Chapter 72
နန့်ယင်းမှသူငယ်ချင်းဟောင်း
လက်ရွေးစင်ဓားပြအားလုံး မနေ့ညကဧရာမမျက်စိကြီး၏လက်ထဲမှာအသတ်ခံလိုက်ရပြီဖြစ်တာကြောင့် ယခုထိုအထဲ၌ ဘာအန္တရာယ်မျှမရှိချေ။ တိုက်ခိုက်ရေးစွမ်းရည်အနည်းငယ်သာရှိသည့်အသက်ကြီးတဲ့သူနှင့် ဖျားနာတဲ့သူများသာကျန်ရစ်ခဲ့သည်။ ကုရွှမ်းတုက ပြောစရာမလိုဘဲ နားလည်ကာ ယင်းလူတစ်စုအားလွယ်လွယ်ကူကူပင်ရှင်းပစ်လိုက်သည်။ တခြားဘာအစီီအစဉ်မှမဆွဲရသေးခင်အထိ၊ ဖူဟွားနှင့်ယွီရွေ့ပြန်ကောင်းလာတဲ့အထိ ဤနေရာမှာ နေရန်ရည်ရွယ်လျက်လင်းရုဖေးက အခန်းတချို့အားရှင်းလင်းလိုက်သည်။
နှစ်ယောက်စလုံးကသူတို့သခင်လေးကိုမကူညီနိုင်သည့်အပြင်ပြသာနာပိုစေသည့်အတွက်အပြစ်ရှိသလိုခံစားနေရသည်။
လင်းရုဖေးက သူမတို့နှစ်ယောက်အား နှစ်သိမ့်ပေးလိုက်သည်။ စကားအများကြီးပြောပြီးနောက် နှစ်ယောက်စလုံးက သူမတို့ရင်ထဲကအနှောင်အဖွဲ့ကိုလက်လွှတ်နိုင်သွားသည်။ သူ့အစ်ကိုတွေနှင့် အစ်မထံ သူမတို့အန္တာရာယ်ကင်းရှင်းကြောင်းစာပို့ရန်အချိန်ပေးလိုက်သည်။ ကျန်းဟူ၏အကြီးအမားဆုံးဆွဲဆောင်မှုက နောက်ဘာဆက်ဖြစ်မယ်ဆိုတာကို မင်း မခန့်မှန်းနိုင်တာဖြစ်သည်။ အားလုံးက စာအုပ်ကြီးအတိုင်းသာဆိုလျှင် သူကခွန်လွန်းတောင်ပေါ်မှာသာနေပြီး နေ့တိုင်းဆန့်ကိတ်ပဲမုန့်စားနေမှာပင်။
ရှီးလျန်တောင်မှာ နဂိုကတည်းကရက်စက်ကြမ်းတမ်းသည့် နေရာတစ်ခုပင်၊ ရက်အနည်းငယ်ကြာပြီးသည့်နောက်အလောင်းများအားလုံး လုံး၀ပျောက်ကွယ်သွားသည်။
ကျောက်တိုင်စိုက်ထားသည့်အုတ်ဂူအရှေ့တွင် မြွေအနက်ကိုင်ထားသည့်မှော်ဆရာက သူ့ရဲ့ခြေလှမ်းတွေကို ယင်းအရှေ့မှာရပ်တန့်လိုက်သည်။
ခေါင်းမှာအဖြူရောင်ပုဝါပတ်ထားသည့်မှော်ဆရာက မည်းနက်နေတဲ့မျက်လုံးတစ်စုံကိုသာဖော်ထားလေသည်။ သူက ဆောင်ကြောင့်ထိုင်ချလိုက်ပြီးနောက် သေချာကြည့်ကြည့်သည့်အခါ ကမ္ဗည်းကျောက်စာတိုင်က စကားလုံးတွေကိုသတိပြုမိသွားသည်။
'မော့ချန်းရှန်း၊ မော့ကျောက်ချိုင် ရင်းနှီးနေတဲ့နာမည်တွေပဲ'
သူ့ရဲ့မျက်လုံးထဲတွင် အပြုံးတခုပေါ်လာသည်။ သူက လက်ကိုမြှောက်ကာဝှေ့ယမ်းလိုက်သည့်အခါ သူ့အရှေ့ကမြေကြီးတွေအားလုံးမှာနေရာအနှံနှံကိုလွင့်သွားပြီး မြှပ်ထားသည့် သစ်သားသေတ္တာနှင့်ခွေးအလောင်းတစ်ခု ပေါ်လာ၏။
မှော်ဆရာက သစ်သားသေတ္တာကိုလှမ်းယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည့်အခါ အထဲတွင်သေသေချာချာ ထိန်းသိမ်းထားသည့်ဦးခေါင်းကိုတွေ့လိုက်ရသည်။
ယင်းက တကယ့်ကိုလှပသည့်ဦးခေါင်းတစ်ခုပင်၊ သေဆုံးသွားသည်မှာ နှစ်တွေအများကြီးရှိနေပြီဆိုပေမယ့် အသက်ရှိနေသည့်လူ၏ ဦးခေါင်းနှင့်ကွဲပြားခြင်းမရှိပေ။ ထိန်းသိမ်းထားသည့်သူက တော်တော်လေးကိုအားထုတ်ထားပုံရသည်။ မှော်ဆရာရုတ်တရတ်ပြုံးလိုက်ကာ သူလက်ထဲကမြွေနက်အားလွှတ်လိုက်သည်။
မြွေနက်ကရှူးရှူးရှဲရှဲအသံပေးလျက်ခေါင်းထက်သို့ တဖြည်းဖြည်းချင်းတွားသွားလိုက်သည်။ ပါးနားတဝိုက်ကိုအကြိမ်အနည်းငယ်လှည့်ပတ်လိုက်ပြီးနောက် မှော်ဆရာရဲ့လက်ပေါ်ကိုပြန်တတ်လာသည်။ နဖူးပေါ်တွင် အနက်ရောင်စက်ဝိုင်းပုံစံတစ်ခုပေါ်လာပြီးလက်ခနဲတစ်ချက်ဖြစ်သွားပြီးနောက် ချက်ချင်းပျောက်သွားလေသည်။
"မော့မိသားစုရဲ့သား မော့ချန်းရှန်း...ဓားတစ်ချောင်းထဲနဲ့ ရေလှိုင်းထောင်ပေါင်းများစွာကိုခုတ်ပိုင်းနိုင်တယ်"
မှော်ဆရာရဲ့အသံကအနည်းငယ်ထူးဆန်းနေပြီး ယောက်ျားအသံလား၊ မိန်းမအသံလားဆိုတာခွဲမရသည့်အပြင် အသက်အရွယ်ကိုလည်းမသိနိုင်ချေ။ သူကစူးရှတဲ့အသံနှင့်ရီလိုက်ပြီးနောက် သူရဲ့လက်က မော့ချန်းရှန်၏ခေါင်းအလယ်တည့်တည့်ကိုထိလိုက်သည်။
ခဏနေတော့ သေသွားတာဆယ်နှစ်ရှိနေပြီဖြစ်သည့် မော့ချန်းရှန်းရဲ့မျက်လုံးတွေကအမှန်တကယ်ပွင့်လာသည်။ ယင်းမျက်လုံးတွေက တိတ်တိတ်လေးစိုက်ကြည့်နေပြီး မှုံမှိုင်းကာအသက်မပါပေ။
မှော်ဆရာက သံစဉ်တစ်ခုညည်းလိုက်ပြီးနောက် ခေါင်းအားသူ့လက်ထဲ ပျော်ရွင်စွာကိုင်သွားပြီး တူးဆွခံထားရသည့် အုတ်ဂူကိုအနောက်မှာချန်ရစ်ခဲ့ကာလှည့်ထွက်သွားတော့သည်။ ယင်းက အုတ်ဂူထဲက သေနေသည့်ခွေးကို သေသည်အထိမျက်လုံးသေချာမမှိတ်နိုင်အောင် လုပ်သွားသလိုပင်။
ထိုအချိန်တွင် လင်းရုဖေးက တဲထဲရှိမီးပုံရှေ့မှာထိုင်နေလေသည်။ သူအရှေ့မှာ ချက်ပြုတ်သည့်သံအိုးတစ်လုံးရှိနေပြီး သူက သူ့လက်ထဲကပါ၀င်ပစ္စည်းတွေကိုကြည့်လိုက်ပြီးနောက် "ကျွန်တော် ဟင်းသီးဟင်းရွက်ကိုအရင်ထည့်ရမလား ဒါမှမဟုတ်အသားကိုအရင်ထည့်ရမလား"
ကုရွမ်းတုက ရွှမ်းကျန်းဖြင့် မြေပဲကြီးတစ်ခုအားခွာနေပြီးလင်းရုဖေးမေးတာကြားသည့်အခါ လှည့်မကြည့်ဘဲဖြေလိုက်သည်။
"အကုန်အတူတူ ထည့်လိုက်"
လင်းရုဖေးက'အိုး'ဟုအသံထွက်လိုက်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ သူ့လက်ထဲက ပါ၀င်ပစ္စည်းအားလုံးကိုထည့်လိုက်သည်။
ကုရွမ်းတုက ရုတ်တရတ်မျက်မှောင်ကြတ်ကာ ကျိန်ဆဲလေသည်။
"ဘယ်လိုသောက်အနှောက်အယှက်တွေလဲ"
လင်းရုဖေး : "ဟမ်"
ကုရွှမ်းတုကတောက်တစ်ချက်ခေါက်လိုက်တာ "တောင်ပေါ်ကမျက်လုံးမပါတဲ့ တောခွေးတစ်ကောင်အကြောင်းကို ကိုယ်ပြောနေတာပါ သူကရာရာစစ အရာအားလုံးကိုလှန်လှော်ရှာဖွေရဲလို့လေ"
လင်းရုဖေးက ယင်းစကားကို နားမလည်နိုင်ပေ။
_ __ _
ဖူဟွားနှင့်ယွီရွေ့တို့ရဲ့မျက်လုံးတွေက မသက်သာသေးတာကြောင့် ထမင်းဟင်းချက်ပြုတ်ရန်တာ၀န်မှာ လင်းရုဖေး၏ခေါင်းပေါ်သို့ရောက်လာသည်။ သူကနှစ်နှစ်ဆယ်လုံးလုံးအလိုလိုက်ခံခဲ့ရတာဖြစ်တာကြောင့် လောလောဆယ်သူ့အရှေ့က အိုးတွေ၊ ဒယ်အိုးတွေ၊ ပန်းကန်လုံးတွေစိုက်သာကြည့်နေမိသည်။ နှစ်ပေါင်းရာချီအသက်ရှိနေပြီဖြစ်သည့် အကြီးအကဲ ကုရွမ်းတုကလည်း သူ့ထက်မသာပေမယ့် လင်းရုဖေးကိုပင်ကူညီပေးလိုက်သေးသည်။နောက်ဆုံးမှာ နှစ်ယောက်ပေါင်းချက်ပြုတ်ပြီးနောက် လုံး၀ကိုစားမရသည့်ဟင်းတစ်ခွက်ကိုအောင်မြင်စွာပြုလုပ်နိုင်သွား၏။
လင်းရုဖေးက ပထမဆုံးအနေနှင့်ကြက်စွပ်ပြုတ်ကို ဆိုးဆိုးရွားရွားဖြစ်အောင်ပြုတ်လို့ရကြောင်းသိလိုက်ရသည်။
"ဒီကြက်ကိုဘယ်လိုပြုတ်ရမှာလဲ"
လင်းရုဖေးက သူအရှေ့မှာ ဆူပွက်နေတဲ့သံအိုးကိုစိုးရိမ်တကြီးကြည့်လိုက်သည်။ တခြားလူတွေရဲ့ကြက်စွတ်ပြုတ်က မွှေးပေမယ့် သူ့စွပ်ပြုတ်ရဲ့ရလဒ်ကမူထူးဆန်းလွန်းလှသည်။ ပါးစပ်ထဲထည့်ဖို့နေနေသာသာ အနံခံရုံဖြင့်ပင် လူကိုဗိုက်မကောင်းဖြစ်စေ၏။
"အဲ့ဒါက ကြက်အမျိုးအစားမတူလို့နေမယ်"
ကုရွမ်းတုက တည်ငြိမ်ဟန်ဆောင်ကာ လေးနက်သည့်မျက်နှာဖြင့်ခွဲခြမ်းစိတ်ဖြာလိုက်သည်။
"ကိုယ်ထင်တာ ဒီကြက်က ဓားပြတွေရဲ့အသိုက်ထဲမှာမွေးမြူထားလို့ ဓားပြစိတ်ဓာတ်တွေနဲ့စွန်းထင်းနေလို့ဖြစ်မယ်"
လင်းရုဖေးက ကုရွမ်းတု၏အဓိပ္ပာယ်မရှိသည့် စကားတွေကိုနားထောင်ပြီးနောက် ပြူးကျယ်နေသော မျက်လုံးအစုံဖြင့်သာစိုက်ကြည့်နေလိုက်၏။
လင်းရုဖေးရဲ့အကြည့်ကပဲ သိသာလွန်းတာကြောင့်လားမသိ၊ ကုရွမ်းတုက ရှက်ရွံ့သွားသည့်ပုံဖြင့်အသာရယ်ကာ "ကိုယ်တို့တခြားဟာတစ်ခုခုစားရင်ကော ဘယ်လိုလဲ"
နောက်ဆုံးတော့လည်း သူတို့အခြားတစ်ခုခုသာစားဖြစ်ခဲ့ကြသည်။ သို့ပေမဲ့လင်းရုဖေးက အတွေးယဉ်ကြောထဲနစ်မြှောလျက် ရှိပြီး ယွီရွေ့နှင့်ဖူဟွားသာကြက်စွတ်ပြုတ်ကိုသောက်သုံးလိုက်ပါက သူမတို့ရဲ့ခန္တာကိုယ် အားပြန်မပြည့်မည့်အပြင် သူ သူမတို့နှစ်ယောက်အတွက်သမားတော်ရှာရန် တောင်အောက်ကိုပါဆင်းရနိုင်ပေသည်။
အချိန်တော်တော်ကြာမှပဲ သူပြုတ်ထားသည့် ကြက်စွပ်ပြုတ်ကဘာလို့ ယခုလိုရလဒ်မျိုးထွက်လာရသလဲဆိုတာ လင်းရုဖေးသိတော့သည်။ သူကကြက်တစ်ကောင်လုံးကို သံအိုးထဲဒီအတိုင်းထည့်လိုက်ခြင်းသာ။ ကြက်ရဲ့အတွင်းကလီစာများ အပါအ၀င်ပြောရမည်ဆိုလျှင် သူက ကြက်ချေးတွေကော၊ တခြားဟာတွေကောဖြင့် ကြက်သားကိုပြုတ်လိုက်တာကြောင့် ကြောက်မက်ဖွယ်ရာလက်ရာကိုထွက်လာစေခြင်းပင်။
ဟင်းချက်တာ ကျရုံးသွားသည့် လူနှစ်ယောက်က သူတို့ဆီမှာရှိတာလေးဖြင့်သာ ကြည့်ကြပ်လုပ်လိုက်ရလေသည်။ သူတို့အစာခြောက်ကြီးပဲစားနေရတာဆယ်ရက်ခန့်ရှိနေပြီဖြစ်သည်။ အစေခံနှစ်ယောက်ရဲ့မျက်လုံးတွေပြန်မကောင်းသေးခင်အထိ လင်းရုဖေး၏မျက်လုံးတွေကနေ အစိမ်းရောင်များထွက်လုမတတ် ယင်းတို့ကိုသာ စားနေခဲ့ရ၏။
သူတို့နှစ်ယောက်သက်သာသွားသည့်ညမှာ ဖူဟွားကတောင်ပေါ်ကတောထဲသို့သွားကာ ယုန်အချို့ကိုဖမ်းလာသည်။ လင်းရုဖေးစားဖို့အတွက် ယုန်တွေကိုကင်လိုက်သည်။ တောင်ပေါ်ကယုန်တွေက၀၀ဖြိုးဖြိုးရှိကြသည်။ အသားတွေကိုနှပ်လိုက်ကာ ဖူဟွားက ၎င်းကိုအထူးဟင်းခတ်အမွှေးအကြိုင်မှုန့်များဖြူးလိုက်ပြီးနောက် အဆီများပွက်ပွက်ဆူလာတဲ့အထိကင်လိုက်သည်။ မွှေးကြိုင်နေသည့် အသားကင်ရဲ့ရနံက လင်းရုဖေးကိုတံတွေးကိုပင်မျိုချရသည်အထိဖြစ်သွားစေသည်။ သူကအသားကိုအဲ့လောက်ကြီးမကြိုက်ပေမယ့် ရက်ပေါင်းများစွာ မာကြောသည့် အစာခြောက်တွေကိုသာ စားပြီးသည့်နောက်မှာတော့ အသားကိုအတော်လေးတောင့်တလာမိသည်။
ဖူဟွားကပြုံးလျက် ယုန်သားကိုလှီးဖြတ်ပြီး လင်းရုဖေးအားပေးလိုက်သည်။
လင်းရုဖေးက ၀မ်းသာအားရစားလိုက်ချိန်တွင် သူ့ဘေးမှာရှိနေသည့် အရမ်းကိုအားကိုးလို့မရတဲ့ အကြီးအကဲကုရွမ်းတုကနေပြီး ချဉ်ချဉ်တူးတူးအသံဖြင့်မေးလေသည်။
"အရသာရှိလား"
လင်းရုဖေး က၀မ်းသာအားရစားနေရင်းမှ ခေါင်းငြိမ့်ပြလိုက်သည်။
ကုရွမ်းတုပြောလေသည်။
"ကိုယ်လည်းစားချင်တယ်"
လင်းရုဖေးက ဖြောင့်မတ်မှန်ကန်သည့်ဟန်ဖြင့် ဆိုလိုက်သည်။
"ဒီယုန်က ဓားပြရွာမှာမွေးထားတာဆိုတော့ ဖြောင့်မတ်တဲ့ယုန်မဟုတ်မှာ ကျွန်တော်စိုးရိမ်မိတယ်"
ကုရွမ်းတု : “……”
ဒီအငြိုးအတေးကြီးတဲ့ကောင်လေးကတော့။
ဖူဟွားနှင့်ယွီရွေ့က ယင်းစကားကိုကြားသည့်အခါ သူမတို့နားမလည်နိုင်ပေ။ သူမတို့အနေနှင့်လင်းရုဖေး ဘာကြောင့် ဒီစကားကိုရုတ်တရတ်ထပြောရသလဲဆိုတာ မသိကြပေ။
လင်းရုဖေးက ဆက်ပြီးတော့ "အရသာရှိသရွေ့ ဖြောင့်မတ်လား မမတ်လားဆိုတာ အရေးမကြီးပါဘူး"
ထိုစကားကိုပြောပြီးနောက် သူကပြုံးလိုက်ကာနောက်တစ်ကိုက်ထပ်ကိုက်လိုက်သည်။
ကုရွမ်းတုက လင်းရုဖေးကိုအချိန်အတော်ကြာအောင်ကြည့်နေပြီးနောက် ဘာမှမပြောတော့ပေ။ သူက အံ့ကြိတ်ရလောက်တဲ့ထိဒေါသထွက်နေသော်လည်း ပြန်လည်ချေပရန်စကားလုံးရှာမတွေ့ချေ။ လင်းရုဖေးက ထိုသူရဲ့ရှားရှားပါးပါးအရှုံးပေးသည့်ပုံကိုတွေ့လိုက်ရသဖြင့် ထိုသူ၏ကံဆိုးခြင်းက လင်းရုဖေးအား အတော်လေး ပျော်ရွှင်၀မ်းမြောက်သွားစေ၏။
ဖူဟွားနှင့်ယွီရွေ့ပြန်လည်သက်သာလာပြီးနောက် သူတို့လေးယောက်ကလမ်းမကြီးပေါ်မှပြန်၍ခရီးဆက်ကြသည်။ သူတို့အရင်တုန်းကစီးခဲ့သည့်မြင်းတွေက ပျောက်သွားပေမယ့်လည်းကံကောင်းစွာဖြင့်ဓားပြရွာမှာမြင်းတွေအမြောက်အများရှိနေသေးတာကြောင့် သူတို့သုံးရန်လုံလောက်ပေသည်။
သို့သော် သူတို့ကိုအရမ်းဒုက္ခပေးနေသည့်ပြသာနာတစ်ခုရှိလေသည်။ ယင်းက ကျောက်ချိုင်မရှိသဖြင့် သူတို့လမ်းလုံး၀မသိကြချေ။ ရှီးလျန်တောင်ကအရမ်းကိုကြီးတာကြောင့် ဓားဖြင့်ဖြတ်သန်းရန်ပင်ဆယ်ရက်ခန့်ကြာလေသည်။ သူတို့ဦးတည်ရာမရှိဘဲ ဆက်လျှောက်နေမည်ဆိုလျှင် တောင်ကနေထွက်နိုင်ဖို့ရာ ဘယ်လောက်ကြာမလဲဆိုတာ သူတို့မသိနိုင်ပေ။
ကုရွမ်းတုက စေတနာ့၀န်ထမ်းလုပ်ပြီး သူရှီးလျန်တောင်တစ်၀ိုက်ကလမ်းတွေကိုသိတယ်ဟု ပြောတာကြောင့် လင်းရုဖေးကထိုသူ့ကိုနောက်တစ်ကြိမ်ယုံကြည်ရန်ဆုံးဖြတ်လိုက်သည်။
ဤသို့ဖြင့် သူတို့တတွေနေ့တ၀က်လောက်လမ်းလျှောက်ပြီးနောက် ထင်ထင်ရှားရှားလမ်းမကြီးကိုတွေ့လိုက်ချိန်မှပဲ လင်းရုဖေးတစ်ယောက်စိတ်ဒုံးဒုံးချနိုင်တော့၏။
အချိန်ကြာလာသည်နှင့်အမျှ ကုရွမ်းတုသည် အကြီးအကဲတစ်ယောက် သူ့ရဲ့ဩဇာအာဏာကဆုံးရှုံးလာလေလေဆိုတာသိလိုက်ရသည်။
သူအနည်းငယ်သုန်မှုန်မှုအပြည့်ဖြင့်မေးလိုက်သည်။
"ရှောင်ကျို့ မင်း ကိုယ့်ကိုဘာလို့မယုံရတာလဲ ကိုယ်ကမင်းရဲ့အကြီးအကဲလေ လာ...ကိုယ်ကြားရအောင်ခေါ်ပါအုန်း"
လင်းရုဖေးက ရှေ့တည့်တည့်ကိုသာကြည့်နေပြီး သူ့ကိုလုံး၀ဂရုမစိုက်ပေ။
ကုရွမ်းတု : "မင်း ကိုယ့်ကိုမသိချင်ယောင်ဆောင်နေတာလား"
လင်းရုးဖေးကဖြည်းညင်းစွာဖြင့် "တော်တော်ပူတာပဲ" ဟုပြောလိုက်သည်။
"သခင်လေးပူနေလို့လား...အပေါ်ထပ်အင်္ကျီချွတ်ချင်လား"
ယွီရွေ့မှာ သခင်လေးကသူမကိုပြောနေသည်ဟု ထင်သွားတာကြောင့် ပြောင်ဖူးသကြားလုံးဝါးရင်းနှင့် ဗလုံးဗထွေးပြောလိုက်သည်။
"တောင်ပေါ်မှာပိုပိုပူလာပြီးနော် ကျွန်မတို့ဘယ်လောက်ကြာကြာခရီးဆက်ရမလဲမသိဘူး"
သို့ပေမဲ့ လင်းရုဖေးက စကားပြန်မပြောပေ။
ကုရွမ်းတုက သက်ပြင်းသာချလိုက်ပြီး "မင်းက ကိုယ့်ကိုတကယ်ကြီးမသိချင်ယောင်ဆောင်နေတော့မှာလား ဟင်"
လင်းရုဖေးက ဘာမှပြန်မပြောတာတွေ့တော့ ကုရွမ်းတုက လင်းရုဖေးရဲ့မြင်းအနောက်ကိုတတ်လိုက်သည်။
သူကလင်းရုဖေးရဲ့နား အနားကိုကပ်လိုက်ပြီးခြောက်ချားစရာကောင်းသည့်အသံဖြင့်ပြောလိုက်၏။
"ရှောင်ကျို့ ပြင်းပြင်းထန်ထန်ဒဏ်ရာရထားတဲ့ဦးခေါင်းနဲ့ဗုဒ္ဓပုံပြင်ကိုနားထောင်ဖူးလား"
ယခုအချိန်က အချိန်အတော်လင့်နေပြီဖြစ်သည်။ နေ၀င်ရီတရောအချိန်ဖြစ်ပြီး မြောက်မြားစွာသောသစ်ပင်ထိပ်တွေကို တိုက်ခတ်လာသည့်တောင်ပေါ်လေက အရိုးခိုက်အောင်အေးလေ၏။
ထိုနောက် ကုရွမ်းတုကလင်းရုဖေး၏နားထဲအေးတိအေးစက်လေများမှုတ်ထုတ်ပြီးနောက် ပုံပြင်တစ်ပုဒ်ပြောပြလိုက်သည်။
သူပြောတာ... တနေ့မှာ စာပေပညာရှင်တစ်ဦးက စာမေးပွဲသွားရောက်ဖြေဆိုရန် အလျင်လိုနေတာကြောင့် ညဘက်ရောက်မှ ရှီးလျန်တောင်ကိုအပြေးအလွှားဖြတ်ရလေသည်။ သို့ပေမဲ့ မိုးကရုတ်တရက်သည်းသည်းထန်ထန်ရွာလာတာကြောင့် လမ်းဘေးကပျက်ဆီးနေတဲ့ဘုရားကျောင်းကိုတွေ့တော့ မိုးခိုရန်အတွက်ဘုရားကျောင်းထဲ၀င်လိုက်သည်။ ပျက်ဆီးနေတဲ့ဘုရာကျောင်းက တော်တော်လေးကိုယိုယွင်းနေပြီး တံခါးကနေဖြတ်ပြီး၀င်လိုက်သည့်အခါ ကျိုးပဲ့နေတဲ့ဘုရားဆင်တုတော်တစ်ခုကို ပညာရှင်ကတွေ့သွားလေသည်။ အထူးသဖြင့် ဦးခေါင်းတော်ကချွန်ထက်တဲ့အရာဖြင့် ဖြတ်ခံထားရပြီး ခန္တာကိုယ်ကပျောက်ဆုံးနေသည်။ ပညာရှင်လည်းနည်းနည်းကြောက်သွားပေမယ့် အပြင်မှာမိုးကအရမ်းကိုသည်းနေတာကြောင့် ဘုရားကျောင်းရဲ့ထောင့်လေးကိုကပ်ကာအိပ်ရန်သာလုပ်လိုက်သည်။ ပညာရှင်ကခရီးပန်းနေတာကြောင့် အမြန်ပဲအိပ်ပျော်သွားသည်။ သို့ပေမဲ့ အိပ်ပျော်နေတုန်းမှာ ၀တ်ရုံခြုံထားတဲ့လူတစ်ယောက်က သူ့ကိုဦးညွှတ်ပြီး ဆွမ်းစွန့်ကြဲရန်တောင်းပန်နေသည်။ ပညာရှင်လည်း အိမ်ချင်မူးတူးနဲ့ဟုတ်ပြီလို့ပြောပြီးနောက် နောက်တစ်ကြိမ်ပြန်လည်အိပ်မောကျသွားတော့သည်။
နောက်တနေ့ရောက်တော့ ရာသီဥတုကအတော်လေးသာယာသည်။
ပညာရှင်ကမျက်လုံးများကိုမူးနောက်နောက်နှင့်ဖွင့်ကြည့်လိုက်သည့်အခါ သူ့အနေအထားပုံစံပြောင်းနေကြောင်း သတိပြုမိသွားသည်။ သူက ထောင့်မှာလှဲအိပ်နေတာမဟုတ်ဘဲ လေထဲမှာလွင့်မျောနေတာပင်။ သူ့ခေါင်းကိုငုံကြည့်လိုက်သည့်အခါ ဘုရားကျောင်းတစ်ခုလုံးကိုမြင်လိုက်ရလေသည်။
ဘုရားကျောင်းရဲ့ထောင့်မှာရင်းနှီးနေတဲ့လူတစ်ယောက်လှဲနေတာကိုရုတ်တရတ်သတိထားမိသွားသည်။ သူသေချာကြည့်လိုက်တော့မှ လှဲနေတဲ့သူက သူကိုယ်တိုင်ဖြစ်နေမှန်း တွေ့လိုက်ရသည်။ပြီးတော့ သူ့ခေါင်းကို တစ်ယောက်ယောက်ကဖြတ်ထားပြီး သူရဲ့ကိုယ်လုံးသာကျန်နေတော့လေသည်။ ပညာရှင်ကအတော်လေး ထိတ်လန့်ကြောက်ရွံ့သွားသည်။
သူအောက်ကိုကြည့်လိုက်တော့သူ့ခေါင်းက...
ကုရွမ်းတုက နောက်ဆုံးစာကြောင်းကိုပြောနေသည့်အချိန်တွင် မကောင်းဆိုးရွားလေက ရုတ်တရတ်တောထဲမှာတိုက်ခတ်လာသည်။ ခုနကကြည်လင်ငြိမ်သက်နေသည့် ကောင်းကင်ကခဏလေးအတွင်းမှာပင် တိမ်များဖုံးလွှမ်းသွားပြီးမိုးရွာတော့မည့်ပုံရသည်။
လင်းရုဖေးက ခေါင်းကိုလှည့်ကာအပြစ်တင်သည့်မျက်လုံးများဖြင့်သူ့ကိုကြည့်လိုက်သည်။ ဤအကြီးအကဲက တော်တော်လေးကလေးဆန်တာပဲလို့တွေးလိုက်သည်။ သရဲပုံပြင်ပြောပြရတာကိုအားမရသည့်အပြင် လူတွေကိုခြောက်လန့်ဖို့ရာ တမင်သက်သက်ဖြင့်တိမ်ထူအောင်တောင်လုပ်လိုက်သေး၏။
ကုရွမ်းတုက မတရားစွပ်စွဲခံလိုက်ရဟန် ခုခံပြောဆိုလိုက်သည်။
"ကိုယ် မလုပ်ဘူးနော်"
လင်းရုဖေးက မယုံကြည်သည့်ဟန်ဖြင့် 'ကျွတ်'ဟုတစ်ချက်စုပ်သက်လိုက်သည်။
ကုရွမ်းတု : "……” သူတကယ်ပဲ မဟုတ်ရပါဘူး။
ဖူဟွားနှင့်ယွီရွေ့ကကောင်းကင်ကြီးမဲမှောင်လာတာကိုမြင်သည်အခါ မိုးရွာတော့မယ်တွေးပြီးနောက် မိုးခိုရန်နေရာအရင်ရှာရမည်မယ်ဟုပြောလာသည်။
ယခုနှစ်နွေရာသီက နွေဦးကဲ့သို့မဟုတ်ပေ။ မိုးကရွာချင်တဲ့အချိန် ထရွာတတ်ပေသည်။
"ဟေး ဟိုမှာဘုရားကျောင်းမဟုတ်ဘူးလား"
ယွီရွေ့ကရုတ်တရတ်အော်လိုက်သည်။ သူမရဲ့လက်ကိုမြှောက်ပြတော့နက်ကြီးဆီကိုညွှန်ပြလိုက်သည်။
လင်းရုဖေးက သူမညွှန်ပြတဲ့နေရာဆီ လှမ်းကြည့်လိုက်ချိန်တွင် ပျက်ဆီးယိုယွင်းနေသည့်ဘုရားကျောင်းကိုအမှန်တကယ်တွေ့လိုက်ရသည်။ ယင်းမြင်ကွင်းကိုမြင်သည့်အခါ လင်းရုဖေးကသူ့ခေါင်းအားတစ်ဖန်ပြန်လှည့်ကာ ကုရွမ်းတုအားတချက်ကြည့်လိုက်သည်။
ကုရွမ်းတုရဲ့မျက်နှာက အပြစ်ကင်းသည့်ပုံဖြင့် "ဒါ ကိုယ်နဲ့တကယ်ကြီးမဆိုင်ဘူးနော်"
"သခင်လေး ကျွန်မတို့မိုးခိုဖို့ဘုရားကျောင်းကိုသွားသင့်လား"ဟု ဖူဟွားကမေးလာသည်။