အပိုင်း ၇၃
Viewers 15k

Chapter 73
နန့်ယင်းမှသူငယ်ချင်းဟောင်း


နွေရာသီရဲ့မိုးက ရွာသည့်အခါ မြန်ပေသည်။ ယခုအချိန်တွင် သေးငယ်သည့်မိုးရေစက်လေးတွေက သူတို့ခေါင်းပေါ်က သစ်ရွက်များထံသို့ရိုက်ခတ်နေတော့သည်။ အခြေအနေကိုကြည့်ရသလောက် မကြာခင် မိုးသည်းကြီးမဲကြီးရွာမည့်ပုံရသည်။

လင်းရုဖေးက "ကောင်းသလိုပေါ့" ဟုသာပြန်ဖြေလိုက်သည်။

သူက ကုရွမ်းတုအားနောက်တစ်ကြိမ်ကြည့်လိုက်ပြီး သူ့အကြည့်ရဲ့အဓိပ္ပာယ်တော်တော်လေးသိသာလေ၏။

ဤပါးစပ်တစ်ခုတည်းဖြင့် ကုရွမ်းတုက ရှင်းအောင်မရှင်းပြနိုင်ချေ။ သူကလင်းရုဖေးကိုခြောက်လှန့်ချင်ရုံလေးသာဖြစ်ပြီး ဘယ်သူကများ ယခုလိုတိုက်ဆိုင်မှုမျိုး ဖြစ်လာမယ်လို့ထင်ထားမှာတုန်း။

သို့ပေမဲ့ လောကကြီးမှာတိုက်ဆိုက်မှုဆိုတာမရှိဘဲ ပုံပြင်တစ်ပုဒ်ဖြစ်လာလိမ့်မည်မဟုတ်ချေ။

သူတို့ဘုရားကျောင်းထဲ ၀င်သွားချိန်တွင် ကျောင်း၏အလယ်၌ ခေါင်းကျိုးနေသည့်ဗုဒ္ဓဆင်းတုတော်တစ်ဆူရှိနေသည်။ ယခုမူ ကုရွမ်းတုအနေဖြင့် မြစ်၀ါမြစ်ထဲခုန်ချလျှင်ပင် သူကိုယ့်သူ သန့်ရှင်းအောင် မဆေးကြောနိုင်တော့ချေ။

ဖူဟွားနှင့်ယွီရွေ့ထင်းသွားရှာနေတုန်းလင်းရုဖေးကပြုံးလျက် ကုရွမ်းတုကိုပြောလေသည်။

"ခင်ဗျား ဒီလိုတောင်လုပ်နိုင်သားပဲ မလွယ်ဘူးနော်"

ကုရွမ်းတုပြောလိုက်သည်။ "ကိုယ်မလုပ်.......ထားလိုက်ပါတော့"

သူနှင့်ဘာမှမဆိုင်ဘူးလို့ပြောချင်ပေမယ့် အပြင်ဘက်က မိုးရယ်သူ့အရှေ့က ဘုရားဆင်းတုတော်ရယ်ကြောင့် သူ့ကိုယ်သူတောင် အတော်လေးမယုံနိုင်ဖြစ်နေမိသည်။

လင်းရုဖေးက ရုတ်တရတ်ကြီးပေါ်လာသည့် ပျက်ဆီးနေတဲ့ဘုရားကျောင်းအားပတ်ကြည့်ကာ အကျဉ်းချုပ်လေ့လာနေ၏။

ဘုရားကျောင်းက အရမ်းမကြီးချေ၊ အလယ်၌ခေါင်းမရှိတဲ့ဘုရားဆင်းတုတော်တစ်ခုသာရှိပြီး ဆင်းတုတော်အရှေ့မှာပျက်ဆီးနေသည့် ကောင်းမှုကုသိုလ်သေတ္တာတစ်လုံးနှင့် ဖုန်အထပ်ထပ်တတ်‌နေတဲ့ ဆုတောင်းဖျာနှစ်ခုရှိပြီး အမွှေးနံသာအကြွင်းအကျန်အနည်းငယ်ကိုသာတွေ့လေသည်။

ဘုရားကျောင်းမှာပြတင်းပေါက်များမရှိဘဲ သစ်သားတံခါးတစ်ခုသာရှိသည်။ သူ့ရဲ့သိုလှောင်လက်စွပ်ထဲမှအ၀တ်စကိုထုတ်လိုက်ပြီးမြေကြီးပေါ်တွင်ခင်းကာထိုင်ချလိုက်သည်။

ဖူဟွားနှင့်ယွီရွေ့တို့ဘုရားကျောင်းကိုပြန်လာချိန်တွင် အပြင်ဘက်၌မိုးသည်းထန်စွာရွာသွန်းနေပြီဖြစ်သည်။ မိုးကသည်းထန်စွာရွာသွန်းနေသည့်အပြင် လျှပ်စီးနှင့်မိုးကြိုးပါကပ်၍ပါသေး၏။ နားထောင်လေလေ အသံကပို၍ ထိတ်လန့်ကြောက်ရွံစရာကောင်းလေပင်။

လူသုံးယောက်က ဘုရားကျောင်းထဲရှီမီးပုံဘေးပတ်လည်တွင် ၀ိုင်းထိုင်နေကြသည်။ လင်းရုဖေးက မှိတ်တုပ်မှိတ်တုပ်ဖြစ်နေသည့် မီးရောင်ထဲကသူအစေခံနှစ်ယောက်ကိုကြည့်လိုက်ပြီးနောက် လူယုတ်မာအပြုံးပြုံးလိုက်ကာ"မင်းတို့နှစ်ယောက်ပျက်ဆီးနေတဲ့ဦးခေါင်းနဲ့ဗုဒ္ဓဆင်းတုဆိုတဲ့ပုံပြင်ကိုကြားဖူးလား"

ကုရွမ်းတု : “……” မင်း... မကောင်းတဲ့ကောင်လေး။

ဖူဟွားနှင့်ယွီရွေ့နှစ်ယောက်စလုံးကရိုးရိုးသားသားဖြင့် သူမတို့မကြားဖူးကြောင်းပြောလေသည်။ လင်းရုဖေးကလည်း ကုရွမ်းတုသူ့ကိုပြောပြသည့်ပုံပြင်ကိုပဲ ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြန်လည်ပြောပြလိုက်သည်။ မိုးကြိုးပစ်သံများနှင့်အတူ ဘုရားကျောင်းပတ်၀န်းကျင်တစ်ခုလုံးက ကြောက်မက်ဖွယ်ကောင်းနေသည်။ ဖူဟွားနှင့်ယွီရွေ့ရဲ့ကျင့်ကြံရေးစွမ်းအားကမြင့်မားသော်လည်း အဆုံးတွင်မူ သူမတို့ကမိန်းငယ်လေးတွေသာဖြစ်လေသည်။ လင်းရုဖေးရဲ့ပုံပြင်ကိုနားထောင်ပြီးနောက် နှစ်ယောက်စလုံးမှာ ဖြူဖတ်ဖြူရော်ဖြစ်သွားကြသည်။ အထူးသဖြင့်ယွီရွေ့ပင်၊ သူမက ခေါင်းမရှိတဲ့ဘုရားဆင်းတုတော်ကိုခဏခဏကြည့်နေတော့သည်။ ဖူဟွားရဲ့လက်ကိုလည်းတင်းတင်းကျပ်ကျပ်ကိုင်ထားပြီး အဆက်မတ်မပြတ်တုန်ယင်နေသည်။ ဖူဟွားကလည်းတည်ငြိမ်ဟန်ဆောင်နေပေမယ့် တကယ်တန်းတွင်မူ သူမသည်လည်း အနည်းငယ်ကြောက်နေမိ၏။

သူမကယွီရွေ့ကိုကိုင်ထားကာ သူမကိုယ်သူမတည်ငြိမ်အောင်လုပ်လိုက်ပြီး "မကြောက်ပါနဲ့ လောကမှာတ‌စ္ဆေသရဲဆိုတာတကယ်မရှိဘူး"

လင်းရုဖေးက သူ့အစေခံတွေရဲ့ဖြစ်နေတဲ့ပုံစံကိုမြင်ပြီးနောက် ကုရွမ်းတုမှာ ဘာကြောင့်ဆိုးဝါးတဲ့အကြိုက်ရှိနေတာလဲဆိုတဲ့ဟာကို အဆုံးတွင်သိသွားရပေသည်။ သူရဲ့ပုံပြင်တွေကြောင့် တခြားလူတွေတုန်လှုပ်နေတာကိုကြည့်ရသည်မှာ တကယ့်ကိုစိတ်၀င်စားဖို့ကောင်းလှပေသည်။

သူကမူလုံး၀မကြောက်ရွံ့မိပေ။

"အတော်လေးတောင်နောက်ကျနေပြီပဲ အနားယူဖို့အချိန်ရောက်ပြီ ငါအရင်င်အိပ်နှင့်မယ်နော်"ဟုပြုံးပြုံလေးပြောလိုက်သည်။

သူ​ကပြောပြီးသည်နှင့် အိပ်ဖို့သွားလိုက်ပြီး တမင်တကာသူ့မျက်နှာတ၀က်အားစောင်ဖြင့်ဖုံးလွှမ်းလိုက်သည်။

ကုရွမ်တုက လင်းရုဖေးဘေးအနားတွင် ကူကယ်ရာမဲ့နေဟန်ဖြင့်ထိုင်နေသည်။ ဤသခင်လေး၏စိတ်ကလေးမှာ ဆိုရွားသည့်ဘက်သို့ တဖြည်းဖြည်းကူးပြောင်းနေပြီဖြစ်ကြောင်းသူသိလိုက်ရသည်။ သူ့အလိုကိုလူတွေက တကယ့်ကိုမဆန့်ကျင်နိုင်ပေ။

ကျန်တဲ့သူနှစ်ယောက်က တစ်ယောက်ပခုံးပေါ်တစ်ယောက်မှီပြီး တယောက်ကိုတယောက်အချိန်အကြာကြီးနှစ်သိမ့်နေကြသည်။

ဘုရားကျောင်းအပြင်ဘက်က လေသံ၊မိုးသံများမှာ ယခင်အတိုင်းဖြစ်ပြီး မိုးခြိမ်းသံကလည်းကြားနေရဆဲဖြစ်သည်။

'ကြည့်ရတာဒီညတော့သူတို့ကောင်းကောင်းအနားယူနိုင်မည့်ပုံမပေါ်ပေ။'

လင်ရုဖေးတစ်ယောက် ရုတ်တရတ်ညလယ်ကြီး ချောင်းထဆိုးလေသည်။ သူက မူးနောက်နောက်ဖြင့် နိုးလာပြီးကျောင်းထဲဖိုထားတဲ့မီးပုံကိုကြည့်လိုက်သည့်အခါ တစ်၀က်သာကျန်ရှိကာ မကြာခင်ငြိမ်းသွားတော့မည်ပုံရသည်။ ဖူဟွားနှင့်ယွီရွေ့ကဘေးမှာအိပ်ပျော်နေကြပြီး ယခုလိုအသေးအဖွဲ့ကိစ္စလေးအတွက်ဖြင့် နှစ်ယောက်လုံးကိုမနှိုးချင်ပေ။ သူထရပ်လိုက်ပြီး ဘေးနားကထင်းချောင်းကိုယူကာမီးပုံထဲထည့်လိုက်သည်။ မီးပြန်တောက်လာတာကိုမြင်မှသာ သူပြန်ထိုင်လိုက်၏။

အပြင်ဘက်တွင် မိုးကရွာနေတုန်းဖြစ်ပြီး အရင်ထက်စာလျှင်မိုးမှာနည်းနည်းဆဲသွားပြီဟုသူပြောနိုင်သည်။ ကြည့်ရတာ မကြာခင်မိုးရွာတာရပ်တော့မည့်ပုံရသည်။ နွေမိုးတွေက အမြဲ ထိုအတိုင်းပင်၊ ရွာချင်တဲ့အချိန်အမြန်ရွာချတတ်လေသည်။ သို့ပေမဲ့ မိုးရွာတိုင်း ရာသိဥတုကပိုပူလာပြီး နွေရာသီရဲ့အငွေ့အသက်ကတဖြည်းဖြည်းအားကောင်းလာသည်။

လင်းရုဖေးက လည်ချောင်းကယားယံမှုကိုဖိနှိပ်ရန်ရေအေးအချို့သောက်လိုက်သည်။ သူပြန်အိပ်လို့မရတော့တာကြောင့် နရံံကိုမှီပြီး ဘုရားဆင်းတုတော်ကိုသာစိုက်ကြည့်နေလိုက်သည်။ သူ ကုရွမ်းတုကိုမမြင်တာကြောင့် သူဘာလုပ်နေလဲဆိုတာ သူလည်းမသိပေ။ လင်းရုဖေးက ထိုသူ့အကြောင်းတွေးနေတုန်း သူရုတ်တရတ်တစ်စုံတစ်ရာကိုသတိထားမိလိုက်သည်။

သူက 'ဟင်'ခနဲ့တောင်ဖြစ်သွားမိပြီး မတ်တပ်ထရပ်လိုက်ကာဘုရားဆင်းတုတော်အနားကိုတိုးသွားလိုက်သည်။ ဘုရားဆင်းတုတော်က တိတ်တဆိတ်လှည့်သွားကြောင်းသူတွေ့လိုက်ရသည်။ အစက ပင်မတံခါးဘက်ကိုမျက်နှာမူထားတာဖြစ်ပြီး ယခုမူ သူ့ဘက်အားမျက်နှာမူနေတာဖြစ်သည်။

​ဆိုရလျှင် ယင်းကဲ့သို့သောမြင်ကွင်းအား အခြားတစ်ယောက်သာဆို ကြောက်လန့်သွားမှာဖြစ်သည်။ သို့ပေမဲ့ လင်းရုဖေးကဆိုးရွားတဲ့အကြိုက်တွေရှိသည့် အကြီးအကဲ ကုရွမ်းတုအားရုတ်တရတ်သတိရသွားတာကြောင့် သူ့မျက်နှာအမူအရာမှာမပြောင်းလဲသွားပေ။ သူက ဆင်းတုတော်အနားသို့ ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီး သူအရှေ့ကဆင်းတုတော်ကိုဂရုတစိုက်ကြည့်လိုက်၏။

နေ့ဘက်မှာတုန်းက သူသေချာမကြည့်ခဲ့တာကြောင့် ယခု သူ မီးအလင်းရောင်အားကိုးဖြင့် လင်းရုဖေး ယင်းဗုဒ္ဓဆင်းတုတော်ကိုသေချာဂရုတစိုက်အနည်းငယ်ပိုပြီးကြည့်ရူလိုက်သည်။ ဆင်းတုတော်ကဟောင်းနွမ်းနေပြီဆိုပေမယ့် ၎င်း၏ထွင်းထုထားပုံက အလွန်လက်ရာမြောက်ကြောင်း အလင်းရောင်ရေးရေးတေးအောက်တွင်သူမြင်နိုင်သည်။ ဆင်းတုတော်ပေါ်၌ အနုစိတ်ကြွကြွရွရွထွင်းထုထားပုံမှာ အသက်၀င်လွန်းလှသည်။ လက်ရာအမြောက်ဆုံးအစိတ်အပိုင်းဖြစ်သည့် ဦးခေါင်းဖြတ်တောက်ခံထားရသည်က နှမြောစရာပင်။

ရှေးဟောင်းအမွေအနှစ်တွေကိုခိုးယူသူအများစုမှာ ဘုရားဆင်တုတော်၏ဦးခေါင်းက တန်ဖိုးအကြီးဆုံးဖြစ်တာကြောင့် ယင်းကိုဖြတ်ရန်သာရွေးချယ်ကြသည်။ ဘုရားဆင်းတုတော်ကိုယ်၏အလယ်၌ ချွန်ထက်သည့်ပစ္စည်းတစ်ခုခုဖြင့်ဖြတ်ထားသကဲ့သို့ထင်ရသည့် မထင်မရှားမျဉ်းကြောင်းလေးရှိနေသည်။ ယင်းကတစ်ခုလုံးရဲ့သမာဓိကိုဖျက်ဆီးနေသလိုဖြစ်နေတာကြောင့်လင်းရုဖေးကသက်ပြင်းတချက်သာချလိုက်မိပြီး စိတ်ထဲမှာ နှမြောစရာကောင်းတယ် ဟုသာတွေးလိုက်မိသည်။ သို့သော်ဆင်းတုတော်၏အနောက်မှနေ'ဒါကာလေး'ဆိုပြီးခေါ်သည့်အသံကိုကြားလိုက်ရ၏။ သူက အသံလာရာကိုကြည့်လိုက်သည့်အခါ ရိုးရိုးရှင်းရှင်းသာ၀တ်စားထားသည့်ဘုန်းကြီးတစ်ပါးကိုတွေ့လိုက်ရသည်။ သူကပျက်ဆီးနေသည့်ဘုရားကျောင်းထောင့်မှာရပ်လျက်ရှိပြီး ကွဲနေတဲ့သပိတ်ကိုလက်ထဲမှာကိုင်ထားသည်။ ရေကဲ့သို့တည်ငြိမ်‌နေသည့် ထိုသူရဲ့မည်းနက်နေတဲ့မျက်လုံးတွေကသူအားစိုက်ကြည့်နေသည်။

ဘုန်ကြီးသည် ရုပ်ရည်အလွန်ချောမောကာတည်ကြည်သည့်ပုံစံရှိပြီး သူရဲ့အကျင့်စရိုက်ကစည်းကမ်းတင်းကျပ်သည့်ပုံပေါ်သည်။ ဤအချိန်ကြီး ရုတ်တရက် ဒီပျက်ဆီးယိုယွင်းနေသည့် ဘုရားကျောင်းမှာပေါ်လာတာက ဘယ်လိုပဲကြည့်ကြည့် မသင့်တော်လှပေ။

လင်းရုဖေးက"ကိုယ်တော်လေးက ဒီကိုဘယ်လိုလုပ်ရောက်လာရတာလဲ"ဟုမေးလိုက်သည်။

"ဒါက ကိုယ်တော်ကနေ ဒါကာလေးကိုမေးသင့်တာပါ"

ဘုန်းကြီးကအသာပြုံးလိုက်ပြီး"ဒီဘုရားကျောင်းက ကိုယ်တော်ရဲ့အမြဲ သီတင်းသုံးတဲ့နေရာပါ"

လင်းရုဖေးကခေါင်းငြိမ့်လိုက်ပြီး "အဲ့ဒီလိုလား...ကျွန်တော်တို့၀င်လာတုန်းက ကိုယ်တော်ကိုမတွေ့ပါဘူး"

ဘုန်းကြီးကပြုံးလျက် "ခုနတုန်းက ကိုယ်တော်ကအလှူခံကြွဖို့ထွက်သွားတာပါ...မိုးတိတ်သွားပြီးပြန်လာတော့ ဒါကာလေးနဲ့တခြားသူတွေကိုတွေရလိမ့်မယ်လို့မထင်ထားဘူး"

လင်းရုဖေးက "ကိုယ်တော် ဘာတွေရလာပါလဲ" ဟုမေးလိုက်သည်။

'ခေါင်း ဒါမှမဟုတ် အခြားတစ်ခုခုတော့မဟုတ်ဘူးမလား။

ဘုန်းကြီးကခေါင်းကိုသာခါပြလေသည်။

လင်းရုဖေးက ဘုန်းကြီးကိုပြာကျမတတ်စိုက်ကြည့်လိုက်သည်။

ဘုန်းကြီးက လင်းရုဖေးရဲ့အကြည့်ကြောင်ဇဝေဇဝါဖြစ်သွားမိပြီးမေးလာသည်။

"ဒါကာလေးကကိုယ်တော်ကိုဘာကြောင့် ဒီလိုကြီးစိုက်ကြည့်နေရတာလဲ"

လင်းရုဖေး : "ကျွန်တော်က ကိုယ်တော်ရဲ့နောက်ထပ်ပြောမယ့်စကားကိုစောင့်နေတာပါ"

ဘုန်းကြီးက စူးစမ်းလိုက်သည်။ "နောက်ထပ်စကားလုံးတွေ"

လင်းရုဖေးက မေးလိုက်၏။ "ကျွန်တော် ကိုယ်တော်ကိုဆွမ်းလှူဖို့လိုအပ်သေးလား"

ဘုန်းကြီးကပြုံးလိုက်ကာ "ဒါကာလေးလှူချင်စိတ်ရှိရင်တော့ အကောင်းဆုံးပဲပေါ့"

"မလှူချင်ပါဘူး"

လင်းရုဖေးက "ကျွန်တော်မှာ ဘာမှမရှိဘူး" လို့ငြင်းလိုက်တော့သည်။

ဘုန်းကြီးမှာ လင်းရုဖေးက ယခုလောက်အထိ သဘောထားသေးသိမ်လိမ့်မည်ဟု မထင်ထားမိပေ။ ပြီးတော့ သူရဲ့ပုံစံကအနည်းငယ်ပင်ရန်လိုနေသည့်ပုံပေါက်နေသေးသည်။ သူမျက်မှောင်နည်းနည်းကြုတ်လိုက်ပြီးနောက် တစ်ခုခုပြောရန်လုပ်လိုက်စဥ် သူ့ဘေးနားကနေအော်ဟစ်သံနှစ်ခုထွက်လာသည်။ လင်းရုဖေးနှင့်ဘုန်းကြီးတို့ရဲ့စကားပြောသံကြောင့်နိုးလာသည့်ဖူဟွားနှင့်ယွီရွေ့တို့ထံမှဖြစ်ပေသည်။

နှစ်ယောက်သားကဘုန်ကြီးရဲ့"ဒါကာလေးသာဆန္ဒရှိရင်လှူလို့ရတယ်"ဆိုတဲ့ဟာကိုကြားပြီးနိုးလာခဲ့ခြင်းဖြစ်၏။

'ဒါကြီးက သရဲပုံပြင်ထဲကအခြေအနေကြီးနဲ့တစ်ပုံစံထဲမဟုတ်ဘူးလား'

ဘုန်းကြီးကရှုပ်ထွေးနေသည့်ပုံဖြင့်မေးလိုက်သည်။

"ဒီဒါကာမလေးတွေကဘဘာကြောင့်အော်နေတာလဲ"

လင်းရုဖေးက ပြန်ဖြေလိုက်သည်။

"သူတို့ ကိုယ်တော်ကိုကြောက်လို့နေမှာပေါ့"

ဘုန်းကြီး : “……”

ဖူဟွားနှင့်ယွီရွေ့အော်လို့ပြီးသည်နှင့် သူမတို့နှစ်ယောက်ကဓားတွေကိုဆွဲထုတ်၍ လင်းရုဖေးရှေ့ကိုပြေးလာကြသည်။ သူမတို့ကတစ္ဆေသရဲများနောက်ဆုတ်ရန်ရွတ်ဆိုနေကြပြီး ဘုန်းကြီးကိုလည်းလက်ဟန်ခြေဟန်များဖြင့်ဆက်ပြီးပြောဆိုနေကြသည်။ ဘုန်ကြီးခမျာ ဤမြင်ကွင်းကိုမြင်ပြီးအံဩလွန်းတာကြောင့် လက်ထဲကသပိတ်တောင်မှနားကိုစူးရှ‌စေသည့်အသံဖြင့်မြေပြင်ပေါ်သို့လွတ်ကျသွားရသည်။ သူ့အရှေ့ကလူသုံးယောက် ဘာတွေလုပ်နေတာလဲဆိုတာနားမလည်နိုင်ချေ။

'သူကရက်စက်ကြုမ်းကြုတ်စွာ‌မွေးဖွားလာပြီး ရက်ရှာဆား တစ်ကောင်လိုကြောက်ဖို့ကောင်းလို့နေလားဟင်...'

အစေခံနှစ်ယောက်ခဏလောက်ဆက်ပြီးရွတ်ဆိုနေကြပေမယ့်ဘုန်းကြီးအပေါ်သက်ရောက်မှုမရှိတာမြင်တော့ နှစ်ယောက်သားလုပ်နေတာကိုရပ်လိုက်ကာ သံသယဖြစ်စွာဖြင့်အရှေ့သို့တိုးသွားလိုက်သည်။ သူတို့ကလက်ညိုးကိုဆန့်ထုတ်လိုက်ပြီးနောက် ရဲရဲဝံဝံဖြင့်ပါးကိုထိုးကြည့်လိုက်ပြီးနောက်ရှက်ရွံ့စွာရေရွတ်လိုက်သည်။

"ဘာလို့နွေးနေရတာလဲ"

ဘုန်းကြီးကလည်းသဘောကောင်းသည်။ ယွီရွေ့ တို့ထိလိုက်သည်ကို စိတ်မဆိုသည့်အပြင် အသာရယ်မောလိုက်ကာ"ကိုယ်တော်ကမနွေးနေလို့ အေးနေရမှာလား"

"ရှင်က သရဲမဟုတ်ဘူးလား"

ယွီရွေ့က အသံတိုးတိုးဖြင့်မေးလိုက်သည်။

ဘုန်းကြီးကရယ်မောလျက်"ကိုယ်တော်ပုံက သရဲနဲ့တူနေလို့လား"

ဖူဟွားနှင့်ယွီရွေတို့ကတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိပြီးတချိန်တည်းမှာပဲ လင်းရုဖေးကိုစိတ်ရှုပ်ထွေးနေသည့်မျက်လုံးတွေဖြင့်ကြည့်လိုက်၏။

ဘုန်ကြီးကြည့်ရတာ လူအစစ်တိုင်းပင်၊ သူကကုရွမ်းတုနှင့်ဆက်နွယ်မှုရှိလားဆိုတာကတော့သူမသိချေ။

လင်းရုဖေး လက်အုပ်ချီလျက်ဘုန်းကြီးကိုဦးညွှတ်လိုက်ပြီးနောက် သူ့မှာစော်ကားလိုစိတ်မရှိကြောင်းပြောကာ ရိုးရိုးသားသားတောင်းပန်လိုက်သည်။ ယင်းက သူကြားဖူးသည့် တစ္ဆေပုံပြင်ကြောင့်ဖြစ်ပြီးဘုရားကျောင်းထဲကအရာအားလုံးကတစ္ဆေပုံပြင်နှင့်တူနေလိမ့်မယ်လို့ မည်သူကထင်ထားမတုန်း။

လင်းရုဖေး ရှင်းပြတာကိုနားထောင်ပြီးနောက် ဘုန်းကြီးကပြုံးလိုက်ပြီး "ဒါကာမလေးနှစ်ယောက်ဒီလောက်ကြောက်လန့်ရအောင်အထိ ဖြစ်စေတဲ့ပုံပြင်က ဘယ်လိုပုံပြင်လည်းဆိုတာကိုယ်တော်သိချင်လိုက်တာ"

လင်းရုဖေးက ကုရွမ်းတုပြောပြတဲ့ပုံပြင်ကိုပဲပြန်လည်ပြောပြပေးလိုက်သည်။

ပုံပြင်အကြောင်းကိုကြားပြီးသည့်နောက် ဘုန်းကြီး၏မျက်ဆံနက်နက်တွေကအနည်းငယ်လှုပ်ခါသွားပြီးမေးလေသည်။

"ဒါကာလေးကို ပုံပြင်ပြောပြတဲ့လူဘယ်မှာလဲဆိုတာသိခွင့်ရှိမလား"

လင်းရုဖေးလည်းကုရွမ်းတုရဲ့တည်ရှိမှုကိုမပြောပြချင်တာကြောင့်အနည်းငယ်လိမ်ပြီးပြောပြလိုက်သည်။

"ကျွန်တော်က စာအုပ်ဟောင်းတစ်အုပ်မှာတွေ့ဖူးတာပါ စာအုပ်ကဟောင်းလွန်းလို့အဖုံးတောင်မရှိတော့လို့ ကျွန်တော်လည်းနာမည်တောင်မသိပါဘူး"

"ဒီလိုမျိုးကိုး..."

ဘုန်ကြီးကသက်ပြင်းဖျော့ဖျော့ချလိုက်ပြီးနောက် စိတ်ပျက်သွားသည့်ပုံဖြစ်သွားကာ "ကိုယ်တော် ထင်တာက......."

သူကစကားပြောနေတာကိုရုတ်ချည်းရပ်တန့်လိုက်ပြီး 'အော်မီတော်ဖော်' ဟုသာတိုးတိုးလေရွတ်လိုက်တော့၏။

လင်းရုဖေးကစိတ်၀င်စားသွားပြီး "ဒီပုံပြင်က ကိုယ်တော်လေးနဲ့ဆက်စပ်နေလို့လား"

ဘုန်းကြီးက ရယ်မောလိုက်ကာ"ကိုယ်တော်ဆီမှာ ရန်လိုပြီးသူများတွေကိုစရတာကြိုက်တဲ့သူငယ်‌ချင်းဟောင်းတစ်ယောက်ရှိတယ် ကိုယ်တော်မှာဘာမှလုပ်စရာမရှိတော့ ဒီပုံပြင်ကိုသုံးပြီး သူရဲ့ချစ်ရတဲ့သူကိုခြောက်လှန့်လိုက်တယ်လေ ဘယ်သူကထင်ထားမလဲ သူရဲ့ချစ်ရတဲ့သူကမကြောက်တဲ့အပြင် ဆင်းတုတော်ကိုဓားနဲ့ခုတ်လို့နှစ်ပိုင်းဖြစ်သွားပြီး ဒီကိုယ်တော်ငယ်လေးတောင်ကျောင်းထိုင်ဆရာတော်ဆီမှာပြင်းပြင်းထန်ထန်အဆူခံလိုက်ရသေးတယ်..."

လင်းရုဖေးကရယ်လိုက်ကာ"စိတ်၀င်စားဖို့ကောင်းသားပဲ"

"တကယ်ကိုစိတ်၀င်စားဖို့ကောင်းတယ်"ဟုဘုန်းကြီးက​ဆက်၍ဆိုလေသည်။

"နှမြောဖို့ကောင်းတာက...."

ဘယ်အရာကနှမြောဖို့ကောင်းတာလဲဆိုတာကိုမမေးဘဲဖြင့်ပင် လင်းရုဖေးတော်တော်များများကိုခန့်မှန်းနိုင်ပေသည်။ လောကကြီးကခန့်မှန်းလို့မရချေ။ လူဟောင်းတွေနှင့်ပစ္စည်းဟောင်းတွေက လူကိုလွမ်းမောတမ်းတစေနိုင်သည်။

ဘုန်းကြီးကဆက်ပြီး"အပြင်မှာကောင်းကင်ကကြည်လင်သွားပြီ ဒါကာလေးတို့အလျင်လိုနေရင် အခွင့်ကောင်းယူသင့်တယ် နောက်ရက်နှစ်ဆယ် ဒါမှမဟုတ် ဒီထပ်ပိုရင် တောင်ပေါ်မှာရက်‌တော်တော်ကြာအောင် မိုးသည်းကြီးမဲကြီးရွာမှာကို ကိုယ်တော်စိုးရိမ်မိတယ် ဒါကြောင့်ဒါကာလေးတို့တောင်ပေါ်ကနေအမြန်ထွက်တာကောင်းမယ်"

လင်းရုဖေးက မျက်လုံးများပင့်ပြီးကြည့်လိုက်သည့်အခါ ပြတင်းပေါက်အပြင်မှာအတော်လေးလင်းနေတာကိုတွေ့လိုက်ရသည်။ မိုးရွာရပ်သွားကာ ကောင်းကင်တစ်ခုလုံးကြည်လင်နေပြီးတောင်ပေါ်လေထုထဲမြေသင်းနံလေးများဖြင့်ပြည့်နေသည်။ကောင်းကင်ကြီး လင်းမလာသေးခင်အထိလင်းရုဖေးက ဘုန်ကြီးနှင့်စကားအနည်းငယ်မျှသာပြောရသေးသည်ဟု ခံစားလိုက်ရ၏။

အချိန်တွေကုန်တာမြန်လိုက်တာ။