာ လည်ပတ်ရာ နေရာလည်းဖြစ်တာပင်။


ရမ် ရုတ်တရက် ရပ်တန့်သွားလိုက်ပြီး လှည့်ကြည့်လိုက်တယ်။ သူ့ရဲ့နက်ရှိုင်းတဲ့မျက်ဝန်းပြာပြာတွေက စကားလက် အား စူးစူးရဲရဲ စိုက်ကြည့်ပြီး ချုပ်တည်းကာ သူ မေးမြန်းလိုက်၏ "မင်း အခု ဘာပြောလိုက်တာ" 


"အဲဒီနေရာမှာ သူနေကို နေရမယ်" စကားလက်က ရမ်ရဲ့ မျက်လုံးထဲကို ကြည့်ပြီး ရမ့်ရဲ့ အမျက်ဒေါသက ကြောက်စရာကောင်းနေတာတောင် မျိုးနွယ်စု စိတ်သဘောထားညီညွတ်ဖို့အတွက် သူ ဒါကိုလုပ်ကိုလုပ်ရမယ်လို့ စကားလက်က တွေးလိုက်တယ်။ "မင်း သူ့ကို မျိုးနွယ်စုမှာ ဆက်နေစေချင်တယ်ဆိုရင်တော့ သူ့ကို မျိုးနွယ်စုနဲ့ မျှဝေဖို့ သင်ယူမှကိုရမယ်။"


END CHAPTER