Chapter 52
Viewers 9k

အပိုင်း (၅၂)


နွေဦးရာသီ စတင်ပြီဆိုကတည်းက နေ့ရက်တိုင်းသည် အရင်တုန်းကထက် ပိုမိုပူနွေးလာခဲ့၏။


ကမူဒါတောင်ကြားမှာ စိမ်းလန်းစိုပြေသော သစ်ပင်ပန်းပင်များနှင့် ဝန်းရံထားပြီး ရွှေရောင်အလင်းတန်းက ကျားသစ်မျိုးနွယ်အပေါ် တွင် တိတ်ဆိတ်စွာဖြင့် လွှမ်းခြုံထားပြီး အရာအားလုံးကို မျက်စိကျိန်းမတတ် ပြိုးပြိုးပြက်ပြက် တောက်ပစေလိုက်သည်။


ကျီရှောင်အုံး သူမနေရာလွတ်ထဲမှ ပဒေသာဗြောက်အိုးတွဲတွေကို ထုတ်ယူပြီး အပြင်ဘက်သို့ ချထားလိုက်တယ်။ သူမနေရာလွတ်ထဲရှိ လေထုက စိုစွတ်မှု မရှိသော်ငြားလည်း ဗြောက်အိုးတွေကို မစိုထိုင်းအောင်လို့ နေရောင်အောက်တွင် ရံဖန်ရံခါထားထားခြင်းက ပိုကောင်းတာပင်။


မီးရှူးမီးပန်းတချို့က ပိုကြီးမားပြီး ကျီရှောင်အုံး မီးပန်းတွေကို အကြိမ်ပေါင်းများစွာ ပြောင်းပြန်လှန်လှန်ပေးရတာကြောင့် သူမ ထည့်ရတာ တဖြည်းဖြည်း မောပန်းနွမ်းနယ်လာတော့တယ်။


သူမ ခွေးခြေခုံပေါ်တက်ပြီး အမြင့်ဆုံးစင်ပေါ်တွင် သူမရဲ့ နောက်ဆုံးကျန်တဲ့ မီးရှူးမီးပန်းတွေကို တင်လိုက်ခဲ့တယ်။ မီးပန်းတွေက ကောက်ကွေးနေတာကြောင့် သူမမြင်နေရသမျှမှာ သူမရှေ့တွင် ယိမ်းနွဲ့နေတဲ့ ဗြောက်အိုးတွဲများဖြစ်ပြီး သူမ ဘေးဘက်သို့ စောင်းသွားလိုက်ကာ—


ကျီရှောင်အုံး တစ်ခုခုကို ဆုပ်ကိုင်ဖို့ အလျင်စလို ဆုပ်ကိုင်လိုက်ပေမဲ့ သူမကိုယ်ကို ထောက်ခံစရာ ဘာတစ်ခုမှ ရှာမတွေ့တော့ဘဲ မီးရှူးမီးပန်းတွေပေါ်သို့ လဲကျသွားတော့တယ်.....


ရုတ်တရက် သူမ အနောက်ကနေ နွေးထွေးတဲ့ အပူဓာတ်တစ်ခု ပေါ်လာပြီး လက်မောင်းတွေကို ဆန့်တန်းလိုက်ကာ ကျီရှောင်အုံးအား ထောက်မပေးထားလိုက်ခဲ့တယ်။ သူတို့က မီးရှူးမီးပန်းများကို တည်ငြိမ်စေလိုက်ပြီး တစ်ချိန်တည်းမှာလည်း သူမအား သူ့ရင်ခွင်ထဲတွင် ဝိုင်းပတ်ထားကြ၏။


ရမ် က မီးရှူးမီးပန်းများကို ပြုပြင်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မပြုတ်ကျတော့ကြောင်း အတည်ပြုပြီးနောက် သူ့ရဲလွတ်နေတဲ့ လက်တစ်ဖက်ဖြင့် ကျီရှောင်အုံး၏ခါးလေးကို ကိုင်ထားလိုက်ပြီး သူမအား ဖွဖွလေး ချပေးလိုက်ခဲ့သည်။ သူမအား သူနဲ့မျက်နှာချင်းဆိုင်အောင် တစ်ပတ်ပြန်လှည့်လိုက်ပြီး မျက်ခုံးပင့်ကာ "ဒါတွေက ဘာတွေလဲ"


ကျီရှောင်အုံး သူမ၏ပါးပြင်ကို ထိလိုက်ကာ လေးလေးနက်နက် ပြောလိုက်တယ်။ "မီးပန်းတွေ ဗြောက်အိုးတွေ" 


သူမ ရမ်အား ဘာကိုမှ ဖုံးကွယ်ထားဖို့ မရည်ရွယ်ထားတာကြောင့် "ဖောက်ခွဲရေးပစ္စည်းတွေလုပ်ဖို့ ငါ ဒါတွေကို သုံးချင်လို့။ ဒါတွေက သယ်ရ အရမ်းလွယ်ပြီး အစွမ်းလည်းထက်တယ်။ လုပ်ပြီးသွားတာနဲ့ အချိန်မရွေးသုံးလို့ရတယ်..."


စကားတစ်ဝက်ရောက် တော့ ရမ် က နားမလည်တာကို သူမ သဘောပေါက်ပြီး ရပ်လိုက်ကာ အကျဉ်းချုံးပဲပြောလိုက်တော့တယ်။ "ဘာပဲဖြစ်ဖြစ် ဒါတွေက အရမ်းအစွမ်းထက်တယ်" 


ကျီရှောင်အုံး၏ ပစ္စည်းတွေအားလုံးက အလွန်ထူးဆန်း၏။ ရမ် က ဒါတွေအား ထူးထူးခြားခြားဖြစ်တယ်လို့ သူ မထင်ထားတာကြောင့် သူ့အကြည့်မျဉ်းကို သူမ နောက်ဘက်ဆီ ပြောင်းလိုက်ပြီး "ဒါတွေကို မင်း ဘယ်လိုလုပ်မှာလဲ"


ကျီရှောင်အုံး က သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး အနည်းငယ်လေး ရှက်ရွံ့စွာနဲ့ ပြောလိုက်တယ်။ "အဲဒါကို ငါ သေချာမသိသေးဘူး ဒါပေမယ့် ငါ သိတာနဲ့ နင့်ကို ပြောပြပါ့မယ်" 


ရမ်- "ကိုယ် မင်းကို ကူညီပေးနိုင်တာ တစ်ခုခုရှိလား။"


"မရှိဘူး" ကျီရှောင်အုံး က ခေါင်းခါလိုက်ပြီး "ပါဝင်ပစ္စည်းတွေက တော်တော်လေး ရှုပ်ထွေးတယ်၊ အဲဒါကို ငါ သေချာအောင် အတည်မပြုရသေးဘူး။ အရင်တုန်းက တစ်ခါ နှစ်ခါလောက် အဖေ ပြောတာကို နည်းနည်း နားထောင်ဖူးထားတာ..."


ကျီရှောင်အုံး၏မိဘတွေက တက္ကသိုလ် ပါမောက္ခများဖြစ်ကြကာ ဥာဏ်ရည်မြင့်မားသူများဖြစ်သည်။ တစ်ချိန်တုန်းက ဓာတုဗေဒဆိုင်ရာ သုတေသနမှာ ပါဝင်ခဲ့ဖူးပြီး အခြားတစ်ဖက်ကလည်း ရှေးဟောင်းသုတေသနပညာရှင် တစ်ဦးဖြစ်ခဲ့သည်။


သူတို့နှစ်ဦးလုံးက စိတ်သဘောထား ပွင့်ပွင့်လင်းလင်းရှိကြကာ ရှေးရိုးဆန်ပေမဲ့ အမည်းစက်မရှိကြပေ။ အိမ်မှာဆို သူတို့တွေ ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးတဲ့အခါမှာ ကျီရှောင်အုံး အနားတွင်ရှိစေကာမူ တစ်ခါမှ တမင်တကာ မရှောင်လွှဲကြပေ၊ အချိန်ကြာလာသည်နှင့်အမျှ သူမ သူတို့ထံမှ တော်တော်များများသင်ယူခဲ့ရတာပင်။


ကောင်မလေး၏မျက်လုံးတွေက မှုန်ဝါးသွားပေမဲ့ ဖြစ်ပျက်နေသည့်အရာဆီသို့ ပြန်လှည့်သွားကြသည်။ ရမ် က သူမအတွေးတွေကို ဖြတ်တောက်လိုက်ပြီး "ဒါတွေက ဘယ်လောက် အစွမ်းထက်လဲ"


ကျီရှောင်အုံး က သူမမျက်လုံးကို ပင့်လိုက်ပြီး မျက်တောင်ခတ်လိုက်တယ်။ သူမ တအောင့်လောက် တွေးဆလိုက်ပေမယ့် သူ့ကို ဘယ်လိုရှင်းပြရမလဲ မသိပေ။ သူမ ပြောသာပြောလိုက်ရတယ်။ "ဒီနေ့ညနေမှ ငါ နင့်ကို ပြောပြမယ်" 


ထိုညနေခင်းတွင်တော့ ကျီရှောင်အုံး ရမ်အား တောင်အနောက်ဘက်သို့ ခေါ်ဆောင်သွားကာ မြင့်မားပြီး အတော်အတန် ပြန့်ပြူးတဲ့နေရာတစ်ခုကို ရှာလိုက်ခဲ့တယ်။


သူမ နေလှန်းထားသော မီးရှူးမီးပန်းတွေကို ယူ၍ ဆလင်ဒါအလုံး လေးလုံး သို့မဟုတ် ငါးလုံးလောက်အား တန်းစီ၍ သူမတို့ရှေ့ရှိ မြေပြန့်ပေါ်တွင် ချထားလိုက်တယ်။


အဲဒီနောက် သူမပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရှုလိုက်တယ်။ ဒီနေရာက သားရဲလူတွေက ပုံမှန်အချိန်ဇယားအတိုင်း လိုက်နာကြတာပင်။ မှောင်လာတဲ့အချိန် သူတို့အိပ်ရာဝင်ကြပြီး၊ ထိုအချိန်တွင်မှ သူမနှင့် ရမ် တို့ အပြင်ထွက်သွားလိုက်ကြတယ်။ ဒါကြောင့်မို့ ရှာဖွေတွေ့ရှိသွားမှာကို စိုးရိမ်စရာ မလိုတော့ပေ။


ကျီရှောင်အုံး သူမနေရာလွတ်ထဲမှ မီးခြစ်ကို ယူလိုက်ပြီး "ကလစ်" အသံတစ်ချက် ဖြင့် အနီရောင် မီးတောက်များ ထွန်းတောက်စေခဲ့တယ်။


သူမ မီးရှူးမီးပန်းကို သူမ တို့ထိလိုက်သည်နှင့် မီးက စတင် လောင်ကျွမ်းတော့တယ်။


ကျီရှောင်အုံး ကမန်းကတန်း ထရပ်လိုက်ပြီး ရမ် လက်မောင်းအား နောက်ပြန်ဆွဲလိုက်ပြီး ထူထပ်တဲ့ပရုတ်ပင်အောက်တွင် ပုန်းအောင်းလိုက်ခဲ့တယ်။


တစ်ချိန်တည်းမှာပဲ အရှေ့က မီးရှူးမီးပန်းတွေက ပေါက်ကွဲသွားလိုက်ပြီး ကောင်းကင်သို့ တောက်ပ အရောင်စုံအလင်းတန်းများဖြင့် ထိုးတက်သွားလိုက်တော့တယ်။


ခဏအကြာတွင် မီးရှူးမီးပန်းများ တစ်ခုပြီး တစ်ခု ဆက်တိုက် စတင် ပွင့်လန်းလာတော့တယ်။


"ဒုန်း ဒုန်း ဒုန်း" အသံက အဆုံးမရှိထွက်ပေါ်လာလို့နေ၏။


မီးရှူးမီးပန်းတွေက အမှောင်ထုမှ လွတ်မြောက်လာပြီး စိတ်လှုပ်ရှားဖွယ်ရာ ရေဖျန်းခြင်းမင်္ဂလာတစ်ခုကဲ့သို့ တောက်ပပြီး မျက်စိအာရုံကို ဖမ်းစားနိုင်ခဲ့သည်။


. . .


မီးရှူးမီးပန်းများအောက်တွင် မိန်းကလေးငယ်၏မျက်လုံးတွေက တောက်ပနေပြီး သူမ၏ပါးပြင်ပေါ်မှ အရောင်သွေးစုံစွာ ရောင်ပြန်ဟပ်နေပြီး သူမ၏မျက်နှာပုံစံအတိုင်း ကောက်ကြောင်း လိုက်လို့နေတယ်။ သူမ၏ မျက်လုံးလေးတွေက လေထုထဲတွင် မီးရှူးမီးပန်းများကဲ့သို့ တောက်ပနေခဲ့လေတယ်။


ကျီရှောင်အုံး ကောင်းကင်ပေါ်က မြင်ကွင်းကို စွဲစွဲမြဲမြဲ စွဲလန်းနေပြီး သူမမိသားစုနှင့်အတူတူရှိခဲ့တဲ့ ပြီးခဲ့တဲ့နှစ်သစ်ကူးကို သတိရ‌နေခဲ့ပါတယ်။ ရမ် ဘယ်နေရာကို ကြည့်နေလဲဆိုတာတော့ သူမ အာရုံမထားမိလိုက်ပေ။


အချိန်အတော်အတန်ကြာပြီးနောက် မီးရှူးမီးပန်းအားလုံးကို လွှတ်လို့ပြီးသွားခဲ့ပြီးမှ ကျီရှောင်အုံး သတိပြန်လည်လာကာ ရမ်ဘက်သို့ လှည့်ကြည့်လိုက်တယ်။ "ဒါက မီးရှူးမီးပန်းတွေပဲ။ ငါတို့တွေ ပျော်ပွဲရွှင်ပွဲတွေမှာ ဒါမှမဟုတ် ငါတို့ ပျော်နေတဲ့အခါမျိုးတွေမှာ သုံးလေ့ရှိတယ်။ ဒီမှာ ပျော်စရာအကြာင်းတစ်ခုခု ရှိဦးမလား"


"ရှိတယ်" ရမ် က သူမကိုကြည့်ကာ ပြောလိုက်တယ်။


"ဘာလဲဟင်"


"ကိုယ့်အမျိုးသမီးက ကိုယ့်ကို အပြင်ထွက်ဖို့ သူ့သာသာသူ ဖိတ်ခေါ်လာလို့လေ။"


ကျီရှောင်အုံးရဲ့ မျက်နှာက ထူပူသွားခဲ့တော့တယ် "......" 'သူမက မီးရှူးမီးပန်းတွေဘာလဲဆိုတာ သူ့ကို မြင်ဖူးစေချင်လို့ဆိုတာ သိသာနေတာပဲလေ။ ဒါက ဒိတ်လုပ်တာမှ မဟုတ်တာ။ ဒါက ဘာများပျော်စရာကောင်းနေလို့လဲ....'


ကောင်မလေးရဲ့ပါးပြင်တွေက နီမြန်းနေပြီး ညအချိန်တောင်မှ သူမရဲ့ရှက်ကိုးရှက်ကန်းဖြစ်နေမှုက အလွယ်တကူ သစ္စာဖောက်နေလေ၏။


ရမ်၏ ပါးစပ်ထောင့်စွန်းက အပေါ်သို့ တွန့်ကွေးသွားကာ အသံကို ထိန်းထား၍ ခပ်ဖွဖွ ရယ်မောလိုက်ပြီး "ဒါက မင်းပြောတဲ့ 'အရမ်း အစွမ်းထက်တယ်'ဆိုတာလား"


'ဟုတ်ပါပြီလေ သူတို့ လျှော့တွက်ထားတာကို ကျီရှောင်အုံး သိသားပဲ'


မီးရှူးမီးပန်းတွေက ဖောက်ခွဲရေးပစ္စည်းတွေနဲ့ နှိုင်းယှဉ်လို့မရဘူး။ မီးပန်းတွေက အစတည်းက အလှဆင်ဖို့သက်သက်လုပ်ထားပြီးတော့ မျက်စိစူးစရာ မီးပန်းပွားတွေပွင့်တာကလွဲလို့ အရမ်းရိုးစင်းတာပဲမလား။ ဒါကို စိတ်မဝင်စားတဲ့အတွက် ရမ့်ကို သူမ အပြစ်တင်လို့မရပါဘူးလေ။


ကျီရှောင်အုံး သူမ ပါးစပ်က ပြန့်ပြူးသွားလိုက်ကာ သူနဲ့ ငြင်းခုံမနေတော့ဘဲ "အဲဒါကို ငါ လုပ်ပြီးသွားရင် နင် တွေ့ပါလိမ့်မယ်"


******


မကြာမီ ရက်အနည်းငယ်အတွင်း ကျီရှောင်အုံးတစ်ယောက် ဖောက်ခွဲရေးပစ္စည်းတွေ ထုတ်လုပ်ဖို့ အချိန်အားရော လူအားရော စိတ်နှစ်ပြီး လေ့လာနေခဲ့ပါတယ်။


အဲဒီလိုလုပ်ဖို့အတွက် သူမရဲ့ "သုတေသနကိရိယာတွေ" နှင့် ပစ္စည်းတွေဖြစ်တဲ့ ဝါဂွမ်း မီးသွေး၊ ဗြောက်အိုးနဲ့ အခြားအရာများ ပစ္စည်းမျိုးစုံအပုံလိုက်အား မီးဖိုချောင် အနောက်ဘက်တွင် အခန်းငယ်တစ်ခုဆောက်ပေးဖို့ သူမ ရမ့်ကို အထူးတလည် တောင်းဆိုလိုက်ခဲ့ပါတယ်။


ဝင်းတား ပြန်ရောက်လာပြီးတော့ ပက် သေဆုံးသွားကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်မှာ ငါးရက် ရှိပြီဖြစ်၏။


ကျီရှောင်အုံး တစ်ယောက် ရင်နာနေရသေးပြီး မကျေမနပ်ဖြစ်နေသေးပေမဲ့ ဒီအဖြစ်မှန်ကို သူမလည်း လက်ခံဖို့လိုခဲ့တယ်။


သူမ မူလကတော့ မျှော်လင့်ချက်အား ကိုင်စွဲနေဆဲဖြစ်ပြီး သူမ၏နေရာလွတ်နှင့် ဘတ်စ်ကားက ချိတ်ဆက်ထားကတည်းက နေရာလွတ်ကိုဖြတ်ပြီးတော့ သူမကမ္ဘာကို သူမ ပြန်လို့ရမနိုင်ပေဘူးလား။


သူမ၏နေရာလွတ်က အဆုံးမရှိပေ။ အစပြုရာ သို့မဟုတ် ထွက်လမ်းမရှိဖြစ်နေပြီး အကြိမ်ပေါင်း ဘယ်လောက်ကြိုးစားကြိုးစားပါစေ သူမ ဘာရလဒ်မှ ရမလာခဲ့ပေ။


အခုလို အချိန်အတော်အတန်ကြာတော့ သူမရဲ့အချက်အချာကျတဲ့တိုင်လုံးက ဖယ်ရှားခံလိုက်ရပြီး အိမ်ပြန်ဖို့ သူမရဲ့မျှော်လင့်ချက်က အစိတ်စိတ်ကွဲကြေသွားတော့တယ်။ သူမကိုယ်သူမ အာရုံပြောင်းအောင် တစ်ခုခု မလုပ်ဘူးဆိုရင်တော့ သူမ သူမကိုယ်တိုင်ကို ဖမ်းထားနိုင်မှာ မဟုတ်တော့ဘူးပဲ။


ပြီးတော့လည်း သူမ၏ လက်ရှိ စွမ်းဆောင်ရည်အရ သူမကိုယ်ပိုင် လုံခြုံရေးအတွက် အာမခံချက် မရှိသေးပေ။


သူမသာ ဒီနေရာမှာပဲ နေနိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ နည်းလမ်းရှိရပေမည်။


လောလောဆယ်တွင်တော့ သူမ ဒီသိုင်းအက်သာ( Diethyl ether)* ကို ပေါင်းထည့်ဖို့ ဝါးပိုက်နဲ့ သုံးဖို့ လုပ်လိုက်ခဲ့သည်။ ထိုအရာက သူမလက်ထဲက မီးခြစ်ဆံတွေပေါ် ပြုတ်ကျသွားလိုက်ပြီး သူမရှေ့မှာ မီးခိုးတိမ်တိုက်တစ်ခုကို သူမ တွေ့လိုက်ရတယ်။ ကျီရှောင်အုံး လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး တချိုးတည်း အိမ်ထဲမှ ပြေးထွက်သွားလိုက်တော့တယ်။


တံခါးဝတွင် မတ်တပ်ရပ်နေရင်း အတွင်းထဲက ခပ်အုပ်အုပ် ပေါက်ကွဲသံတစ်ခုကို သူမ ကြားလိုက်ရပြီး ချက်ချင်းဆိုသလို မီးခိုးလုံးတွေ လိပ်တက်လာပြီး ပြတင်းနဲ့ တံခါးတွေကနေ လျှံထွက်လာခဲ့တော့တယ်။


ကျီရှောင်အုံး ရှုပ်ပွနေတဲ့ အခန်းကို ကြည့်ပြီး ကူရာမဲ့စွာ မတ်တပ်ရပ်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့တယ်။


'အား.. . .'


'သွားပါပြီ..'


'သူမ ရမ့်အိမ်ကို မတော်တဆ ဖောက်ခွဲလိုက်မိပြီပဲ။'


'ဘယ်လိုလုပ်မလဲ။ ရမ် ဒေါသထွက်သွားမလားပဲ။'


'အား... မဟုတ်သေးပါဘူး။ အထဲမှာ ကုန်ကြမ်းပစ္စည်းတွေ အများကြီးရှိသေးတယ်။ သူတို့ အားလုံး ပေါက်ကွဲသွားပြီလား။'


ကျီရှောင်အုံး ပြန်ဝင်မလို့လုပ်ခါနီးတွင် ပေါက်ကွဲသံကြောင့် လန့်နိုးလာသော ရမ်က သူ့လက်မောင်းနဲ့ သူမကို ပတ်ဝိုင်းလိုက်ပြီးတော့ သူမသေသွားမှာကနေ အောင်မြင်စွာကာကွယ်လိုက်နိုင်ခဲ့တယ်။ အိပ်ရာက အခုမှနိုးလာရုံဖြစ်တော့ အက်ရှရှဖြစ်နေတဲ့ သူ့အသံနဲ့ မေးလိုက်၏ "မင်း ဘာတွေ လုပ်နေတာလဲ"


ကျီရှောင်အုံး သူမပုခုံးတွေထဲ ကျုံ့ဝင်သွားလိုက်ပြီး "ငါ ပစ္စည်းတွေ အပြင်ထုတ်ချင်လို့........ "


******


ရမ် က သူမကို ဘေးကင်းသောနေရာတွင် နေရာချလိုက်ပြီး မော့ကြည့်လိုက်တယ်။ မီးခိုးငွေ့တွေဖုံးနေတဲ့ တဲကိုမြင်တော့ သူ ပြောလိုက်တယ်။ " အထဲမှာ မီးလောင်နေတာ မင်းမမြင်ဘူးလား"


ကျီရှောင်အုံး သူမခေါင်းကို ငုံ့ပြီး "မြင်တယ်လေ"


'မီးလောင်နေတာကို မြင်လိုက်ရလို့လဲ သူမ ပြန်ဝင်ချင်နေတာပဲလေ..... . သူမ ပစ္စည်းတွေအားလုံးက အထဲမှာရှိနေတာ။ ဝါဂွမ်းတွေ မီးသွေးက ဘယ်နေရာမဆို ရှိနိုင်ပြီးတော့ ဗြောက်အိုးတွေက သူမနေရာလွတ်ထဲမှာ ရှိပေမဲ့ အီသာ( ether) နှင့် ဆာလဖာ(sulfur ) တွေကတော့ သူမ အလွယ်တကူ မသန့်စင်နိုင်သော ပစ္စည်းတွေပဲ....'


ကံကောင်းတာက ကျီရှောင်အုံး သန့်စင်ထားသော ပမာဏမှာ မသန့်ရှင်းသလို မီးကလည်း မကြီးမားပေလို့ပင်။ ခဏလောက်ကြာတော့ ရမ် ရေလောင်း၍ မီးငြှိမ်းသတ်လိုက်နိုင်တယ်။


ကျီရှောင်အုံး အိုးတစ်လုံးယူလာကာ နောက်ဆုံးမီးတောက်များကို မီးငြိမ်းသတ်လိုက်ပြီး ပြာတွေဖုံးနေတဲ့ သူမမျက်နှာနဲ့ ရမ့်ကို လှည့်ကြည့်လိုက်ကာ "ငါ တောင်းပန်ပါတယ်"


ရမ် ရေပုံးကို ဘေးသို့ ပစ်ချလိုက်ပြီး ကျီရှောင်အုံးကို မသင်္ကာသလိုနဲ့ ကြည့်လိုက်ကာ "ဟမ်"


"ငါ နင့် အိမ်ကို မီးရှို့လိုက်မိတယ်"


ရမ် ခဏရပ်လိုက်ပေမဲ့ သူ့မျက်နှာ၏ အရောင်က မပြောင်းလဲဘဲ "ဒါက မင်းအတွက် ဆောက်ထားတဲ့ အိမ်ပဲ၊ မင်းရှို့ချင်သလောက် ကြိုက်သလောက် မီးရှို့လို့ရတယ်"


"... "


ရမ် ရဲ့ ဒီစာသားက အရမ်းအရှိုက်ကို ထိသွားတာလား ဒါမှမဟုတ် ကျီရှောင်အုံး သူမကပဲ သူ့ကို ခုခံဖို့ အားပျော့သထက် အားပျော့လာတာလားတော့ သူမ မသိပေ။ ဘယ်လိုပဲဆိုဆို ဒီစကားကိုကြားပြီးနောက် ကျီရှောင်အုံး ရဲ့မျက်နှာက ရုတ်ခြည်းပင် နီမြန်းလို့လာခဲ့တယ်။


"ဒါပေမယ့်..." ရမ် က သူမဆီသို့ လျှောက်လာပြီး သူ့လက်ကို ဆန့်ကာ သူမမျက်နှာမှ ပြာမှုန်တွေကို သူ့လက်သည်းနဲ့ သုတ်ဖယ်ပေးလိုက်တယ်။ သူ သူ့ကိုယ်ကိုကိုင်းလိုက်ပြီး သူ့ လျှာကိုဆန့်ထုတ်ကာ သူမနှုတ်ခမ်းသားတွေကို လျက်လိုက်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်တယ်။ "နောက်တစ်ခါ ငါတို့အိမ်လို့ ပြောဖို့မမေ့နဲ့ အဲဒါဆို ကိုယ် စိတ်ဆိုးမှာ မဟုတ်ဘူး"


ကျီရှောင်အုံး မျက်နှာက ပွက်ပွက်ဆူလာလိုက်ပြီး အပူက သူမနားရွက်နောက်ထိ ပျံ့နှံ့သွားကာ သူမ နောက်ပြန်ဆုတ်ကာ ရေရွတ်လိုက်တယ် "ငါ မပြောဘူး . . .


"မင်းက ပြန်သိမ်းချင်လို့လား" ရမ် သူမ စကားကို တိုက်ရိုက် ကြားဖြတ်လိုက်ပြီး အငမ်းမရဖြစ်စွာနဲ့ သူမနှုတ်ခမ်းသားလေးကို ကိုက်ခဲလိုက်ခဲ့ကာ "မင်းတို့ လူသားတွေ မရိုးသားနိုင်ကြဘူးလား။ မင်း နေဖို့ ကတိပေးထားပြီးပြီပဲ မင်းက ကိုယ်နဲ့ အတူမနေချင်လို့ ဘယ်သူနဲ့ နေချင်လို့လဲ"


ကျီရှောင်အုံး ဘာမှ မပြောနိုင်လောက်အောင် ဒေါသတွေ အလွန်ဆို့နင့်သွားလိုက်တယ် . .


ကံမကောင်းစွာပဲ ဒီနေရာက ရမ့်မှာ နောင်တဆိုတာ မရှိပေ။


ရမ် သူမနောက်ကျောကို သူ့လက်သည်းတွေနဲ့ ဆုပ်ကိုင်ထားလိုက်ပြီး သူမသွားတွေကို သူ့လျှာဖြင့် ထိုးဖွင့်လိုက်တယ်။ ဖောက်ထွင်းဝင်ရောက်လိုက်ပြီး သူမလေးပြောမဲ့ စကားလုံးအားလုံးကို သူ ပိတ်ဆို့လိုက်တော့တယ်။


End Chapter