Chapter 49
Viewers 9k

အပိုင်း (၄၉)


ကျီရှောင်အုံးက သူ ဘာလုပ်ဖို့ကြိုးစားနေတယ်ဆိုတာ သိပါတယ်။ သူမ ဒီလောက် ဆိုးဆိုးရွားရွား တုံ့ပြန်ထားခဲ့တာပဲလေ။


သူမ နည်းနည်းလေးတော့ ဒေါသ ထွက်သွားလိုက်ပေမဲ့ သူ့ကို ပြန်ချေပလို့ရာ မစွမ်းသာပေ။


နောက်ဆုံးမှာတော့ မျက်စိနှစ်လုံးစုံမှိတ်ပြီး မျက်ကွယ်ပြုထားတဲ့သူက သူမသာလျှင် ဖြစ်ပေတယ်။ သူမ မျက်ရည်တွေကို ရမ်ရဲ့လက်မောင်းနဲ့ ပွတ်တိုက်လိုက်ပြီး တိတ်ဆိတ်စွာပဲ နေလိုက်တော့တယ်။


ရမ်က သူမကို ပွေ့ယူလိုက်ပြီး သူမ ခြေထောက်တွေကို ဖြန့်လိုက်တယ်။ သူမတင်ပါးပေါ် သူ့လက်တွေ နေရာချလိုက်ပြီး သူမ ပြုတ်ကျသွားတဲ့ နေရာကို ပွတ်ပေးလိုက်ပြီး မေးလိုက်တယ်။ "ဟုတ်ပါပြီ မင်းက ကိုယ့်ကို ဘာလို့ ရှောင်နေရတာလဲ" 


ကျီရှောင်အုံးက သူမနှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် ဖိထားပြီး ဘယ်လိုပြန်ဖြေရမှန်း မသိတော့ပေ။


သူမ သူ့ကိုကြိုက်သွားမှာ ကြောက်တယ်လို့တော့ သူမ မပြောနိုင်ဘူးလေ၊ ဒါကြောင့်ပဲ သူမ သူနဲ့ဝေးဝေးနေဖို့ ကြိုးစားခဲ့တာပဲမလား။ သူမ မပြောခင် အချိန်အကြာကြီး စောင့်ဆိုင်းလိုက်ပြီးတော့ နောက်ဆုံး ပြောလိုက်တယ်။ "........နင်က ညစ်ပတ်လို့" 


ရမ်က မျက်ခုံးပင့်လိုက်ပြီး "ကိုယ်က ဘယ်နေရာမှာ ညစ်ပတ်နေလို့လဲ"


"နေရာတိုင်းပဲ" ကျီရှောင်အုံး က သူမနှာခေါင်းလေးကို တမင်သက်သက် ရှုံ့လိုက်ပြီး ကြီးကြီးကျယ်ကျယ် ပြောလိုက်တယ် "နင်က ရေလည်း မချိုးဘူး၊ ပြီးခဲတဲ့တစ်ခေါက် ကျားတွေကို တိုက်ပြီးသွားတော့ နင့်တစ်ကိုယ်လုံး သွေးနံ့တွေကြီးပဲ အဲဒါ အခုထိတောင် မပျောက်သေးဘူး"


ဒါတင်မကဘူးလေ သူက သွေးစွန်းနေလျက်ကြီးနဲ့ သူမကိုတောင် နမ်းလိုက်သေးတယ်။


သို့သော် ကျီရှောင်အုံးက သူ တစ်ခါမှ ရေမချိုးဖူးကြောင်း ပြောလိုက်တာတော့ အနည်းငယ်လေး ချဲ့ကားခြင်းသာဖြစ်၏။ ကျားသစ်တွေက ရေ ကောင်းကောင်း ကူးတတ်ကြပြီး ရေကူးခြင်းတိုင်းက ရေချိုးတာနဲ့ တူတူလို့ပြောလို့ရနေ၏။


မကြာခဏဆိုသလို တစ်လလျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့်ရေကူးကြတာပင်။


အခုက ဆောင်းရာသီ ဖြစ်နေပြီး မြစ်ရေက အေးခဲနေတော့ သူတို့တတွေ ရေထဲမဆင်းနိုင်တော့ပေ။


ရမ် ခဏလောက် ပြန်ပြောင်းစဉ်းစားလိုက်ပြီး ခေါင်းငုံ့ကာ သူ့လက်မောင်းထဲက သူမလေးရဲ့ ပါးစပ်လေးကို နမ်းရှိုက်လိုက်ပြီး သူ့အသံကို ဖိကာပြောလိုက်တယ် "ကိုယ်က မင်းရဲ့အမျိုးသားပဲလေ ဒီတော့ မင်းက ကိုယ့်ရဲ့ ညစ်ပတ်မှုကို ခံနိုင်ရည်ရှိရမှာပေါ့"


ကျီရှောင်အုံး က သူမပါးစပ်ကို အလျင်အမြန် ဖုံးအုပ်လိုက်ပြီး ဒေါသူပုန်ထစွာနဲ့ သူ့ကို အော်လိုက်တယ်။ "နင်......." သူမ၏ မျက်လုံးလေးတွေက ဝိုင်းစက်လို့နေ၏။ သူတို့တွေက အလွှာအထပ်ထပ် အရေလဲ့နေခဲ့ပြီး တောက်ပနေခဲ့ပေမဲ့ အခြားသူကို ဒေါသချောင်းချောင်းထွက်စွာ စိုက်ကြည့်နေသည့်တိုင် ထိုအကြည့်ထဲတွင် သေစေနိုင်ခြင်း ရှိမနေခဲ့ပေ။ ထိုအစား ရှက်စိတ်တစ်ခုသာ ရှိလေတယ်။ ရှက်လို့ထွက်တဲ့ ဒေါသကဲ့သို့ပင်။


ရမ်က မထိန်းချုပ်နိုင်တော့ဘဲ သူမလေး နှုတ်ခမ်းသားကို နမ်းရှိုက်လိုက်တော့တယ်။


ကလေးမလေး၏ ဆံပင်တွေက ဒေါသကြောင့် ပေါက်ကွဲကာ သူမ မျက်နှာဆီသို့ ရောက်ရှိသွားလိုက်ပြီး သူ့ဆီကနေ ခုန်ထွက်တော့မလို့ လုပ်လိုက်ခဲ့တော့တယ်။ ရမ်က သွားပေါ်အောင် ပြုံးဖြီးလိုက်ပြီး သူမလက်တွေကို ချုပ်နှောင်ပြီး မြစ်တစ်ဖက်ကမ်းကို တိုက်ရိုက်ခေါ်ဆောင်သွားတော့တယ်။


ခရီးတစ်လျှောက်လုံးတွင် ရမ် တကယ့်နယ်နိမိတ်စည်းမျဉ်းတွေကိုတော့ ထပ်မကျော်လိုက်တော့ပေ။ ကျီရှောင်အုံး ရိုးသားဖို့ လိုနေလေပြီ။


ရမ် က ကျီရှောင်အုံးအား ကျားသစ်နယ်မြေ နယ်နိမိတ်စွန်းသို့ ခေါ်ဆောင်သွားလိုက်ပါတယ်။


အဲ့ဒီမှာ ခွေးအ အုပ်စုတစ်စုက သူတို့ဆီ ခုန်အုပ်ဖို့ကြိုးစားခဲ့ပေမယ့် ရမ်က ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး ကျီရှောင်အုံးအား " သံလိုက်စက်ကွင်း" ဆီ ခေါ်မသွားလိုက်မီ ဒီကိစ္စကို အမြန် အပြီးအပြတ်ရှင်းထုတ်ပစ်လိုက်ပါတယ်။


သံလိုက်စက်ကွင်းက တောင်၏အနောက်ဘက်ရှိ တောနက်နက်ထဲတွင် တည်ရှိတာပင်။ သူတို့ လမ်းပိုလျှောက်တာများလေလေ လမ်းဘေးမှာ ကျောက်စရစ်ခဲတွေ ပိုစုပုံလာလေပါပဲ။


သံလိုက်ကို စက်ကွင်းက ဆွဲဆောင်ခဲ့ပြီး တိုက်ပွဲဝင်ရန် အသင့်ဖြစ်သကဲ့သို့ အနည်းငယ် ခုန်နေခဲ့တယ်။ သူတို့တတွေ နေရာတစ်ခုသို့ ရောက်သည်နှင့် သူတို့က သံလိုက်စက်ကွင်းကို တည့်တည့်ညွှန်ပြနေ၏။


ကျီရှောင်အုံးနှင့် ရမ် တို့က စက်ကွင်းထဲသို့ လျှောက်ဝင်လာလိုက်ကာ ကျောက်နံရံပေါ်တွင် မရေမတွက်နိုင်သော သံလိုက်တုံးများကို တွေ့လိုက်ရသည်။ ပြင်ပက ဝင်ရောက်စွက်ဖက်မှုတွေက ဒီကနေ လာတာပဲ ဖြစ်ရမယ်။


ကျီရှောင်အုံး သံလိုက်အိမ်မြှောင်ကို ထုတ်ယူပြီး ရမ့် အနောက်မှ လှမ်းလာလိုက်တယ်။ သူမ စက်ကွင်းအလယ်ဗဟိုဘက်သို့ လျှောက်လာလိုက်ပြီး ငုံ့ကြည့်လိုက်တော့ သံလိုက်အိမ်မြှောင်က ပတ်ချာလည် မလှည့်တော့ဘဲ တောင်ဘက်ကိုလည်း မညွှန်ပြတော့တာကို တွေ့လိုက်ရတယ်။


သူမ သံလိုက်အိမ်မြှောင်မှ လက်တံတစ်ချောင်းကို ထုတ်ကာ မြေပြင်မှ အလတ်စား သံလိုက်တစ်ခုကို ကောက်ယူလိုက်ပြီး လက်တံနှင့် ကပ်၍ ညင်သာစွာ ပွတ်တိုက်လိုက်တယ်။ သူမ လမ်းကြောင်းတစ်ခုတည်းအား ထပ်ခါထပ်ခါ ပွတ်တိုက်လိုက်ပြီး သံလိုက်အိမ်မြှောင်၏ လက်တံအား သံလိုက်ဓာတ်သွင်းဖို့ ကြိုးပမ်းလိုက်ခဲ့တယ်။


ရမ်က ဘေးနားက စက်ကွင်းအဝင်ဝတွင် မှီလိုက်ခဲ့ပြီး မိန်းကလေးအား ထိုကဲ့သို့ ပြုလုပ်နေသည်ကို တွေ့ခဲ့တယ်။ သူ့မျက်ခုံးတွေ အနည်းငယ် တွန့်ကွေးသွားလိုက်ကာ သူ့နှုတ်ခမ်းတွေ နိမ့်ဆင်းသွားလိုက်ပြီး လေးလေးနက်နက်နဲ့ အာရုံစိုက်နေတဲ့ပုံ ပေါ်လာခဲ့ပါတယ်။


သူ့မျက်လုံးများက သူမလက်ထဲက သံလိုက်အိမ်မြှောင်ဆီသို့ ကျရောက်သွား၏။


" ဘာလုပ်နေတာလဲ" သူ မေးလိုက်ခဲ့၏။


ကျီရှောင်အုံးက ရမ့်အား မော့ကြည့်ပြီး ထိုမေးခွန်းနဲ့ပတ်သတ်လို့ အများကြီး တွေးတောမနေခဲ့ပေ။ ရှင်းပြဖို့အတွက် အရိုးရှင်းဆုံးနှင့် နားလည်ရလွယ်ကူသော နည်းလမ်းကို သူမ ရွေးချယ်လိုက်ခဲ့တယ်။ "ငါ့ သံလိုက်အိမ်မြှောင် ပျက်သွားပြီ။ အဲဒါကို ပြင်ဖို့ ကြိုးစားနေတာ" 


ကျီရှောင်အုံး ထိုအရာအား အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ လုပ်လိုက်ခဲ့ပြီး စမ်းကြည့်ဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်တယ်။ သူမ သံလိုက်အိမ်မြှောင်တွင် လက်တံအား အစားထိုးလိုက်ပါတယ်။


နှစ်ခါလောက် ညင်သာစွာ ရွေ့နေတာကိုမြင်လိုက်ရပြီး အနီရောင်လက်တံအဆုံးသတ်က ဖြည်းဖြည်းချင်း ရပ်သွားပြီး တိကျတဲ့ ဦးတည်ရာကို ညွှန်ပြလိုက်တော့တယ်.....


ပြန်ပြင်ပြီးသွားပြီလား?!


ကျီရှောင်အုံး ပျော်သွားတော့တယ်။ အတန်းမစခင်မှာ မြင်ဖူးတဲ့ နည်းလမ်းတွေအတိုင်းပဲ သူမ စမ်းကြည့်ခဲ့တာပဲ။ သူမ အောင်မြင်မယ်လို့ မထင်ထားလိုက်ဘူးပဲ။


ဟုတ်ပြီ ဒီလိုသာဆို သူမသွားလေရာ လမ်းပျောက်မှာကို စိတ်ပူစရာ မလိုတော့ဘူးပဲ။ ဒီတိုက်ကြီး၏ မြေမျက်နှာသွင်ပြင်က ကြမ်းတမ်းပြီး ရှုပ်ထွေးတယ်။ တကယ်လို့သာ သူမ ခြေတစ်လှမ်းမှားရင် သူမ လမ်းဆုံးကို ရောက်သွားနိုင်တယ်။


ကျီရှောင်အုံး ကတော့ ထိုအရာနဲ့ပတ်သတ်လို့ စိတ်လှုပ်ရှားနေချိန်တွင်တော့ ရမ်က သူရပ်နေသည့်နေရာမှ မရွေ့တော့ပေ။ သူ့ မျက်လုံးပြာပြာတွေက အမှောင်ထုထဲတွင် ဖုံးကွယ်ထားကာ ဘာမှမပြောဘဲ ကျီရှောင်အုံးကိုသာ စိုက်ကြည့်နေခဲ့တယ်။


The End....