Chapter 50**
Viewers 9k

အပိုင်း (၅၀)**


(T/N- * နှစ်ပွင့်ပါ အားးး ဒီအပိုင်းတော်တော်ပြန်ရခက်။ ဖွဲ့နွှဲ့ထားလိုက်တာ စာရေးဆရာရယ် ☺️)


ခရောနှင့် ဖလစ်ခ်တို့ ရပ်တန့်သွားလိုက်ကြ၏။


"ခေါင်းဆောင် မင်း ဘာကိုဆိုလိုတာလဲ။"


ရမ် ခြေတံရှည်တစ်ဖက်ကို မြှောက်လိုက်၏။ "မင်းတို့ တိုက်ခိုက်‌နေကြတာကို ရပ်လိုက်‌တော့။ ဒီအိုလန်ပက်စ် မိန်းမပျိုကို ဘာဆန်း ရဲ့အိမ်ကို သွားပို့လိုက်။ သူ့ကို မျိုးနွယ်စုကနေ ဖယ်ပြီးတော့ သူ့ကို တခြား မိန်းမပျိုတွေနဲအတူတူ အိုးလန်းနှင်းတောင်တန်း ဆီကို ပို့လိုက်။"


ဘာဆန်းက စကားလက် နေရာမှာ အစားထိုးထားတဲ့ ကျားသစ်အကြီးအကဲ ဖြစ်၏။ သူနှင့် စကားလက်တို့က သက်တူရွယ်တူဖြစ်ကြပေမဲ့ ဘာဆန်း က များစွာ ပိုသိမ်မွေ့တဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူတစ်ယောက်ပဲ ဖြစ်တယ်။


ခရော က သူ၏ လူ့ပုံစံသို့ အသွင်ပြန်ပြောင်းကာ မေးလိုက်တယ်။ "အိုးလန်း နှင်းတောင်တန်းတွေ လား။ ဘာလို့ ငါတို့မိန်းမပျိုတွေကို စွန့်ပစ်နယ်မြေဆီ ပို့ရမှာလဲ" 


ဖလစ်ခ် လည်းပဲ သူ့သံသယတွေကို ထုတ်ဖော်ပြခဲ့ပါတယ်။


ရမ်က ကျီရှောင်အုံး အား ပွေ့ချီလာကာ သူတို့ကို ကျော်ဖြတ်သွားလိုက်ပြီး ပြောလိုက်တယ်။ "မျိုးနွယ်ထဲက လူငယ်အမျိုးသားတွေ အားလုံးကို ခေါ်လိုက်၊ မနက်ဖြန်ကျရင် ဘာလို့လဲဆိုတာ ငါ ရှင်းပြမယ်"


အိုးလန်း၏ နှင်းဖုံးလွှမ်းသော တောင်တန်းနက်နက်ထဲတွင် နှင်းကျားသစ် အုပ်စုတစ်စုရှိ၏။ ဘော်နီးယားကုန်းမြေတိုက်၏ ပတ်ဝန်းကျင်တွင် ရုတ်တရက်ပြောင်းလဲသွားပြီးနောက် သူတို့တတွေက တောနက်နက်ထဲတွင် ပုန်းအောင်းသွားခဲ့ကြပြီး ကျားသစ်မျိုးနွယ် အရေးကိစ္စတစ်ခုလုံးတွင် မပတ်သတ်ခဲ့ကြတော့ပေ။


ဒီနှင်းကျားသစ်အုပ်စုတွင် အဖွဲ့ဝင် တစ်ဒါဇင် သို့မဟုတ် တစ်ဒါဇင်ကျော်ကျော်လောက်သာရှိတယ်။ နှစ်ပေါင်းရာနှင့်ချီ၍ မျိုးဆက်ပြန့်ပွားလာပြီးနောက် သူတို့တတွေက ကောင်ရေ နှစ်ရာခန့် ရှိလာပြီး အများစုမှာ အမျိုးသမီးများဖြစ်ကြ၏။


ရမ်က သူတို့ကို ဂရုစိုက်ဖို့ အမြဲရည်ရွယ်ထားပေမယ့် သူတို့က အမြဲလို သတိကြီးကြီးထားပြီး သဲလွန်စရှာဖို့ ခဲယဉ်းနေခဲ့တယ်။


အခုတော့ ရမ်က အစီအစဉ်တစ်ခု ရှိလာခဲ့ပြီဖြစ်၏။ သားရဲများက တူညီသောအမျိုးအစားများအပေါ်တွင် သူတို့၏သတိရှိမှုကို ဖြေလျှော့ပေးလိမ့်ပေမည်။ တကယ်လို့သာ သူတို့တတွေက သူတို့ရဲ့မိန်းမပျိုတွေကို အသုံးပြုပြီးတော့ နှင်းကျားသစ်မိန်းမပျိုတွေကို ဆွဲထုတ်မယ်ဆိုရင် သူတို့ရဲ့နေရာကို ရှာဖွေဖို့ ပိုလွယ်ကူလာမည်ဖြစ်၏။


နောက်တစ်နေ့တွင်တော့ ရမ်က အိုးလန်းနှင်းတောင်တန်း အကြောင်းရှင်းပြလိုက်ခဲ့ပြီး အမျိုးသားများက သိမ်းပိုက်မဲ့အစီအစဉ်တစ်ခုအား သေသေချာချာ ရေးဆွဲလိုက်ကြပါတယ်။


အဲဒီနေ့မွန်းလွဲပိုင်းတွင် ဒိုးနှင့် ခေါရီတို့က မျိုးနွယ်စုအား နှင်းတောင်တန်းသို့ ဦးဆောင်ခေါ်သွားလိုက်ခဲ့ပါတယ်။


ရမ်ကတော့ လိုက်မသွားခဲ့ပေ။ ဒီလိုအသေးအဖွဲကိစ္စမျိုးကို သူမပါဘဲ ဖြေရှင်းနိုင်တာပင်။


ကိစ္စရပ်တွေက ရမ် မျှော်လင့်ထားသည့်အတိုင်း ဖြစ်ပျက်သွားခဲ့၏။


အိုလန်ပက်စ်နှင့် အခြား မိန်းမပျိုနှစ်ဦးတို့က နှင်းဖုံးနေသော တောင်တန်းများဆီသို့ သွားလိုက်ကြပါတယ်။ သူတို့ထဲက တစ်ယောက်က ဒဏ်ရာရဟန် ဟန်ဆောင်ပြီး နှင်းကျားသစ်တစ်ကောင်အား အောင်မြင်စွာ ဖျားယောင်းနိုင်ခဲ့ပါတယ်။


ဒိုးနှင့် ခေါရီတို့က နှင်းကျားသစ်နောက်ကနေ အလွယ်တကူလိုက်ပါသွားလိုက်ကာ သူတို့ အခြေချနေထိုင်တဲ့နေရာအား တွေ့ရှိခဲ့ကြပါတယ်။


အရင်ဦးဆုံး သူတို့က ၎င်းတို့အား မျိုးနွယ်စုသို့ ပြန်လာရန် စည်းရုံးဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့က သူတို့ရဲ့ လွတ်လပ်စွာနေထိုင်လာမှုအား အသားကျနေပြီး အလျှော့ပေးဖို့ ငြင်းဆန်ခဲ့ကြသည်။ ထို့နောက်တွင် ဒိုး က မျိုးနွယ်စုကို ဦးဆောင်ကာ သူတို့တတွေအား သိမ်းပိုက်လိုက်ကြသည်။ သည်နှင်းကျားသစ်အများစုက အမျိုးသမီးဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်တွေ မရှိတာကြောင့် သူတို့တတွေက လျင်မြန်စွာ လဲကျပြီး လက်နက်ချအညံခဲ့ကြသည်။ သူတို့တွေ နာခံစွာဖြင့် ဒိုးနှင့် ခေါရတို့နောက်လိုက်ပါကာ ကျားသစ်မျိုးနွယ်စုသို့ ပြန်လာလိုက်ကြတော့၏။


တကယ်တမ်းကျတော့ မျိးနွယ်စုကို ပြန်လာတာဟာ နှင်းကျားသစ်ကောင်ရေ နှစ်ရာအတွက် အကျိုးရှိစေတဲ့ကိစ္စရပ်ပင်။


မျိုးနွယ်စု၏ အကာအကွယ်နဲ့ဆို သူတို့တွေ သူတို့၏အိမ်ခြေရာမဲ့ဘဝဖြင့် နေထိုင်စရာ မလိုအပ်တော့ဘဲ ကမူဒါတောင်ကြားတွင် အခြေချနေထိုင်နိုင်တော့မှာပဲဖြစ်တယ်။ တခြားမျိုးနွယ်တွေရဲ့ အနိုင်ကျင့်မှုကိုလည်း ခံရတော့မှာ မဟုတ်ပေ။


သေချာတာပေါ့ ကျားသစ်သားရဲလူပျိုတွေကတော့ အများကြီး ပိုပျော်တာပေါ့။


သည်လို ပိုလျှံနေတဲ့ ဦးရေတစ်ရာကျော်တဲ့ မိန်းမပျိုတွေနဲ့သာဆို သူတို့မျိုးနွယ်ထဲက အမျိုးသမီးရှားပါးမှုကို လျင်လျင်မြန်မြန် ဖြေရှင်းနိုင်တော့မည်ဖြစ်၏။


ရမ‌ေက ဘာဆန်းအား နှင်းကျားသစ်တွေရဲ့ နာမည်တွေကို စာရင်းသွင်းစေပြီး မျိုးနွယ်ထဲက ယောက်ျားပျိုတွေဆီ တာဝန်ပေးလိုက်ခဲ့တယ်။


အချို့သော အမျိုးသားများက 'အိမ်ထောင်ဖက်'မရသေးသော်လည်း 'အိမ်ထောင်ဖက်တစ်ဦး'ရရှိထားတဲ့ အမျိုးသားအများစုက ရလဒ်များကို အလွန်ကျေနပ်နေကြပါတယ်။ သူတို့က ရမ် အတွက် နောက်ထပ် "ကြည်ညိုလေးစားမှု" အလွှာတစ်ခုပင် ရှိသွားကြလိုက်ပါတယ်။


အိုလန်ပက်စ် အတွက်ကတော့ နှင်းကျားသစ်တစ်ကောင်က သူမကို သဘောကျသွားခဲ့ပါတယ်။ သူမကို သူ့ရဲ့ 'အိမ်ထောင်ဖက်'အဖြစ် ရှာဖွေလိုက်ခဲ့ပြီးနောက် သူက မျိုးနွယ်စုတွင် နောက်ထပ်ပံ့ပိုးကူညီပေးခဲ့ပြီး နေထိုင်လိုက်ခဲ့ပါတယ်။


သို့သော်လည်း မိုးလီ က ကမူဒါတောင်ကြား၏ အနောက်မြောက်ဘက်တွင် အခြေချနေထိုင်ခဲ့၏။ ရမ်၏နေအိမ်က သူတို့နှင့် ကန့်လန့်ဖြတ် တွင်ရှိသောကြောင့် အထူးတလည် သွားရောက်လည်ပတ်တာမှအပ တိုက်တိုက်ဆိုင်ဆိုင်ပင် တွေ့ဆုံနိုင်ခွင့်မရှိတော့ချေ။


******


တကယ်တမ်းတော့ ရမ်က မျိုးနွယ်စုအတွက် ဆုံးဖြတ်ခဲ့တဲ့ နောက်ထပ် အပြောင်းအလဲတွေ အများကြီးရှိခဲ့ပြီး သူ့မှလည်း သူ့အကြောင်းပြချက်တွေ ရှိခဲ့ပါတယ်။


ရက်အနည်းငယ်အတွင်းမှာပဲ သူတို့မျိုးနွယ်ဝင် မိန်းမပျိုနှစ်ဦးမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ခဲ့ပါတယ်။


—— သူတို့၏ ပျော်ရွှင်မှုကို သိမြင်ခံစားဖို့ သူတို့တွေ မျိုးဆက်အနွယ်ဝင်တွေအတွက် အောင်ပွဲမခံရတာ တစ်နှစ်နီးပါးရှိပြီဆိုတာ သိထားရမည်ပင်!


ဒါက သတင်းကောင်းပါပဲ။ အကြီးအကဲဖြစ်သူ ဘာဆန်း က မီးပုံညစာစားပွဲကျင်းပဖို့ ဆုံးဖြတ်လိုက်ပြီး ခေါင်းဆောင်ကို သူ့အိမ်ထောင်ဖက်နဲ့ လာရောက်မလားလို့ မေးမြန်းခိုင်းလိုက်ခဲ့တယ်။


ရမ် သတင်းကိုကြားရချိန်တွင်တော့ တောင်အနောက်ဘက်တွင် ရေချိုးနေခဲ့တာဖြစ်၏။


ရေခဲများက အရည်ပျော်သွားခဲ့ပြီး သစ်ပင်တွေက နေရာအနှံ့ ပေါက်ဖွားလာကာ စိမ်းလန်းတဲ့ အပင်ပေါက်များက နှင်းတွေကို ဖောက်ထွင်းကာ တောင်ယံမြင့်တွင် ပြန့်ကျဲနေလေတယ်။ ငွေနှင်းဖြူရောင် ကမ္ဘာတွင် အစိမ်းရောင်ပန်းဖွားကို ဖန်တီးလိုက်ခဲ့၏။


မြစ်ရေတွေ အရည်ပျော်ကျသွားပေမယ့် အေးစက်နေဆဲဖြစ်ပြီး ရေခဲတွေက ရေထဲမှာ ဘောလော မျောပါနေတုန်းပင်။


ရမ်က ရေချိုးရာမှ ထွက်လာလိုက်ပြီးနောက် သူ့မေးရိုးမှ ရေများ တစက်စက် စီးကျနေကာ ကျယ်ပြန့်သော ရင်ဘတ်ပေါ်မှ အောက်သို့ လျှောဆင်းသွားခဲ့သည်။ ရေစက်များက သူ၏ဝမ်းဗိုက်ကြွက်သားတွေဘက်မှ သူ၏ဗိုက်သားတစ်လျှောက်ရှိ ထူထဲသော အမွေးမှင်များထဲထိ ရိုတ်ခတ်သွားလိုက်ခဲ့၏။


ရမ်က သူ့ခန္ဓာကိုယ်ကို သူ့အဝတ်တွေနဲ့ သုတ်လိုက်ပြီး နောက်ထပ် သားရေဝတ်စုံကို ဝတ်ဆင်လိုက်ပြီး သူ့ကို သတင်းပေးဖို့ ရောက်လာတဲ့ သားရဲလူအား ပြောလိုက်ခဲ့တယ်။ "ငါသိပြီ။ ပြန်သွားတော့"


တစ်ဖက်လူက သူ့မျက်လုံးတွေကို အလျင်အမြန် ရှောင်လွှဲလိုက်ပြီး နာခံစွာနဲ့ ထွက်ခွာသွားလိုက်တယ်။


အဝေးသို့ လျှောက်သွားနေရင်း သူတို့ခေါင်းဆောင်ရဲ့ အရွယ်အစားကို သူ မတွေးတောဘဲ မနေနိုင်တော့ပေ။ 'ကျားသစ်မိန်းမပျိုတွေတောင် တောင့်ခံနိုင်မှာမဟုတ်ဘူးပဲ။ ခေါင်းဆောင်ရဲ့ 'အိမ်ထောင်ဖက်'က ကိုယ်လုံးကိုယ်ပေါက် သေးသေးကွေးကွေးလေးရှိတာပဲ။ သူတို့ရဲ့ လိင်မှုဘဝကို ဘယ်လိုများ ဟန်ချက်ညီအောင်ထိန်းချုပ်နိုင်မလဲဆိုတာ သူ မသိဘူး . '


သို့သော်ငြားလည်း သည်အရာက ရမ်၏လက်အောက်ငယ်သားများ စိုးရိမ်နေဖို့ မလိုအပ်ပေ၊ ဘာလို့ဆိုတော့ ရမ်က သူ့အိမ်ထောင်ဖက်ကို တစ်ခါမျှ မထိတွေ့ရသေးတာကြောင့်ပါပဲ။


ကျီရှောင်အုံး ရမ့်ကို မရှောင်တော့ပေမယ့် သူနဲ့ အတွင်းကျကျ ရင်းနှီးတာ မှန်သမျှကို သူမ တားမြစ်ထားဆဲဖြစ်လို့ပါပဲ။


"ကိုယ်လက်နှီးနှော" တာကိုတော့ ဖော်ပြဖို့တောင် မလိုပါပေ။


'အသေ ကြောက်တတ်ပြီး ထစ်ခနဲရှိ ငိုတယ်။'


ဒါကတော့ သူ့အသည်းကျော်ရတနာလေးအတွက် ရမ်၏ နောက်ဆုံးသော အကဲဖြတ်ချက်ပင်ဖြစ်၏။


"ဘာတွေလုပ်နေတာလဲ" အက်ရှပြီး ဩဇာရှိတဲ့ အသံက လေထဲတွင် ရုတ်တရက် ထွက်ပေါ်လာလိုက်တယ်။


ကျီရှောင်အုံး လန့်ဖျန့်သွားပြီး သူမ မျက်လုံးတွေကို မော့ကြည့်လိုက်တော့ ရမ် က သူ့ရင်ဘတ်ဗလာဖြင့် သူမရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ပခုံးတွေက ကျယ်ပြန့်ပြီး ခါးက ကျဉ်းမြောင်းတယ်၊ ခြေထောက်တွေက အရှည်ကြီးပဲ။ သူမ မသိတဲ့ ဂျုံဝါရောင် သားရေခွံ ဂျတ်ကတ်အင်္ကျီတစ်ထည် ဝတ်ဆင်ထားကာ ဘောင်းဘီရှည်က ပွယောင်းနေတယ်။ ခုန်အုပ်တော့မဲ့ ခြင်္သေ့တစ်ကောင်က ပုန်းအောင်းနေသလိုမျိုး တောနက်ထဲကနေ တောအုပ်အရိပ်တစ်ခု ထွက်ရှိလာလိုက်သည်။


ကျီရှောင်အုံး၏ပါးပြင်တွေက နည်းနည်းလေး ပူလောင်လာပြီး သူမ ကတိုက်ကရိုက် အဝေးသို့ အကြည့်လွှဲလိုက်ကာ မေးလိုက်တယ်။ "နင် ဘာလို့ အင်္ကျီမဝတ်ထားတာလဲ" 


သူမ စကားပြောနေရင်းနဲ့ သူမ ဘေးနားရှိ ဗီရိုတစ်ခုထဲတွင် ပတ်တီးစနှင့်ဝါချည်တွေအား ထုပ်ပိုးထည့်လိုက်ခဲ့ပါတယ်။


ရမ် က သူမကို တစ်ချက်ကြည့်လိုက်ပေမဲ့ ဝါဂွမ်းနှင့် ပတ်တီးစကို စိတ်ဝင်စားခြင်းမရှိပေ။ သူ သူမလေးဆီ လျှောက်လာလိုက်ပြီး သူ့ကိုယ်ကို ကိုင်း၍ သူမလေးအား သူနဲ့ ဗီရိုကြားတွင် ပိတ်ထားလိုက်ခဲ့တယ်။ "ကိုယ့် ခန္ဓာကိုယ်က ညစ်ပတ်တယ်လို့ မင်းတွေးနေတာမလား။ ကိုယ်အခု ဆေးကြောလာပြီးပြီလေ ဘာလို့ အဲဒါကို လာမစစ်ဆေးတာလဲ"


ကျီရှောင်အုံး တစ်ယောက် သူ့ပိတ်ဆို့မှုကို ခံလိုက်ရပြီး သူမရှေ့တွင် ရေစက်စက်ကျနေဆဲဖြစ်တဲ့ သူ့ရင်ဘတ် ဗလာဟင်းလင်းပြင်ကြီး ရှိနေလေတယ်။ အေးမြသော အစိုဓာတ်နှင့် အမျိုးသားဟော်မုန်းများ ရောယှက်နေမှုက သူမ၏ပါးပြင်တစ်ပြင်လုံး နီမြန်းလာတော့တယ်။ "မစစ်ဆေးချင်ဘူး။ ဝေးဝေးနေစမ်းပါ!"


"ကိုယ် သန့် မသန့် မင်း မစစ်ဆေးချင်ဘူးလား" ရမ်က မရွေ့ပေးရုံသာမကဘဲ သူမအား သူ့ရင်ဘတ်နားဆီ ဖိချထားလိုက်ပြီး သူ့ပါးစပ်က သူမနားရွက်နားသို့ တိုးကပ်ကာ "ဒီနေရာရော ညစ်ပတ်နေသေးလား"


ကျီရှောင်အုံးက သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ လက်ကောက်ဝတ်ကို ဆတ်ခနဲ ဆွဲယူခံလိုက်ရကာ သဘောမကျစွာဖြင့် ပြောလိုက်တယ်။ "ရမ်..."


ရမ်က ထိုစကားကို မကြားလိုက်သလိုပင်။ သူမလက်ကို ဆွဲကိုင်လိုက်ပြီး အောက်သို့ချလိုက်ကာ သူ့ဗိုက်ကို ဖိလိုက်တယ် "ဟုတ်ပြီ ဒါရော ညစ်ပတ်နေသေးလား"


ကျီရှောင်အုံး : "ဟေး..."


ရမ်၏ ပါးစပ်ထောင့်စွန်းတွေက အထက်သို့ တက်ချိတ်သွားလိုက်တယ်၊ သူ့အသံက ပိုလို့ ပိုလို့ ချိုသာလာပြီး အက်ရှသထက် အက်ရှလာခဲ့တယ်။ သူက ကျီရှောင်အုံး၏လက်ကိုသုံးပြီး ပို၍ဝေးလံ ပို၍ အတွင်းကျကျ စူးစမ်းလေ့လာစေခဲ့တယ်။ "ဒါမှမဟုတ် ဒီနေရာရော ညစ်ပတ်နေလား..."


သူမ၏လက်ချောင်းများက ပူပြင်းပြီး မာကျောတဲ့အရာတစ်ခုကို ထိတွေ့မိလိုက်ပြီး ကျီရှောင်အုံး၏မျက်နှာက ပိုလို့ပင် ရှက်သွေးဖြာကာ ဝင်းပသွားလိုက်တယ်။ သူမ သူမလက်ကို အလျင်စလိုဆွဲထုတ်လိုက်ပြီး ရမ့်အား တွန်းထုတ်လိုက်ခဲ့ကာ "နင်! သိပ်မလွန်လာနဲ့!"


ရမ်က မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်ပြီး တွေးတွေးဆဆနဲ့ပြောလိုက်တယ်။ "အဲလိုပြောဖို့က ပိုလွန်းမနေဘူးလား"


"... "


ရမ် သူမ၏ပါးပြင်များ ရဲရဲတောက်နေပြီး မှည့်တော့မလိုဖြစ်နေတာကို တွေ့ရှိသွားလိုက်တယ်။ ဒါကြောင့်မို့ သူ သူမရဲ့စိတ်တိုနေတဲ့ ပါးပြင်လေးကို မွှေးကြူနမ်းရှုပ်လိုက်ပြီး သူ့အရှုံးကို လက်ခံလိုက်တယ် "ဒီည မျိုးနွယ်စုရဲ့ မီးပုံညစာစားပွဲ ရှိတယ် ​​ကိုယ်နဲ့ လိုက်ခဲ့ချင်လား"


ကျီရှောင်အုံး ခါးခါးသီးသီး နောက်လှည့်သွားလိုက်ပြီး "မလိုက်ဘူး"


ရမ့် အပေါ်မှာပဲ အရာအားလုံးကို အပြစ်တင်လို့ မရဘူးဆိုတာ သူမ သိပါတယ်။ သူ သူမလက်နဲ့ သူ့အရာပေါ် ထိတွေ့လိုက်တဲ့အချိန် သူမရဲ့မာကျောတဲ့နှလုံးက ဘယ်လောက်တောင်မှ ခုန်မြည်နေလဲဆိုတာ သူမသာလျှင် သိပေလိမ့်မယ်။


——ကျီရှောင်အုံး တစ်ယောက် ရမ်၏အထိအတွေ့ကို ခုခံဖို့ ပိုလို့ ပိုလို့တောင် ခက်ခဲလာနေတာကို ဝမ်းနည်းစွာ သဘောပေါက်သွားလိုက်ပါတယ်။


'အား အား အား..... သူမ ရမ့်ကို ကြိုက်နေပြီဆိုတာ လုံလုံလောက်လောက်ကြီး ယုံရခက်နေတယ် . .'


သူမ က ဘယ်လိုဖြစ်ပြီး ကျားသစ်တစ်ကောင်ကို ကြိုက်နိုင်ရတာလဲ T_T ပြောစရာမလိုအောင် သူ့လျှာက ဆူးသွားတွေပါနေတာ.. သူ နမ်းလိုက်တဲ့အချိန် သူမလျှာတွေ နာသွားသေးတာပဲ။ ပြီးတော့ အခုလည်း ကျီရှောင်အုံး တစ်ယောက် ကြောင်တစ်ကောင်၏လိင်အင်္ဂါတွေကလည်း ဆူးသွားတွေပါတာကို သတိရသွားလိုက်လိုက်တယ်။ ရမ်ရဲ့ဟာကျတော့ရော........


ကျီရှောင်အုံး တအောင့်လောက် ပြန်စဉ်းစားလိုက်တယ်။ သူမ တစ်ခုခု ထူးဆန်းနေတာတော့ မတွေ့ခဲ့ရဘူးပဲ အဲဒီနေရာမှာလည်း မရှိသလိုလိုပဲ..... . .


ဒါပေမယ့် သူမ 'ခေါင်းထိပ်'ကို ထိရုံသာထိပြီးတော့ နောက်ပြန်တွန့်သွားလိုက်တာဆိုတော့ တကယ်လို့ အဲဒီမှာရှိနေရင်တောင် သူမ ခံစားမိမှာ မဟုတ်ဘူးပဲ အား... . .


ကျီရှောင်အုံး ဘာတွေတွေးနေလဲဆိုတာ ရမ်က မသိတာကြောင့် သူမကို အတင်းမတိုက်တွန်းတော့ပေ။ "ဒါဆို ဒီမှာပဲနေပြီး ကိုယ် ပြန်လာတာကို စောင့်နေ"


သူ့မိန်းမပျိုလေးက ချစ်ဖို့ကောင်းတဲ့ နှင်းပွင့်ဖတ်လေးဖြစ်ပြီး သူ သူမကို သူ့မျိုးနွယ်ဆီ သိပ်ပြီး ချမပြချင်လေဘူး။


*


ထိုညနေခင်းတွင် ရမ် မျိုးနွယ်စုမီးပုံပွဲသို့ သွားလိုက်ခဲ့၏။


ကျီရှောင်အုံး တစ်ယောက် လက်တစ်ဖက်တွင် ဓာတ်မီးတစ်လက်ကိုကိုင်ထားပြီး ကုတင်ပေါ်တွင်ထိုင်ကာ အမျိုးသမီးတစ်ဦးရဲ့ ရာသီသွေးအတွက် နံပါတ်တစ်ဦးစားပေးအရာအား ချုပ်လုပ်နေခဲ့ပါတယ်။


ဒီအတွက်ကြောင့် သူမ သူမနှလုံးသားလေးရဲ့ စိတ်သောကရောက်မှုကို ကြံ့ကြံ့ခံခဲ့ပြီး ဝါဂွမ်းအား အမြှောင်းနှစ်ခု ဖြစ်အောင် ဖြတ်တောက်ခဲ့သည်။ လာမဲ့နှစ်ရက်အတွင်း သူမ ဓမ္မတာလာသံကို ကြားရတော့မည်ဖြစ်ပြီး ဒီနေရာတွင် ဘာလစဉ်သုံးဂွမ်းထုပ်မှ မရှိတာမို့ သူမကိုယ်တိုင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းကိုသာ တွေးတောနိုင်လေတယ်။


သူမရဲ့ ရာသီလာချိန်စတင်လာတာနဲ့ ဂွမ်းအား ထိုထဲသို့ သိပ်ထည့်မှာဖြစ်ပြီး သူမ အဲဒါနဲ့ လုပ်လို့ရပေလိမ့်မယ်။


ကျီရှောင်အုံး သူမ၏နာရီကို ကြည့်လိုက်တယ် ။ အချိန်က 9:15 ဝန်းကျင်ရှိပေမယ့် ရမ် ကတော့ ပြန်မရောက်သေးပေ။ သူမ အရင် ရွက်ဖျင်ထဲသို့ဝင်ကာ အိပ်ရာဝင်ခဲ့လိုက်တော့တယ်။


ရမ် ပြန်ရောက်တော့ ညနက်နေပြီဖြစ်၏။


ဘာဆန်း က သူချက်ထားတဲ့ သစ်သီးဝိုင်စည်အနည်းငယ်ကို ထုတ်ပြီး လူတွေကို အတူတူသောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ယောက်ျားသားတွေက အပြေးရောက်လာကာ သူ့ကို ဝိုင်စည်တွေဆီ ဆွဲခေါ်ပြီး မြှောက်ပင့်လိုက်ကြတော့တယ်။


ရမ် သူ့အိမ်ထဲကို ဝင်သွားတော့ မီးဖိုဘေးက ရွက်ဖျင်တဲက ပိတ်ထားတာကို တွေ့လိုက်ရတယ်။ မီးရောင်က တဲ၏ဘေးဘက်တွင် ရောင်ပြန်ဟပ်ကာ အတွင်းဘက်တွင် အုံ့ဆိုင်းကာ သေးသွယ်လှပတဲ့ ရုပ်သွင်ကို ပေါ်လွင်စေလိုက်တယ်။


ရမ် ရွက်ဖျင်တဲရှေ့တွင် ငုတ်တုပ်ထိုင်ချလိုက်ပြီး သူ့လက်သည်းရှည်တွေအား ဇစ်တွင် ချိတ်ဆွဲလိုက်တယ်။ သူ ဆွဲချလိုက်ချိန်မှာတော့ သူ ရပ်တန့်သွားလိုက်ပါတယ်။


လေထုသည်ကား တစ်စုံတစ်ရာ သိမ်မွေ့စွာ ပွင့်လန်းလာသကဲ့သို့ မွှေးကြိုင် ချိုမြိန်တဲ့အရသာများဖြင့် ပြည့်နှက်နေခဲ့တယ်။ ထိုအရာက ပွင့်ဟလာလိုက်သလို ဖျော်ရည်အဖြစ် ဖျော်ရည်အဖြစ်သို့ ဖိခြေဖို့ အဆင်သင့်ဖြစ်နေတော့၏။


— သည်အနံ့က တဲထဲက ကောင်မလေးဆီက ထွက်ပေါ်လာတာပဲ။


ရမ်၏မျက်လုံးတွေက အနည်းငယ် လေးကန်သွားပြီး တဲအား သူ ချက်ချင်းဖွင့်ချလိုက်တော့သည်။


. . .


. . .


ကျီရှောင်အုံး အဝတ်ဆက်တိုက် ချုပ်ရတာ ပင်ပန်းလွန်းတာမို့ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါတယ်။ သူမ အတွင်းစိတ်ထဲတွင်တော့ တစ်ခုခုဖြစ်နေတာကို သူမ ခံစားလိုက်ရတယ်။ သူမ ညည်းညူလိုက်ပြီး အိပ်ရာမှ မထချင်နေပေ။


အဲဒီနောက် သူမက နှင်းမုန်တိုင်းထဲတွင် လမ်းလျှောက်နေတာကို အိပ်မက်မက်လိုက်ခဲ့တယ်။ လေအေးတွေက သူမ၏စကတ်ကို လန်သွားစေလိုက်ကာ သူမခန္တာကိုယ်က ရုတ်ခြည်း အေးခဲသွားတော့တယ်။


သူမ မျက်စိကို ဖွင့်ကြည့်လိုက်တော့ ရမ် က ပြန်ရောက်လာပြီး သူမရှေ့မှာ ဆောင့်ဆောင့်ထိုင်ချလိုက်ပြီး သူမကို စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်. .


ကျီရှောင်အုံး တစ်စုံတစ်ခုကို သတိပြုမိလိုက်ချိန် သူမ ဒေါသတကြီး ရှက်သွေးဖျာသွားလိုက်ကာ သူမ ခြေထောက်တွေကို မ ဖို့ ကြိုးပမ်းလိုက်တယ် " နင် ..."


နဂိုကတည်းက ထိုအရာက အိပ်မက်တစ်ခု မဟုတ်ခဲ့ပါ။ ရမ်က သူမ၏အဝတ်အစားတွေကို ချွတ်လိုက်ပြီး သူမ၏ခြေထောက်များကို ခွဲချကာ သူမအပေါ် အာရုံစိုက်နေတာပင်။


"မလှုပ်နဲ့" ရမ် က သူမ၏ ခြေထောက်များကို ဆွဲကိုင်ချလိုက်ပြီး သူ့အသံမှာ တော်တော်ကလေးတိုးနေပြီး သူ့မျက်လုံးထဲတွင် မှုန်ဝါး မှောင်ပြတဲ့ အလင်းတွေက ပြောင်းလဲမသွားပေ။


ကျီရှောင်အုံး က အမြန် အော်လိုက်တော့တယ်။ ဒါကို တစ်ယောက်ယောက်က ဘယ်လိုလုပ် လုပ်နိုင်တာလဲ။ သူမ သူမရဲ့ သေးငယ် ဖြူဖွေးသော ခြေဖဝါးလေးကို ဆန့်ထုတ်ပြီး ပြောလိုက်တော့တယ် "ထွက်သွား!"


ရမ် သူမ၏ နူးညံ့သိမ်မွေ့သော ခြေကျင်းဝတ်ကို ဖမ်းလိုက်ပြီး ကြင်နာစွာ သတိပေးလိုက်ခဲ့တယ်။ "မင်း ဒဏ်ရာရနေတယ်လေ" 


. . .


ကျီရှောင်အုံး သူ့အကြည့်နောက်ကို လိုက်ပါကာ ကြည့်လိုက်တော့ ဘေးတွင် လှန်ထားတဲ့ ဘောင်းဘီရှည်ပေါ်မှ ကြက်သွေးရောင်အစက်အပြောက်တွေက ထူးထူးခြားခြား ချောက်ချားသွားစေတော့တယ် .......


ကျီရှောင်အုံ‌ေ၏ ခန္ဓာကိုယ် တောင့်တင်းသွားတော့တယ်။


သူမ ရက် သေသေချာချာ ရေတွက်ပြီးပါပြီ၊ သဘက်ခါ မတိုင်ခင် သူမရဲ့ရာသီလာချိန် မရောက်သေးပါဘူး.... . .


ကျီရှောင်အုံး ရှက်လွန်းလို့ မြေကြီးထဲသို့သာ နစ်မြုပ်သွားလိုက်ချင်တော့တယ်။ သူမ၏ ရာသီသွေးချိန်က သတ်မှတ်ချိန်ထက် ရှေ့ကိုတိုး လာခဲ့ပြီး အခု ရမ် ဖမ်းမိသွားခဲ့တာပဲ။ ဒီ့ထက် ပိုရှက်စရာကောင်းတာ ရှိပါဦးမလား။


--အသေအချာပဲပေါ့။


ရမ် ကောင်မလေး၏ ခြေထောက်အား သူ့ခါးတွင် မ တင်ထားပြီး အခြားလက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူမ၏ နူးညံ့တဲ့နေရာလေးကို ကုတ်ခြစ်လိုက်တယ်။ သူ့လက်ချောင်းတွေကို ပြန်ဖယ်လိုက်တော့ အနီရောင်တွေစွန်းထင်းနေခဲ့တယ်၊ အသံခပ်နိမ့်နိမ့်လေးနဲ့ သူ မေးလိုက်ခဲ့တယ်။ "ဒီနေရာက လတိုင်း သွေးထွက်တာပဲလား" 


ကျီရှောင်အုံး: " ..."


ရှက်ရွံ့မှုကြောင့် ကောင်မလေး၏ တစ်ကိုယ်လုံးက ဆွဲဆောင်မှုရှိသော ပန်းသွေးရောင်အရိပ်တစ်ခု ဖြစ်သွားလိုက်တယ်။ သူမ တခဏမျှ တုံ့ဆိုင်းသွားကာ အင်တင်တင်နဲ့ ခေါင်းညိတ်လိုက်တယ်။


ကျီရှောင်အုံးက နောက်ဆုံးတွင်တော့ သူမသာ သူ့ကို အရာအားလုံးကို မရှင်းပြရင် နောက်တစ်ကြိမ် ရာသီလာတဲ့အခါကျရင်လည်း သူ သူမအဝတ်တွေကို ချွတ်ပြီး ပြန်စစ်ဆေးလောက်မယ်ဆိုတာ နားလည်သွားလိုက်တယ်။


ဒီလိုမျိုး သူလုပ်တာ ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တာပဲ။


"ဒါက ဒဏ်ရာမဟုတ်ဘူး၊ သဘာဝအတိုင်း ဖြစ်တဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲ..." ကျီရှောင်အုံး က သူမလက်ကို မြှောက်လိုက်ပြီး သူ့လက်တွေကို သူမခန္ဓာကိုယ်ကနေ ဖြုတ်ခွာဖို့ ကြိုးစားလိုက်တယ်။ သူမ သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး လက်တွေအပေါ်က သွေးတွေအား " တစ်လကို တစ်ကြိမ် သုံးရက်ကနေ ငါးရက်လောက်ကြာတယ် နင်တို့ မျိုးနွယ်ရဲ့ မိန်းမပျိုတွေရဲ့ 'မိတ်လိုက်ချိန်' လိုမျိုးပဲ"


ရမ် က ပြောလိုက်၏။ "ကျားသစ်မိန်းမပျိုတွေက သွေးမထွက်ဘူး။"


"......အဲဒါက သူတို့တတွေက လူဝံမျိုးနွယ်တွေ မဟုတ်လို့။"


ရမ်: " အဲဒါကို မင်း ဘယ်လိုလုပ်မလဲ။"


ကျီရှောင်အုံး အခု အပြင်မထွက်နိုင်တော့ဘူးပဲ။ သူမက နီမြန်းနေသော မျက်နှာကို ခေါင်းအုံးပေါ် ဖိချလိုက်ပြီး ပြောလိုက်ရတော့တယ်။ "နင် ဗီဒိုထဲက ပစ္စည်းတွေကို ငါ့ကို ကူပြီး ယူလာပေးလို့ ရပါတယ်..."


*


နှစ်ရက်ကြာပြီးတဲ့နောက်အထိတောင် ကျီရှောင်အုံး ရမ့် ကို မခေါ်မပြောလိုက်ခဲ့ပေ။


ဒေါသထွက်ခြင်းအပြင် ပြောမပြနိုင်လောက်အောင် ရှက်ရွံ့ခြင်း တစ်မျိုးလည်း ရှိသေးတာပင် . . မိန်းကလေးတစ်ယောက်ခန္တာကိုယ်ရဲ့ အတွင်းကျဆုံးနဲ့ နူးညံ့မှုအရှိဆုံးနေရာက သူ့ဆီကနေ ဒီလောက်တောင် ကြုံရာကျပန်းလို အကြည့်ခံလိုက်ရတာလေ!


ကျီရှောင်အုံး ဒေါသချောင်းချောင်း ထွက်လို့နေပြီး ရမ်က သုန်မှုန်နေချိန်မှာတော့ သားရဲလူက နောက်ဆုံးတော့ အရှေ့အရပ်ကနေ ပြန်ရောက်လာခဲ့တော့တယ်။


ပြီးတော့ ပက်နဲ့ ပတ်သက်သောသတင်းများကို ပြန်လည်သယ်ဆောင်လာခဲ့၏။


End Chapter