Chapter 47
Viewers 9k

  


အပိုင်း (၄၇) 


ဘာကြီး?!


ထိုမှတ်ချက်စကားက အုတ်အော်သောင်းနင်းဖြစ်သွား‌စေခဲ့၏။


ရမ်က သူတို့မျိုးနွယ်စုရဲ့ ရာစုနှစ်ရှည်ကြာနေတဲ့ စည်းမျဉ်းဥပေဒေတွေကို ပြောင်းလဲချင်တယ်တဲ့လား??


ဒီလိုဆို မိန်းမပျို‌တွေကို မျှဝေမခံစားလို့ ရမှာမဟုတ်တော့ပဲ မိန်းမပျိုတစ်ယောက်က ယောက်ျားတစ်ယောက်ထဲကပဲ မျှဝေခံစားရ‌တော့မှာပေါ့။ ကျန်တဲ့ အမျိုးသားတွေကကော??


"ခေါင်းဆောင် ငါ ဒါကိုကန့်ကွက်တယ်" ခေါရီက အားလုံးကိုယ်စား ပထမဦးဆုံး စကားစပြောသူဖြစ်တယ်။ "မိန်းမပျိုတွေကို ဘယ်လိုခွဲဝေပေးမှာလဲ။ မရှိတဲ့သူတွေကျ‌တော့ရော ဘယ်လိုလုပ်မှာလဲ။ ဘယ်လိုမျိုး မျိုးဆက်ပွားကြမှာလဲ"


အခြားသူများက စကားထ မပြောကြပေမဲ့ သူတို့တတွေ ခေါရီ၏ ပြောဆိုချက်ကို အသိသာကြီး သဘောတူနေကြ၏။


သူတို့တတွေ ရယူခြင်းကို ကျင့်သားရနေကြပေမဲ့ အခြေခံအကျဆုံး မူလဇစ်မြစ်ဖြစ်တဲ့ 'ပိုးပန်းခြင်း' အားမေ့လျော့နေကြတာပင်။


ဘယ်အမျိုးသမီးကမှ သူတို့အတွက် မွေးဖွားလာတာမဟုတ်။ တစ်ဦးတစ်ယောက်ကမှ အဲဒီလိုလုပ်ဖို့အတွက် တောင်းဆိုဖို့ သူတို့ ခွင့်မပြုထားပါ‌ပေ။ ဘယ်သူ့ရဲ့ အရည်အချင်းက ကြီးမြတ်၍ ဘယ်သူက သန်မာပါသနည်း၊ ထိုသို့သော ‌ယောက်ျားပျိုမျိုးကိုသာ မိန်းမပျိုတစ်ဦးက ဧကန်မုချ ဆန္ဒရှိပေလိမ့်မည်။


"ယောက်ျားပျိုတိုင်းက အိမ်ထောင်ဖက်တစ်‌ယောက်ကို ရွေးချယ်ဖို့ အရည်အချင်းရှိရမယ်" ရမ်၏ အောရှသောအသံက အခြားသူများကြားတွင် ဟိန်းထွက်လာလိုက်၏။


"မင်းတို့လိုချင်တဲ့မိန်းမပျိုကို တောင်းဆိုဖို့ အကြီးအကဲတွေကို စာရင်းသွင်းဖို့ သွားတွေ့လိုက်။ တကယ်လို့ နောက်ထပ်တစ်ယောက်ကလည်း တူညီတဲ့ မိန်းမပျိုအပေါ် မျက်စိကျလာခဲ့ရင် မင်းက သူ့ကိုအနိုင်ယူပြီးတော့ အဲဒီမိန်းမပျိုကလည်း မင်းကို ခေါင်းညိတ်ပြရင် သူမက မင်းတစ်ယောက်တည်းအတွက်ပဲ ဖြစ်လိမ့်မယ်။"


တစ်ဦးစီ၏ အတွေးကိုယ်စီထဲတွင်တော့။


ထိုအရာက ကျိန်းသေ‌ပေါက်ကို အသံကြားရတာနဲ့တင် ပိုမို မက်‌‌မောစွဲမက်စရာကောင်း‌နေလေတယ်။


မိန်းမပျိုတွေကို မျိုးနွယ်စုထဲမှာ မျှဝေခဲ့တာတောင် ထိုအရာက အခြေခံအားဖြင့်သာ မျှဝေခံစားကြတာပဲဖြစ်၏။


ဒါပေမယ့် ယောက်ျားတစ်ယောက်ရဲ့အာသီသက အမျိုးသမီးတစ်ယောက်အတွက် အဲဒီ့ထက် အများကြီး


ပိုပေသည်။


အမဲလိုက်ထွက်တဲ့အခါ အိမ်မှာ သူတို့ကို စောင့်‌မျှော်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ဘယ်သူက မလိုချင်မှာတဲ့လဲ။ အဝတ်စားချုပ်ပေးမဲ့သူ သို့မဟုတ် ချက်ပြုတ်ပေးမဲ့သူ။ သူတို့ပြန်လာတဲ့အချိန် ပြုံးပြ‌ နေမဲ့သူ။ ညဘက်‌‌ရောက်တဲ့အခါ အေးစက်တဲ့ အိပ်ရာပေါ်မှာ လှဲလျောင်းပြီး တစ်ယောက်တည်း အိပ်စက်ရမဲ့အစားပေါ့။


"သူတို့ကို အနိုင်မယူနိုင်တဲ့သူတွေက ဘာလုပ်ရမှာလဲ။" တစ်ယောက်က ချက်ကျလက်ကျနဲ့ ထမေးလိုက်တယ်။


ရမ်- "မင်းက တခြားမျိုးနွယ်စုရဲ့ မိန်းမပျိုးကို နှစ်ခြိုက်ပြီး သူ့ကို ပြန်ခေါ်လာနိုင်တယ်ဆိုရင် ငါ ကန့်ကွက်မှာ မဟုတ်ဘူး။"


"တခြားလူမျိုးတွေလား။ မျိုးဆက်အနွယ်တွေကရော ဘယ်လိုလုပ်မှာလဲ။"


"သူတို့ကို ငါတို့ကိုယ်ပိုင်မျိုးနွယ်လိုပဲ ဆက်ဆံခံရလိမ့်မယ်။"


"တခြားမျိုးနွယ်စုတွေမှာရော မိန်းမပျိုတွေမရှိရင် ဘယ်လိုလုပ်မလဲ။" အဆုံးမှာတော့ တိုက်ကြီးတစ်ခုလုံးမှာ အမျိုးသမီးဦးရေက နည်းပါးတာပင်။


ရမ် ရုတ်ခြည်းပင် အထက်စီးဆန်ဆန် အထင်မြင်သေးစွာနဲ့ လှောင်ပြုံး ပြုံးကာ "အဲဒါအတွက်တောင် အရည်အချင်းတောင် မရှိဘူးဆိုရင် မင်းက မိန်းမပျိုတစ်ယောက်အကြောင်းမေးဖို့ သတ္တိရှိနေတယ်ပေါ့"


ရမ်က ညှာတာထောက်ထားမှုမရှိဘဲ ထပ်မံသတိပေးလိုက်တယ်။ "ပထမဆုံးအနေနဲ့ ပြောဆိုနိုင်ဖို့ ကိုယ့်စွမ်းရည်ကို လေ့ကျင့်ထားကြ။ မဟုတ်လို့ရှိရင် ကိုယ့်မှာ နောင်လာနောက်သား မျိုးဆက်တွေကို မွေးဖွားပေးရင်တောင်မှ အဆုံးသတ်မှာ မျိုးနွယ်စုကနေ ဖယ်ထုတ်ခံရလိမ့်မှာပဲ"


တစ်ဖက်ကလူက ပြောစရာစကားမဲ့သွားခဲ့တော့တယ်။


အတိုက်အခံများ၏ အသံများက အများစုဖြစ်ခဲ့သော်လည်း မမျှော်လင့်စွာဘဲ သူတို့ရဲ့ သဘောထားအမြင်တွေကို မျှဝေသူက အနည်းငယ်သာရှိခဲ့၏။


ကျားသစ် မိန်းမပျိုတွေကတော့ အားလုံးနီးပါး သဘောတူကြပါတယ်။


ဒါလိုဆိုမှတော့ သူတို့ လိုချင်တာအတွက် သူတို့ ရှေ့ထွက်ပြောနိုင်ပါဦးမလား။


အဆုံးမှာတော့ အမျိုးသမီးတစ်ဦး၏ ကာယကြံ့ခိုင်မှုမှာ အကန့်အသတ်ရှိပြီး သူမက ယောက်ျားများစွာကို တစ်ဦးပြီးမှ တစ်ဦးသာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။ သူမ၏ ခန္ဓာကိုယ်က အလွယ်တကူ နာကျင်မှုကို သည်းမခံနိုင်တော့ပေ။


ထို့အပြင် အမျိုးသမီးတိုင်းက မတူညီသော အမျိုးသားများ ပိုင်ဆိုင်လိုစိတ်မရှိကြပေ။ သူတို့တွေတည်ရှိမှု၏ ရည်ရွယ်ချက်မှာ သူတို့အား ကျေနပ်မှုရစေတဲ့ ပုံပေါက်နေခဲ့တယ်။ တကယ်လို့ မျိုးနွယ်စုအားလုံးက ဒီလိုသာဆိုရင်တော့ ကိစ္စက ဒီလိုဖြစ်မည်မဟုတ်ပေ။ အခြားမျိုးနွယ်စုတွေကတော့ အိမ်ထောင်ဖက်များကို ထိမ်းသိမ်းထားပြီး သူတို့တွေက အကာအကွယ်ပေးခြင်းခံထားရပေမဲ့ ဒါက ကျားသစ်မိန်းမပျိုများကို ပို၍ပင် အထီးကျန်ခံစားရစေတာပင်။


ကျန်ရှိတဲ့အမျိုးသားတွေကတော့ ရမ် ပြီးလျှင် ဒုတိယမြောက် ယောက်ျားသားများပင် ဖြစ်ကြတယ်။


မျိုးနွယ်စုနဲ့ မျှဝေခံစားရခြင်းနဲ့ ယှဉ်ရင် သူတို့ဟာ ကိုယ့်ရဲ့ကိုယ်ပိုင် အိမ်ထောင်ဖက်အတွက် အနိုင်ယူနိုင်တယ်လို့ ယုံကြည်မှုရှိကြ၏။


"နောက်တစ်ခုရှိသေးတယ်" ရမ်က အနည်းငယ်လှည့်၍ စကားလက် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ "စကားလက်က အခု အသက်ကြီးလာလို့ သူ့စိတ်က တဖြည်းဖြည်း နှေးကွေးလေးကန်လာတယ်။ သူက ကျားသစ်မျိုးနွယ်အတွက် အကြီးအကဲတစ်ယောက်အဖြစ်နဲ့နေဖို့ မသင့်တော်တော့ဘူး။ အကြီးအကဲရာထူးနဲ့ ပိုသင့်တော်တဲ့သူရှိရင် ငါ့ကို အချိန်မရွေး အကြောင်းလာကြားလှည့်။"


စကားလက် က ဒါကိုကြားတော့ သူ့မျက်နှာပေါ်တွင် သွေးများဆောင့်တက်သွားလိုက်ပြီး "ခေါင်းဆောင်... ငါ ဒါက မျိုးနွယ်စုအတွက် စဉ်းစားခဲ့တာ။ ငါတို့ မျိုးနွယ်စုရဲ့ အခြေအနေက 'အိမ်ထောင်ဖက်'စနစ်နဲ့ မသင့်တော် ဘူး။ မျိုးနွယ်စုရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး!"


"မင်း ဆိုလိုတာက အချိန်အကြာကြီး မိန်းမပျိုတွေကို မျှဝေလာတာကို ဆိုလိုချင်တာလား။" ရမ် က သူ့အသံက ခက်ထန်ပြီး မငြင်းပယ်နိုင်တဲ့ ခွန်အားထည့်ကာ မေးလိုက်တယ် " ကျားသစ်မျိုးနွယ်စုထဲမှာ မိန်းမပျိုတွေက တစ်စတစ်စနဲ့ လျော့ပါးလာပြီးတော့ ကျားသစ်ပေါက်တွေ ပေါက်ဖွားဖို့ ပိုခက်လာကြတာ။ သူတို့အတွက် ရှင်သန်မှုနှုန်းက နိမ့်ပါးသထက် နိမ့်ပါးသွားတာ ဒီသောက်ရေးမပါတဲ့ မျှဝေမှုစနစ်ကြောင့်ပဲ မဟုတ်ဘူးလား?"


"ဒါက...... စနစ်ရဲ့ အမှားက ဘယ်လိုဖြစ်နိုင်မှာလဲ။ အရင်ခေါင်းဆောင် ရန်ဒို က ဒီလို အဓိပ္ပာယ်မဲ့တဲ့ စကားမျိုး တစ်ခါမှ မပြောဖူးဘူး....." စကားလက်က သည်စည်းမျဉ်းအသစ်များကို သဘောတူရန် ငြင်းဆိုနေဆဲဖြစ်၏။


ရမ် - "အဲဒါက သူ ဉာဏ်နည်းလို့ပဲ"


'လူမျိုးစုတစ်ခုဖြစ်ပြီး အမျိုးသမီးတစ်ယောက်ရဲ့ ပုံမှန်ဘဝတောင်မှ အာမ မခံပေးနိုင်ဘူးဆိုရင် နောက်မျိုးဆက်ကို မွေးဖွားပေးဖို့ သူမကို သူတို့ ဘယ်လိုတောင်းဆိုနိုင်မလဲ။'


"အခု... " ရမ် က သူ့မျက်လုံးတွေကို ကျဉ်းမြောင်းထားပြီး ဖြည်းဖြည်းချင်း မေးလာလိုက်တယ်။ "ငါ့'အိမ်ထောင်ဖက်'က ဒီမှာပဲ။ ဘယ်သူက သူ့အတွက် ငါနဲ့ ယှဉ်တိုက်ခိုက်ချင်သလဲ။ ရှိရင် မတ်တပ်ရပ်လိုက် ငါ သူမနှလုံးသားကို ငါ ယုံကြည်အောင်လုပ်ပေးမယ်" 


*


"ဗြိ--"


ရမ်၏သွားစွယ်က ပတ်တီးစ တစ်ဖက်ကို ကိုက်ကာ သူ့လက်မောင်းကို ရစ်ပတ်လိုက်ပြီး အခြားတစ်ဖက်တွင် ရပ်နေသော မိန်းကလေးကို ကြည့်ဖို့ သူ့မျက်လုံးများကို မော့လိုက်ခဲ့တယ်။ "မင်းရဲ့အမျိုးသားက ထိခိုက်သွားရင် မင်း အဲဒါကို ဂရုစိုက်ပေးမယ်မလား"


ကျီရှောင်အုံး၏ ပါးပြင်တွေက ရှက်သွေးဖျာလို့သွားပြီး အနည်းငယ်လေး ထူပူသွားလိုက်တယ်။


'ဘာလဲ "မင်းရဲ့အမျိုးသား"ဆိုတာကြီးက"သူ့ မျိုးနွယ်ရှေ့တွင် သူ့ကိုယ်သူကိုရှေ့ထွက်လူလုံးပြ စိတ်လိုလက်ရ ပို့ဆောင်ပြီးတော့ သူမက သူ့အိမ်ထောင်ဖက်ဖြစ်ကြောင်း သွားကြေညာလိုက်သေးတယ်၊ သူမဖြင့် သူနဲ့တွဲတောင် မတွဲရသေးဘဲနဲ့များ။ သူ့မှာ ဒီလိုပြောဖို့ တော်တော်ရဲတင်းမှုရှိနေတာပဲ။'


ထိုအချိန်တွင်တော့ နှစ်ရာ သုံးရာခန့်ရှိသော ကျားသစ်အနွယ်ဝင်များစွာက ကျီရှောင်အုံးအား ခြုံ၍ ကြည့်နေကြ၏။ တကယ်လို့သာ သူတို့တတွေအားလုံး တစ်ပြိုင်နက်တည်း တိုက်ကြမယ်ဆိုရင် ပြိုင်ဘက်တွေလို့တောင် ပြောလို့မရနိုင်တော့ပေ။ ဒါပေမယ့် သူက ဒီလို မာနထောင်လွှားတဲ့ စကားလုံးတွေနဲ့ လျှောက်ပြောနေတော့ သူ့အတွက် သူမ ချွေးမပြန်ဘဲ မနေနိုင်တော့ချေ။


ကံကောင်းထောက်မစွာပဲ ကျားသစ်တွေက အနည်းငယ်လေးပိုကာ စည်းကမ်းရှိခဲ့ကြသည်။ သူတို့တတွေက တစ်ယောက်ပြီးမှ တစ်ယောက်က လာတိုက်ခိုက်ကြတာပင်။


အုပ်စုဖွဲ့တိုက်ခိုက်မှုတစ်ခု ကဲ့သို့သော အရာကအပြင်လူတွေအတွက်သာဖြစ်ပြီး သူတို့ကိုယ်တိုင်က ထိုလိုအမျိုးအစားမဟုတ်ခဲ့ပေ။


ရမ်က သူမကို ဘယ်သူက လုယူချင်လဲလို့ မေးလိုက်တဲ့အချိန် အံ့သြစရာကောင်းတာက ဒိုးက မတ်တပ်ရပ်လိုက်တာပါပဲ။


တခြားသူတွေက ရမ်နဲ့ယှဉ်မတိုက်ချင်တာတော့ မဟုတ်၊ သူတို့ရဲ့ ခွန်အားကို သူတို့ သိကြလို့ပါပဲ။ သူတို့ ကြိုးစားရင်တောင် သူတို့တတွေ ထိုအတွေးအား ခေါင်းထဲမှ မြန်မြန်ပယ်ချနိုင်လိုက်ကြတယ်။


*******


ဒိုးကတော့ မျိုးနွယ်စု၏ ထိပ်တန်း စစ်သည်တော် ငါးဦးထဲတွင် ပါရှိပြီး ရမ့်ကို စိန်ခေါ်ရဲသောသတ္တိရှိသည်မှာ သဘာဝပင်ဖြစ်၏။


သေချာတာပေါ့ အဲဒီနောက်မှာ ရမ် ကပဲအနိုင်ရလိုက်ခဲ့ပါတယ်။


ကျီရှောင်အုံး သူ့ဦးနှောက် များ ပျက်သွားပြီလားဆိုတာ မတွေးတတ်တော့ပေ။ ဒိုးက သူမကို ရမ့်ဆီက ဘာလို့ ယူချင်ရတာလဲ။ သူတို့တွေ အပြန်အလှန်အကျိုးပြုနေတဲ့ အမျိုးစားတစ်ခုခု ရှိနေတယ်လို့ မထင်ရပါဘူး။


တောင်ဆတ်ရွာမှာတုန်းက အရမ်းအဝေးကြီးမှာ ရှိတဲ့အချိန်တစ်ခုလေးပဲ ရှိတာပင်။


သို့သော်လည်း ကျားသစ်မျိုးနွယ်၏အလိုရမ္မတွေက မတွေးတတတ်နိုင်အောင်ပဲလို့ သူမတွေးတောလိုက်လိုက်တယ် ဒီတော့ သူမ တစ်ခုခုက ပုံမှန်ဖြစ်နေတယ်လို့ သူမ မတွေးလိုက်တော့ပေ။


သူမက ဒီကိစ္စကို ရိုးရိုးရှင်းရှင်း ဘေးဖယ်ထားပြီး အဲဒီအကြောင်းအား စဉ်းစားတာကို ရပ်လိုက်တော့တယ်။


ကျီရှောင်အုံး သူမနေရာတွင်ပင် မတ်တပ်ရပ်ကာ အကြာကြီးတုံ့ဆိုင်းနေပြီး "ရမ် တကယ်တော့ နင် ငါ့အတွက် ဒီလိုလုပ်ပေးစရာ မလိုပါဘူး"


ကျီရှောင်အုံးမှာက မျှော်လင့်ချက် အလင်းရောင်ခြည်လေး ရှိနေသေးသော်လည်း ရမ် က သူမဟာ သူ့၏ ဘဝတစ်သက်တာ'အိမ်ထောင်ဖက်' ဖြစ်ကြောင်း ကြေငြာပြီးနောက်မှာတော့ သူမ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။


ဒီအချုပ်အနှောင်က ခံနိုင်ဖို့ အလွန်လေးလံပြီး သူ့ကို ဘယ်တော့မှ မဖယ်ရှားနိုင်တော့မည်ကို သူမ စိုးရွံ့မိလေတယ်။


"ဒါက မင်းကိုကာကွယ်ဖို့ဆိုရင် လိုအပ်တယ်" ရမ်က သူမစကားကို ကြားဖြတ်ပြောလိုက်ပြီး သူမကို ကြည့်ဖို့ လှည့်လိုက်ကာ "ကိုယ်က မင်းအတွက် စည်းမျဉ်းတွေကို ချိုးဖောက်ပေးခဲ့တာ မင်းက ကိုယ့်အတွက် ဒီမျိုးနွယ်စုထဲမှာ နေပေးပေါ့။ ဒါက သဘောတူညီမှုရသွားပြီ၊ မင်း ကိုယ်နဲ့ ပေါင်းဖက်မယ် မလား။"


End Chapter