အပိုင်း ၈၁
Viewers 14k

Chapter 81
လော့ရှန်

____


လင်းရုဖေးကလော့ရှန်ကိုမြင်လိုက်ချိန်တွင် သူ့ရဲ့အမှုအယာမှာအေးခဲသွားရသည်။

သူက "မရီး"လို့ခေါ်လုနီးပါးဖြစ်သွားပေမယ့် သူ့လည်ချောင်းထဲအတင်းပြန်မျိုချလိုက်ရသည်။

"လော့ရှန်မိန်းကလေး စကားပြောဖို့ကြွပါ"

လော့ရှန်က လေထဲမှလွင့်၀င်လာပြီး သူမကယဉ်ယဉ်ကျေးကျေးပြတင်းတံခါးပြန်ပိတ်ရန်ကိုလည်းမမေ့ချေ။

"လော့ရှန်မိန်းကလေးက ကျွန်တော်ကိုဘယ်လိုအရာမျိုးလုပ်ခိုင်းချင်တာလဲမသိဘူး"

လော့ရှန်က တစ်ခဏတာတုံ့ဆိုင်းသွားပေမယ့် သူမရဲ့မျက်လုံးကိုအနည်းငယ်မှေးကျဥ်း၍ နူးနူးညံညံ​ဆိုလေသည်။

"လင်းကုန်းဇီ ရှင်သိလား နောက်ရက်အနည်းငယ်အတွင်း ရုကုန်းလက်ထပ်တော့မယ်ဆိုတာကို"

လင်းရုဖေးက သူသိကြောင်းခေါင်းညိတ်ပြလိုက်သည်။

မဟုတ်ဘူး...။

တိတိကျကျ​ဆိုရလျှင် ဤကူစူးမြို့တစ်ခုလုံးတွင် လျိုရုကုန်းလက်ထပ်မှာကိုမသိတဲ့သူအနည်းငယ်သာရှိလောက်ပေမည်။

လော့ရှန်ကရှက်စိတ်ကြောင့် အောက်နှုတ်ခမ်းကိုကိုက်လိုက်မိသည်။

သူမက နည်းနည်းရှက်နေတာကြောင့်စကား‌မပြောခင် အချိန်တော်တော်ကြာကြာတွန့်ဆုတ်နေမိ၏။

"လင်းကုန်းဇီ ရိုးရိုးသားသားပြောရရင် ရုကုန်းက ကျွန်မရဲ့ပုံစံကိုအရင်ကမမြင်ဘူးပါဘူး"

လင်းရုဖေးက အေးခဲသွားရသည်။

"ကျွန်မက သူ့အတွက် အထူးတလည်ပြုလုပ်ထားတဲ့ ဓားတစ်ချောင်းပါ...ကျွန်မ သူ့ကိုခြောက်နှစ်သားထဲကနေ အခုအချိန်ထိအဖော်ပြုပေးခဲ့တာ"

လော့ရှန်ကပြုံးလိုက်ကာ"သူက ကျွန်မကိုအတော်လေးကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးတယ် ဒါပေမဲ့...သူကဓားတစ်ချောင်းကိုဇနီးအဖြစ်ယူလိမ့်မယ်လို့ ကျွန်မတကယ်မထင်ထားခဲ့ဘူး"

ထိုစကားကိုပြောနေချိန်တွင် လော့ရှန်၏မျက်နှာက ရှက်သွေး‌အတိဖြန်းနေသည်။

သူမကဆက်ပြီးတော့"အရင်က တစ်ယောက်မှကျွန်မကိုမမြင်ဘူးတော့ သူနဲ့တွေ့ဖို့လည်းစိတ်ကူးမရှိခဲ့ဘူး ဒါပေမဲ့...လင်းကုန်ဇီကကျွန်မကိုမြင်နိုင်မယ်လို့မထင်ထားခဲ့ဘူး"

လင်းရုဖေးက လော့ရှန်ရဲ့စကားကိုကြားသည့်အခါ သူ့စိတ်ထဲတိတ်တိတ်လေးရေရွတ်လိုက်မိ၏။

'မင်းပြောတာမှန်တယ် ငါ့ကို ကုရွမ်းတုကဓား၀ိညာဥ်ပုဂ္ဂိုလ်လို့ခေါ်တယ် ဆိုတော့...ငါကသာမာန်လူတွေထက်ပိုပြီးထူးခြားတာ သိပ်မထူးဆန်းပါဘူး'

သို့ပေမဲ့ အပြင်ဘက်တွင်မူ သူထိုစကားတွေကို ထုတ်မပြောရဲတာကြောင့် ငြိမ်ငြိမ်လေးသာနားထောင်နေပြီးမှ နွေးထွေးတဲ့လေသံဖြင့်မေးလိုက်သည်။

"ဒါဆို လော့ရှန်မိန်းကလေးကျွန်တော်ကိုလာရှာတာ လျိုကုန်းဇီကိုမင်းရဲ့တည်ရှိမှုအကြောင်းကိုပြောပြခိုင်းချင်လို့လား"

လော့ရှန်ကခေါင်းညိတ်ပြပြီးနောက် အသံတိုးတိုးလေးဖြင့်​ဆိုလာသည်။

"ကျွန်မသိပါတယ် လူတစ်ချို့က ရုကုန်းကိုလမ်းကြောင်းကနေသွေဖယ်ပြီးတော့ဓားတစ်ချောင်းနဲ့လက်ထပ်တဲ့အတွက် လှောင်ပြောင်နေကြတယ်ဆိုတာ ဒါပေမဲ့...အနည်းဆုံးတော့ ကျွန်မ သူ့ကိုသိစေချင်တယ်"

'သူ့ကိုအဖော်ပြုပေးနေတာက ဓားတစ်ချောင်းမဟုတ်ဘဲ သူမဆိုတာကိုပေါ့...'

သူ့ဘေးမှာထိုင်နေသည့် ကုရွမ်းတုက ပွဲထိုင်ကြည့်နေရင်းမှ ရုတ်တရတ်ထပြောလေသည်။

"ဘာများ စိတ်ရှုပ်စရာရှိလို့လဲ ကိုယ့်မှာ လျိုရုကုန်း လော့ရှန်ကိုမြင်အောင်လုပ်နိုင်တဲ့နည်းရှိတယ်"

လင်းရုဖေးက စိတ်ဝင်စားသဖြင့်မေးလိုက်၏။

"တကယ်ကြီးလား"

"သေချာပေါက်ပဲ ဒါပေမဲ့...."

လင်းရုဖေး : "ဒါပေမဲ့ ဘာလဲ"

ကုရွမ်းတုကခပ်ဖျော့ဖျော့သာပြုံးပြလိုက်ပြီး"ဘာမှမဟုတ်ပါဘူး"

သူကသိသိသာသာကို တစ်ခုခုကိုသိနေပေမယ့်လည်းမပြောပြပေ။

လင်းရုဖေးက ကုရွမ်းတုရဲ့လေးနက်ပြီးလျှိုဝှက်တတ်တဲ့ပုံကိုကျင့်သားရနေတာကြောင့် သူက ဘာစကားမှထပ်၍မဆိုတဲ့အပြင် မေးမြန်းခြင်းလည်းမရှိချေ။

လော့ရှန်ကစိတ်ရှုပ်ထွေးနေသည့်ပုံဖြင့်"လင်းကုန်းဇီ ရှင်ဘာပြောလိုက်တာလဲ"

သူမက ကုရွမ်းတုကိုမမြင်နိုင်တာကြောင့် လင်းရုဖေးတစ်ယောက်ထဲစကားပြောနေသည်ဟု ထင်သွား၏။

လင်းရုဖေက ခေါင်းကိုလှည့်ကာသူမကိုကြည့်လိုက်ပြီး"လော့ရှန် ကျွန်တော်မှာ မင်းကို ရုကုန်းမြင်အောင်လုပ်နိုင်တဲ့နည်းရှိတယ် မင်း သူ့ကိုတွေ့ချင်လား။"

လော့ရှန်က တစ်ခဏလောက်ရပ်တန့်သွားပြီးနောက် သူမကအံ့အားသင့်နေတဲ့ပုံဖြင့်မေးလာသည်။

"လင်းကုန်းဇီ ရှင်ပြောတာ တကယ်လား"

လင်းရုဖေးက ခေါင်းညိတ်ပြလိုက်သည်။

လော့ရှန်ကရေရွတ်လိုက်သည်။

"ဒါကသေချာပေါက်အကောင်းဆုံးပဲပေါ့"

သူမကအတော်လေးစိတ်လှုပ်ရှားနေတဲ့ပုံဖြင့်"ကျွန်မကို ရုကုန်းက အမြဲတွေ့ချင်နေခဲ့တာ ဒါပေမဲ့သူက ကျွန်မကိုမမြင်နိုင်ဘူးလေ ဖြစ်နိုင်ရင်...ဖြစ်နိုင်ရင်တော့..."

ပြောနေရင်းသူမကမျက်ရည်တွေကျဆင်းလာတော့သည်။

"ဒါဆို ကျွန်မဘာလုပ်ရမှာလဲ"

လော့ရှန်က လင်းရုဖေးကိုသူမစိတ်လှုပ်ရှားနေတာအနည်းငယ်ငြိမ်သွားချိန်တွင် အမြန်မေးလိုက်သည်။

လင်းရုဖေးက ကုရွမ်းတုကိုကြည့်လိုက်ပြီးနောက် သူမကိုအရင်ပြန်နှင့်ရန်နှင့်ရက်အနည်းငယ်လောက်စောင့်ရန်ပြောလိုက်သည်။သူ့အနေဖြင့်ပြင်ဆင်စရာတွေရှိတာကြောင့် အချိန်ကျလျှင်သူမကိုဆက်သွယ်လိုက်မည်ဟု တစ်ပါတည်းပြောလိုက်သည်။ လော့ရှန်က လင်းရုဖေးဆီကနေ ကတိကိုရသည်နှင့် သူမ‌ကပျော်ရွှင်မှုအပြည့်ဖြင့်ပြန်သွားတော့သည်။ သူမက တကယ့်ကိုဆွဲဆောင်မှုရှိသည့် လော့ရှန်လိုပုံမျိုးဖြင့်ပြတင်းပေါက်တံခါးကိုဖွင့်ကာလေပေါ်မှပျံသန်းသွားတော့သည်။

လင်းရုဖေး‌က ခေါင်းကိုလှည့်ကာကုရွမ်းတုကိုကြည့်လိုက်သည်။

"ခင်ဗျား ဘာတွေပြင်ဆင်ဖို့လိုတာလဲ"

ကုရွမ်းတု : "ဟင်းရိုင်းအချို့နဲ့အဆောင်စက္ကူသွား၀ယ်ပြီးတော့ကိုယ်ပြောတဲ့ပုံအတိုင်းဆွဲလိုက်"

လင်းရုဖေးက "ဒီလောက်တောင် လွယ်တာလား"ဟုသံသယဖြင့်မေးလိုက်သည်။

ကုရွမ်းတုပြုံးပြကာ"ဒီအဆောင်လက်ဖွဲကိုဆွဲတာက တကယ်ကိုရိုးရှင်းပါတယ် ဒါပေမဲ့ ဓားဝိညာဉ်ကိုမြင်နိုင်ဖို့အတွက် နောက်ထပ်ပြင်ဆင်စရာတစ်ခုရှိသေးတယ်"

လင်းရုဖေးကမေးလိုက်၏။ "အဲ့ဒါက ဘာလဲ"

ကုရွမ်းတုကပြန်ဖြေလေသည်။

"ဓားဝိညာဉ်ကိုမြင်နိုင်တဲ့လူတစ်ယောက်"

လင်းရုဖေး : “……”

ကုရွမ်းတုပြောတဲ့အတိုင်းဆို ဓားဝိညာဉ်ကိုမြင်နိုင်တဲ့သူက လူတစ်သောင်းမှာတစ်ယောက်လောက်သာရှိပေသည်။ ထိုကြောင့် သေချာပေါက်ကို ဤနည်းလမ်းကလူသုံးမများပေ။ လင်းရုဖေးသာမရှိပါလျှင် လျိုရုကုန်းနှင့်လော့ရှန်တို့သေသည်အထိတွေနိုင်မည်မဟုတ်ပေ။

လူကြီးလူကောင်းတစ်ယောက်က အမြဲတမ်းအခြားလူတွေကိုကူညီပေးဖို့အသ့င်ရှိနေတတ်သည်။ ထို့အပြင် လင်းရုဖေးအ​နေဖြင့် လော့ရှန်ကိုကူညီလိုက်လို့လည်း ပြသနာထွေထူးမရှိတာကြောင့်ကူညီရန်ဆုံးဖြတ်လိုက်၏။

နောက်တနေ့တွင် လင်းရုဖေးက အပြင်ထွက်ပြီးအဆောင်စက္ကူ၀ယ်ဖို့ကြံလိုက်ချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် လူသွားစင်္ကြံမှာဖူဟွားနှင့်ယွီရွေ့တို့ဆောင့်ကြောင့်ထိုင်ပြီး သူ့အတွက်ဆေးကျိုပေးနေတာကိုတွေ့လိုက်ရသည်။ သူမတို့ကလင်းရုဖေးကိုတွေ့သည်နှင့် ဖူဟွားကအမြန် သူမရဲ့၀မ်းနည်းနေတဲ့မျက်နှာကိုသိမ်းလိုက်ကာပြုံးလိုက်ပြီး သူ့ကို ဘယ်သွားမလို့လဲ ဟုမေးလာသည်။

လင်းရုဖေးက သူလမ်းလျှောက်ထွက်မလို့ဖြစ်ကြောင်းပြောလိုက်သည်။

"ဒါဆိုလည်း သခင်လေး‌စောစောပြန်လာဖို့မမေ့နဲ့နော်"

ဖူဟွားကဆက်၍တိုက်တွန်းစကားဆ်ု၏။ "ဆေးဆရာ၀မ်ယောင်ကခွန်လွန်းကနေဆေးအချို့ပို့ပေးလိုက်တယ်...ကျွန်မ ဒါကိုအခုကျိုနေတယ်လေ သခင်လေးပြန်ရောက်တဲ့အချိန်ဆေးတစ်ခွက်သောက်ဖို့အချိန်မီအောင်လေ"

လင်းရုဖေးကဘာပြန်ပြောနိုင်မည်လဲ၊ သူက ခေါင်းညိတ်လိုက်ပြီး"ဟုတ်ပြီ"ဟုသာပြောလိုက်သည်။

သူ တံခါး၀ကိုသွားချိန်တွင် ဖူဟွားကသူမရဲ့အသံကိုလျော့လိုက်ကာယွီရွေ့ကိုတိုးတိုးပြောလိုက်သည်။

"ဒီဆေးကိုသေသေချာချာလေးကျိုရမယ် သခင်လေးရဲ့စိတ်ရောဂါကပိုပြီးတော့ဆိုးလာတယ် သူကြည့်ရတာတတိယလူနဲ့ပါစကားစပြောလာပြီ"

လင်းရုဖေး “……” ဖူဟွားနှင့်ယွီရွေ့ကို သူဘယ်လိုရှင်းပြရပါ့မလဲ။

ကုရွမ်းတုကအသံထွက်၍ရယ်မိလိုကါသည်။

နှစ်ယောက်သား လမ်းမပေါ်တွင်လျှောက်သွားပြီးကုရွမ်းတုလိုချင်တာကို၀ယ်လိုက်သည်။ သူကလည်းထုံးစံအတိုင်းသရေစာအချို့ကို၀ယ်ပြီးတော့မြိန်ရေရှက်ရေစားတော့သည်။ လမ်းဘေးဈေးဆိုင်လေးတွေကိုဖြတ်သွားချိန်တွင် သူကဈေးသည်အချင်းချင်း လျိုမိသားစုရဲ့သားက တဖြည်းဖြည်းကြောက်ဖို့ပိုပိုကောင်းလာကြောင်းအတင်းပြောနေသံကိုကြားလိုက်ရသည်။ မနေ့က သူကကူစူးမြို့ထဲအပေါ်ပိုင်းကိုယ်လုံးတီးဖြင့်ဖြတ်သွားတာကိုမိန်းကလေးတော်တော်များမြင်လိုက်ကြသည်။

"သူကလက်တောင်ထပ်တော့မှာကို...ဘာလို့ရှက်စရာကောင်းတဲ့ကိစ္စကိုလုပ်ရတာလဲမသိဘူး"

အဓိကတရားခံ လင်းရုဖေးကမူဆက်ပြီးနားထောင်မရဲတော့တာကြောင့်သူခြေထောက်ကိုမတတ်နိုင်ဘဲအရှိန်တင်လိုက်ရသည်။

ယနေ့မှာ ကုရွမ်းတုကပျော်ပါးရန်ကိုသာအာရုံစိုက်ထားလေသည်။သူက'ရှောင်ကျို့ကအမြှော်အမြင်ရှိသားပဲ"ဟုဆိုကာပြောပြောပြီးရယ်နေသေးသည်။

ကံကောင်းထောက်မစွာဖြင့် သူကလျိုရုကုန်းရဲ့အ၀တ်အစားတွေကိုချွတ်ပြီး၀တ်ခဲ့လို့၊ မဟုတ်လျှင် အပေါ်ပိုင်းကိုယ်လုံးတီးဖြင့်ပြန်လာတဲ့တစ်ယောက်က ခွန်လွန်းမိသားစုရဲ့လေးယောက်မြောက်သားဖြစ်နေပေလိမ့်မည်။

လင်းရုဖေးက သူ အပြစ်ကင်းသည့်ပုံစံဖြင့် သူ့မှာရွေးချယ်စရာမရှိလို့ဖြစ်ကြောင်းပြောလိုက်၏။

တည်းခိုဆောင်ပြန်ရောက်သည်နှင့် ကုရွမ်းတုရဲ့ညွှန်ကြားမှုအောက်မှာလင်းရုဖေးကအဆောင်လက်ဖွဲကိုစတင်ရေးဆွဲသည်။

ထိုသို့သောအရာတွေကို သူပထမဆုံးစဆွဲတာဖြစ်တာကြောင့် သူ့ပုံမှာမကောင်းဆိုးဝါးကအဆောင်လက်ဖွဲ့ဆွဲထားသည့်အတိုင်း တွန့်လိမ်ကောက်ကွေးနေသည်။

ယွီရွေ့တစ်ယောက်ကျိုထားသည့်ဆေးရည်ကိုကိုင်ပြီး၀င်လာချိန်တွင် ကြမ်းပြင်ပေါ်မှာအဝါရောင်စာရွက်တွေနှင့် ဟင်းရိုင်းတွေကိုတွေ့လိုက်ရသည်။

သူမက ထိတ်လန့်သွားမှုကြောင့်ဆေးမှောက်ကျမလိုတောင်ဖြစ်သွားပြီး"သခင်လေး ဘာလုပ်နေတာလဲဟင်"

လင်းရုဖေးက ခေါင်းကိုမော့ကာ ကုရွမ်းတုရဲ့လက်သုံးစကားအတိုင်းပြန်ဖြေလိုက်သည်။

"မကောင်းဆိုးဝါးဖမ်းမလို့လေ"

ယွီရွေ့ : "........"

သူမဆေးရည်ကိုတိတ်တိတ်လေးချလိုက်ကာလှည့်ပြီးအမြန်ပြေးထွက်သွားတော့သည်။ တံခါးပင်သေချာမပိတ်သွားသေးခင်မှာသူမရဲ့အလျင်လိုနေတဲ့ခြေသံတွေနှင့်အပြင်ဘက်ကနေအလန့်တကြားအော်သံတွေကိုကြားလိုက်ရသည်။

"အစ်မဖူဟွားရေ မကောင်းတော့ဘူး သခင်လေးကစိတ်ရောဂါဖြစ်နေတာမဟုတ်ဘူး သူကသေချာပေါက်ပြုစားခံထားရတာ ဆေးသောက်တာလည်းအလကားပဲ ကျွန်မတို့တောက်ဘုန်းကြီးကိုပင့်ရမယ်ထင်တယ်"

လင်းရုဖေးရဲ့လှုပ်ရှားနေတဲ့လက်တွေကတခဏတာရပ်တန့်သွားသည်။ သူလက်ရပ်သွားသည်နှင့် အဆောင်လက်ဖွဲ့ကပျက်စီးသွားကာနောက်တစ်ခုဆုံးရှုံးသွားလေသည်။ သူက ဖူဟွားနှင့်ယွီရွေ့ကိုရှင်းပြဖို့အတွက်အခွင့်အရေးရှာရမည်ဟုတွေးလိုက်ပေမဲ့ သူ ဘယ်လိုရှင်းပြရမလဲကိုမသိပေ။ သူ့ဘေးမှာသူ့တို့မမြင်နိုင်သည့်သက်ရှိထင်ရှားလူတစ်ယောက်ရှိနေတာကို သူဘယ်လိုပြောပြရမလဲ။ ထို့ကြောင့် သူသာပြောလိုက်ပါလျှင်

သူတကယ်ကိုပြုစားခံနေရတာဖြစ်သွားပေလိမ့်မည်။

အဆောင်လက်ဖွဲ့ကိုရက်တော်တော်ကြာဆွဲပြီးနောက်မှာ လက်ရာတစ်ခုပြီးစီးသွားလေပြီ။ ထိုအချိန်မှာပင် တစ်ဆက်တည်းဆိုသလို လျိုရုကုန်းရဲ့မင်္ဂလာပွဲကနီးကပ်လာတာကြောင့် လျိုအိမ်တော်ကအရမ်းအလုပ်များနေ၏။

လင်းရုဖေးက လော့ရှန်နှင့်နောက်တစ်ကြိမ်ထပ်မံတွေဆုံခဲ့ပြီးနှစ်ယောက်သား မင်္ဂလာပွဲမတိုင်ခင်ညဖက်လျိုရုကုန်းနှင့်တွေ့ရန်ချိန်းဆိုလိုက်သည်။ လော့ရှန်ကအရမ်းကိုပျော်ရွှင်နေတာကြောင့် ဘာပြောရမှန်းပင်မသိတော့ချေ။ သူမကလင်းရုဖေးကိုအရိုအသေကြီးကြီးတစ်ခုပေးကာ ထပ်ခါတလဲလဲသူ့အားကျေးဇူးတင်စကားဆိုနေသည်။ လင်းရုဖေးက အနီရောင်ကြိုးကိုင်ထားသည့် လနတ်သားလိုမျိုးကြင်နာတဲ့အမှုအယာဖြင့် သူကထိုနေ့အိမ်ကိုလာခဲ့မှာဖြစ်တာကြောင့်လော့ရှန်ကိုစောင့်နေရန်သာပြောလိုက်၏။

သူတို့ရဲ့သဘောတူညီချက်အရ မင်္ဂလာပွဲမတိုင်ခင်တစ်ရက်မှာလင်းရုဖေးက လျိုအိမ်တော်ကိုသွားလေသည်။ အိမ်တော်ထိန်းအကူအညီဖြင့်လျိုရုကုန်းအားအောင်အောင်မြင်မြင်တွေ့နိုင်သွားသည်။ သူကပျော့ပျောင်းတဲ့ဆိုဖာပေါ်မှာလှဲလျောင်းကာစိတ်ဓာတ်ကျနေသည့်ပုံဖြင့် စပျစ်သီးအေးကိုစားနေလေသည်။လျိုမိသားစုရဲ့ကုန်းဇီကတကယ်ကိုအပန်းဖြေတတ်သည့်နေရာမှာတော်လှသည်။ သူ့ဘေးမှာယပ်တောင်ကိုင်ပြီးရပ်နေတဲ့အစေခံလေး၊ ငါးယောက်လောက်ရှိပြီး နူးညံသိမ်မွေ့တဲ့ပုံတွေဖြင့် သူ့အားယပ်ခပ်ပေးနေသည်။ အခန်းထောင်မှာအေးခဲနေသည့်ရေခဲတွေထည့်ထားတဲ့အိုးအနည်းငယ်ရှိကာ အခန်းတစ်ခုလုံးအပူဒဏ်လုံး၀မရှိဘဲအေးမြနေစေသည်။

လင်းရုဖေးလာနေတာကိုသိသဖြင့် သူကခေါင်းပင်မော့မကြည့်ဘဲ"နောက်ဆုံးတော့ လင်းကုန်းဇီ ကျွန်တော်ရဲ့အ၀တ်အစားတွေပြန်လာပေးပြီပေါ့"

လင်းရုဖေးက လျိုရုကုန်းဆီကိုတည့်တည့်မတ်မတ်လျှောက်လာကာသူရှေ့တွေထိုင်လိုက်ပြီးခပ်တည်တည်ဖြင့်ပြောလိုက်သည်။

"ဒါဆို လျိုကုန်းဇီက ကျွန်တော်ကို အရင်အ၀တ်အစားတစ်စုံပြန်လျော်ပေးရမှာပေါ့"

လျိုရုကုန်း ထိုစကားကိုကြားသည်နှင့် သူ့ကိုစိုက်ကြည့်လိုက်ပြီး"လင်းကုန်းဇီ ကျွန်တော် မင်းကိုကြိမ်းမောင်းတာတော့မဟုတ်ရပါဘူး ဒါပေမဲ့ ကျွန်တော်ရှုံးရင်ဒါကကျွန်တော်ရဲ့ရှုံးနိမ့်မှုပဲ ဒါပေမဲ့ ကျန်းဟူရဲ့စည်းမျဉ်းတွေ‌အကြောင်းကိုမင်းနားလည်အောင်နည်းနည်းပါးပါးတော့ပြောပြသင့်တယ်လို့ထင်တယ် ဘယ်သူရဲကောင်းမျိုးက မင်းလိုလူတွေရဲ့အ၀တ်အစားတွေချွတ်ယူမှာလဲ"

လင်းရုဖေး : "ဒါကြောင့် မင်းကိုဘောင်းဘီချန်ထားပေးခဲ့တယ်လေ"

လျိုရုကုန်း : “……”

လင်းရုဖေးကဆက်ပြီး "ပြီးတော့ မင်းကမိန်းမပျိုလေးမှမဟုတ်တာ ဘာလို့ရေးကြီးခွင်ကျယ်လုပ်နေရတာလဲ"

လျိုရုကုန်းက အံတင်းတင်းကြိတ်လိုက်ကာ"ကျွန်တော်က ရေကြီးခွင်ကျယ်လုပ်တယ်ပေါ့ဟုတ်လား ဒါဆို မင်း ဘာလို့ ကျွန်တော် အ၀တ်အစားတွေချွတ်ယူသွားရတာလဲ"

ထိုနေ့ကသူအိမ်ပြန်ချိန်တွင် သူကိုအလန့်တကြားဖြင့်ကြည့်နေကြတဲ့အကြည့်တွေကိုတွေ့လိုက်ရ၏။

လင်းရုဖေးက"ကျွန်တော်ကိုငယ်သေးတော့အရေပြားပါးတယ်လေ"ဟုပြောလိုက်သည်။

ပြောပြီးသည်နှင့် ချောင်းနှစ်ချက်ခန့်လုပ်ချောင်းလေးဆိုးလိုက်သည်။ သူရဲ့ပါးလွတဲ့ပုံခုံးတွေကလှုပ်ခါနေတာကိုမရပ်တန့်နိုင်ပေ။သူပုံကအားနည်းပြီးနေမကောင်းတဲ့အလှလေးပုံပေါက်နေသည်။

သို့ပေမဲ့ ထိုတိုက်ပွဲပြီးသွားချိန်တွင် လျိုရုကုန်းက လင်းရုဖေးရဲ့လှည့်စားထားသည့်အသွင်အပြင်ကိုမြင်ပြီးပြီဖြစ်၏။

သူကဒေါသထွက်လွန်းလို့ ဓားဆွဲထုတ်လုနီးပါးဖြစ်သွားပေမဲ့ ဆိုးတာကသူငြင်းလို့မရပေ။ ဘာကြောင့်ဆို အသက်အရွယ်အရသူကအမှန်တကယ်ပင် လင်းရုဖေးထက်အများကြီးကြီးတာကြောင့်ဖြစ်သည်။

"ကောင်းပြီလေ"လျိုရုကုန်းက ထိုအကြောင်းကိုလင်းရုဖေးနှင့်ဆက်မပြောဖို့ဆုံးဖြတ်လိုက်ကာ"မနက်ဖြန် ကျွန်တော်ရဲ့မင်္ဂလာပွဲကြီးပဲ မင်းစောစောလာတာကျွန်တော်နဲ့တမင်သပ်သပ်ရန်လာဖြစ်တာလား"

သူလက်ကိုဝှေ့ယမ်းလိုက်သည်နှင့် အခန်းထဲရှိအစေခံတွေအားလုံးကမသိမသာ‌နောက်ဆုတ်ကာထွက်သွားကြသည်။

"သေချာပေါက် မဟုတ်ပါဘူး"လင်းရုဖေးကပြန်ဖြေလိုက်သည်။

လျိုရုကုန်းက နူးညံတဲ့ဆိုဖာပေါ်ကနေထထိုင်လိုက်ပြီးနောက် နောက်မှီကိုမှီလိုက်ပြီး လင်းရုဖေးကိုခေါင်းစောင်းကာကြည့်လိုက်သည်။

"ဒါဆို ဘာကြောင့်များလဲ"

လင်းရုဖေးကပြောလိုက်သည်။

"ကျွန်တော်က ခင်ဗျားရဲ့သတို့သမီးကိုတွေ့ချင်လို့"

လျိုရုကုန်း : "ဟမ်"


_____

Translated By IQ-Team.