Chapter 51
Viewers 9k

 အပိုင်း (၅၁)*


ဝင်းတား ပြန်ရောက်ရှိဖို့ ရက်ပေါင်း ၂၀ နီးပါး ကြာမြင့်လိုက်ခဲ့၏။


ထိုရက်ပေါင်းနှစ်ဆယ်အ‌တောအတွင်း ဝင်းတား မသိနိုင်တဲ့ အဖြစ်အပျက် ကြီးငယ်များစွာ ဖြစ်ပျက်ခဲ့သည်။ မျိုးနွယ်စုထဲတွင် ရုတ်ခြည်းပင် မိန်းမပျိုအများအပြားအား ရှိလာသည်ကို သူ တွေ့လိုက်ရ၏။ ယောက်ျားပျိုအများစုဟာလည်း စုံတွဲခုတ်ကာ လမ်းလျှောက်သွားလာ‌နေကြပြီး မျိုးနွယ်စုများ မှားပြီးဝင်ရောက်လာလုနီးပါးလို့‌တောင် သူ ခံစားလိုက်ရတယ်။ ရမ်ရဲ့ အိမ်ရှေ့မှာ မတ်တပ်ရပ်လိုက်တော့မှပဲ သူ နေရာမမှားတာမဟုတ်ဘူးဆိုတာကို သူ ယုံကြည်သွားလိုက်၏။


ဖြတ်လျှောက်သွားကြတဲ့ သားရဲလူအမျိုးသားတစ်ယောက်က ဝင်းတား အား ဟာသလုပ်သွားခဲ့တယ်။


"ဝင်းတား မင်း နောက်ရက်နည်းနည်းမှ ပြန်လာခဲ့ရင်တော့လား ငါ့သားက အမဲလိုက်တောင် သွားလို့ရနေမှာပဲကွ!"


ဝင်းတား : "???"


ဝင်းတားက တံခါးခေါက်လိုက်ပြီး တွန်းဖွင့်၍ မဝင်သွားလိုက်ခင် အထဲမှ ရမ် ရဲ့အသံကို စောင့်နေခဲ့၏။


"ခေါင်းဆောင် ငါ ပြန်လာပြီ"


. . .


ကျီရှောင်အုံး တောင်တန်းအနောက်ဘက်တွင် ရှိနေဆဲဖြစ်တယ်။


နွေဦးက မြေကြီးပေါ်သို့ တစ်ဖန်ပြန်လည်ရောက်ရှိလာပြီး မြက်ပင်များက မြင့်မားလာကာ ပြင်းထန်တဲ့ ဆောင်းရာသီ၏ အေးစက်မှုက နွေဦး၏နွေးထွေးမှုအဖြစ်သို့ ပြောင်းလဲသွားလိုက်၏။


အဝေးတွင်ရှိနေသော ရေခဲတောင်သည် တဖြည်းဖြည်း ကွဲအက်သွားပြီး သူ၏ နှင်းလွှာကုတ်အင်္ကျီကို ချွတ်ခွာပစ်လိုက်သည်။ ရောင်စုံနွေဦးအင်္ကျီသည် နွေးထွေးမှု၏ အရိပ်အယောင်ဖြင့် အစားထိုးဝင်ရောက်လာခဲ့ပြီဖြစ်၏။


ကျီရှောင်အုံး တောင်တန်းများနှင့် တောအုပ်များကြားတွင် မတ်တပ်ရပ်နေပြီး သူမပတ်ဝန်းကျင်တွင် အပူချိန်များ တဟုန်ထိုး မြင့်တက်လာသည်ကို ခံစားလို့ရနေ၏။


ကျီရှောင်အုံး ဒီနေ့မနက်ခင်းတွင် တောထဲသို့ လမ်းလျှောက်ထွက်ခဲ့ပြီး ပစ္စည်းကောင်းတွေအများကြီး ရှာတွေ့ခဲ့လိုက်တယ်။


သူမ ထိုပစ္စည်းတွေကို သူမ၏နေရာလွတ်ထဲကို ထည့်ထားလိုက်ပေမဲ့ မျှစ်စို့အချို့ကိုတော့ သူမရဲ့ဝါးခြင်းတောင်းထဲတွင် ချန်ထားလိုက်ခဲ့ကာ မျှစ်ဟင်းချိုချက်ရန်အတွက် ပြန်ယူသွားဖို့ ပြင်လိုက်ခဲ့ပါတယ်။


သို့ပေမဲ့လည်း နေ့လယ်စာ စားချိန်မှာ ရမ့်ကို မျက်နှာချင်းဆိုင်ရတော့မှာပဲလို့ သူမ တွေးလိုက်မိချိန်မှာတော့ ကျီရှောင်အုံး၏ ပါးပြင်တွေက မထူပူသွားပဲ မနေတော့ချေ။


အဲဒီအဖြစ်အပျက်က နှစ်ရက်ကြာသွားပေမယ့် အဲဒီနေ့ရဲ့ စိတ်ဆင်းရဲစရာမြင်ကွင်းတွေကို တွေးတောလိုက်တိုင်း သူမ ရှက်ရွံ့နေသလို ခံစားရတယ်။


. .


အဲဒီနောက်တွင် ရမ်က သူမအတွက် လစဉ်သုံးအတွက် လိုအပ်တဲ့အရာတွေကို ယူလာပေးခဲ့တယ်။ သူ့စကားများ စစ်မှန်ကြောင်း အတည်ပြုချင်တဲ့အတိုင်း သူ မမျှော်မှန်းနိုင်လောက်အောင်ပဲ သူမကို ကူဝတ်ပေးချင်နေခဲ့တယ်။ ဒါပထမဆုံးအကြိမ် သူ ဒီလိုအရာမျိုးအား ထိတွေ့မိလိုက်တာဖြစ်ပြီး သူ သူမအား အလျော့မပေးခဲ့ပေ။ ကျီရှောင်အုံး မျက်နှာက ပြင်းပြင်းထန်ထန် သွေးရောင်ဖြန်းပက်သွားပြီး သူမ၏ပါးပြင်တွေကို ကာအုပ်ဖို့ လက်နှစ်ဖက်ကို မြှောက်လိုက်ပေမဲ့ ဘယ်လိုလုပ်ရမလဲဆိုတာကို သူ့အား တီးတိုးပြောကာ လမ်းညွှန်ခဲ့ရတယ်။


ရမ်က ဝါဂွမ်းချည်ကို ယာယီသုံးဂွမ်းလွှာထဲတွင် အရင်သိပ်သွင်းလိုက်ပြီး သူမ၏ တင်ပါးအောက်တွင် ထိုအရာကို ချထားပြီး အဲဒီနောက် ထိုအရာကို သူမ ခြေထောက်များကြားမှ အစွန်းတွေကို ဖြတ်ကာ ကျော်စေလိုက်ပြီး အစွန်းနှစ်ဖက်စလုံးအား သူမဆီထားကာ ကြိုးတွေကို ချည်နှောင်ဖို့ အရှေ့တွင် ခေါက်ချိုးထားလိုက်ခဲ့တယ်။


တော်လိုက်ပါတော့! သူမ ဘာဖြစ်လို့ ဒါကို ထပ်ပြီး တွေးနေမိပြန်တာလဲ။


ကျီရှောင်အုံးက သူမခေါင်းကို နှစ်ကြိမ် ခါယမ်းပြီး ဒီကိစ္စကို သူမကိုယ်သူမ စဉ်းစားခွင့်မပေးစေတော့ဘူး။


အိမ်အပြန်လမ်းတွင်တော့ ကျားသစ်ထီးနှစ်ကောင် လမ်းလျှောက်လာတာကြောင့် သူမ သူတို့အနားကနေ လျှောက်သွားခြင်းကို မသိစိတ်ကနေ အလိုလို ရှောင်တိမ်းလိုက်ခဲ့ပါတယ်။


သို့ပေတိုင် သားရဲလူအမျိုးသားနှစ်ယောက်၏ စကားဝိုင်းက သူမနားသို့ တိုးဝင်လာခဲ့တယ်။


"ဝင်းတားက အရှေ့ဘက်ကို ဘာသွားလုပ်တာလဲ၊ အဲဒီနေရာက အရမ်းဝေးပြီး ပင်လယ်ရေတွေကြီးပဲမလား.."


"ဒါက ခေါင်းဆောင်ရဲ့ အကြံအစည်လို့ ငါ ကြားတယ်။"


"ခေါင်းဆောင်က ဘာသွားလုပ်ခိုင်းတာများလဲ။ ဘာလို့ ခေါင်းဆောင်က အဲလိုနေရာမျိုးကို စိတ်ဝင်စားရတာလဲ"


"ငါလည်း မသိဘူးလေ။ မင်းဘာသာမင်း မေးကြည့်ပါလား။ ဝင်းတားက ပြန်ရောက်နေပြီပဲ မလား ။ ဒီနေ့မနက်တောင်မှ ငါ သူ့ကိုတွေ့တယ်"


. . .


သားရဲလူအထီးနှစ်ယောက်က အဝေးသို့ လျှောက်သွားလိုက်ကြပြီး ကျီရှောင်အုံးက ဝက်သစ်ချပင်နောက်ကွယ်တွင် ရပ်နေကာ သူတို့ပြောတဲ့စကားအား တွေးတောလိုက်ခဲ့ပါတယ်။


'ဝင်းတား ပြန်ရောက်ပြီလား။'


'အရှေ့အရပ်ကနေ ပြန်ရောက်လာပြီလား"


'အရမ်းကောင်းတယ် ဒီအဓိပ္ပာယ်က သူမ မကြာခင် အိမ်ပြန်နိုင်မယ်လို့ ဆိုလိုတာပဲမလား။'


ဒီသတင်းကြောင့် ကျီရှောင်အုံး မစောင့်နိုင်တော့ဘဲ ခြင်းတောင်းကို သယ်ကာ ရမ် ရဲ့အိမ်ဆီ အရှိန်မြှင့်တင်လိုက်တော့တယ်။


ခြံဝင်းတံခါးက တစ်ဝက်တစ်ပျက် ဖွင့်ဟနေခဲ့ပြီး ကျီရှောင်အုံး တွန်းဝင်လာလိုက်တော့ အခန်းရှေ့တွင် ရပ်နေသော ရမ်နှင့် စကားပြောနေတဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်ရတယ်။


'ဝင်းတား ပဲ ဖြစ်ရမယ်။'


ကျီရှောင်အုံး သူမရဲ့ခြင်းတောင်းကို အောက်ချလိုက်ပြီး ဒီအခိုက်တန့်တွင်တော့ ရမ် နှင့်ပတ်သက်သည့် သူမ၏ ရှက်ရွံ့မှုအားလုံးကို မေ့လျော့သွားလိုက်ပြီး အိမ်ထဲသို့ ခြေလှမ်းခပ်စိတ်စိတ်ဖြင့် သွားလိုက်ခဲ့ကာ ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်တော့၏....


" ရှင် ပက်ကို ရှာတွေ့ခဲ့လား"


******


အိမ်ထဲတွင် စကားဝိုင်းက ကျိခနဲ ရပ်တန့်သွားလိုက်၏။


လေထုသည် ရုတ်ခြည်းပင် တိတ်ဆိတ်သွားတော့တယ်။


ဝင်းတားက ကျီရှောင်အုံး ကိုကြည့်ရှုလိုက်ပြီးတော့ အဲဒီနောက် ခေါင်းဆောင်ကိုကြည့်ကာ အဲဒီနောက် နောက်ဆုံးတွင် သူ့အကြည့်က ကျီရှောင်အုံးပေါ်တွင် ကျရောက်သွားခဲ့၏။ သူက ခေါင်းကုတ်လိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလာခဲ့ပါတယ်။"တောင်းပန်ပါတယ် ငါ ပက်ကို ရှာမတွေ့ခဲ့ဘူး" 


ကျီရှောင်အုံး၏ ပျော်ရွှင်နေသော စိတ်အခြေအနေလေးက အောက်ခြေသို့ ကျဆင်းသွားလိုက်ပြီး သူမ နေရာတွင်ပင် ရပ်တန့်သွားတော့တယ်။


ဝင်းတားက သူ့ရှေ့က မျက်နှာဖြူဖျော့ဖျော့ ကောင်မလေးကို ကြည့်ကာ သည်းမခံနိုင်တော့ဘဲ "ဒါပေမယ့် ပက်ရဲ့ မိသားစုကို ငါ ရှာတွေ့ခဲ့တယ်"


ကျီရှောင်အုံး၏ မျက်လုံးတွေက တစ်ဖန်တောက်ပလာပြန်တယ်။ "အဲဒါဆို... သူတို့မှာ ပက် နဲ့ ပတ်သက်တဲ့ သတင်းအချက်လက်တွေ ရှိနေတာလား"


"သူတို့မှာ ရှိတယ်" ဝင်းတားက ခေါင်းညိတ်လိုက်တယ်။


ကျီရှောင်အုံး၏မျှော်လင့်ချက်က ပြန်လည်နိုးထလာပြီး သူမ ခြေတစ်လှမ်း တစ်ဝက်သာ လှမ်းလာခဲ့တယ်။


ပက်နဲ့ပတ်သက်တဲ့ သတင်းတွေကို လုံးလုံးမသိတာထက်တော့ ပိုကောင်းပါတယ်လေ။ သူတို့တွေ သူ့ကို ရှာတွေ့နိုင်လိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူးပဲ။ အခု သူတို့တွေ သူ့ကို ရှာမတွေ့ရင် နောက်တစ်ခါကျ သူမ သူ့ကို ရှာနိုင်လောက်မှာပါ။


သို့သော်လည်း ဝင်းတား ၏နောက်ထပ်စကားက သူမ၏မျှော်လင့်ချက်များကို လုံးလုံးလျားလျား ကွဲကြေသွားစေတော့၏—


"ပက်ရဲ့ မိသားစုက ပြောတယ် သူ့ခန္ဓာကိုယ်က ဆိုးရွားလာ ပြီးတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တည်းက ဆုံးသွားခဲ့ပြီတဲ့"


ကျီရှောင်အုံး အလွန်အံ့အားသင့်စွာနဲ့ ယိုင်ထိုးသွားလိုက်တယ် "ရှင် ဘာပြောလိုက်တယ်"


ဝင်းတားက ပြောလိုက်တယ် "ပက် သေသွားပြီ"


ကျီရှောင်အုံး ၏ တစ်ကိုယ်လုံး တောင့်တင်းသွားလိုက်ပြီး သူမ မယုံကြည်နိုင်စွာနဲ့ ခေါင်းခါလိုက်ကာ "မဟုတ်ဘူး ... အီရစ်ရဲ့ အဖိုးက ငါ့ကို ပြောတယ် ပက်က ဘော်နီးယားတိုက် မှာ အသက်အရှည်ဆုံး ပင်လယ်လိပ်လို့ ပြောခဲ့တယ်၊ သူက ဘယ်လိုလုပ်ပြီးတော့........"


"ပက် က အသက် ၅၀၁ နှစ်ရှိနေပြီ သူ့လောက် ဘယ်သူကမှ အသက်ပိုရှည်ခဲ့တဲ့သူ မရှိဘူး" ဝင်းတား က သူမကို ဝင်ကြားဖြတ်လိုက်ခဲ့တယ်။


ကျီရှောင်အုံး၏ ပါးပြင်ပေါ်တွင် လျင်မြန်စွာ သွေးဆုတ်သွားလိုက်ပြီး သူမခန္ဓာကိုယ် တုန်ရီသွားလိုက်တယ်။ ဒီသတင်းက သူမကို ပြင်းပြင်းထန်ထန် ထိတ်လန့်စေခဲ့ပါတယ်။ သူမ သူမရဲ့ပန်းရောင်နှုတ်ခမ်းတွေကို ကိုက်လိုက်ပြီး သူမ၏မျက်လုံးထဲတွင် အုံ့ဆိုင်းနေတဲ့ အလွှာတစ်ခု ထိုးတက်လာပြီး သူမ၏ ကြည်လင်နေတဲ့ အနက်ရောင်မျက်လုံးတွေက မတူညီကွဲပြားတဲ့ သနားချင်စဖွယ် မျက်ရည်စတွေ လျှံတက်လာလိုက်တော့တယ်။


ကျီရှောင်အုံး ပက်နဲ့ တစ်ခါမှ မတွေ့ဖူးသော်ငြားလည်း သူမ ဒီလိုခရီးအရှည်ကြီးထိ ရောက်လာခဲ့ပြီး သူ့အမည်က သူမ၏အဆုံးမဲ့ မျှော်လင့်ချက်ကို ယူဆောင်လာခဲ့တယ်။ သူမ ရှေ့သို့တက်လှမ်းရန် ပန်းတိုင်ရှိသရွေ့ သူမ ဤကမ္ဘာတွင် ရှင်သန်နေထိုင်ရန် သတ္တိစွမ်းအားနှင့် ရည်ရွယ်ချက်ရှိလိမ့်မှာပင်။


ဒါပေမယ့် အခုတော့ ပက် က သေသွားပြီလို့ သူမကို ပြောလာကြတယ်.. . .


ရုတ်တရက်လေးအတွင်းမှာပဲ သူမ သူမရဲ့မီးပြတိုက်အလင်းရောင်က ပျောက်ဆုံးသွားပြီး လမ်းမအလယ်သို့ လျှောက်လှမ်းခဲ့ရတယ်။ သူမ ရုတ်တရက် ဘယ်ကို ဦးတည်နေတယ်ဆိုတာ မသိတော့ဘူးပဲ။


ဝင်းတားက ကျီရှောင်အုံး အတွက် ဤမျှကြီးမားသော ထိုးနှက်ချက်ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘဲ သူ အနည်းငယ်လေး အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်၊ "ငါ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်..."


ရမ်က တည်ငြိမ်စွာ ဝင်မေးလိုက်တယ်။ "ပက် တစ်ခုခုချန်ထားခဲ့သေးလား"


ဝင်းတား က တစ်ခုခုကို အမှတ်ရဖို့ကြိုးစားလိုက်ပြီး အလျင်စလို ရှာလိုက်ခဲ့တယ် "ဟုတ်သားပဲ ရှိတယ်။ ပက် ရဲ့မြေးက ငါ့ကို ဒီပစ္စည်းကို ပေးခဲ့တယ်..." သူပြောလိုက်ရင်းနဲ့ သားရေအိတ်ထဲက ပစ္စည်းတစ်ခုကို ယူပြီး ကျီရှောင်အုံးကို လွှဲပေးလိုက်တယ်၊ "ဒါက ပက် ရဲ့ ပန်းချီကားပဲ၊ သူ့ရဲ့သားမြေးတွေက ဒီ အဓိပ္ပါယ်ကို နားမလည်လို့ သူတို့ ငါ့ကို ဒီဟာကို ပေးလိုက်တယ်။ မင်းအတွက် အသုံးဝင်မလားလို့ ကြည့်ချင်သေးလား"


ကျီရှောင်အုံးက ပစ္စည်းအား လက်ခံလိုက်ပြီး အနီးကပ်ယူကြည့်လိုက်တယ်။ ထိုအရာက ဘက်လေးဘက်ပါရှိသော ချောမွေ့သောကျောက်တုံးဖြစ်ပြီး ထိပ်တွင် စက်ဝိုင်းပုံအရာနှစ်ခုရှိသည်။ စက်ဝိုင်းနှစ်ခုကြားတွင် စက်ဝိုင်းများကို အပိုင်းနှစ်ပိုင်းခွဲထားသည့် လှိုင်းတွန့်လေးတစ်ခုရှိနေလေတယ်။


ထိုအရာမှ လွဲ၍ အခြားဘာမျှမရှိချေ။


ကျီရှောင်အုံးက အချိန်အတော်ကြာ ကြည့်ရှုပြီး သူမခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး "... ငါ လည်း နားမလည်ဘူး"


ဝင်းတားက ကူကယ်ရာမဲ့ဖြစ်သွားလိုက်တယ်"အဲဒါဆို... ငါလည်း တခြား ဘာမှ မသိတော့ဘူး"


ဒီစကားက ကျီရှောင်အုံးအား အသက်ကိုနှုတ်ယူစေလိုက်ခဲ့ပါတယ်။ သူမ၏ပခုံးတွေက ချက်ချင်း ပြိုလဲကျသွားကာ သူမ၏မျက်လုံးထဲတွင် အလင်းရောင်တန်း ပျောက်ကွယ်သွားကာ တဖြည်းဖြည်း သေလောက်အောင် ငြိမ်သက်ခြင်းက အစားထိုးလာတော့တယ်။


ရမ် က သူမကိုကြည့်ပြီးတော့ ဝင်းတား ကိုပြောတယ် "မင်း ကြိုးစားခဲ့တာ ငါသိပြီ။ အခု မင်းရဲ့ မိန်းမပျိုကို သွားယူဖို့ ဘာဆန်းဆီ သွားလိုက်တော့၊ နောက်ထပ် ဆယ်ရက်လောက် အနားယူလိုက်တော့"


'သူပိုင်ဆိုင်တဲ့ မိန်းမပျိုတဲ့လား။ 'မိန်းမပျို'တွေက မျှဝေခံစားရတာမဟုတ်ဘူးလား။ ဘယ်အချိန်တည်းက သူ့မှာ မိန်းမပျိုတစ်ယောက်ရှိဖို့ အရည်အချင်းရှိသွားတာလဲ။'


"ခေါင်းဆောင် မျိုးနွယ်စုမှာ ဘယ်နေရာမှာ ငါ မသိဘဲ ပြောင်းလဲသွားတာလဲ" ဝင်းတား က ဒီမနက်က ဟာသတွေကို တွေးပြီး မမေးဘဲ မနေနိုင်ဘဲ မေးလိုက်၏။


ရမ် က သူ့မေးစေ့ကို ထောက်လိုက်ပြီး အနည်းငယ် စိတ်မရှည်နိုင်စွာ ပြောလိုက်တယ်။ "ဘာဆန်းက ဘာဖြစ်ခဲ့လဲ မင်းကို မပြောဘူးလား"


ဝင်းတား က ခေါင်းရမ်းလိုက်၏။


ရမ် က ပြောလိုက်၏။ "ဘာဆန်း ကို သွားပြန်မေးလိုက်။ တုံးအတဲ့ မေးခွန်းတွေကို ဖြေဖို့ ငါ့မှာ တာဝန်မရှိဘူး။"


ဝင်းတား : "... "


. . .


သူတို့တွေ စကားပြောနေကြစဉ် ကျီရှောင်အုံး အိမ်မှ တိတ်တဆိတ် ထွက်လာလိုက်ခဲ့ပါတယ်။


******


ကျီရှောင်အုံး တောင်ပေါ်က စမ်းချောင်းဆီသို့ ပြန်သွားလိုက်ခဲ့ပါတယ်။ အဲဒီနေရာတွင်တော့ သူမဟာ ခေါင်းငိုက်စိုက်စွာနဲ့ ဦးတည်ရာမဲ့ လမ်းလျှောက်လာရင်း ရံဖန်ရံခါ သူမခြေထောက်နဲ့ ကျောက်ခဲတွေကို ကန်ကျောက်လိုက်ခဲ့ပါတယ်။


စိတ်ဓာတ်ကျနေသော်လည်း သူမ၏အကြောင်းပြချက်က သူမအား ကျားသစ်နယ်မြေပိုင်နက်မှ ဝေးရာသို့ မထွက်ခွာစေရန် တားထားဆဲပင်။


သူမ အစွန်းဘက်သို့ လျှောက်သွားလိုက်ပြီး လေးငါးခေါက်လောက် သွားလိုက် ပြန်လာလိုက်လုပ်နေခဲ့ကာနောက်ဆုံးတွင် မောသွားတာကြောင့် သစ်ပင်တစ်ပင်တွင် အနားယူရန် ထိုင်ချလိုက်ခဲ့ပါတယ်။


ခဏလောက် ထိုင်လိုက်ပြီးနောက် ကျီရှောင်အုံး ဆူညံသံများစွာကို ကြားလိုက်ရနတယ်။


သူမခေါင်းကို မော့လိုက်တော့ မြောက်ဘက်ကို ပျံသန်းနေတဲ့ ဘဲငန်းတွေကို တွေ့လိုက်ရတယ်။ သူတို့ရဲ့ရာသီအလိုက် ရွှေ့ပြောင်းနေထိုင်မှုတွင် ဘဲငန်းအစက်ပြောက်တန်းက ကောင်းကင်ကို သပ်ရပ်စွာ ဖြတ်သန်းခဲ့ကြသည်။


သူမ ကြားလိုက်ရတဲ့ အော်မြည်သံတွေက သူတို့ပါးစပ်တွေကက ထွက်လာတာပဲဖြစ်တယ်။


မြောက်ဘက်သို့ ပျံသန်းသွားသော အခြားငှက်များစွာလည်းရှိနေ၏။ ပျံလွှားငှက်များနှင့် မန်ဒါလီဘဲငန်းများနှင့် အခြားငှက်များစွာရှိနေသည်။ သူတို့အော်မြည်လိုက်တဲ့ အသံတွေက အတူတူ ရောထွေးသွားပြီး ကောင်းကင်ကြီးအား လှပတဲ့ တေးသီချင်းတစ်ပုဒ်ကို ရေးဖွဲ့ဖို့ အသုံးပြုခဲ့ပါတယ်။


ကျီရှောင်အုံး သူမလက်ကို သူမ ပါးပြင်နဲ့ တန်းကာ ပင့်မြှောက်လိုက်ပြီး ဘာမှန်းမသိရပါပဲ စွဲလမ်းမှု အနည်းငယ် ဖြစ်တည်လာခဲ့တယ်။


. . .


သူမ မတွေးတောဘဲ မနေနိုင်ပေ။ တကယ်လို့သာ သူမ ဒီငှက်တွေလို ဖြစ်ရင် ဘယ်လောက်ကောင်းလိမ့်မလဲ သူမသွားလိုရာကို သွားနိုင်ပြီး အိမ်ကနေလည်း သွားနိုင်မှာပဲ။ သူမလမ်းမှာ ဘယ်လို အနှောင့်အယှက်တွေ ကြုံလာလိမ့်မလဲ။


သူတို့ကို မည်မျှကြာအောင် ကြည့်နေမိလဲ သူမ မသိပေမဲ့ သူမ လည်ပင်းနာလာပြီး သူမ လည်ပင်းကို အညောင်းဆန့်လိုက်ကာ မတ်တပ် ထရပ်လိုက်သည်။


သူမ ပြန်တော့မလို့ စီစဉ်လိုက်ခဲ့ပြီး နောက်ကို လှည့်လိုက်တော့ သူမအနောက်မှာ ရပ်နေတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။


ကျီရှောင်အုံး လျင်မြန်စွာ နောက်ပြန်ဆုတ်လိုက်ပြီး မော့ကြည့်လိုက်ပြီးမှ နောက်ဆုံးတွင် ရမ့်ကို မှတ်မိသွားလိုက်တယ်။ "နင်...... ဘယ်တုန်းထဲက ဒီမှာ ရောက်နေတာလဲ"


'သူ လုံးဝ အသံတစ်သံ မထွက်ဘူးပဲ သူမကို လန့်အောင် လုပ်ချင်နေတာလား။'


"မင်းနဲ့ အတူတူပဲ" ရမ်၏ အသံမှာ ဟန်ဆောင်မှုများ ရှိမနေချေ။


'တစ်နည်းပြောရရင် သူ ဒီနေရာကို သူမနဲ့ တစ်ချိန်တည်း ရောက်လာတာလား။ သူ သူမနောက်ကနေ လိုက်လာခဲ့တာလား။'


ကျီရှောင်အုံး မျက်နှာအမူအရာပြောင်းသွားပြီး သူမ ရှင်းပြလိုက်တယ်။ "ငါ စိတ်ထဲ နေလို့မကောင်းတာနဲ့ ငါ အပြင်ထွက်ပြီး လမ်းလျှောက်ချင်ခဲ့တာ။ ငါ တခြား ဘာကိုမှ မရည်ရွယ်ပါဘူး..."


ရမ်က ရှေ့ကို တစ်လှမ်းချင်း လှမ်းလာလိုက်ပြီး "မင်း စိတ်အခြေအနေ မကောင်းဘူးလား"


ကျီရှောင်အုံး က နှုတ်ဆိတ်သွားလိုက်ပြီး အဲဒီနောက် အမှန်အတိုင်း ပြောလိုက်တယ်။ "မကောင်းဘူး" 


"မင်း စိတ်အခြေအနေက ဘယ်တော့ ကောင်းမှာလဲ"


ကျီရှောင်အုံး က ခေါင်းကို မော့လိုက်သည်။ ရမ်က ဘယ်အချိန်တည်းက သူမရှေ့တွင် ရောက်လာလိုက်လည်း သူမ မသိပေ။ ယခုတော့ သူမ သူ့ကို တည့်တည့်စိုက်ကြည့်ကာ ခဏလောက် တွေးတောလိုက်တယ်။ အဲဒီနောက် သူမ ဆိုင်းမဆင့်ဗုံမဆင့် မေးလိုက်တယ်။ "ရမ် နင့်မှာ မိဘတွေရှိလား"


ရမ်က အကြာကြီး နှုတ်ဆိတ်နေပြီးမှ- "မရှိဘူး"


ကျားသစ်အများစုက တစ်ယောက်တည်း ကြီးပြင်းလာကြတာဖြစ်၏။ သူ သုံးလသားအရွယ်တွင် သူ့မိဘများထံမှ စွန့်ပစ်ခံခဲ့ရပြီး ယခုအချိန်အထိ တစ်ဦးတည်း ကြီးပြင်းလာခဲ့သည်။


အရွယ်ရောက်ပြီးသူ မဖြစ်ခင်က မျိုးနွယ်စုထဲမှာ သူ တစ်ယောက်တည်း အမြဲနေခဲ့ရတယ်။ ဒီလို ချစ်ခင်ကြင်နာမှုမျိုးကို သူ တစ်ခါမှ မကြုံဖူးသလို လိုလည်း မလိုအပ်ဖူးဘူး။


သည်အရာက အားနည်းသူများသာ လိုလားတောင့်တသော အရာပင်ဖြစ်၏။


"... ဒါပေမယ့် ငါ့မှာ ရှိတယ်" ကျီရှောင်အုံး၏ မျက်တောင်များ အနည်းငယ် တုန်ရီသွားပြီး သူမ၏အသံက ဖြည်းညှင်းစွာ တိုးလျော့လာပြီး "ငါ့မှာ မိဘတွေနဲ့ မိသားစုတစ်စုရှိတယ်။ သူတို့က ငါ ဘယ်ရောက်နေမှန်း မသိကြဘူး၊ ငါ အမြန် မပြန်ရင် သူတို့ ငါ့အတွက် စိတ်ပူနေကြလိမ့်မယ်။ ငါ အမြဲတမ်း သူတို့ဆီပြန်သွားချင်ခဲ့တာ အဲရစ်ရဲ့အဘိုးက ပက် က ပြန်လမ်းကိုသိနိုင်တယ်လို့ ပြောခဲ့တာ ဒါကြောင့်မို့ ငါ ပက် ကိုရှာချင်ခဲ့တာ...။


အဲဒီအကြောင်းပြောရင်းနဲ့ ကောင်မလေးရဲ့အသံက ဆို့နင့်လာခဲ့ပြီး တဖြေးဖြေး နာကျည်းလာခဲ့တယ်။ "ငါ အမြတမ်း ပက် ကို ရှာချင်နေခဲ့တာ... "


'ဒါပေမယ့် ပက် က ဘာလို့သေသွားရတာလဲ။'


'သူမ တခြားဘယ်ကို သွားလို့ရနိုင်မှာလဲ။ သူမ ဘာဆက်လုပ်ရမလဲ။'


"ရမ် ငါအိမ်ကို ထပ် မပြန်နိုင်တော့ဘူး..."


ကောင်မလေးက သူ့မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ သူ့ကိုကြည့်နေခဲ့တယ်။ သူမ၏ နှုတ်ခမ်းများ ပိတ်ထားပြီး သူမပခုံးတွေက တွဲလောင်းကျနေခဲ့သည်။ သူမ နောက်ဆုံးတော့ သူမတစ်ယောက်တည်း ဖြစ်နေတယ်ဆိုတာ သူမ သိလိုက်ရပါပြီ။


ရမ် ရှေ့သို့ လှမ်းတက်ကာ သူမကို ကောက်မလိုက်ပြီး သူ့လက်မောင်းထဲတွင် ပွေ့ထားလိုက်ကာ အခြားလက်ကို ဆန့်တန်းပြီး သူမ မျက်နှာလေးကို သူ့လည်ပင်းတွင် ဖိထားလိုက်ပြီး သူမဆံနွယ်လေးတွေကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ကာ "မင်းမှာ အိမ်ရှိပါတယ်"


ကျီရှောင်အုံး လှုပ်ရှားသွားလိုက်တော့ သူမရဲ့စိုစွတ်နေသော မျက်တောင်မွေးလေးတွေက သူ့ရဲ့ကြမ်းတမ်းသော အသားအရေကို ယားယံသွားစေလိုက်တယ်။


"တကယ်လို့ မင်းအိမ်ပြန်ချင်ရင် မင်းအတွက် ကိုယ် ဆောက်ထားတဲ့အိမ်ကိုပဲ သွားပေါ့"


ကျီရှောင်အုံး သူမမျက်နှာကို ရမ့်လည်ပင်းတွင် မြှုပ်နှံထားပြီး တုံ့ပြန်ခြင်းမရှိခဲ့ပေ။ အချိန်အတော်ကြာပြီးနောက်မှ သူမ ရမ်၏လည်ပင်းတစ်ဝိုက်သို့ ရောက်ရှိလာပြီး အလွန့် အလွန်နှေးကွေးစွာနဲ့ နားမလည်နိုင်စွာ နှုတ်ခမ်းစေ့ကာ တွတ်ထိုးလိုက်ခဲ့ပါတယ် "အမ်း"


End Chapter