အပိုင်း ၇၆
Viewers 15k

Chapter 76
ဓားသမားရဲ့လက်ဆောင်


လင်းရုဖေးတည်းခိုဆောင်မှာပဲ နေရတဲ့‌အကြောင်းပြချက်က ရှဲ့မိသားစုနှင့်မုန့်မိသားစုတို့မှာဖြစ်ပျက်ခဲ့တာတွေကြောင့်ဖြစ်သည်။သူ ထိုကိစ္စကနည်းနည်းထူးဆန်းသည်ဟု ခံစားနေရပြီးတည်းခိုဆောင်မှာနေတာကပိုပြီးလုံခြုံလေသည်။ နောက်ဆုံး လျိုမိသားစုဘာပဲဖြစ်ဖြစ်သူနှင့်ဘာမှမဆိုင်ပေ။

လင်းရုဖေးကိုတည်းခိုဆောင်ကိုလိုက်ပို့ပေးပြီးနောက် အိမ်တော်ထိန်းကြည့်ရသည်မှာ အခါပေါင်းများစွာတစ်ခုခုပြောချင်နေသည့်ပုံရပေမယ့် ဘာမှမ​ဆိုဘဲအဆုံးသတ်သွားလေသည်။ လင်းရုဖေးက သတိထားမိသွားသဖြင့် ပြောစရာတစ်ခုခု ရှိပါကပြောရန် ပြောလိုက်သည်။

အိမ်တော်ထိန်းက အသံတိုးတိုးဖြင့်"လင်းကုန်းဇီသိလောက်မယ်မထင်ဘူး ဒီလ၁၅ရက်နေ့ကကျွန်တော်တို့ဒုတိယသခင်လေးရဲ့မင်္ဂလာပွဲနေ့ပါ ဒီမင်္ဂလာပွဲကနည်းနည်းလေးထူးခြားလို့လျိုမိသားစုကဧည်သည်တွေကိုဖိတ်ကြားမှာမဟုတ်ဘူး ဖိတ်ကြားထားတဲ့လူ‌တွေကလျိုမိသားစုရဲ့အတွင်းလူတချို့လောက်ပဲရယ်ဖြလင်းကုန်းဇီတို့ကိုတမင်တကာချန်ပြီးမဖိတ်ကြားတာမဟုတ်ပါဘူး"

လင်းရုဖေးက မင်္ဂလာ‌ဆောင်ဖိတ်ကြားချက်ကိုမရတာကြောင့် လျိုမိသားစုက သူ့အပေါ်အေးတိအေးစက်ဆက်ဆံသည်ဆိုပြီးအထင်လွဲသွားမှာဆိုးတာကြောင့် အိမ်တော်ထိန်းက လင်းရုဖေးကိုအမြန်ရှင်းနေခြင်းပင်။

လင်းရုဖေးက အဆင်ပြေကြောင်းပြသည့်အနေဖြင့်ခေါင်းသာညိတ်ပြလိုက်၏။

ထိုအခါမှသာ အိမ်တော်ထိန်းကဂရုတစိုက်ပြန်သွားတော့သည်။

သို့သော် တစ်ရက်ကြာပြီးနောက် လျိုအိမ်တော်မှလူတစ်ယောက်ကနေပြီး လင်းရုဖေးဆီကိုမင်္ဂလာဆောင်ဖိတ်စာပေးပို့လာသည်။လင်းရုဖေးက မေးကြည့်သည့်အခါ လျိုမိသားစုရဲ့သခင်ကြီးကပို့ခိုင်းတာဖြစ်ကြောင်း၊ မိသားစုနှစ်ခုကကောင်းမွန်တဲ့ဆက်ဆံရေးရှိတာကြောင့် လင်းရုဖေးအနေဖြင့် လာချင်သည့်ဆန္ဒရှိပါက လာလို့ရကြောင်းပြောလေသည်။ သို့ပေမဲ့ သူလက်ဆောင်တွေပို့ရန်မလိုကြောင်းနှင့်သူပွဲကိုလာရုံနဲ့တင်လုံလောက်ပြီဟုပြောသည်။

ကြည့်ရသည်မှာ လျိုမိသားစုရဲ့အကြီးအကဲက လင်းမိသားစုရဲ့လေးယောက်မြောက်သား လင်းရုဖေးကိုဖိတ်ရန်မဆုံးဖြတ်ခင်မှာတော်တော်လေးစိတ်ပိုင်းဆိုင်ရာရုန်းကန်လိုက်ရပုံပင်။ တခြားသူတွေသေချာမသိပေမဲ့သူကကောင်းကောင်းသိလေသည်။ လင်းရုဖေးကအားနည်းတဲ့ခန္တာကိုယ်ရှိပြီးလူသိမများပေမဲ့ တကယ်တော့သူကလင်းမိသားစုတွင်အလိုလိုက်ခံရဆုံးသူဖြစ်သည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ခွန်လွန်းမြောက်ဘက်တောင်ထွတ်ကိုတစ်ချက်ထဲဖြင့်ထက်၀က်ပိုင်းဖြတ်ပစ်လိုက်သည်ဟုလည်းပြောကြသေးသည်။ ဤကိစ္စကို မှန်လား ၊ မှားလားဆိုတာပွင့်ပွင့်လင်းလင်းမမေးဝံ့ပေမယ့် သူကသေချာပေါက်ထင်ထားသလောက်အားနည်းပုံမရတာသေချာပေသည်။ မဟုတ်ပါလျှင် လင်းမိသားစုက သူကို့ဘယ်လိုလုပ်လောကထဲကျင်လည်ခိုင်းမည်နည်း။

ဂျင်းတွေကသက်တမ်းရင့်လေပိုပြီးစပ်လေပင်။ လျှိုမိသားစု၏အကြီးအကဲခန့်မှန်းချက်မှာ ၇၀ရာခိုင်းနှုန်းမှ၈၀ရာခိုင်နှုန်းလောက်အထိမှန်လေသည်။ နှမြောဖို့ကောင်းသည်ကသူရဲ့လိမ္မာပါးနပ်သည့်ဉာဏ်ကသူ့သားအပေါ်တွင်အသုံးမ၀င်ပေ။ သူခမျာ သူသားလုပ်ချင်တာလုပ်ပြသာနာရှာပြီးအေးစက်စက်ဓားတစ်လက်နှင့်လက်ထပ်နေတာကို ထိုင်ကြည့်ရုံသာတတ်နိုင်၏။

ဤကူစူးမြို့က မော့ယွီမြို့ထက်အသိုင်းအဝိုင်းများပြိးပိုကြီးတာကြောင့် လင်းရုဖေးမှာ အလယ်ပိုင်း‌လွင်ပြင်ဒေသရဲ့စည်ပင်၀ပြောမှုကိုကြည့်ရန်မစောင့်နိုင်တော့ပေ။

သူပိုက်ဆံအိတ်အားယူပြီး ဖူဟွားနှင့်ယွီရွေ့အားနှုတ်ဆက်ကာကိုယ့်ဘာသာကိုယ်တစ်ကိုယ်တော်ရွက်လွှင့်လာလိုက်သည်။ သူပထမဆုံးအစားအသောက်ကောင်းများကိုရှာဖွေပြီး ကူစူးမြို့ကိုဖြတ်ပြီးစီးဆင်းနေသည့် မြစ်တစ်လျှောက်လမ်းလျှောက်ရန်ကြံရွယ်ထားခဲ့သည်။ သို့သော် သူတစ်၀က်လောက်ပဲလျှောက်ရသေးသည့်အချိန်မှာပဲ လျိုအိမ်တော်မှာမင်္ဂလာပွဲအတွက်ပြင်ဆင်နေရမည့် လျိုရုကုန်း အားတွေ့လိုက်ရသည်။ သူ့ရဲ့လက်ပေါ်တွင် အဖြူရောင်အမွှေးတွေနှင့်လင်းယုန်ငှက်တစ်ကောင်နားနေပြီးငှက်အားစိတ်၀င်တစားကျီးစားနေလေသည်။ သို့သော် သူက လင်းရုဖေးကိုသတိထားမိသွားသည့်အခါ မတ်တပ်ရပ်ကာပြုံးပြ၍နှုတ်ဆက်လေသည်။ သူတို့ပထမဆုံးတွေ့ဆုံသည့်အချိန်တုန်းကနှင့်ယှဥ်လျှင်မဆိုးလှပေ။

"လင်းကုန်းဇီ ကူစူးမြို့တစ်ပတ်လျှောက်ပတ်ကြည့်ချင်ရင် ကျွန်တော်ကို ဘာလို့လမ်းညွှန်မလုပ်ခိုင်းရတာလဲ"

လျိုရုကုန်းကအပြုံးဖြင့်ပြောလာသည်။

လင်းရုဖေးက တစ်ခဏလောက်တုံးဆိုင်းသွားရပေမယ့် လျိုရုကုန်းရဲ့အကြံပြုချက်ကိုပဲလက်ခံလိုက်ကာ "ဒါဆိုလည်း.....ကျွန်တော်ကလျိုကုန်းဇီကိုပဲဒုက္ခပေးရတော့မယ်"


လျိုရုကုန်းရဲ့လက်ပေါ်က လင်းယုန်ငှက်မှာ တော်တော်လေးကိုလှသည်။ ၎င်း၏ တွန့်နေ့သည့် ပခုံး၊ တင်းနေအောင်ဆန့်ထားသည့်အမြှီး၊ ထွင်းထုထားသလိုသေသပ်လှပသည့်ဦးခေါင်းနှင့် ဘဲငန်းနဲ့သဏ္ဍာန်တူသည့်နောက်ကျောက တကယ် စံတင်လောက်သောအလှတစ်ခုဖြစ်သည်။ လင်းပျန့်ယွီမှာလည်း ချင်းလွမ်လို့ခေါ်တဲ့အစိမ်းရောင်အမွှေးတွေနှင့်လင်းယုန်ငှက်တစ်ကောင်ရှိသည်။ လင်းရုဖေးက ထိုငှက်ကိုကြည့်ရင်းကြီးပျင်းလာတာကြောင့် ဤကြည့်ကောင်းလှသည့်ငှက်အကြောင်းကိုအနည်းငယ်နားလည်လေ၏။

လင်းရုဖေးက သူ့ငှက်ကိုတော်တော်လေးစိတ်၀င်စားနေတာမြင်သဖြင့် လျိုရုကုန်းမိတ်ဆက်ပေးလေသည်။

"လျောင်ရှန်းလို့ခေါ်တယ် ဒီနှစ်မှ တစ်နှစ်ပဲရှိသေးတာ အမလေးဒါပေမဲ့သဘောတော့သိပ်မကောင်းဘူး"

အရာအားလုံးက သူတို့၏ပိုင်ရှင်နှင့်တူလှသည်။ ဤလျောင်ရှန်းကသူရဲ့လည်းပင်းအားအနည်းငယ်မော့ထားပြီး မော်ကြွားနေသည့်ပုံကိုပြသထားပြီး လျိုရုကုန်းနှင့်အတော်လေးကိုဆင်တူသည်။ သို့သော် လျိုရုကုန်းကသတိထားမိပုံမရဘဲ လျောင်ရှန်းရဲ့ခေါင်းကိုမြတ်နိုးလှစွာပွတ်သပ်လိုက်ပြီးလင်းရုဖေးအားကြည့်လိုက်သည်။

"လင်းကုန်းဇီ စမ်းကြည့်ချင်လား"

လင်းရုဖေးပြုံးလျက်ငြင်းဆိုလိုက်သည်။

"မလိုအပ်ပါဘူး ကျေးဇူးတင်ပါတယ်"

လင်းယုန်ငှက် နှင့် ကစားတာကတော်တော်လေးကိုပုဂ္ဂိုလ်ရေးဆန်ပြီးများသောအားဖြင့် ပိုင်ရှင်တွေကသူတို့ရဲ့ကိုယ်ပိုင်လင်းယုန်ငှက်ကို အခြားသူတွေကိုင်တာကိုမနှစ်သက်ပေ။ လျိုရုကုန်းက ယဉ်ကျေးမှုအရသာမေးခြင်းဖြစ်ကြောင်းကိုလည်း သူသိပေသည်။

သူတို့နှစ်ယောက်လမ်းပေါ်မှာပတ်ကြည့်ပြီးလမ်းလျှောက်ရင်းစကားစမြည်ပြောဖြစ်ကြသည်။ လမ်းမ‌ပေါ်ကလူတော်တော်များမှာ သူတို့နှစ်ယောက်ကိုသတိထားပြီးကြည့်နေကြသည်။ တော်တော်များများရဲ့အကြည့်တွေက ကြောက်လန့်ထိတ်လန့်မှုတို့ဖြင့်ပြည့်နှက်နေသည်။ ကြည့်ရသည်မှာ ကူစူးမြို့တွင် လျိုရုကုန်းကတော်တော်လေးအာဏာရှိပုံရ၏။

လျိုရုကုန်းက ဤသည်ကိုသတိမထားမိပုံဖြင့် လင်းရုဖေးကိုသာ အရှေ့ကိုဆက်ခေါ်သွားသည်။ သူက ဒီနေရာက သေရည်ကတော်တော်ကောင်းတယ်၊ ဒီဆိုင်ကရွှေပိုးထည်စက တခြားဆိုင်ကဟာတွေနဲ့မတူဘူး အစရှိသဖြင့်ပြောလေသည်။ သူအခွင့်အရေးရလျှင် တစ်ခု၊နှစ်ခုလောက်၀ယ်ဖို့မမေ့ရန်နှင့်အိမ်ကအမျိုးသမီးတွေဒါကိုသေချာပေါက်ကြိုက်လိမ့်မည် ဟု‌လည်းပြောလေသည်။ သူပြောသမျှအားလုံးကို လင်းရုဖေးကစိတ်၀င်တစားနားထောင်နေပြီး နောက်ဆုံးကူစူးမြို့တစ်၀က်လောက်ကိုလျှောက်ပတ်ပြီးတော့မှပဲ လျိုရုကုန်းကလိုရင်းကိစ္စကိုစပြောလေသည်။ သူက လင်းရုဖေးခန္တာကိုယ်တွင်အပေါက်ဖြစ်သည်အထိမီးရှို့ဖိုရန်ကြိုးပမ်းနေသည့်အလား လောင်ကျွမ်းနေသည့်မျက်လုံးတွေနှင့်လင်းရုဖေးကိုစိုက်ကြည့်နေ၏။

"လင်းကုန်းဇီ"

လင်းရုဖေးက သူမျက်နှာအမူအယာကြောင့်လန့်သွားပြီး

"ဟမ်"

လျိုရုကုန်း "မင်း ခွန်လွန်းတောင်ပေါ်မှာတုန်းက တစ်ယောက်ယောက်နဲ့ဓားရေးပြိုင်ခဲ့တယ်လို့ကျွန်တော်ကြားမိတယ်"

လင်းရုဖေးက တစ်ခဏလောက်တုံ့ဆိုင်းသွားပေမယ့် ခေါင်းအသာညိတ်ပြလိုက်သည်။

"အဲ့ဓားသမားရဲ့နာမည်က ၀မ်ထန်းလား"ဟုလျိုရုကုန်းကမေးလေသည်။

လင်းရုဖေးက သူထိုမျှအတိအကျသိလိမ့်မည်ဟုမထင်ထားပေ။လင်းရုဖေးတစ်ယောက်ယောက်နှင့်ဓားရေးပြိုင်တာကိုသိရုံတင်သာမက ဓားသမား၏နာမည်ကိုပင်သိနေသေးသည်။

လင်းရုဖေးကမေးလိုက်၏။ "သူ့ကိုသိလို့လား"

လျိုရုကုန်းကခေါင်းငြိမ့်ပြလိုက်ကာ"အင်း "

သူရဲ့လက်ကိုခါလိုက်ချိန်တွင် သူ့လက်ပေါ်တွင်နားနေသည့်လျောင်ရှန်းကမပျံခင်အတောင်ပံတွေကိုဝှေ့ယမ်းလိုက်သည့်အခါ လေပြင်းများတိုက်လာ၏။

"ကူစူးမြို့မှာ တစ်ကြိမ်တွေ့ဖူးတယ်"

ခွန်လွန်းတောင်ကိုလာသည့်လမ်းမှာဖြစ်လောက်သည်။ ၀မ်ထန်းကမြို့ထဲမှာတစ်ရက်၀င်နား‌ချိန်တွင် အရက်တစ်အိုးယူလာပြီး မြို့ထဲရှိအမြင့်ဆုံးအဆောက်အုံပေါက်ကနေမှိန်ဖျဖျလင်းနေသည့်ကူစူးမြို့ကိုကြည့်နေခဲ့သည်။

လျိုရုကုန်းက သူနှင့်တိုက်မိသွားပြီးတစ်ချက်ကြည့်လိုက်‌သည့်အခါ ၀မ်ထန်းခါး‌နဘေးမှာချိတ်ထားတဲ့ဓားရှည်ချင်းကျီကိုသတိထားမိသွားသည်။ ၀မ်ထန်းကသူဆောင်းထားသည့်ဝါးခ‌မောက်ကနေတဆင့်မကျေမချမ်းအကြည့်နှင့်မကြည့်မချင်းလျိုရုကုန်းသူအကြည့်ကိုမလွှဲနိုင်ခဲ့ချေ။ ၀မ်ထန်လိုအစကတည်းကသဘောမကောင်းတဲ့လူမပြောနှင့် တခြားဓားသမားတစ်ဦး၏ဓားကို ယခုလိုမျိုးရိုင်းစိုင်းသည့်အမှုအရာနှင့်ကြည့်နေချင်းကစိတ်ကိုအတော်လေးမသက်မသာဖြစ်စေ၏။

"ခင်ဗျားရဲ့ဓားက‌ကောင်းသားပဲ"

လျိုရုကုန်းက၀မ်ထန်းဆီကိုလျှောက်လာပြီးထိုင်ချလိုက်သည်။သူက၀မ်ထန်းရဲ့အရက်အိုးကိုလက်လှမ်းလိုက်ကာတစ်ငုံလောက်သောက်ချင်နေသည်။ ဘယ်သူထင်ထားမလဲ ၀မ်ထန်းက ကူစူးမြို့ကလျှိုမိသားစုရဲ့အကျိုးအကြောင်းမသင့်ဆုံးသားကိုမျက်နှာသာမပေးဘဲ အရက်တောင်းနေသည့်လျိုရုကုန်းကိုလျစ်လျူရှုလိုက်သည်။ အေးတိအေးစက်အကြည့်က မျက်နှာအုပ်ထားသည့်ဦးထုပ်ကနေတစ်ဆင့်တောင်မှ လူကိုကျောချမ်းစေသည်။

တကယ်လို့များသာမာန်သူသာဆိုလျှင်နောက်ဆုတ်သွားပြီဖြစ်သည်။ သို့ပေမဲ့လျှိုရုကုန်းကဘယ်သူမို့လို့လဲ။ သူကလျှိုမိသားစုရဲ့ဒုတိယသခင်လေးလေ၊ ပြီးတော့ လူတွေကိုညှင်းပန်းနှိပ်စက်နိုင်စွမ်းအရှိဆုံးလူလည်းဖြစ်သေးသည်။ ထို့ကြောင့်သူက၀မ်ထန်းရဲ့လျစ်လျူရှုမှုကြောင့်မတုန်လှုပ်သွားသည့်အပြင် ပိုပြီးတော့တောင်မှစိတ်၀င်စားလာသေး၏။

"ဘယ်ကိုသွားမလို့လဲ" လျိုရုကုန်းကမေးလိုက်သည်။

"ဘာလို့ဒီနေရာမှာလာသောက်နေရတာလဲ။"

"ဓားသိုင်းပြိုင်ပွဲ"

၀မ်ထန်းရဲ့အသက်ကအေးစက်စက်နိုင်ပေမဲ့ အနည်းဆုံးစကားတော့ပြန်ပြောသေးသည်။

"အိုး" ဓားအကြောင်းကိုပြောသည်နှင့် လျိုရုကုန်းကစိတ်၀င်စားသွားပြီး"ခွန်လွန်းကိုသွားမလို့လား ဓားသိုင်းပြိုင်ဖို့ဘယ်သူကိုရှာဖို့ရည်ရွယ်ထားလဲ"

လင်းမိသားစုရဲ့ဂုဏ်သတင်းက ကျော်ကြားလှပြီး နှစ်တိုင်းနီးပါးမရေမတွက်နိုင်အောင်များပြားလှသည့်ဓားသမားတွေက ခွန်လွန်းကိုဓားသိုင်းသွားပြိုင်ရင်သွားပြိုင် ဒါမှမဟုတ် ပြိုင်ပွဲကြည့်ဖို့သွားနေတတ်သဖြင့် အလွန်စည်းကားလှသည်။ ပြီးတော့ခွန်လွန်းကိုရောက်ဖို့ရန်လည်းလမ်းတစ်လမ်းသာရှိသည်။ သူတို့ကကူစူးမြို့ကိုဖြတ်၊ ရှီးလျန်တောင်ကိုကျော်ပြီးချန့်လန်မြစ်အတိုင်းတောက်လျှောက်သွားပါမှသာ အလိုရှိရာပန်းတိုင်ဆီကိုရောက်ပေလိမ့်မည်။

"လင်းမိသားစု၀င်ပါ" ၀မ်ထန်းကဖြေသည်။

"လင်းမိသားစု၀င်လား လင်းမိသားစုရဲ့ဘယ်သူလဲ လင်းဝေရွေ့ကခရီးသွားနေတုန်းပဲ ဒါမှမဟုတ် လင်းမင်ကျစ်လား ဒါပေမဲ့ သူနဲ့ဓားသိုင်းပြိုင်ဖို့ကမလွယ်ဘူး" လျိုရုကုန်းကရေရွတ်လိုက်သည်။

၀မ်ထန်းကခေါင်းခါလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ဤသည်ကိုမြင်သည့်အခါ လျိုရုကုန်းကစူးစမ်းသည့်ပုံဖြင့်"ခင်ဗျားရှာနေတာလင်းပျန့်ယွီလား ကျွတ် ကျွတ် ကျွတ် ခင်ဗျားကငယ်ငယ်လေးပဲရှိသေးတာကို အသက်ဆက်မရှင်ချင်တော့ဘူးထင်တယ် ကျွန်တော်တောင်မှလင်းပျန်ယွီရဲ့ဓားချက်အောက်မှာရှုံးလာတာ ခင်ဗျားသာဆိုရင် သူနဲ့ဆယ်ကြိမ်ထက်ပိုပြီး ချနိုင်မှာမဟုတ်ဘူး"

၀မ်ထန်းက သူမျက်လုံးစိမ်းတွေဖြင့်သူအားမော့ကြည့်ကာအေးစက်စက်ရယ်မောလိုက်ပြီးနောက် သူ့ကိုလုံးလုံးမျက်ကွယ်ပြုထားလိုက်တော့သည်။

လျိုရုကုန်းရဲ့မျက်နှာပေါ်ကအပြုံးကနည်းနည်းလေးဖျော့တော့သွားရသည်။ ထို့နောက် သူကအရက်ပုလင်းကို၀မ်ထန်းရဲ့လက်ထဲမှဆွဲယူလိုက်ပြီး ပါးစပ်ထဲမော့သောက်လိုက်သည်။

၀မ်ထန်းကသတိမထားမိလိုက်ဘဲ ဒေါသတကြီးပြောတော့သည်။

"မင်း... အလယ်ပိုင်းလွင်ပြင်သား ဘာလိုဒီလောက်ရိုင်းစိုင်းရတာလဲ"

လျိုရုကုန်းက အရက်ကိုအကြိမ်အနည်းငယ်လိုက်သောက်လိုက်ပြီး၀မ်ထန်းရဲ့လက်ထဲကိုပြန်ပစ်ပေးလိုက်သည်။

"ကျွန်တော် ခင်ဗျားရဲ့အရက်ကိုသောက်ပြီးပြီဆိုတော့ခင်ဗျားအပေါ်အကြွေးတင်သွားပြီ ခင်ဗျားသေမှာကိုဒီအတိုင်းတော့ရပ်ကြည့်မနေနိုင်ဘူး လာ လာ လာ ခင်ဗျား လင်းပျန့်ယွီနဲ့ပြိုင်ချင်ရင်ကျွန်တော်ကိုအရင်နိုင်အောင်ချရမယ် ကျွန်တော်ကသူ့ထက်ပိုပြီး‌သဘောကောင်းတော့ ခင်ဗျားကိုအသက်ရှင်ခွင့်ပေးမှာပါ"

သူက ထိုအတိုင်းသူပြောချင်တာကိုသာ ပြောလိုက်ပြီး သူကလင်းပျန့်ယွီထက်ပင်ပိုပြီးသဘောကောင်းသေးတယ်ဟု ပြောရဲသေးသည်။ သူ့မိသားစုကသာသိလျှင် ဓားသိုင်းပြိုင်ဖို့ရှိသမျှနည်းကိုသုံးနေသည့်သူ့ကိုလှောင်ရီနေကြလိမ့်မည်ပင်။

၀မ်ထန်း ကလျိုရုကုန်းကို ရမ်းကားနေတဲ့အရူးတစ်ယောက်ကိုကြည့်နေသလိုအေးစက်စက်စိုက်ကြည့်လိုက်သည်။

"ငါကဓားသိုင်းပြိုင်ဖို့လင်းပျန့်ယွီကိုရှာတာမဟုတ်ဘူး"

"အိုး"လျိုရုကုန်းကစပ်စုသည့်ပုံဖြင့်"အဲ့ဒါဆိုဘယ်သူကိုရှာနေတာလဲ"

"လင်းရုဖေး"ဟု၀မ်ထန်းပြန်ဖြေလိုက်သည်။

လင်းရုဖေးလား လျိုရုကုန်း ထိုနာမည်ကိုကြားတော့ကြားဖူးသည်။ သို့ပေမဲ့နာမည်သာကြားဖူးပြီးလူကိုမမြင်ဘူးချေ။သတင်းစကားတွေအရ လင်းရုဖေးကဓားသိုင်းပင်မလေ့ကျင့်နိုင်ဟုပြောကြသည်။ ငယ်ငယ်တည်းကအားနည်းတာကြောင့်လူတွေရှေ့မှာတောင်မျက်နှာပြခဲသည်။ ထိုသို့သောလူမျိုးတွေကို လျိုရုကုန်းနည်းနည်းလေးပင်စိတ်မ၀င်စားပေ။

"အိုး အဲ့ဒီလင်းဘာတဲ့ဖေးဆိုတာကလည်းအင်အားကြီးတာပဲလား" လျိုရုကုန်းစိတ်၀င်စားလာသည်။

၀မ်ထန်ကးသူကိုကြည့်လိုက်ပြီးဘာဆိုဘာမှမပြောတော့ပေ။ သူ သေချာပေါက် ထိုအမြီးအမောက်မတည့်သည့် လျိုရုကုန်းကိုမကြိုက်ပေမဲ့လည်း ပြသာနာမတက်ချင်တာကြောင့် အရက်အိုးကိုယူပြီးထွက်သွားဖို့ပြင်လိုက်သည်။ လျိုရုကုန်းကလည်း ယခုလိုစိတ်၀င်စားဖို့ကောင်းသည့်လူမျိုးကိုလွယ်လွယ်နှင့်လက်မလွတ်နိုင်ပေ။ သူ့ရဲ့လက်ကိုမြှောက်ကာလော့ရှန်ကိုဆွဲထုတ်လိုက်သည်။သို့ပေမဲ့ သူဘာဆိုဘာမှမလုပ်ရသေးခင်မှာပဲ သူအရှေ့ရှိလူကအရိပ်တစ်ခုဖြစ်သွားပြီးအရှေ့ကနေပျောက်ကွယ်သွား၏။

၀မ်ထန်းပျောက်သွားသည်နှင့် တပြိုင်နက် လျိုရုကုန်း နားထင်ကဆံပင်တွေလည်းပျောက်သွားသည်။ လျိုရုကုန်းနေရာမှာပဲ ကြောင်ပြီးကျန်ခဲ့တော့သည်။ သူတကယ်ကိုတစ်ဖက်လူ ဓားဆွဲထုတ်လိုက်တာကိုမမြင်လိုက်ရပေ။

ယခုလိုဖြစ်ပျက်ပြီးနောက် လျိုရုကုန်း ၀မ်ထန်းဆိုသည့်နာမည်ကိုကောင်းကောင်းမှတ်မိနေတော့သည်။

နောက်ပိုင်း သူကလင်းရုဖေးနှင့်ဓားသိုင်းပြိုင်ရန်ခွန်းလွန်ကိုသွားခဲ့ပြီး လင်းရုဖေးကိုရှုံးသွားကြောင်း ကြားသိခဲ့ရ၏။ နောင်တတွေဖြင့် သက်ပြင်းသာချလိုက်ရင်းထိုကိစ္စကိုနောက်ကိုသာပို့ထားလိုက်ရသည်။ မနေ့ကသူအိမ်ပြန်ရောက်ချိန်တွင် လင်းမိသားစုက လေးယောက်မြောက်သားနှင့်တွေ့ခဲ့ကြောင်းကိုပြောတော့မှသာ၀မ်ထန်းနှင့်ဓားရေးယှဥ်ပြိုင်ခဲ့သည့်တစ်ယောက်က လင်းရုဖေးဆိုတာကိုသတိရသွားသည်။ ထို့ကြောင့် ယနေ့သူခမနေ့ကအေးတိအေးစက်အပြုအမှုကိုပြောင်းလိုက်ပြီး လင်းရုဖေးအားလိုက်ပတ်ပြရန်ပင်သူဖက်က စတင်ဖိတ်ခေါ်ခဲ့ခြင်းဖြစ်၏။


__ _ __


Translated By IQ-Team.