အပိုင်း ၇၅
Viewers 14k

Chapter 75
ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲ



ကျန်းဟူထဲ အသက်နှစ်ဆယ်မရောက်သေးဘဲ ကျင့်ကြံရေးအဆင့်၈ကိုဖြတ်ကျော်နိုင်တဲ့သူနှစ်ယောက်သာရှိသေးသည်။ပထမဆုံးတစ်ယောက်ကသူရဲ့ဒုတိယအစ်ကို လင်းပျန်ယွီဖြစ်ပြီး‌ ဒုတိယက ကူစူးမြို့လျိုမိသားစုရဲ့ဒုတိယသား လျှိုရုကုန်းဖြစ်သည်။ ကံမကောင်းအကြောင်းမလှစွာဖြင့်မော့မိသားစုရဲ့မော့ချန်းရှန်ကငယ်ငယ်ရွယ်ရွယ်ဖြင့်သေဆုံးသွား‌လေသည်။ မဟုတ်လျှင်သူသည်လည်းပဲအဆင့်၈လောက်ရောက်နေပြီဖြစ်သည်။

လျှိုရုကုန်းရဲ့နာမည်က'ကုန်း'က"ဦးညွှတ်တယ်" ဆိုတဲ့အဓိပ္ပာယ်ရှိပေမယ့်လည်း သူကဓားရေအလွန်ထက်မြတ်လေသည်။ လင်းပျန့်ယွီရဲ့ထျန်းရှောင်ကလောကတခွင်နာမည်ကြီးတယ်ဆိုလျှင် သူ့လက်ထဲကပျော့ပျောင်းတဲ့ဓား လော့ရှန်းကလည်း ရက်စက်ကာခက်ထန်သည်ဆိုပြီးနာမည်ကြီးလေ၏။

ကောလဟာလတွေအရ လျိုရုကုန်းတွင် ခန့်မှန်းလို့မရတဲ့ပင်ကိုစရိုက်ရှိကာ ရန်လိုတတ်ပြီးရက်စက်သည်ဟုဆိုကြသည်။ တစ်ခါတစ်လေသူကအရက်သောက်ပြီးတစ်ယောက်ယောက်နှင့်ပန်းခေါက်နေတတ်ပြီး တစ်ခါတစ်လေကျပြန်တော့လည်း လူတစ်ယောက်ရဲ့ခေါင်းကိုလိုချင်ပြန်သည်။ လျိုမိသားစုကသာအင်အားကြီးသည့်မိသားစုမဟုတ်ခဲ့ဘူးဆိုလျှင် သူတို့တွေ ထိုနတ်ဆိုးကိုဖိနှိပ်နိုင်လိမ့်မည်မဟုတ်ချေ။ လျိုမိသားစုက အလယ်ပိုင်းလွင်ပြင်ဒေသရဲ့ချမ်းသာပြီးသြဇာရှိတဲ့စီးပွား‌ရေးလုပ်ငန်းကိုပိုင်ဆိုင်လေသည်။ ပြောကြတာက ကူစူးမြို့ရဲ့ကုန်သည်သုံးပုံနှစ်ပုံခန့်ကသူတို့မိသားစုပိုင်လုပ်ငန်းကဖြစ်လေသည်။ အစကတည်းက လျိုမိသားစုရဲ့မျိုးဆက်သစ်ထဲကဘယ်သူပဲလက်ထပ်ထပ်သူတို့ကပွဲကိုကြီးကြီးမားမားကျင်းပကြသည်။


ဘာလို့ယခုကိစ္စအတွက်မူ လေတိုက်သံတောင်မကြားရတာလဲ။

သူတို့အုပ်စုက တည်းခိုဆောင်ထဲ၀င်သွားကာ ဟင်းအချို့မှာလိုက်သည်။ ပြီးနောက်သူတို့ကဒီအကြောင်းအရာနှင့်ပတ်သတ်ပြီးရှောင်အာ့ကိုမေးလိုက်သည်။

ရှောင်အာ့က ထိုစကားကိုကြားသည့်အခါ မျက်စိမျက်နှာပျက်ပျက်ဖြင့် ပြန်ဖြေလေ၏။

"ဧည့်သည်တော်တို့ ကျွန်တော်မပြောပြချင်လို့မဟုတ်ရပါဘူး ဒီကိစ္စကပြောရတာမလွယ်လို့ပါ"

"ဘာလို့ပြောရခက်နေတာလဲ"

ယွီရွေ့ကစပ်စုလိုက်သည်။

"မင်္ဂလာပွဲကြီးဆိုတာပျော်ရွှင်စရာကိစ္စပဲမဟုတ်ဘူးလား"

ရှောင်အာ့ကသက်ပြင်းချလိုက်ပြီးနောက်ခေါင်းအသာခါပြသည်။

"ဘာပဲဖြစ်ဖြစ် ဘယ်သူလက်ထပ်မှာလဲဆိုတာကိုသာ ကျွန်မတို့ကိုပြောပြစမ်းပါ"

ဖူဟွားကရှောင်အာ့ကိုဖိအားမပေးဘဲ ထုံစံအတိုင်းငွေစတစ်စပေး၍ မေး‌လိုက်သည်။

ရှောင်အာ့ကဘေးပတ်၀န်းကျင်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် တစ်ယောက်မှဂရုမစိုက်တာမြင့်မှသာ သူစကားသံကိုနှိမ့်လိုက်ပြီးတိုးတိုးလေးပြောလေသည်။

"ဧည့်သည်တော်တို့ သိလောက်မှာတော့မဟုတ်ဘူး လက်ထပ်မယ့်သူကတခြားလူမဟုတ်ပါဘူး လျိိုမိသားစုရဲ့ဒုတိယသား လျိုရုကုန်းပါ"

ကြားလိုက်ရတဲ့စကားကြောင့်သူတို့ဆွံအံသွားသည်။

လက်ထပ်မယ့်သူကလျိုမိသားစုရဲ့တခြားသူဆိုရင် လျိုမိသားစုကပွဲမလုပ်ချင်ဘူးဆိုတာအဓိပ္ပာယ်ရှိသေးသည်။ သို့ပေမဲ့ လက်ထပ်မယ့်တယောက်က အလိုလိုက်ခံရဆုံးလျိုရုကုန်းတဲ့လေ၊ လျိုရုကုန်းရဲ့မင်္ဂလာပွဲကလျိုမိသားစုအတွက် အလွန်အရေးကြီးတဲ့ကိစ္စလို့ပြောလို့ရသည်။ ဤသည်ကသေချာပေါက်ကြီးမားတဲ့ပွဲဖြစ်ရမျာကို ဘာလို့များယခုလိုငြိမ်နေရတာလဲ။ သူတို့သာကူစူးမြို့ကိုရောက်မလာပါလျှင် ယခုကိစ္စကိုသိမှာပင်မဟုတ်ပေ။

"လျိုရုကုန်းလား" ဖူဟွားကမယုံနိုင်သည့်ပုံဖြင့်ရေရွတ်လိုက်သည်။

"သူလက်ထပ်မှာကိုဘာလို့ဒီလောက်တိတ်ဆိတ်နေရတာလဲ"

ရှောင်အာ့ရဲ့မျက်နှာကခါးသီးနေသည့်ပုံဖြစ်သွားပြီး သူရဲ့ခေါင်းကိုပဲဆက်တိုက်ခါပြကာထပ်ပြီးပြောပြရန်ငြင်းဆန်နေသည်။

လင်းရုဖေးကသေသေချာချာစဉ်းစားပြီးသည့်နောက်မှာ သူကသိချင်နေတဲ့ပုံဖြင့်သူရဲ့အင်္ကျီလက်ထဲကရွှေစတစ်စကိုထုတ်လိုက်ပြီးရှောင်အာ့ကိုပေးလိုက်ကာဆက်ပြောရန်လက်ဟန်ပြလိုက်သည်။

ရှောင်အာ့ကရွှေစကိုမြင်ချိန်တွင် သူကဝေခွဲရခက်နေသည့်ပုံဖြင့်နောက်ဆုံးမှာသူအံကြိတ်ကာခြေထောက်ကိုနင်းလိုက်ပြီးနောက် ငြင်းဆိုလိုက်သည်။

"ဧည့်သည်တော် ကျွန်တော်တကယ်တောင်းပန်ပါတယ် တကယ်ကိုမပြောရဲလို့ပါ ရွှေစကကောင်းပေမဲ့ ခေါင်းမရှိတော့ရင်သုံးဖို့နေရာမရှိတော့ဘူး"

"မင်း ရဲ့ခေါင်းကိုဘယ်သူကယူမှာမို့လို့လဲ"

နောက်က‌တစ်ယောက်ယောက်ကနေသိချင်သည့်ပုံဖြင့်လှမ်းမေးလိုက်သည်။

ဤအသံကိုကြားသည့်အခါ ရှောင်အာ့ရဲ့ဆိုးရွားနေတဲ့အမူအရာကမိနစ်အနည်းငယ်အတွင်းချက်ချင်းဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ သူကတောင့်တင်းသွားပြီးခေါင်းကိုနောက်လှည့်လိုက်သည်။

လင်းရုဖေးက ရှောင်အာ့ရဲ့မျက်လုံးအတိုင်းလိုက်ကြည့်လိုက်သည့်အခါ ဘေးကသစ်သားစားပွဲမှာထိုင်နေတဲ့မျက်လုံးကျဉ်းကျဉ်းနှင့်လူငယ်လေးကိုတွေ့လိုက်ရသည်။ သူက စန္ဒကူးပင်နောက်ခံဖြင့်ကြာပန်းပုံစံရှိတဲ့အနီရောင်၀တ်ဆုံကို၀တ်ဆင်ထားလေသည်။ သူ့ခြေထောက်မှာရွှေရောင်ပိုးဖိနပ်စီးထားပြီးသူရဲ့ရှည်နေတဲ့ဆံပင်တွေကိုဆံထိန်းဖြင့်ချည်ထားသည်။ သူက‌‌လောလောဆယ်ခေါင်းကိုစောင်းလျက် ရှောင်အာ့ကိုအလွန်စိတ်၀င်စားသည့်ပုံဖြင့်ကြည့်နေသည်။

ရှောင်အာ့ကကြောက်လန့်ပြီးခြေထောက်တွေတုန်နေတာမြင်တော့ "ဘယ်သူကမင်းရဲ့ခေါင်းကိုလိုချင်နေလို့လဲ"

ရှောင်အာ့က သတိထားပြီးခေါ်လိုက်သည်။ "လျို......လျို.သခင်လေး"

လျိုသခင်လေးဆိုသူက အသာရယ်မောလိုက်ကာ"မင်းကငါ့ကိုဘာလို့အဲ့လောက်တောင်ကြောက်ရတာလဲ ငါမင်းအရှေ့မှာလူတစ်ယောက်ယောက်ကိုသတ်မိလို့လား"

ရှောင်အ့ာကဆက်ပြီးစကားမပြောရဲတော့ပေ။ သူ့ရဲ့ကြောက်ရွှံ့နေတဲ့ပုံစံကိုကြည့်ရတာ လျိုသခင်လေးကိုဒူးထောက်ပြီးတော့တောင်အရိုအသေပေးချင်နေပုံရသည်။ ကံကောင်းစွာဖြင့်လျိုသခင်လေးက သူ့ကိုသိပ်စိတ်မ၀င်စားဘဲ ရှောင်အာ့အနောက်မှာထိုင်နေသည့်လူသုံးယောက်ဖြစ်တဲ့ လင်းရုဖေးနှင့်သူ့အစေခံနှစ်ယောက်ထံမျက်လုံးများရောက်လာသည်။

လင်းရုဖေး ကိုယ်နေဟန်ထားကအားနည်းပြီးသူရဲ့ခန္တာကိုယ်မှာချီဓားအငွေ့အသက်မရှိပေ။ သူ့ကိုဘယ်လိုပဲတစ်ယောက်ယောက်ကကြည့်ကြည့်သူကကျင့်ကြံရေးသမားနှင့်မတူပေ။ သို့ပေမဲ့ သူဘေးနားမှာထိုင်နေသည့် အစေခံနှစ်ယောက်ကအဆင့်၅ကျင်ကြံရေးသမားတွေဖြစ်‌သည်။ ယခုလိုမျိုးအဆင့်၅ကျင့်ကြံရေးသမားတွေကိုအစေခံအဖြစ်အသုံးပြုနိုင်တာကြောင့် ဤအားနည်းသည့်သခင်လေးကထူးခြားတဲ့အဆင့်အတန်းတစ်ခုခုရှိလိမ့်မည်ဟု သူထင်၏။

"မင်းတို့က ကူစူးမြို့ကိုအခုမှရောက်ဖူးတာလား"

လျိုသခင်လေး ကသူ့ကိုမမြင်သည့်ဟန်ဖြင့် စားပွဲပေါ်ကလက်ဖက်ရည်ပန်းကန်လုံးကိုကောက်ကိုင်လိုက်ပြီး လက်ဖက်ရည်ပူပူတစ်ခွက်ငှဲ့လိုက်သည်။

လင်းရုဖေးက သူခေါင်းအားညိတ်ပြလိုက်သည်။

"တစ်ခုခုများမှားနေလို့လား"ဟုသခင်လေးလျိုကမေးလေသည်။

လင်းရုဖေးကပြန်ဖြေလေသည်။ "ကျွန်တော်က ခွန်လွန်း လင်းမိသားစုရဲ့လေးယောက်မြောက်သား လင်းရုဖေးပါ ကျွန်တော်က လျိုမိသားစုကိုဓားသိုင်းပြိုင်ပွဲဖိတ်ကြားချက်ကိုပို့ဆောင်ဖို့ကူစူးမြို့ကိုရောက်လာတာပါ"

သူကခဏလောက်ရပ်လိုက်ကာ ဆက်ပြီးပြောသည်။

"ခင်ဗျားက လျိုမိသားစုရဲ့နာမည်ကြီးဓားသမား လျိုသခင်လေး လျိုရုကုန်း ဟုတ်တယ်မလား"

လျိုရုကုန်းက ရယ်မောလိုက်ကာ"အိုး မင်းပြောနိုင်သားပဲ"

လျိုမိသားစုမှာမျိုးဆက်များစွာရှိသည်။ တိုက်ရိုက်ဆင်းသက်လာသည့် အမျိုးအနွယ်ကနေပဲယောက်ျားလေး၊ မိန်းကလေး ၇ယောက် ၈ယောက်လောက်ရှိသည်။

ဘေးကအကိုင်းအခတ်တွေက ပိုလို့ပင်များတာကြောင့် သူဘယ်သူဘယ်၀ါလည်းဆိုတာ တစ်ခါတည်းခန့်မှန်းနိုင်ဖို့ကမလွယ်ကူပေ။

လင်းရုဖေးက နူးညံတဲ့အသံလေးဖြင့်ပြောလိုက်၏။

"လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဓားသိုင်းပြိုင်ပွဲမှာမြင်ဖူးတာပါ''

လျိုရုကုန်း မျက်နှာကအပြုံးမှာပျောက်သွားပြီး"မင်းကလင်းပျန့်ယွီရဲ့ညီလား ငါ မင်းကိုအရင်ကဘာလို့မတွေ့ဘူးရတာလဲ"

လင်းရုဖေး "ကျွန်တော်ကငယ်ငယ်တည်းကအားနည်းတော့ လူတွေရှေ့မှာမျက်နှာပြခဲလို့ပါ"

လျိုရုကုန်း ကခေါင်းညိတ်လိုက်ပြီး"ဒါက ဒီလိုကြောင့်ကိုး"

သူက လင်းရုဖေးအားနည်းကြောင်းကြားသည့်အခါ သူ့ကိုချက်ချင်းလုံး၀စိတ်၀င်မစားတော့ပုံရပြီး ယဉ်ကျေးတဲ့ပုံပင်မပြတော့ဘဲ ပျင်းရိစွာထရပ်လိုက်ပြီးနောက် ပြောလိုက်သည်။

"ကျွန်တော်လုပ်စရာလေးရှိသေးတာကြောင့် လင်းကုန်းဇီ ကိုအဖော်မပြုပေးတော့ပါဘူး"

ထိုသို့ပြောပြီးနောက် သူက ရိုင်းပျသည့်ပုံစံဖြင့်လှည့်ထွက်သွားတော့၏။

_ _

ဖူဟွားနှင့်ယွီ‌ရွေ့ကသူရဲ့အပြုအမှုကြောင့် သူမတို့ရဲ့မျက်စိထဲမှာဒေါသထွက်နေသည့်အရိပ်အယောင်များအပြည့်ဖြစ်သွားသည်။ သူမတို့ပြန်ပြောဖို့ပြင်လိုက်ပေမဲ့ လင်းရုဖေးကတားဆီးလိုက်သည်။

"ပြသာနာမရှိပါဘူး"

လင်းရုဖေးကလက်ကိုဘာသိဘာသာယမ်းပြလိုက်ကာ"ဓားသမားတွေအားလုံးက အမြဲသူတို့ပုံစံနဲ့သူတို့ရှိကြတာပဲ"

အထူးသဖြင့် အင်အားကြီးတဲ့ဓားသမားတွေပေါ့၊

သူရဲ့ဒုတိယအစ်ကိုကနူးညံပြီးသိမ်မွေ့တယ်လို့ထင်ရပေမယ့် တကယ်ဆို သူသည်လည်းမာနကြီးသည်။ သူ မကြိုက်တဲ့လူ ဒါမှမဟုတ် စိတ်မ၀င်စားတဲ့လူနှင့်တွေ့သည့်အခါ သူကယဉ်ကျေးဖို့ပင်ပျင်းလေ၏။

"သခင်လေး ဒီလျိုရုကုန်းကအရမ်းမာနကြီးလွန်းတယ်"

ယွီရွေ့ကမကျေနပ်တဲ့ပုံစံဖြင့် "သူဘယ်လောက်ပဲအင်အားကြီးကြီး ကျွန်မတို့ရဲ့ဒုတိယသခင်လေးကိုရှုံးသွားတာပဲ"

လျိုရုကုန်းက တစ်ချက်တည်းဖြင့်ရှံးသွားခြင်းပင်။ ထိုအချိန်တုန်းက သူသည် လင်းပျန့်ယွီနှင့်နောက်တစ်ကြိမ်ထပ်ပြိုင်ချင်သေးကြောင်း ကြမ်းကြမ်းတမ်းတမ်းပြောဆိုခဲ့သည်။ သို့ပေမဲ့ အခြေ‌အနေအချို့ချို့ကြောင့် ထိုနှစ်ရဲ့ဓားသိုင်းပြိုင်ပွဲတွင် လျိုမိသားစုကသူ့အားမစေလွှတ်ခဲ့ပေ။ ထိုအစား အဆင့်၇ကျင့်ကြံရေးသမားတစ်ယောက်ဖြစ်သည့်လျိုမိသားစု၏အကြီးဆုံးသားကိုသာစေလွှတ်ခဲ့တာကြောင့် ပြောစရာမလိုအောင်ပင် နိုင်ဖို့အခွင့်အရေးမရှိခဲ့ချေ။

လျိုရုကုန်း ထွက်သွားမှသာ သေလောက်အောင်ကြောက်ရွံ့နေသည့် ရှောင်အာ့ကသူ့ရဲ့နဂိုပုံစံအတိုင်းပြန်ဖြစ်သွားသည်။ သို့ပေမဲ့ ယခု သူကလင်းရုဖေးကိုပိုကြောက်သွားသည်ပုံနှင့်ကြည့်လေသည်။ သူ ဘယ်သူလည်းဆိုတာကိုမသိပေမယ့် လျိုရုကုန်း နှင့်စကားပြောနိုင်တယ်ဆိုကတည်းက စော်ကားလို့ရသည့်လူမျိုး မဟုတ်မှန်းသူယုံကြည်သွား၏။

"ကုန်းဇီ တကယ်တော့......ကျွန်တော်က မပြောပြချင်တာမဟုတ်ရပါဘူး ဒါပေမဲ့အရမ်းရှက်စရာကောင်းလွန်းလို့ပါ"

ရှောင်အာ့ကသူရဲ့အသံကိုအစွမ်းကုန်ဖိနှိပ်လိုက်ပြီး"မြို့တစ်ခုလုံးမီးတွေထွန်းထားပြီးအလှဆင်ထားပေမယ့် ဒီအကြောင်းကိုလူတော်တော်များမပြောဝံ့ကြဘူး"

"ဘာဖြစ်လို့လဲ" လင်းရုဖေးမေးလိုက်သည်။

ရှောင်အာ့က လင်းရုဖေးကိုနောက်ဆုံးမှာတော့အခက်‌တွေ့နေရတဲ့အကြောင်းပြချက်ကိုပြောပြလာသည်။

"ဘာလိုလဲဆိုတော့ လျိုမိသားစုရဲ့ဒုတိသသားကဓားတစ်ချောင်းနဲ့လက်ထပ်မလို့တဲ့"

အားလုံးရဲ့မျက်နှာအမှုအရာမှာအေးခဲသွားရသည်။ သူ့ဘေးနားမှာ အားအားယားယားနှင့် ပျင်းပျင်းရိရိ ၀ါသန်းနေသည့် ကုရွမ်းတုပင်ပါလေသည်။

"ရှင် ဘာပြောလိုက်တာ"

ဖူဟွားက သူမနားကြားမှားတာလို့ထင်သွားပြီး"ရှင်ဘာပြောလိုက်တာ လျိုမိသားစုရဲ့ဒုတိယသားလက်ထပ်မှာက"

ရှောင်အာ့ကပြောလေသည်။"ဓားတစ်ချောင်းပါ"

အားလုံး :“……”

ရှောင်အာ့ကသူတို့ရဲ့တုံပြန့်မှုကိုလုံး၀အံ့ဩသွားခြင်းမျိုးအလျဥ်းမရှိဘဲတည်တည်ငြိမ်ငြိမ်ဖြင့်ဆက်ပြောလေသည်။

"သူ အချစ်ရဆုံးဖြစ်တဲ့ လော့ရှန်ကိုပါ"

လော့ရှန်ကဓားကောင်းတစ်လက်ဖြစ်ပြီး ခွန်လွန်းတောင်မှာပြုလုပ်ထားတဲ့ထျန်းရှောင်းဓားနှင့်တန်းတူဟုပြောလို့ရသည်။ ထို့ကြောင့် ထူးခြားသည်ဟု ဆိုလို့ရပေသည်။ သတင်းစကားတွေအရဆိုလျှင် ထိုဓားကိုကောင်းကင်ဥက္ကာခဲပျံသံကိုမီးမြှိက်ပြီးလုပ်ထားတာဟူ၍ပြောကြသည်။ ဓားထွက်ပေါ်လာချိန်တွင် ကောင်းကင်ယံတစ်ခုလုံးမြူနှင်းမှုန့်များဖြင့်ပြည့်နှက်သွားပြီးတိမ်တွေကလည်း ချောမောလှပတဲ့မိန်းမပျိုလေးတစ်ဦးပုံသဏ္ဍာန်ပေါ်နေတာကြောင့်'လော့ရှန်း'ဟုအမည်ပေးခဲ့၏။

လျိုရုကုန်း တစ်ယောက်လော့ရှန်ကိုရချိန်တွင် နတ်ဘုရားရဲ့အကူညီကိုရသွားသည့်အတိုင်း သူ့ရဲ့ကျင့်ကြုံရေးစွမ်းအားမှာ အလျင်အမြန်တိုးတတ်လာသည်။ ဤလူတယောက်နှင့် ဓားတစ်ချောင်းက ပြီးပြည့်စုံပြီးလိုက်ဖက်သည့်စုံတွဲလို့ပင်လူတွေကပြောကြသည်။

သို့ပေမဲ့ ဘယ်လောက်ပဲပြီးပြည်စုံပြီးလိုက်ဖက်ဖက် ဓားတစ်ချောင်းကိုလက်ထပ်ယူတဲ့ စိတ်ကူးကအတော်လေးရယ်စရာကောင်းသည်။

ရှောင်အာ့က ထိုအကြောင်းတွေကိုပြောပြီးသည်နှင့် သူတို့အုပ်စုမှာအချိန်အတော်‌လေးကြာသည်အထိတိတ်ဆိတ်သွား‌လေသည်။

နောက်ဆုံးမှာတော့လင်းရုဖေးကပြောလေသည်။

"ဒီလျိုရုကုန်းမှာတကယ်ကိုထူးခြားတဲ့အကျင့်စရိုက်ရှိတာပဲ"

"ဟုတ်ပါတယ်" ရှောင်အာ့ကပြောသည်။

"လျိုအာ့ကုန်းဇီချလိုက်တဲ့ဆုံဖြတ်ချက်ကို လျိုမိသားစုထဲကဘယ်သူမှမပြောင်းနိုင်ကြဘူး သခင်ကြီးလျိုကလည်းသေလောက်အောင်ဒေါသထွက်နေပေမယ့် သူလည်းဘာမှမလုပ်နိုင်ဘူး နောက်ပြီးတော့ လျိုအာကုန်းဇီရဲ့မိခင်ကလည်း သူမသားအပေါ် မှာတုန်နေအောင်ချစ်တာ​မို့လို့ သူနဲ့ပြိုင်မငြင်းနိုင်ဘဲ လုပ်ချင်တာပေးလုပ်ထားရတာလေ သူမက လျိုအာကုန်းဇီရဲ့မင်္ဂလာဆောင်ကိုဖြစ်ကတတ်ဆန်းလုပ်လို့မရဘူးဆိုပြီး ကူစူးမြို့ကိုအနီရောင်ပြောင်းပေးထားတာလေ"

အားလုံး ဘာပြန်ပြောရမလဲမသိတော့သဖြင့် တစ်ယောက်မျက်နှာတစ်ယောက်သာ ကြည့်မိလိုက်ကြ၏။

ရှောင်အာ့ကဆက်ပြီး"ဒါပေမဲ့ ဒီကိစ္စကိုဘယ်သူမှမပြောရဲကြဘူးလေ ဘာပဲဖြစ်ဖြစ်ဒုတိယသခင်လေးရဲ့စိတ်နေသဘောထားကဆိုးရွားတယ်‌ သူကလူတွေကို ကြက်ကလေးတွေသတ်သလိုသတ်နိုင်တယ်လေ သူတို့သေသွားရင်တောင်မှအလောင်းကိုတောင်ပြန်ရမှာမဟုတ်ဘူး"

ထိုစကားကိုကြားပြီးနောက် လင်းရုဖေးသည် လက်ထဲကရွေတုံးကိုရှောင်အာ့ကိုပေးလိုက်ပြီး သူသွားလို့ရပြီဖြစ်ကြောင်းအချက်ပြလိုက်သည်။

ဆုငွေကိုရသည်နှင့် ရှောင်အာ့ကကျေးဇူးတင်စွာဖြင့်လင်းရုဖေးအားဦးညွှတ်လိုက်ပြီးနောက်အမြန်ပြန်ထွက်သွားတော့သည်။

"စိတ်၀င်စားဖို့ကောင်းသားပဲ" ဖူဟွားကရေရွတ်လိုက်သည်။

"တစ်ယောက်ယောက်ကသူရဲ့ဓားကိုလက်ထပ်တာကိုကျွန်မပထမဆုံးကြားဖူးတာပဲ"

ယွီရွေ့ကခေါင်းကိုခါလိုက်ပြီး"မမ နင်နားမလည်ပါဘူး ဓားနဲ့တစ်ဘ၀လုံးတူတူနေချင်တာ ဒီလိုလူမျိုးကိုမှစစ်မှန်တဲ့ဓားသမားလို့ခေါ်တာ" သူမပုံစံက လျိုရုကုန်းကိုနားလည်ပုံရသည်။

လင်းရုဖေးက ထိုကိစ္စနှင့်ပတ်သတ်ပြီးအများကြီး‌မပြောပေ။လောကကြီးက ကြီးမားတာကြောင့် အရာရာကထူးဆန်းပြီးစိတ်၀င်စားဖွယ်ကောင်းပေသည်။

တချိန်တည်းမှာပဲ လျိုအာ့ကုန်းဇီကစိတ်၀င်စားဖို့ကောင်းသားပဲ ဟုသူတွေးလိုက်သည်။ သူကတကယ့်ကိုလူထူးလူဆန်းပင်။

နည်းနည်းနောက်ကျနေပြီမို့ အားလုံးစားသောက်ပြီးသည့်နောက်ကိုယ်ပိုင်အခန်းတွေဆီအနားယူရန်ဦးတည်လိုက်၏။

လင်းရုဖေးက ရေချိုးပြီးသည်နှင့်ဆေးသောက်လိုက်သည်။အိပ်ရာပေါ်လှဲလှောင်းရင်း ဟိုဘက်လှိမ့် ဒီဘက်လှိမ့်လိုက် လုပ်နေမိသည်။ ကုရွမ်းတုက ကုတင်၏ထောင့်စွန်းမှာထိုင်ပြီး မေးထောက်ကာ စကားမ​ဆိုဘဲအပြင်ဘက်ကရှုခင်းကိုကြည့်နေသည်။

လင်းရုဖေးက ယင်းကိုနည်းနည်းထူးဆန်းသည်ဟု ခံစားရတာ​ကြောင့် အသာခေါ်လိုက်သည်။ "အကြီးအကဲ"

ကုရွမ်းတုက လှည့်ကြည့်လာသည်။

လင်းရုဖေးကမေးလိုက်သည်။

"ခင်ဗျား စိတ်ထဲမှာတစ်ခုခုရှိနေလို့လား"

ကုရွမ်းတုကပြန်ဖြေသည်။ "ကိုယ့်စိတ်ထဲ ဘာတစ်ခုခုရှိမှာလဲ"

လင်းရုဖေးကဆက်ပြီး " အဲ့ဒါဆိုခင်ဗျားဘာလို့စကားမပြောတာလဲ"

ပုံမှန်ဆိုရင် ကုရွမ်းတုကစကားအရမ်းများလွန်းသည်။ သို့ပေမဲ့ ယနေ့တွင်မူ စကားတစ်လုံးပင်မပြောချေ။ ထိုမျှ ယုတ္တိမရှိသည့် လျိုရုကုန်း၏ဓားနှင့်မင်္ဂလာဆောင်အကြောင်းကြားလာတာတောင်မှ သူကငြိမ်သက်လျက်ရှိ၏။

ကုရွမ်းတုကမေးလေသည်။

"ဓားတစ်ချောင်းနဲ့မင်္ဂလာဆောင်တာထူးဆန်းလို့လား"

လင်းရုဖေးကခဏလောက်တိတ်သွားပြီးမှ အသံတိုးတိုးဖြင့်"အဲ့ဒါဆိုအကြီးအကဲကလည်း......"

သူက ကုရွမ်းတုခါးမှာချိတ်ထားသည့် ရွှမ်ကျန်းကိုကြည့်လိုက်ပြီးသတိထားစွာပြောလိုက်သည်။

"အကြီးအကဲကဓားကိုစိတ်၀င်စားနေတာဆိုရင်လည်း ကျေးဇူးပြုပြီး ရွှမ်ကျန်းကိုဒီလိုမဆက်ဆံပါနဲ့...ခင်ဗျားရဲ့ဇနီးကိုမီးထိုးတဲ့တုတ်တံအဖြစ်သုံးတာတော့မကောင်းဘူး"

ကုရွမ်းတု : “……”

သူရဲ့ခါးမှာချိတ်ထားသည့် ရွှမ်ကျန်းကလည်း ထိုအချိန်မှာလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ယင်းကလင်းရုဖေး၏စကားကိုပဲ တုန့်ပြန်တာလား၊ ဒီအတိုင်းကုရွမ်းတုကိုပဲလှောင်ပြောင်နေတာလားဆိုတာကိုတော့သူလည်းမသိ‌ချေ။

ကုရွမ်းတုက လင်ရုဖေးရဲ့စကားလုံးတွေကြောင့် သေလောက်အောင်နင်သွားရပေမယ့်သူဘာပြန်ပြောရမလဲမသိချေ။ ပုံမှန်အတိုင်းသူရဲ့အင်္ကျီလက်ရှည်ကို ဝှေ့ယမ်းလိုက်ပြီးနောက် ချက်ချင်းပျောက်ကွယ်သွားတော့၏။

လင်းရုဖေးကသူဒီအတိုင်းစိတ်တိုသွားသည်ဟုသာထင်လိုက်သည်။ ဆရာကြီးတွေရဲ့အတွေးတွေက တကယ့်ကိုမတူဘူးဘဲဟုတွေးကာ စိတ်ထဲကနေသက်ပြင်းချလိုက်သည်။ ဘာပဲဖြစ်ဖြစ်သူ...သူတို့ရဲ့အစ်ကိုကြီးဆီကိုဒုတိယအစ်ကိုရဲ့မင်္ဂလာပွဲကိုလောရန်စာရေးရပေမည်။ ပြီးတော့သူဓားနှင့်စွဲလမ်းတဲ့အထိမလေ့ကျင့်ဖို့ရန်ပါပြောရပေမည်။ မဟုတ်ပါလျှင် ထျန်းရှောင်ကသူရဲ့မရီးတကယ်ကြီးဖြစ်လာနိုင်ပေသည်။ သူရဲ့ဒုတိယအစ်ကို ကိုအထင်သေးတာမဟုတ်ပေမဲ့ ဓားတစ်ချောင်းကို'မရီး'လို့ခေါ်ရမှာကြီးကတော့ တကယ့်ကို ထူးဆန်းသည်ဟု ခံစားရ၏။

လင်းရုဖေးက အိပ်ရာထဲမှာလှဲကာကိစ္စအသေးအမွှားတွေအကြောင်းစဉ်းစားနေမိသဖြင့် ညသန်းခေါင်ရောက်မှသာအိပ်ပျော်သွားသည်။

နောက်တစ်ရက် သူနိုးလာချိန်တွင်ကုရွမ်းတု၏ပုံရိပ်ကိုမတွေ့ရ‌သော်ငြားလည်းလင်းရုဖေးက စိတ်မပူပေ။ သူမနက်စာကိုထုံးစံအတိုင်းဖြည်းညင်းစွာစားသောက်ပြီးနောက် လျိုအိမ်တော်ကို ဖူဟွားနှင့်ယွီရွေ့တို့ဖြင့်သွားရောက်လည်ပတ်ရန်စီစဉ်ထားသည်။

သူတို့ လျိုအိမ်တော်ကိုရောက်ချိန်တွင် လျိုသခင်ကြီးနှင့်သခင်မအိမ်တော်မှာမရှိသည့်အပြင် ရက်တော်တော်လေးကြာသည်အထိပြန်လာဦးမှာမဟုတ်ကြောင်းသိလိုက်ရသည်။ သို့ပေမယ့်အိမ်တော်ထိန်းက လင်းရုဖေးဘယ်သူလည်းဆိုတာသိသွားပြီးနောက် လေးစားကြောင်းပြသည့်အနေဖြင့် လျိုအိမ်တော်မှာနေရန်ဖိတ်ကြားလာပြီး သခင်ကြိးနှင့်သခင်မကိုလည်းတတ်နိုင်သမျှအမြန်ပြန်လာရန်စာပို့လိုက်မည်ဟုပြောလေသည်။

လင်းရုဖေးကအိမ်တော်ထိန်းရဲ့ဖိတ်ကြားချက်ကိုငြင်းပယ်လိုက်ပြိးသူတည်းခိုဆောင်မှာပဲနေမှာဖြစ်ပြီး သူတို့ကိုမနှောက်ယှက်ချင်ကြောင်းပြောလိုက်သည်။

အိမ်တော်ထိန်းလည်း ဘယ်လောက်ပဲကြိုးစားပြီးတိုက်တွန်းလို့မရသည့်အဆုံး သူ့ရဲ့လက်အောက်ငယ်သားကိုကူစူးမြို့ကအကောင်းဆုံးတည်းခိုဆောင်ကိုငှားခိုင်းကာ သူတို့ရဲ့အရေးကြီးဧည့်သည်တော်လင်းရုဖေးအား ကောင်းကောင်းဆက်ဆံရန်ညွှန်ကြားလိုက်၏။

တည်းခိုဆောင်ပိုင်ရှင်ကလည်း ထပ်ခါတလဲလဲ ဟုတ်ပါပြီ ဟုပြန်ပြောလေသည်။