Chapter 46
Viewers 9k

  


အပိုင်း (၄၆)


"စကားလက် မင်း သေလမ်း ရှာနေတာလား"


ရမ် သူ့ဒေါသကို ဖိနှိပ်လိုက်ပြီး သူ့လည်ချောင်းအတွင်းနက်နက်ထဲမှ ဆဲဆိုမှုတစ်ခုကို ဖြည်းဖြည်းချင်း ညှစ်ထုတ်လိုက်ပြီး စကားလက်၏ နေအိမ်မှ လှည့်ထွက်သွားလိုက်၏။


စကားလက်၏ အတွေးအာရုံထဲတွင် တခဏအတွင်း လင်းလက်လာ၏။


ရမ် ခေါင်ဆောင် မဖြစ်သေးခင်က သူဟာ ကျားသစ်အကြီးအကဲများ‌ပေါ်တွင် အုပ်စိုးခဲ့သည်။ သူက ယခင်က ခေါင်းဆောင်နှစ်ဦးထံမှ အသက်မသေ ကျန်ရစ်ခဲ့သည်လို့ ပြောလို့ရနိုင်တာပင်၊ ဒီတော့ သူ့တွင် ကျေးဇူးအတင်ခံရတာကို နှစ်ခြိုက်ရတာကို သူ့မှာ ဝါရင့်မှုရှိနေသည်။


ဥပမာပြောရရင် ကျီရှောင်အုံး ကိစ္စနဲ့ပတ်သတ်လို့ပင်။ စကားလက် သူ့ဆုံးဖြတ်ချက်ကို မျိုးနွယ်စု မျိုးပွားနိုင်ဖို့အ‌ရေးအတွက် သူ ချမှတ်ခဲ့ရတာပဲဖြစ်၏။ ရမ် ဒေါသထွက်နေရင်တောင်မှ သူ နောက်ဆုံးတွင် အလျော့ပေးဖို့ ဖိအားပေးခံရလိမ့်မယ်လို့ သူ‌တွေးတောလိုက်ခဲ့တယ်။


သို့ပေမဲ့ ယခုတော့ တခြားတစ်ခုဖြစ်‌တော့မယ်လို့ ထင်လိုက်ရ၏။


ရမ် မိန်းမပျိုများနေထိုင်ရာ နောက်ဖေးလမ်းသို့ ရောက်ရှိသွားချိန်တွင်‌တော့ ကျီရှောင်အုံးက ပျောက်ကွယ်သွားပြီဖြစ်၏။


ဒဏ်ရာရနေတဲ့ သားရဲလူအမျိုးသားတစ်ယောက်က သူ့ရှေ့တွင် လဲလျောင်းနေပြီး ကူကယ်ရာမဲ့ အမျိုးသမီးများစွာဖြင့် ဝိုင်းရံခြင်း ခံထားရ၏။


ရမ် ရှေ့ကို လှမ်းလာလိုက်တော့ တစ်ဖက်လူရဲ့လက်က ဓားနဲ့အထိုးထားတာကို တွေ့လိုက်ရပြီး သူ့ခန္ဓာကိုယ်မှာ မီးရှူးမီးပန်း အပိုင်းအစတွေ ရှိနေတာကို တွေ့လိုက်ရတယ်။ ရမ်၏ မျက်လုံးများ စူးရှသွား‌တော့တယ်။ သူ သူ့ လက်သည်းတွေကို ဆန့်ထုတ်ကာ ထိုသူ့လည်ပင်းထိပ်ကို ဆုပ်ကိုင်၍ မြေကြီးပေါ်မှ ဆွဲတင်ကာ တင်းတင်းဖျစ်ညှစ်ထားရင်း သူ အန္တရာယ်ရှိစွာ ပြောလိုက်၏။


"သူမ ဘယ်မှာလဲ"


သည်လိုထူးဆန်းသောအရာတွေက ကျီရှောင်အုံး၏ နေရာလွတ်မှသာလျှင် ထွက်ပေါ်လာနိုင်တာပင်။


သားရဲလူအထီးက ဝမ်းဗိုက်တွင် ဒဏ်ရာရနေပြီး မချိမဆန့် နာကျင်မှုကြောင့် ညည်းညူလိုက်ကာ "ဘယ်သူလဲ" 


ရမ်ရဲ့ အသံက အေးစက်သွားလိုက်တယ် "ငါ့မိန်းမပျို"


အမျိုးသားက ရမ်ရဲ့ မျက်နှာကို မြင်လိုက်ရပြီး သူ့ခန္ဓာကိုယ် တုန်ရီသွားတော့တယ်။ သူ့တစ်ကိုယ်လုံး နိုးကြားသွားလိုက်ပြီး ရမ်က ဘာဖြစ်လို့ ထွက်ပေါ်လာမှန်း သူ မသိသော်လည်း သူ မသိစိတ်က ပြောလိုက်၏ "...သူ အဲဒီဘက်ကို သွားပြီ" 


ရမ်က သူ့အား မြေပြင်ပေါ် သို့ အကြမ်းပတမ်း နောက်ပြန် ပစ်ပေါက်လိုက်ပြီး သူညွှန်ပြတဲ့ လမ်းကြောင်းအတိုင်း သွားလိုက်ခဲ့တယ်။


သားရဲလူအမျိုးသားက သက်သာရာရတဲ့ သက်ပြင်းတစ်ချက်ရှုရှိုက်လိုက်တယ်၊ သူတော့ မလွတ်တော့ဘူးလို့ ထင်လိုက်ခဲ့တာပင်။ သူ မထင်မှတ်ထားလိုက်တာကတော့ ရမ်က စကားတစ်ခွန်း ချန်ရစ်ထားခဲ့၏။ " အရင်က ငါ သူမနဲ့ပတ်သက်တဲ့ တွေးရဲတဲ့သူ ဘယ်သူမဆို မျိုးနွယ်စုကနေ ထွက်သွားရမယ် ငါပြောဖူးတယ်မလား။ ပိရာ့စ် ဘာလုပ်ရမလဲ မင်းသိပါတယ်။"


ပြီးခဲ့တဲ့ အမဲလိုက်ခရီးတွင် ခေါရီက ကျီရှောင်အုံး အကြောင်းအား ဟာသလုပ်ကာ ရယ်မောပြောဆိုခဲ့ပြီး ရမ် အဲဒီတုန်းက မျိုးနွယ်စုဝင်တွေအား သတိပေးခဲ့ဖူးသည်။ ပိရာ့စ်လည်း ထိုနေရာမှာ ရှိခဲ့တာပင်။


ပိရာ့စ်က ထိုစကားများကို ကြားလိုက်ပြီး သူ အလွန် အံ့ဩသွားခဲ့တယ်။ သူ နာကျင်မှုကို ကြံ့ကြံ့ခံ၍ ထထိုင်လိုက်ကာ "ခေါင်းဆောင် ...မင်း......"


ရမ်ရဲ့မျက်နှာက ခံစားမှုကင်းမဲ့နေခဲ့တယ်။ "သတိပေးလိုက်မယ်။ ငါ ဆိုလိုတာ အခုချက်ချင်းပဲ"


အိုလန်ပက်စ်က အနောက်တွင် မတ်တပ်ရပ်နေပြီး ရမ် ထွက်ခွာသွားတဲ့ နောက်ကျောကို ကြည့်ရှုလိုက်၍ သူမ မျက်နှာပျက်ယွင်းသွားတော့တယ်။


'ခေါင်းဆောင်ရမ် တကယ်ကိုပဲ ဒီနေရာကို အဲဒီမိန်းမပျိုအတွက် ကိုယ်တိုင်ကိုယ်ကျ ရောက်လာတာပဲလား....'


အိုလန်ပက်စ်က ရမ် ထိုမိန်းမပျိုအတွက် "ကယ်တင်ခြင်းအတွက် ကျေးဇူးတရား" ကိုသာ ခံစားခဲ့ရသည်ဟု ထင်လိုက်ခဲ့ပေမဲ့ ထိုအရာက အဲဒါနဲ့ အဝေးကြီးပါပဲလား။


မျိုးနွယ်စုက ပြောနေတာ အမှန်ပဲလား။ သူက မျိုးနွယ်စု၏ စည်းမျဉ်းတွေကို ချိုးဖောက်ပြီးတော့ အဲဒီမိန်းမပျိုကို လက်ဝါးကြီးအုပ်တော့မှာပဲလား။


သို့သော်လည်း အိုလန်ပက်စ်က တစ်ဖက်က လှည့်တွေးလိုက်တယ်။ ရမ်က အဲဒီမိန်းမပျိုကို တကယ်ရှာတွေ့သွားခဲ့ရင် ဘာဖြစ်နိုင်မလဲ။ ကျားသစ်တွေရဲ့ စည်းမျဉ်းတွေက ရိုးစင်းတယ်။ သူ မျိုးနွယ်စုတစ်ခုလုံး၏ ရန်သူမဖြစ်ချင်ဘူးဆိုရင်တောင်မှ သူ့လူတွေရဲ့ ဒေါသကို သူ တုတ်နဲ့ထိုးရဲမှာမဟုတ်ပါဘူး။


******


နာရီလက်တံက ငါးနာရီကို ညွှန်ပြချိန်တွင်တော့ မကြာမီ မှောင်တော့မည်ဖြစ်၏။


ကျဉ်းမြောင်းသောထောင့်တစ်တောင့်တွင် ပုန်းအောင်းနေတဲ့ ကျီရှောင်အုံးတစ်ယောက် သူမ၏ ဒူးများကို လက်နှစ်ဖက်ဖြင့် ပွေ့ပတ်ထား၍ သူမရဲ့တည်ရှိမှုအား ပြင်းပြစွာ လျှော့ချရန် ကြိုးပမ်းနေခဲ့သည်။


ထွက်ပြေးလာတဲ့အချိန် သူမ၏ကိုယ်ပေါ်ရှိ တောနှံပင်အမွေးအိတ်က ကျပျောက်သွားလိုက်ပြီး သူမ ခန္ဓာကိုယ်ပေါ်ရှိ ဆီမွှေးရနံ့များက ပါးပါး လာခဲ့တယ်။ မှောင်လာတာနဲ့အမျှ ကျားသစ်သားရဲလူတွေက သူမကိုတွေ့သွားမယ်ဆိုရင် သူမ၏ "မိတ်လိုက်ဖို့လိုလားတဲ့သင်းရနံ့" အလယ်တွင် သူမမှာ ပြေးစရာနေရာရှိတော့မှာ မဟုတ်ပေ။


ကျီရှောင်အုံး နေ့ခင်းဘက်က သူမ မြင်လိုက်တာအား ပြန်တွေးတောလိုက်ခဲ့တယ်။ သားရဲလူတွေက ထိုအမျိုးသမီး၏ ခန္ဓာကိုယ်အပေါ်တွင် ရှိနေခဲ့ကာ.....


သူ့တိရစ္ဆာန်ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားတဲ့ ကျားသစ်တောင် ရှိနေသေးတယ်။


သူတို့နှစ်ယောက်စလုံးဟာ ကျားသစ်တွေဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိထားပေမယ့် ပုံရိပ်က ကျီရှောင်အုံး ရဲ့ စိတ်အပေါ် ကြာရှည်စွာ သက်ရောက်‌နေပြီး သူမရဲ့ စိတ်အခြေအနေက မကောင်းတော့ပေ။


သူမ ပျို့အန်ချင်လာခဲ့တယ် . .


ကျီရှောင်အုံး သူမပါးစပ်ကို အုပ်လိုက်ပြီးမှ သူမ အသက်ရှူချက်တွေ သက်သာသွားခဲ့တယ်။ သူမ ပြန်အခေါ်ခံရရင် သူမလည်း ဒီလိုပဲ အတူတူ ဆက်ဆံခံရမှာကို သူမ ကြောက်ရွံ့နေခဲ့ပါတယ်။


ဒီလိုနဲ့ အနီးအနားတွင် ခြေသံတွေ ရုတ်ခြည်း ထွက်ပေါ်လာလိုက်၏။


ခပ်ဝေးဝေးရှိနေပြီး အဲဒီနောက်ခြေလှမ်းသံတွေက ပိုနီးလာခဲ့ကာ ကျီရှောင်အုံး ၏နှလုံးသားပေါ်တွင် ခြေချလိုက်ခဲ့တယ်။


ကျီရှောင်အုံး၏ ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားလိုက်ပြီး သူမ တုန်ရီစွာ နောက်ပြန်ဆုတ်သွားလိုက်တယ်။ သူမ၏ကျင်စက်ကို ကိုင်ထားလိုက်ပြီး သူမနေရာလွတ်ထဲက မီးပန်းတစ်ခုဆီ လက်ရောက်လိုက်ခဲ့တယ်။


သူမရဲ့ ကာကွယ်ရေးပစ္စည်း အားလုံးကို မြှင့်တင်လိုက်ခဲ့တော့၏။


သို့သော်လည်း အခြားသူတစ်ဦးက အလွန်အစွမ်းထက်ကြောင်းနှင့် သူမရဲ့ကျင်စက်က သူ့အတွက် ယာယီ လေဖြတ်ခြင်းကိုသာ ဖြစ်စေမှာကို သူမအတွင်းစိတ်ထဲက သိနေခဲ့ပါတယ်။ ဗြောက်အိုးတွေက ပေါက်ကွဲအားမရှိသလို အစွမ်းလည်းမရှိပေ။ သူတို့က အမာရွတ်ဖြစ်နိုင်ပေမယ့် သူတို့ကို တွန်းလှန်ဖို့ မလုံလောက်ခဲ့ပေ။


သူမဘက်က ကံကောင်းတာတစ်ခုက သူတို့က တစ်ယောက်တည်း ရှိလို့ပင်။


ကျီရှောင်အုံး အသက်အောင့်ထားလိုက်ပြီး ကိုယ်တိုင် ကြိုတင်ပြင်ဆင်ပြီးတော့ သူတို့တတွေ သူမရှေ့ရောက်လာမည့် စောင့်ဆိုင်းလိုက်ခဲ့တယ်။ ရှည်လျားတဲ့ပုံရိပ်က သူမအပေါ်ကို ဆန့်တန်းကျလာခဲ့ကာ တုံးဆိုင်းခြင်းမရှိဘဲ သူ့ရင်ဘတ်ဆီသို့ ကျင်စက်အား မြှောက်၍ ........


သူမ၏ လက်ကောက်ဝတ်ကို လေထဲ၌ ဖမ်းမိသွားလိုက်ပြီး တစ်ဖက်လူက သူမကို နှောင့်ယှက်ပစ်လိုက်၏။ ကြီးမားတဲ့လက်ကြီးက သူမ လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ လုံးလုံး လှုပ်လို့မရတော့ချေ။


ကျီရှောင်အုံး ရဲ့မျက်နှာက ဖြူဖျော့သွားလိုက်ပြီး သူမ ချက်ချင်းပင် ဗြောက်အိုးကိုင်ထားတဲ့ သူမလက်အား တောင့်ထားလိုက်ခဲ့ကာ အခြားတစ်ယောက်က ရုတ်တရက် အသံနိမ့်ပြီး ပြောလာလေတယ်။


"ရှောင်အုံး... ကိုယ်ပါ"


ကျီရှောင်အုံး အခြားသူရဲ့မျက်နှာကို ကြည့်ဖို့ သူမရဲ့ ကြက်သေ သေနေတဲ့မျက်လုံးများကို ဖွင့်လှစ်လိုက်တယ်။


. . .


ဒါက ရမ် သူမနာမည်ကို ပထမဆုံး ခေါ်လိုက်တာပဲ။


ထိုအရာကို ထူးထူးဆန်းဆန်း မခံစားခဲ့ရပါဘူး။ သူမနာမည်ကို သူ့နှလုံးသားထဲမှာ အကြိမ်ပေါင်းများစွာ ခေါ်လိုက်သလိုမျိုး သူ့လျှာကနေ သဘာဝအတိုင်း ပြောလိုက်တာပဲဖြစ်တယ်။


ထိုအခိုက်တန့်တွင်တော့ ကျီရှောင်အုံး သူမရှိရှိသမျှ အားအကုန်လုံးဖြင့် ဆွဲလိုက်ကာာ နောက်ပြန်ဆုတ်သွားလိုက်တော့တယ်။


ရမ်က သူမကို လက်ဆန့်ပေးလိုက်ပေမဲ့ သူမ မသိစိတ်က တော့ ပုန်းအောင်းလိုက်ခဲ့ပါတယ်။ ထိုအရာကတော့ အလိုအလျောက် စက်ဆုပ်ရွံရှာမှုနှင့် သိုသိပ်မထားတဲ့ မနှစ်သက်မှုတစ်ခုနှင့်အတူပင်။


ရမ်၏လက်တွေက တောင့်တင်းသွားပြီး အဲဒီနောက် သူ သူမ၏ ခုခံမှုကို အံတုပြီး သူမကို သယ်ဆောင်ဖို့ သူ့ကိုယ်ကို ကွေးညွတ်ကာ နောက်သို့မတ်မတ် ပြန်ရပ်လိုက်ခဲ့တယ်။


ဒါတွေအားလုံးပြီးသွားတာတောင် ဘာမှ မပြောခဲ့ပါဘူး။


"မဟုတ်ဘူး.. မလုပ်နဲ့။ ငါ့ကို အောက်ချပေး!"ကျီရှောင်အုံး သူ့ပခုံးကို အပြင်းအထန် ကန်ကျောက်က ရုန်းကန်လိုက်တယ်။ ဒါပေမယ့် အခုတော့ ဒီနေရာကနေ ထွက်သွားဖို့ကလွဲလို့ သူမ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ အချိန်အတော်ကြာအောင် အပြင်းအထန် ရုန်းကန်လိုက်ခဲ့ပြီး ထိုအရာကို ဖော်ပြဖို့ ဘာမှမရှိခဲ့တဲ့နောက် သူမ ရမ်ရဲ့လည်ပင်းအား ရက်ရက်စက်စက် ကိုက်ချလိုက်ပြီး မကြာခင်မှာပဲ သူမရဲ့ပါးစပ်ကနေ ချိုမြိန်တဲ့ သံချေးရနံ့တွေ စီးကျလာခဲ့တယ်။


ဒီလိုအချိန်မျိုးမှာတော့ သူမ ထောင်ထောင့်ကို ဘယ်တုန်းကမှ မကယ်တင်ချင်ခဲ့သလို ရမ့်ကိုလည်း သူမ မသိချင်တော့ပါဘူး၊ သူမ ဒီလိုအခြေအနေဆိုးကြီးထဲ မကျရောက်ဖို့သာ ဆုတောင်းချင်ခဲ့ပါတယ်။


သူမကို တင်းတင်းဆုပ်ကိုင်တာကို ဖြေလျော့မည့်အစား ရမ်က သူမကို ပိုလို့တောင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး သူမရဲ့နောက်ကျောကို ဆုပ်ကိုင်ထားတဲ့ လက်တစ်ဖက်ကို လွှတ်ပေးလိုက်တယ်။


အချိန်အတော်ကြာပြီးနောက် သူ သက်ပြင်းချကာ "တောင်းပန်ပါတယ်။ ကိုယ် ကတိပေးထားတာကို ချိုးဖောက်မိတယ်"


ကျီရှောင်အုံးကို ရိုးဒ်က ခေါ်ယူသွားတဲ့အချိန်တုန်းက ရမ်က သူမကို ဒီလိုမျိုး နောက်ထပ်ဘယ်တော့မှ ကြုံခွင့်မပေးဘူးလို့ ကတိပေးထားခဲ့တာပဲဖြစ်တယ်။


သို့ပေမဲ့ ဒီနေ့တော့ သူ ကတိကို ကျိုးဖျက်မိလေပြီ။


ယခုမူ သူမက ပို၍ပင် ဆိုးရွားတဲ့အခြေအနေတွင် ကျရောက်သွားခဲ့ပြီး သူတို့မျိုးနွယ်စုရဲ့ ထိုကဲ့သို့ ရှက်စရာကောင်းသော အစိတ်အပိုင်းကို မြင်သွားလိုက်ခဲ့၏။


. . .


ရမ်၏လည်ပင်းပေါ်ရှိ ကျီရှောင်အုံးရဲ့သွားတွေက ဖြည်းညှင်းစွာ ဖြေလျော့သွားပြီး သူမ မျက်လုံးများမှ ကြီးမားတဲ့ မျက်ရည်ပေါက်တွေ စီးကျလာခဲ့ကာ သူမ ငိုချလိုက်တော့တယ်။


ပူနွေးသော မျက်ရည်ပေါက်တွေက သူမ၏ပါးပြင်ပေါ်သို့ စီးကျလာပြီး ရမ်၏ လည်ပင်းပေါ်သို့ကျရောက်သွားလိုက်ကာ သူမရဲ့စိုစွတ်နေသော မျက်တောင်မွေးများက သူ့အရေပြားမှာ အလျက်ခံလိုက်ရပြီး ထိုအရာက ယားယံစေကာ သူ့နှလုံးသားအား အရည်ပျော်လုနီးပါး ဖြစ်သွားလိုက်တယ်။


ကျီရှောင်အုံး က မျက်ရည်တွေယိုစီးနေပြီး ဘာမှပြန်မပြောပေမယ့် သူမ သူ့ကို ကြာကြာမခုခံနိုင်ပါပေ။ သူမ သူမလက်ကို သူ့လည်ပင်းမှာ ရစ်ပတ်ထားပြီး သူမမျက်နှာကို သူ့လည်တိုင်ထဲမှာ မြှုပ်နှံထားရင်း ဝမ်းနည်းနေဆဲပင်။


"ရမ်..." ကျီရှောင်အုံး က တီးတိုးရေရွတ်လိုက်ပြီး ကြောက်ရွံ့တွန့်ဆုတ်စွာ မေးလိုက်တယ်။ " ငါ့ကို လာခေါ်ခိုင်းပြီး အဲဒီနေရာကို ခေါ်သွားဖို့ နင် ဝီဘာ့ကို ခိုင်းလိုက်တာလား"


ရမ် အေးခဲသွားပြီး သူ့မျက်လုံးတွေ ခက်ထန်သွားလိုက်ကာ "မဟုတ်ဘူး" သူမကို အခြားတစ်ယောက်ယောက်နဲ့ သူ ဘယ်တုန်းကမှ မမျှဝေချင်ခဲ့ဘူးပေ။


"နင်နဲ့ အတူနေနေတာ ငါ နင့်ကို ဒုက္ခမပေးမိပါဘူးနော်"


"မပေးဘူး"


" အိုလန်ပက်စ်က ပြောတယ် နင်က ဥပမာတစ်ခု တည်ရှိသင့်တာတဲ့။ တကယ်လို့ နင် ဖိအားတွေကို ခံနိုင်ရည် မရှိရင် ငါ့ကို ဒီနေရာကနေ ထွက်သွားခွင့်ပေးပါ။ ငါ အဲဒီလို နေရာမျိုးကို မသွားချင်ဘူး ၊ ငါက နင်တို့လူမျိုးမှ မဟုတ်တာ ငါ ဘာလို့ သူတို့ဆီကနေ ဒီလိုမျိုး ဆက်ခံရမှာလဲ . . . "


ရမ် ကောင်မလေးအား သူ့ကို ပွေ့ဖက်ထားစေပြီး လက်တစ်ဖက်က သူမ၏ တင်ပါးများကို ကိုင်ထားပြီး ကျန်တစ်ဖက်က သူမ မျက်နှာလေးကို ပင့်တင်လိုက်ခဲ့တယ်။ သူ့လက်သည်းတွေကို တမင် သိမ်းထားလိုက်ပြီး သူမ မျက်ရည်တွေကို သူ့လက်ချောင်းနဲ့ သုတ်ဖယ်ပေးလိုက်တယ်။


"မင်းက သူတို့နဲ့ မတူဘူးလို့ ကိုယ် ပြောတယ်လေ" သူမ မျက်ရည်တွေ ဆက်စီးကျလာပြီး သူ သုတ်လိုက်လေလေ သူမ ပိုငိုလေလေဖြစ်နေခဲ့တယ်။ နောက်ဆုံးတွင်တော့ သူ့ခေါင်းကို ငုံ့လိုက်ကာ မျက်ရည်တွေကို လျက်ပေးလိုက်ပြီး "ဒီကိစ္စကို ကိုင်တွယ်ဖို့ ကိုယ့်ကို နောက်တစ်ကြိမ် အခွင့်အရေးပေးပါ"


*****


ရမ်က ကျီရှောင်အုံးကို အိမ်ကို ပြန်ခေါ်သွားလိုက်ပြီး ကောင်းကင်ကြီးက လျင်မြန်စွာ အမှောင်ကျသွားတယ်။


ညအမှောင်သည် နက်မှောင်လွန်းသဖြင့် မှင်ရည်အသံ ထွက်လုမတတ်ပင်။


ထိုညနေခင်းတွင် ရမ် သူမအား အချိန်အကြာကြီး နှစ်သိမ့်ဖျောင်းဖျပေးခဲ့ပြီး ကျီရှောင်အုံးတစ်ယောက် နောက်ဆုံးတွင်တော့ ထွက်သွားဖို့ စိတ်ကူးကို ဘေးဖယ်ထားနိုင်ခဲ့ပါတယ်။


သူမ ခန္ဓာကိုယ်သေးသေးလေးက ထောင့်တွင် တိုးဝှေ့ပူးကပ်နေပြီး အခြေခံအကျဆုံး ခုခံမှုကိုယ်နေဟန်ထားရှိနေကာ အိပ်ပျော်နေတာတောင် ရမ် သူမအား ထိခွင့်မပြုခဲ့ပေ။


ရမ်က သူမအား သူ့ရင်ခွင်ထဲ ထွေးပွေ့ဖို့ ကြိုးစားပေမယ့် သူမ အကြောက်အကန် ရုန်းကန်ပြီး အလိုအလျောက် တအင့်အင့်ညည်းထွားလိုက်ခဲ့တယ် "မဟုတ်ဘူး၊ ငါ ဒီမှာ မနေချင်ဘူး..."


ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေက သူမ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေပေါ်မှာ အရိပ်တစ်ခု ချန်ထားခဲ့လိုက်တာပင်။


နောက်တစ်နေ့တွင်တော့ အလင်းရောင် မတောက်ပလာမီတွင်ပင် ရမ်က မျိုးနွယ်စုနောက်ဘက်ရှိ ပြိုင်ပွဲကုန်းပြင်မြင့်တွင် လူအားလုံးကို ခေါ်ဆောင်လာဖို့ ဒိုး အား အမိန့်ပေးလိုက်ခဲ့၏။


ဒီနေရာက ကျားသစ်တွေရဲ့ ခေါင်းဆောင်တွေကို ရွေးချယ်တင်မြှောက်ရာ နေရာပင်ဖြစ်၏။


ရွေးကောက်ခံရသည်ဟု ဆိုသော်လည်း "ယှဉ်ပြိုင်ပွဲ"ဆိုမှသာ ပိုမို သင့်လျော်‌ေလတယ်။


စိန်ခေါ်လာတဲ့လူအားလုံးကို အနိုင်ယူနိုင်တဲ့ စွမ်းအားရှိသူက နောက်တက်မည့် ခေါင်းဆောင်ဖြစ်မှာပင်။


ခေါင်းဆောင်က ဆယ်နှစ်တစ်ကြိမ် အရွေးခံရပြီး ရမ် က အရွယ်ရောက်ပြီးကတည်းက မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်လာခဲ့တယ်။ အခုက သူ့ရဲ့ ဆယ်နှစ်မြောက်ပင်။


အလင်းကွဲလာပြီးနောက်တွင် ကျားသစ်မျိုးနွယ်စုမှ ရှိရှိသမျှလူတွေက ထို‌ေနရာကို စုဝေးလာလိုက်ကြ၏။ သားရဲလူ အမျိုးသားနှင့် အမျိုးသမီးဦးရေ အချိုးကတော့ ခုနစ်ဆ တစ်ဆသာရှိနေခဲ့ပါတယ်။


လူတွေအားလုံးရဲ့မျက်နှာတွင်တော့ မေးခွန်းတွေနဲ့ ပြည့်နှက်လို့ နေခဲ့ပါတယ်။


'နောက်ရွေးကောက်ပွဲ ရောက်ဖို့ တစ်နှစ်တောင် ကျန်သေးတာပဲ ရမ် က သူတို့ကို ဘာလို့ ဒီကို ခေါ်လာတာလဲ။'


'အခုအချိန် ဘာတွေ လာတင်ပြမလို့ပါလိမ့်။'


မျိုးနွယ်စုဝင်အချို့က တစ်ဖက်တွင်ရပ်နေတဲ့ အကြီးအကဲဖြစ်သူ စကားလက်ကို ကြည့်ရှုပြီး သူ့ထံမှ အဖြေရှာဖို့ ကြိုးပမ်းလိုက်ခဲ့ကြတယ်။


စကားလက် က ခေါင်းခါရမ်းလိုက်ပြီး ရတတ်မအေးစွာနဲ့ ပြောလိုက်တယ်။ "ခေါင်းဆောင် က ငါ့ကို ကြိုမပြောထားဘူး" ဆိုလိုတာက သူ့ကို လာမမေးနဲ့ သူလည်းမသိဘူးလို့ပင်။


တအောင့် အကြာတွင်‌ေတာ့ ရမ် နောက်ဆုံးတော့ ရောက်ရှိလာခဲ့၏။


ဒါပေမယ့် သူတစ်ယောက်တည်းတော့ မဟုတ်ပါချေ။


လူအားလုံးက သူ့ရင်ခွင်ထဲမှ မိန်းမပျိုဆီ သူတို့မျက်လုံးတွေ အကြည့်ရောက်သွားကြ၏။ သူတို့ ကျီရှောင်အုံးကို မှတ်မိလိုက်ချိန်တွင် သူမက ရမ် ပြန်ခေါ်ဆောင်လာတဲ့ မိန်းမပျိုဖြစ်တယ်ဆိုတာ သူတို့ သိသွားကြပါတယ်။


မိန်းမပျိုက အလွန်သိမ်မွေ့လှပသော မျက်နှာအသွင်အပြင်နှင့် နူးညံ့ကျိုးပဲ့လွယ်တဲ့ အသားအရည်ရှိပြီး သူတို့မျိုးနွယ်တွင် မတွေ့ရသည့် သွယ်လျတဲ့အသွင်အပြင်ကြောင့် ယောက်ျားပျိုအများအပြားက သူမအား နှစ်သက်ခဲ့ကြတာပဲဖြစ်တယ်။


ကျီရှောင်အုံးက ရမ်ရဲ့ရင်ခွင်ထဲတွင် ပွေ့ပိုက်ခံထားရပြီး သူမမျက်နှာကို သူ့လည်ပင်းတွင် မြှုပ်နှံထားကာ ရှက်လဲရှက် ပဟေဋ္ဌိလဲ ဖြစ်သွားခဲ့တယ်။


ရမ်က နံနက်စောစောတွင် သူမအား အိပ်ယာကနေ ခေါ်ထုတ်လာခဲ့ပြီး သူမအား ဘာမှလည်း မရှင်းပြခဲ့ဘူး။ အဲဒီနောက် သူမကို ဒီနေရာကို ခေါ်ဆောင်လာခဲ့တာပင်.... . .


ဒါက သူ့လူတွေ အကုန်လုံးပဲ၊ မနေ့က ဖြစ်ပျက်ပြီးတဲ့ အဖြစ်ပျက်နောက်မှာတော့ သူတို့ထဲက တစ်ယောက် ကိုမှ သူမ မကြိုက်တော့ပေ။


"ဒါ ငါ့မိန်းမပျိုပဲ။"


ရမ်က တစ်ယောက်ချင်းစီတိုင်းအား မျက်လုံးချင်းဆုံပြီး တိတ်ဆိတ်စွာ ပြောလိုက်၏ "ဒါမှမဟုတ် ငါ့ အိမ်ထောင်ဖက်ဆိုလည်း ဟုတ်တယ်" 


"အိမ်ထောင်ဖက်" ဟူသော စကားလုံးကို ပြောလိုက်သည်နှင့် တပြိုင်နက် လူအားလုံး တုန်လှုပ်မှုဖြင့် မျက်စိများပင် ပြာဝေ သွားကြတော့၏။


'အိမ်ထောင်ဖက်လား?!' မိန်းမပျိုတစ်ယောက်က ယောက်ျားပျိုတစ်ယောက်တည်းနဲ့ စုံဖက်တဲ့အချိန်မှာပဲ သုံးရမှာမလား။


စကားလက် က တုန်လှုပ်သွားပြီး သူ့မျက်နှာက မယုံနိုင်လောက်အောင် ဖြစ်သွားလိုက်တယ်။ " ခေါင်းဆောင် ... ဒါက ဘာကို ဆိုလိုတာလဲ "


"ဒါက အရှင်းကြီးပဲ ဒါပေမယ့် သူ့ကို ပတ်သတ်ရဲတဲ့ ဘယ်သူမဆို ပိရာ့စ် လိုပဲ အဆုံးသတ်သွားလိမ့်မယ်။" ရမ် က သူ့သွားတွေကို လျှာနဲ့ သပ် လိုက်ပြီး အရာအားလုံးက အေးစက်ပြီး အုံ့မှိုင်းသွားလိုက်၏။


ပိရာ့စ် က မနေ့က ရမ် မျိုးနွယ်စုမှ ကန်ထုတ်ခဲ့သူဖြစ်ပြီး မကြာမီမှာပင် ထိုသားရဲလူရဲ့ သွေးနံ့တွေက ခွေးအ အုပ်စုအား အနံရသွားစေခဲ့သည်။ ခွေးအ များက ပိရာ့စ် အပေါ်တွင် ဝိုင်းအုံလာလိုက်ပြီး မျိုးနွယ်စု ၏ အကာအကွယ်မပါရှိတဲ့ ပိရာ့စ် က ခွေးအများ၏ လျင်မြန်စွာ အနိုင်ယူခြင်းခံလိုက်ရပြီး အရိုးပင်မကျန်အောင် စားပစ်ခြင်းခံခဲ့ရတာပင်။


မျိုးနွယ်စု၏ အလွန်အမင်း အံ့အားသင့်နေတဲ့ မျက်နှာအောက်တွင် ရမ်က နောက်ထပ် တစ်ခု ထပ်ပြောလိုက်ခဲ့၏--


"အခုကနေ စပြီးတော့ ကျားသစ်မျိုးနွယ်ဝင်တွေက မိန်းမပျိုတွေကို နောက်ထပ် မမျှဝေတော့ဘူး တစ်သက်တာ 'အိမ်ထောင်ဖက်' ပဲ ရှိတော့မယ်"


End Chapter