Chapter 80
မာကြောလွန်းလျှင်ကျိုးလွယ်လေသည်။ လျိုရုကုန်းကပြင်းထန်ထန်စွာတိုက်ခိုက်ခဲ့တာကြောင့် ရှုံးသွားရခြင်းပင်။ သူသာအချိန်ယူပြီးသေချာဗျူဟာကျကျတိုက်ပါလျှင် နောက်ဆုံးမှာအနိုင်ရသွားမည့်သူက လင်းရုဖေးမဖြစ်နိုင်ပေ။ သို့ပေမဲ့ လင်းရုဖေးရဲ့ပင်ကိုစရိုက်ကလည်းဖြည်းဖြည်းနှင့် ဂရုတစိုက်လုပ်တတ်တဲ့လူမျိုးမဟုတ်ချေ။
လင်းရုဖေးကဆောင့်ကြောင့်ထိုင်လိုက်ကာ သူ အဆင်ပြေတယ်ဆိုတာသေချာစေရန်နှာခေါင်းပေါက်ကိုစမ်းကြည့်ပြီးတော့မှသာသက်ပြင်းချလိုက်နိုင်သည်။
သူကိုယ်ပေါ်က စုတ်ပြတ်သပ်နေတဲ့အင်္ကျီကိုကြည့်လိုက်ပြီးနောက်စိတ်ပျက်စွာရေရွတ်လိုက်သည်။
"ကျွန်တော် အ၀တ်တွေယူလာဖို့မေ့သွားတယ်ဒီပုံအတိုင်းသာပြန်သွားရင် ဖူဟွားနဲ့ယွီရွေ့တော့သေချာပေါက်အထင်လွဲသွားတော့မှာပဲ"
ကုရွမ်းတုသည် နဂိုကတည်းကအစိုးရိမ်လွန်ပြီးအိပ်မပျာ်တတ်တဲ့အစေခံမလေးနှစ်ယောက်အကြောင်းကိုတွေးမိပြီးနောက် ပြောလိုက်သည်။
"ကိုယ်ထင်တာမင်းဒီညလည်းအိပ်ပျော်မယ်မထင်ဘူး"
လင်ရုဖေးကခဏလောက်စဉ်စားလိုက်ပြီးနောက် သူအကြည့်ကသတိမရှိသေးသည့် လျိုရုကုန်းဆီကိုတိတ်တိတ်လေးရောက်သွား၏။
ကုရွမ်းတုက သူ့အတွေးတွေကိုခန့်မှန်းမိသည့်ဟန်ဖြင့် "မင်းဘာလုပ်မလို့လဲ"
"လျိုရုကုန်းကပြောတယ် ကျွန်တော်တို့ကသူငယ်ချင်းတွေလို့ ဟုတ်တယ်မလား"
ကုရွမ်းတုကမျက်ခုံးပင့်လိုက်သည်။
လင်းရုဖေးက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
"ကျွန်တော်တို့က သူငယ်ချင်းတွေဆိုတော့ နည်းနည်းလောက်ကူညီသင့်တယ်မလား ပြီးတော့ သူကကျွန်တော်ရဲ့လက်ဖွဲ့ငွေကိုလည်းလက်ခံထားတယ်လေ"
ကုရွမ်းတုက လင်းရုဖေးပြောချင်သည့် အချက်ကိုချက်ချင်းနားလည်သွားပြီး သူ့မှာရီရမလား၊ ငိုရမလားပင်မသိတော့ပေ။
"မင်း......"
လင်းရုဖေးကလျိုရုကုန်းဆီကိုပျော်ရွှင်မှုအပြည့်ဖြင့်လက်လှမ်းနေပြီဖြစ်သည်။ သူကအ၀တ်အစားတွေကိုချွတ်လိုက်ပြီး သူချင်တာကိုသာလုပ်ရန်ကိုရည်ရွယ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူသာတည်းခိုဆောင်ကိုစုတ်ပြတ်သပ်နေသည့် အ၀တ်အစားတွေဖြင့်သာပြန်သွားပြီ ဖူဟွားနှင့်ယွီရွေ့တို့ဖြင့်သာတိုးပါက နဂိုကတည်းက စိတ်ပူနေလို့အိမ်မပျော်သည့်အစေခံတွေကပိုပြီးတော့စိတ်ပူနေကြလိမ့်မည်ပင်။
လင်းရုဖေးက လျိုရုကုန်းရဲ့အင်္ကျီအားချွတ်ရန်ကိုသာအလေးအနက်အာရုံစိုက်ထားလိုက်သည်။ သို့ပေမဲ့ လျိုရုကုန်းလက်ထဲမှာကိုင်ထားတဲ့လော့ရှန်က ရုတ်တရက်အစိမ်းရောင်မီးခိုးငွေ့ပုံစံအဖြစ်ပြောင်းလဲသွားပြီးနောက် မိန်းမတယောက်၏ခက်ထန်နေသည့်လေသံကိုကြားလိုက်ရသည်။
"လင်းကုန်းဇီ ရုကုန်းကိုဘာလုပ်နေတာလဲ"
လင်းရုဖေးကလန့်သွားပြီးမော့ကြည့်လိုက်သည့်အခါ ဟိုတနေ့ကခေါင်မိုးပေါ်မှာလျိုရုကုန်းနောက်မှာရပ်နေတဲ့အစိမ်းရောင်နှင့်အမျိုးသမီးဖြစ်နေတာကိုတွေ့လိုက်ရသည်။ သူမကတော်တော်လေးကိုလှပသည်။ သူမရဲ့ကြည်လင်တောက်ပနေသည့်မျက်လုံးတွေနှင့်ဖြူဖွေးနေတဲ့သွားတွေကြောင့် သူမကဆောင်းဦးကာလရဲ့လမင်းတစ်စင်းကဲ့သိုလှပလေသည်။ သို့ပေမဲ့ယခုအချိန်တွင်မူ သူမရဲ့မျက်လုံးတွေကရှုတ်ချနေသည့်ပုံရသည်။
"လော့ရှန်" လင်းရုဖေးအံဩသင့်စွာဖြင့်စိုက်ကြည့်လိုက်ပြီး"မင်းကလော့ရှန်ရဲ့ဓားဝိညာဉ်လား"
အမျိုးသမီးကအထင်သေးသည့်ပုံဖြင့် "အဲ့ဒါရှင်နဲ့ဘာဆိုင်လို့လဲ"
လင်းရုဖေးက သူမအားခေါင်းအစခြေတဆုံးကြည့်ပြီးနောက်သက်ပြင်းချလိုက်ကာ"ဒီ လျိုရုကုန်းကဓားကိုရူးသွပ်နေတယ်လို့ထင်ထားတာ တကယ်တော့ သူကအလှလေးဖြစ်နေလို့ဆန္ဒရှိနေတာကိုး"
အမျိုးသမီးရဲ့ပါးပြင်ကအနည်းငယ်နီလာကာသူမက"ဟွန့်"ဟုနူးညံစွာပြောလိုက်ပြီး "ရှင် ကျွန်မကိုအရမ်းချီးကျူးနေရင်တောင်မှ သူ့ကိုမဟုတ်တရုတ်လုပ်နေတာကိုခွင့်မပြုနိုင်ဘူး"
လင်းရုဖေးက မယုံကြည်နိုင်မှုကြောင့် အံအားသင့်သွားရပြီး "သူ့ကို မဟုတ်တာလုပ်တယ်ဆိုတာဘယ်လိုမျိုးလဲ"
သူက သူရဲ့အင်္ကျီကိုကြမ်းကြမ်းတမ်းတမ်းဆွဲကာဆက်ပြီးပြောလေသည်။
"သူကသာကျွန်တော်ကိုပြိုင်ဖို့အတွက် ရှာတဲ့သူပါနော် သူကကျွန်တော်ရဲ့အ၀တ်အစားတွေကိုစုတ်ပြဲနေအောင်လုပ်လိုက်တာလေ ကျွန်တော်ကဒီလိုပုံစံနဲ့မှပြန်လို့မရတာ"
လော့ရှန်မှာပြောစရာစကားမရှိဖြစ်သွားရသည်။
လင်းရုဖေးကဆက်ပြီးတော့ သူရဲ့ဖြောင့်မတ်မှနကန်သည်ဆိုတဲ့အမူအရာဖြင့် အသံကျယ်ကျယ်လေးပြောလိုက်သည်။
"ပြီးတော့ ကျွန်တော်ကသူ့ကိုသူငယ်ချင်းလိုဆက်ဆံခဲ့တာ သူကဒါလေးလောက်နဲ့ ကျွန်တော်ကိုကူညီဖို့ကိုငြင်းမယ်ထင်နေလား"
လော့ရှန်မှာဆွံအသွားရပြီး သူမရဲ့ဗာဒံစေ့မျက်လုံးတစ်စုံဖြင့်သာစိုက်ကြည့်နေမိပြီး အဆုံးတွင်"အဲ့ဒါဆိုရင်လည်း ရှင် သူရဲ့ဘောင်းဘီကိုတော့မချွတ်နဲ့နော်"ဆိုတဲ့စာကြောင်းကိုသာဖျစ်ညှစ်ပြောလိုက်ရ၏။
လင်းရုဖေးကလက်ခါပြလိုက်ပြီး"စိတ်မပူပါနဲ့ ကျွန်တော်ရဲ့ဘောင်းဘီကအဆင်ပြေနေသေးတယ်"
ထိုသို့ဖြင့် လော့ရှန်နှင့်ကုရွမ်းတု၏စောင့်ကြည့်နေသည့်မျက်လုံးတွေအောက်တွင်လင်းရုဖေးက ပျော်ရွှင်စွာဖြင့် လျိုရုကုန်းရဲ့ခန္တာကိုယ်အပေါ်ပိုင်းကိုကိုယ်လုံးတီးဖြစ်သွားတဲ့အထိ ချွတ်လိုက်ကာသူရဲ့အ၀တ်အစားတွေဖြင့်အစားထိုးလိုက်သည်။ လျိုရုကုန်းကလင်းရုဖေးထပ်နည်းနည်းပိုပြီးကြွက်သားတွေတောင့်တင်းတာကြောင့် အင်္ကျီတွေကနည်းနည်းတော့ကြီးနေလေသည်။ သို့ပေမဲ့ ဘာပဲဖြစ်ဖြစ် အနည်းဆုံး၀တ်လို့ရသေးတာကြောင့်အဆင်ပြေသည်။ ကုရွမ်းတုသည် ဘေးတွင်ငြိမ်ငြိမ်လေးကြည့်နေပြီးနောက် သက်ပြင်းသာချလိုက်နိုင်သည်။ လင်းရုဖေးသည် နောက်တစ်ခါ မတိုက်ခင် အ၀တ်အစားသစ်တစ်စုံပြင်ထားရန်လိုကြောင်းကိုပြောလိုက်သေးသည်။
ရာသီဥတုကအရမ်းကိုပူတာကြောင့် လင်းရုဖေးသည် လျိုရုကုန်းကိုအရိပ်ထဲဆွဲသွင်းပေးပြီးနောက် အရင်ရှောင်ပြေးတော့သည်။သူသည် လျိုရုကုန်းနိုးလားပြီး သူ့အ၀တ်အစားတွေပြန်တောင်းမည်ကိုဆိုးတာကြောင့် မစောင့်ချင်ပေ။
လော့ရှန်က လင်းရုဖေးရဲ့လုပ်ရပ်ကိုအနည်းငယ်ထိပ်လန့်သွားရသည်။ သူမက ဤကျန်းဟူက ကြောက်ဖို့ကောင်းတယ်ဆိုတာထက်ပိုသည်ဟု တွေးလိုက်မိသည်။ ပြိုင်ပွဲရှုံးနိမ့်ရုံဖြင့် မလုံလောက်ဘဲ အ၀တ်အစားတွေကိုပင်ချန်မထားခဲ့ပေ။
လင်းရုဖေးက ကူစူးမြို့ကိုပျော်ပျော်ရွင်ရွှင်ဖြင့် ပြန်လာကာနောက်ထပ်မတ်ပဲစွပ်ပြုတ်တစ်ပွဲထပ်၀ယ်သောက်လိုက်သည်။ သူက ကုရွမ်းတုကိုလော့ရှန်နှင့်လျိုရုကုန်းအကြောင်းပြောနေသည်။ ယခုတော့သူက ချောမောလှပတဲ့လော့ရှန်ကိုမြင်ပြီးနောက် လျိုရုကုန်းရဲ့မင်္ဂလာပွဲကယုတ္တိရှိပြီးသဘာ၀ကျမှန်းသိလိုက်ရသည်။ သို့ပေမဲ့ကုရွမ်းတုရဲ့ပုံက သူတို့တည်းခိုဆောင်ကိုပြန်ရောက်တဲ့အထိထူးဆန်းနေသည်။
လင်းရုဖေးက ထိုအကြောင်းမေးသည့်အခါ သူပြန်ဖြေသည်က"ယုတ္တိရှိရှိပြောရမယ်ဆိုရင် သာမာန်လူတွေကဓားရဲ့ဝိညာဉ်ကိုမမြင်ရဘူး"
လင်းရုဖေး "အာ ခင်ဗျားဘာကိုဆိုလိုတာလဲ"
ကုရွမ်းတု "ကိုယ်ပြောချင်တာက လျိုရုကုန်းက လော့ရှန်ကိုမမြင်နိုင်ဘူး"
လင်းရုဖေးကမေးလိုက်သည်။"ဒါဆို ကျွန်တော်ကဘာလို့မြင်နေရတာလဲ"
ကုရွမ်းတုကသက်ပြင်းချကာ"မင်းကတော့ မတူဘူးလေ မင်းက......မင်းရဲ့ကိုယ်ထဲမှာက...ပြင်းထန်တဲ့ဓားဆန္ဒတစ်ခုပိုင်ဆိုင်ထားတဲ့ ဓား၀ိညာဥ်ရှိနေတယ်လေ မင်းက သာမာန်လူမဟုတ်ဘူး"
လင်းရုဖေး "အဲ့ဒါဆို ဘယ်လိုလူမျိုးလဲ"
ကုရွမ်းတုက ဤသည်ကိုအထပ်ထပ်အခါခါစဉ်းစားလိုက်ပြီးနောက်စကားလုံးနှစ်လုံးကိုဖျစ်ညစ်ကာဆိုလိုက်၏။
"ဓားပုဂ္ဂိုလ်"
လင်းရုဖေး“……” သူတစ်ခုခုကတော့မူမမှန်တော့သလိုခံစားလိုက်ရသည်။
ကုရွမ်းတုသညလည်း ထိုစကားလုံးတွေကထူးဆန်နေတယ်ဆိုတာသတိထားမိသွားပြီး သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက်အကြာကြီးတိတ်တဆိတ်စိုက်ကြည့်နေကြပြီး အဆုံးတွင်သူပြောလိုက်သည်။
"မဟုတ်ဘူး ကိုယ် မင်းကိုဆဲတာမဟုတ်ဘူး"
လင်းရုဖေးကတိုးတိုးလေးရေရွတ်လိုက်သည်။
"ကျွန်တော်ယုံပါတယ်"
ကုရွမ်းတုရဲ့မျက်နှာအမူအရာက ကူရာကယ်ရာမဲ့နေသည့်ပုံဖြစ်နေသည်။
တစ်အောင့်အကြာတွင် လင်းရုဖေးက နောက်ထပ် မေးပြန်သည်။
"ဒါပေမဲ့ ခင်ဗျားလည်းဒါကိုမြင်တာပဲလေ"
"ကိုယ်က လူမှမဟုတ်တာ" ကုရွမ်းတုကပြန်ဖြေလေသည်။
လင်းရုဖေး : “……”
သူတို့နှစ်ယောက်ကြားက စကားတွေကဘာဖြစ်လို့ တဖြည်းဖြည်းထူးဆန်းလာတယ်လို့ခံစားနေရတာလဲ။
"မင်း အဲ့ဒီညကိုမှတ်မိသေးလား လျိုရုကုန်းက လော့ရှန်ကိုမမြင်နိုင်ဘူးလေ"
ကုရွမ်းတုတောင်မှ ဤသည်ကအဓိပ္ပာယ်မရှိဘူးဟုခံစားမိသည်။
"ဒါပေမဲ့သူသာ လော့ရှန်ကိုမမြင်နိုင်ရင် ဘာလို့ခေါင်းမာမာနဲ့လက်ထပ်ချင်နေရတာလဲ"
လင်းရုဖေးက သူရဲ့မတ်ပဲဟင်းချိုလေးကိုသာသောက်နေပြီး သူ့ရဲ့ခေါင်းကိုပျင်းရိစွာခါပြလိုက်ကာ"ကျွန်တော်လည်း မသိဘူး"
သူလည်းဒါကိုဘယ်လိုတွေးတွေးနားမလည်နိုင်ပေ။
အစကယုတ္တိရှိနေရာကနေ ကုရွမ်းတုပြောတာကြောင့် ယုတ္တိမရှိတော့ပြန်ပေ။ နောက်ဆုံး လင်းရုဖေးက လျိုရုကုန်းသည် လော့ရှန့်ကိုမြင်နိုင်ဖို့သူ့နည်းသူ့ဟန်ရှိသည်ဟုသာခန့်မှန်းလိုက်တော့သည်။
သို့ပေမဲ့ ကုရွမ်းတုကခေါင်းခါတာကိုရပ်မသွားဘဲ "ဒီလိုနည်းလမ်းတွေက အရမ်းကိုနည်းလွန်းတယ် ကိုယ်တောင်တစ်ခု နှစ်ခုလောက်ပဲသိတာ လျိုရုကုန်းကဘယ်လိုလုပ်သိမှာလဲ"
သူတို့နှစ်ယောက်ဤကိစ္စနှင့်ပတ်သတ်ပြီး သံသယတွေကိုညရောက်တဲ့အထိအကျိတ်အနယ်ဆွေးနွေးနေကြသည်။ အိပ်ယာ၀င်တော့မည့် လင်းရုဖေးကပြတင်းပေါက်ကနေတဆင့်ညင်သာသည့် ခေါက်သံကိုကြားလိုက်ရသည်။ ကုရွမ်းတုကသူ့ကိုကူပြီးပြတင်းပေါက်ကိုဖွင့်လိုက်သည့်အခါ အပြင်မှာသူ့ကိုစိုးရိမ်တကြီးမျက်နှာဖြင့်ကြည့်နေသော လော့ရှန်ကိုလေထဲမှာမြင်လိုက်ရသည်။
လင်းရုဖေး မမေးရသေးခင်မှာဘဲ လော့ရှန်ကခက်ခဲနေတဲ့ပုံဖြင့် "လင်းကုန်းဇီ ကျွန်မကိုကျေးဇူးပြုပြီးကိစ္စတစ်ခုလောက်လုပ်ပေးနိုင်မလားဟင်"
_ __ ____
Translated By IQ-Team.