အပိုင်း ၈၂
Viewers 15k

Chapter 82
လော့ရှန်

____


လင်းရုဖေးကစကားအများကြီးမပြောတော့ပေ။ သူနှင့်လော့ရှန်ကလျိုရုကုန်းကိုအံ့အားသင့်သွားအောင် စီစဉ်ထားခြင်းဖြစ်တာကြောင့်အများကြီးပြောနေပါလျှင်အဓိပ္ပာယ်မရှိဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် လင်းရုဖေးက သူ​လက်ကိုဆန့်ထုတ်ပြီး ပြုံးပြလိုက်ကာ"လျ်ုကုန်းဇီရဲ့ လော့ရှန်ကိုခဏလောက်ငှားလို့ရလား"

လျိုရုကုန်းကပြန်မေးလိုက်သည်။

"ဘာလို့လော့ရှန်ကိုလိုတာလဲ"

လင်းရုဖေးကပြောလိုက်သည်။

"မင်း...နောက်ကျရင်သိလိမ့်မယ် လျိုကုန်းဇီ စိတ်မပူပါနဲ့...ကျွန်တော် လော့ရှန်နဲ့အတူထွက်မပြေးသွားပါဘူး"

တစ်ယောက်ယောက်ရဲ့ဓားကိုငှားယူတာကရိုင်းစိုင်းရာကျပေမဲ့ လင်းရုဖေးပုံကရိုးသားပုံရပြီး သူ့ကြည့်ရတာလည်းနောက်နေသည့်ပုံမပေါက်ပေ။ လျိုရုကုန်း ခဏလောက် တွန့်ဆုတ်သွားပေမဲ့ အဆုံးတွင် သူ့ခါးကလော့ရှန်ကိုဖြုတ်ပြီး လင်းရုဖေးဘာလုပ်မလဲဆိုတာကိုသိချင်တာကြောင့်ပေးလိုက်၏။

လင်းရုဖေးက ဂရုတစိုက်ဖြင့်လော့ရှန်ကိုယူလိုက်သည်။ သူကလော့ရှန်ကိုမကိုင်နိုင်မှာကိုနည်းနည်းတော့စိတ်ပူ‌မိပေမဲ့ သူ့လက်ထဲဓားရောက်ချိန်တွင် အရမ်းလေးသည်ဟု မခံစားရတာကြောင့်စိတ်အေးသွားရသည်။

လော့ရှန့်ကိုရပြီးသည်နှင့် လင်းရုဖေးက ကန့်လန့်ကာနောက်ကိုသွားလိုက်သည်။ လျိုရုကုန်းက လင်းရုဖေးကိုကြည့်နေပြီး တားခြင်းမျိုးတော့လုပ်ပေ။ သို့ပေမဲ့ ထိုသူရဲ့စိတ်၀င်စားနေသည့်အကြည့်ကပိုပိုပြီးအားကောင်းလာ၏။

ကန့်လန့်ကာနောက်ကိုလျှောက်လာပြီးတဲ့နောက် လင်းရုဖေးကလော့ရှန်ရဲ့ဓားဝိညာဉ်ကိုဆင့်ခေါ်လိုက်ကာသူဆွဲထားတာအဆောင်လက်ဖွဲ့ကိုထုတ်ယူလိုက်သည်။ သူကလော့ရှန့်၏ဓားရိုးမှာသေသေချာချာလေးကပ်လိုက်သည်။ အဆောင်လက်ဖွဲကပ်လိုက်သည်နှင့် လော့ရှန်ရဲ့ခန္ဓာကိုယ်ကလှုပ်လာကာမူလကမပြတ်မသားနာမ်ခန္ဓာကိုယ်ကအမှန်တကယ်ကိုထင်ရှားလာတော့သည်။

လော့ရှန်၏ဆန္ဒကအမှန်တကယ်ပြည့်သွားချေပြီ။ သူမက၀မ်းသာလွန်းတာကြောင့်ချက်ချင်းအပြင်ကိုထွက်ပြီးလျိုရုကုန်းကိုအံ့အားသင့်သွားအောင်လုပ်ဖို့ကိုမစောင့်နိုင်တော့ပေ။ လျိုရုကုန်းက လော့ရှန်ကိုအရမ်းနှစ်သက်တာကြောင့် သူလည်းသေချာပေါက်သူမကိုတွေ့ရလို့ပျော်နေလိမ့်မည်ပင်။ သူမကထိုအကြောင်းကိုချိုမြိန်စွာတွေးနေရင်းမှ မနက်ဖြန်သူမတို့ရဲ့မင်္ဂလာပွဲနေ့ဆိုတာသတိရသွားသည်။

လင်းရုဖေးက လော့ရှန်ရဲ့အပြုံးကိုသတိထားမိသဖြင့် သူ့နှုတ်ခမ်းထောင့်မှာလည်းကွေးညွတ်သွားရသည်။ သူက တစ်ချက်တွေးတောလိုက်ပြီးနောက် အပြင်ကိုမထွက်ဖို့ဆုံးဖြတ်လိုက်သည်။ သူကလော့ရှန်ကိုအပြင်ထွက်ပြီး လျိုရုကုန်းကိုအံ့အားသင့်အောင်လုပ်ဖို့လက်ကိုဝှေ့ယမ်းပြီးအချက်ပြလိုက်၏။

လော့ရှန်ကခေါင်းညိတ်ပြပြီးနောက် သူမရဲ့စကပ်အနားစကိုဆွဲကာပျော်ရွှင်မြူးထူးနေတဲ့ငှက်တစ်ကောင်လိုပြေးထွက်သွားသည်။

အပြင်ဘက်မှာထိုင်နေတဲ့လျိုရုကုန်းတစ်ယောက်ကမူ အေးခဲနေရသည်။ သူရဲ့ကိုယ်ပိုင်ကန့်လန့်ကာနောက်ကနေ ရုတ်တရတ်မိန်းမတစ်ယောက်ပေါ်လာကိုသူနားမလည်နိုင်ပေ။ သူမကအတော်လေးကိုလှပေမဲ့လည်း သူမ သူ့ကိုကြည့်နေတဲ့အကြည့်က တစ်ခုခုလွဲနေသလိုခံစားနေရသည်။ သူမရဲ့မျက်လုံးတွေမှာအံဩဖွယ်ကောင်းတဲ့စိတ်အားထက်သန်မှုတွေရှိနေတာကြောင့် လျိုရုကုန်းတစ်ယောက် မထိန်းနိုင်ဘဲ သူ့လည်ပင်းလေးကိုအနောက်သို့ရို့လိုက်မိသည်။

"ရုကုန်း" လော့ရှန်ကချိုမြနေတဲ့အသံဖြင့်ခေါ်လိုက်သည်။

"မင်းက.."လျိုရုကုန်းမျက်မှောင်ကြုတ်လိုက်ကာ"ငါတို့တွေ့ဖူးလား"

လော့ရှန် : "သေချာတာပေါ့ ကျွန်မတို့တွေ့ဖူးတယ်"

သူမရဲ့မျက်နှာမှာမိန်းကလေးလိုမျိုးရှက်နေတဲ့အမှုအရာရှိနေပြီး"ဘယ်သူလဲဆိုတာမှန်းကြည့်လေ"

လျိုရုကုန်း : “……”

' သူ ဒီတစ်ယောက်က အရူးမ ဖြစ်နေမှာကိုကြောက်မိတယ်ရယ်...'

အဆုံးတွင် လော့ရှန်ကလျိုရုကုန်းနှင့်နှစ်ပေါင်းများစွာအတူရှိလာတာဖြစ်သည်။ သူမကသူရဲ့အမှုအရာကိုတွေ့သည်နှင့် သူနည်းနည်းစိတ်မပျော်ဖြစ်သွားမှန်း သူမသိတာကြောင့် သူ့ကိုဆက်ပြီးဖုံးကွယ်မထားတော့ဘဲ တုန်ယင်နေသည့်အသံလေးဖြင့်ဆိုလိုက်၏။

"ကျွန်မပါ ရုကုန်း ကျွန်မလေ...လော့ရှန်"

လျိုရုကုန်းရဲ့အမှုအရာကရုတ်ခြည်းဆိုသလိုရပ်တန့်သွားရသည်။သူရှေ့က သူမဘာသာ တစ်ဖက်သက်ရင်းနှီးဟန်ပြနေတဲ့အမျိုးသမီးရဲ့ပါးစပ်ကထွက်လာသည့်စကားလုံးတွေက ဘာအဓိပ္ပာယ်လဲဆိုတာကိုစဉ်စားနေပုံရသည်။ စကားလုံးတိုင်းကို သူသေချာပေါက်နားလည်ပေမဲ့ ဆက်စပ်ကြည့်လိုက်သည့်အခါ တစ်ခုမှနားမလည်ဘူးဟု သူခံစားလိုက်ရသည်။

'သူမကလော့ရှန်ဆိုတာက ဘာအဓိပ္ပာယ်လဲ...သူရဲ့လော့ရှန်ကဓားတစ်ချောင်းပါနော်...သူအရှေ့ကမိန်းကလေးနဲ့ဘယ်လိုများသွားသက်ဆိုင်နေလို့လဲ...'

"ကျွန်မကလော့ရှန်ရဲ့ဓားဝိညာဉ်ပါ လော့ရှန်ကကျွန်မပါပဲ"

လော့ရှန်ကလျိုရုကုန်းမျက်နှာမှာရှိရမဲ့ အံဩနေသည့်အရိပ်အယောင်ကိုမတွေ့ရသဖြင့် သူမကလျိုရုကုန်းတစ်ယောက် ယခုအခိုက်အတန့်မှာဖြစ်ရမဲ့ပျော်ရွှင်မှုကိုနားမလည်ဘူးထင်သွားကာ"ကျွန်မကလော့ရှန်ကနေဖြစ်လာတာပါ"ဟုအလျင်အမြန်ရှင်းပြလိုက်သည်။

လျိုရုကုန်းရဲ့အမှုအရာကင်းမဲ့နေသည့် မျက်နှာကနောက်ဆုံးတွင်တုန့်ပြန့်လာချေပြီ။

"မင်းက... လော့ရှန်လား"

"ဟုတ်တယ်"လော့ရှန်ကပြန်ဖြေလေသည်။

"ကျွန်မကရှင်လက်ထပ်ချင်နေတဲ့လော့ရှန်လေ"

သူမက မျက်လွှာချလိုက်ပြီးနွေးထွေးတဲ့လေသံဖြင့်"ရှင်ကကျွန်မကိုမမြင်ရပေမဲ့ ကျွန်မရဲ့တည်ရှိမှုကိုခံစားမိတယ်လို့ကျွန်မထင်တယ် ဒါကြောင့် ရှင်ကရွေးချယ်ခဲ့တာ......."

'ကျွန်မကိုလက်ထပ်ဖို့လေ ဟုတ်တယ်မလား...'

လျိုရုကုန်းရဲ့မျက်နှာမှာအခုထိမည်သည့်အမှုအရာမှမရှိသေးပေ။

သူက ခေါင်းကိုလှည့်ကာကန့်လန့်ကာကိုကြည့်လိုက်ပြီး"လင်းရုဖေး"ဟုအော်ခေါ်လိုက်သည်။

လင်းရုဖေးက ကန့်လန့်ကာနောက်ကနေထွက်လာရ၏။

လျိုရုကုန်းကလော့ရှန်မိန်းကလေးကလက်ညိုးထိုးပြလိုက်ပြီး "မင်းက လော့ရှန် ကိုသူမအဖြစ်ပြောင်းလိုက်တာလား"

လင်းရုဖေးက ခေါင်းညိတ်ပြလိုက်သည်။

လျိုရုကုန်းကမေးလိုက်သည်။

"သူ့ ကိုပြန်ပြောင်းလို့ရလား"

လင်းရုဖေးက တမင်တကာခေါင်းခါပြလိုက်သည်။

လျိုရုကုန်းက ရုတ်တရတ် ထထွက်သွားသဖြင့် တစ်ခန်းလုံးကလူတွေမေးရိုးပြုတ်ကျသည့်အထိအံဩသွားရသည်။ လော့ရှန်က အရင်ဆုံးတုံပြန်လိုက်ကာ လျိုရုကုန်းကိုဆွဲလိုက်ပြီးအော်လိုက်သည်။

"လျိုရုကုန်း ရှင်ဘယ်ကိုသွားမလို့လဲ"

လျိုရုကုန်းက မျက်နှာသေဖြင့်ပြန်​မေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

လော့ရှန် : “……”

လျိုရုကုန်းကဆက်ပြီး "ငါရဲ့လော့ရှန်က ဘယ်လိုဖြစ်လို့ဒီလိုနူးညံသိမ်မွေ့တဲ့ပုံပေါက်နေရတာလဲ"

လော့ရှန် : “……”

လျိုရုကုန်း : "မင်းကဓားရဲ့ဝိညာဉ်ဆိုရင်တောင်မှ မင်းကသူရဲကောင်းပုံစံနဲ့အမျိုးသမီး ဒါမှမဟုတ်ရင် နှုတ်ခမ်းမွှေးရှည်ရှည်နဲ့ယောက်ျားကြီးဖြစ်သင့်တာပေါ့"

လော့ရှန် : “……”

လျှိုရုကုန်းဆက်ပြီး "မင်းရဲ့ခန္ဓာကိုယ်ဒီလောက်တောင်အားနည်းတာ မင်းက ဓားအိမ်ကိုတောင်မသယ်နိုင်မှာဆိုးတယ်"လို့သရော်လိုက်၏။

အခန်းက အပ်ကျသံကြားလောက်သည်အထိ တိတ်ဆိတ်သွားပြီး ခန္ဓာကိုယ်ပိန်သေးသည့်လင်းရုဖေးကနောက်ဆုံးမတ်တပ်ရပ်ကာလျိုရုကုန်းကိုစိုက်ကြည့်လိုက်ပြီး "လျိုရုကုန်း မင်းရဲ့ဇီဇာကြောင်တတ်တဲ့အကျင့်ကိုဘယ်တော့မှပြင်မှာလဲ"

သူက လော့ရှန်တစ်ယောက် လျိုရုကုန်းဆီကနေ အအော်ခံလိုက်ရတာကြောင့်ငိုလိမ့်မည်ဟု ထင်ထားခဲ့ပေမဲ့ လော့ရှန်ရဲ့မျက်နှာပေါ်ရှိသနားစရာကောင်းသည့်ပုံစံမှာပျောက်သွားတာကြာပြီဖြစ်သည်။ သူမက သခင်ကိုမျက်နှာသေဖြင့်သာကြည့်နေသည်။ ထိုပုံက လျိုရုကုန်းဖြင့်အနည်းငယ်တူလေသည်။

တကယ်ကိုပစ္စည်းကပိုင်ရှင်အတိုင်း ချွတ်ဆွပ်ပင်။

လျိုရုကုန်းက နောက်တော့မှ အခန်းထဲတွင် အကုန်လုံးထက်ပိုပြီးပိန်သေးတဲ့သူရှိနေသေးတာကိုသတိရသွားသည်။

"လင်းကုန်းဇီ မင်းကမတူဘူး....."

လင်းရုဖေးက အံကြိတ်လိုက်ကာ"မင်း.."

သူစကားပြီးအောင်မပြောရသေးခင်မှာဘဲ လျိုရုကုန်းကိုကိုင်ထားသည့် လော့ရှန်ကလွတ်ပေးဖို့ငြင်းလိုက်ကာ"ဒါဆို ရှင်က ကျွန်မရှိတာကိုလုံး၀မသိဘူးပေါ့"ဟုတိတ်တိတ်လေးမေးလိုက်သည်။

လျိုရုကုန်းက သက်ပြင်းချကာ"ငါက ဘယ်လိုလုပ်သိမှာလဲ"

လော့ရှန် : "ရှင်က ဒီအတိုင်း စောက်ကျိုးနည်းဓားတစ်ချောင်းကိုလက်ထပ်ချင်နေတာပေါ့"

လျိုရုကုန်းကသူမကိုနားမလည်နိုင်ဖြစ်နေပုံဖြင့်ကြည့်လိုက်ပြီး "မင်းအရင်ကတည်းကသိသင့်တယ်လေ မင်းကပထမဦးဆုံးသိတဲ့သူပဲလေ"

လော့ရှန်ဟ: "ဒါဆိုလည်းဒီဓားဘက်ကအမြင်ကိုလည်း ဘာလို့မမေးတာလဲ"

လျိုရုကုန်း : “……”

လော့ရှန် : "တကယ်လို့ ကျွန်မကမုတ်ဆိတ်မွှေးရှည်ရှည်နဲ့လူကြီးဖြစ်နေရင်ကော ရှင်ကျွန်မကိုလက်ထပ်နိုင်သေးလား"

ထိုမြင်ကွင်းက၀မ်းနည်းစရာကောင်းသင့်ပေမဲ့ အကြောင်းတစ်ခုခုကြောင့် ပွဲကြည့်နေသည့် လင်းရုဖေးက ရယ်ချင်သလိုခံစားလိုက်ရသည်။

တစ်နည်းအား​ဖြင့်ဆိုရလျှင် လော့ရှန့်နှင့်လျိုရုကုန်းကအရမ်းကိုတူလေသည်။ သူမသည် လျိုရုကုန်းကအမှန်တကယ်ကိုဓားတစ်ချောင်းကိုသာ လက်ထပ်ချင်နေတာဖြစ်ပြီး သူမရဲ့လှပသည့်ပုံပန်းသွင်ပြင်ကိုမျက်ကွယ်ပြုလိုက်သည်နှင့် သူမကချက်ချင်းပင် လျိုရုကုန်းအားဝေဖန်တော့သည်။

လျိုရုကုန်း : "အဲ့လိုဆိုလည်း ငါဂရုမစိုက်ဘူး ဓားဝိညာဉ်ကဘယ်လိုပုံစံပဲဖြစ်ဖြစ် ငါအတွက်ကိစ္စမရှိဘူး ငါကလော့ရှန်ကိုပဲလိုချင်တာ"

သူက လက်ကိုဆန့်လိုက်ကာ လော့ရှန်ကိုသူထံပြန်ပေးရန် လင်းရုဖေးကိုအချက်ပြလိုက်သည်။

လင်းရုဖေးက သက်ပြင်းအသာချကာပြန်ပေးလိုက်သည်။

"လောကကြီးမှာ လှပတဲ့အမျိုးသမီးတွေထောင်ပေါင်းများစွာရှိတယ် ငါ့အတွက်တော့ သူတို့အားလုံးက အပေါ်ယံအရေပြားသာသာပဲ ငါလော့ရှန်ကိုလက်ထပ်ရဲမှတော့ ဒီဓားကလွဲပြီး ငါ့မှာအခြားအကြောင်းပြချက်မရှိဘူး"

လော့ရှန်ရှိနေသေးတာကိုတွေ့သည့်အခါ လျိုရုကုန်းရဲ့အမှုအရာကပျော့ပျောင်းသွားသည်။ သို့ပေမဲ့ သူရဲ့စကားတွေကမူနားထောင်လို့မကောင်းပေ။

"အရာအားလုံးမှာစိတ်ဝိညာဉ်ဆိုတာရှိတာပဲ ဒါဆိုဘာလို့အားလုံးကလူသားပုံစံနဲ့မနေတာလဲ"

သူကလော့ရှန်ကိုခါးမှာပြန်ချိတ်လိုက်ကာ ညင်ညင်သာသာပွတ်သပ်လိုက်သည်။ သူ့အရှေ့မှာရှိနေသည့် လော့ရှန်မိန်းကလေးကိုဆက်ဆံတဲ့ပုံနှင့်လုံး၀ကိုကွဲပြားလေသည်။

လော့ရှန်က လျိုရုကုန်းရဲ့စကားကိုကြားသည်နှင့် သူမရဲ့မျက်နှာပေါ်က မလိုလားသည့် ပုံကအံဩဖွယ်ကောင်းအောင်ပျောက်ကွယ်သွားသည်။

သူမကလျိုရုကုန်းကိုကြည့်ကာ သက်ပြင်းချလိုက်ပြီး"ရှင်က ကျွန်မကိုတွေ့ရင်ပျော်မယ်လို့ထင်ထားတာ"

လျိုရုကုန်း : "မင်းကသာ တကယ်လော့ရှန်ဆိုရင် မင်း ငါ့အနားမှားအဖော်ပြုပေးနေသ၍ငါပျော်မှာပါ"

သူကလျိုမိသားစုမှာမွေးဖွားလာတာဖြစ်တာကြောင့်သေချာပေါက်အရာအားလုံးနှင့် ပါ၀င်ပတ်သတ်ဆက်နွယ်မှုတွေကနေမလွတ်မြောက်နိုင်ပေ။ လော့ရှန်ကိုလက်ထပ်တာက စိတ်အားထက်သန်တာကြောင့်မဟုတ်ဘဲ သူ့ဘ၀တွင် ဓားကသာ သူ့နှလုံးသားထဲရှိ တစ်ခုတည်းသောအရာဖြစ်ကြောင်း တစ်လောကလုံးကိုပြောပြချင်တာကြောင့်ဖြစ်၏။

လော့ရှန်ကရုတ်တရတ်လက်ဆန့်လိုက်ပြီး လျိုရုကုန်းရဲ့မျက်နှာကိုဆွဲယူလိုက်ကာ လျိုရုကုန်း၏ အံဩနေဆဲအခြေအနေကိုအခွင့်ကောင်းယူပြီး သူ့နဖူးပေါ်တွင်နူးညံညင်သာသည့်အနမ်းတစ်ခုပေးလိုက်သည်။ သူမရဲ့လက်က လျိုရုကုန်း၏ ခါးနားကဓားကိုလှမ်းကိုင်လိုက်ပြီးနောက် လျိုရုကုန်းရဲ့မရေမရာအကြည့်အောက်တွင်ပဲ လင်းရုဖေးကပ်ပေးထားသည့် အဆောင်ကိုဆွဲဖြဲလိုက်တော့သည်။ အဆောင်ကလော့ရှန်ရဲ့အသွင်အပြင်ကိုတစ်ညတာထိန်းထားပေးနိုင်သော်လည်း လော့ရှန်ရဲ့အမြင်မှာမူ ဤအရာကမလိုအပ်တော့ချေ။

အဆောင်ပြုတ်သွားသည်နှင့် လော့ရှန်ရဲ့ပုံပန်းသွင်ပြင်က အလျင်အမြန်မှိန်ဖျော့သွားပေမဲ့ သူမကသက်သာရာရသွားသည့်ပုံဖြင့်သက်ပြင်းချလိုက်ကာ "ကြည့်ရတာ လူသားတစ်ယောက်ဖြစ်လို့လည်း ဘာအကျိုးအမြတ်မှမရှိပါဘူး ဒါပေမဲ့ ကံကောင်းတာက ကျွန်မရှင့်ကိုထိနိုင်နေသေးတဲ့အတွက်နောင်တရစရာမရှိတော့ပါဘူး ရှင်က ငယ်ငယ်လေးတုန်းက လှပတဲ့မိန်းကလေးတွေဆိုသဘောကျတယ်လေ ဒါပေမဲ့ အခုတော့...ကျွန်မကိုမုတ်ဆိတ်‌မွှေးရှည်ရှည်နဲ့လူကြီးပုံကိုပြောင်းစေချင်နေတယ် လျိုရုကုန်း ရှင်ကတကယ်ကိုစိတ်ရူပ်စရာကောင်းတာပဲ"

နောက်ဆုံးစာကြောင်းပြောပြီးသည်နှင့် လျိုရုကုန်းအရှေ့က လော့ရှန်မှာပျောက်ကွယ်သွားတော့သည်။

လင်းရုဖေးနှင့်ကုရွမ်းတု တို့နှစ်ယောက်စလုံး ယခုလိုအခြေအနေထိဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အခန်းထဲရှိ လေထုအခြေအနေကလည်း ရုတ်တရတ်ကိုးရိူကားယားဖြစ်လာသည်။

လျိုရုကုန်းက နူးညံတဲ့အခင်းပေါ်တွင်ပြန်ထိုင်လိုက်ပြီး လင်းရုဖေးအား မည်သည့်စကားမှမဆိုတော့ဘဲ စပျစ်သီးသာဆက်စားနေသည်။

လင်းရုဖေးက သူရဲ့ပုံစံကိုမြင်သည့်အခါ စိတ်ဆိုးသွားပြီ အထင်ဖြင့် အရှေ့ကိုတိုးလာပြီးတောင်းပန်ရန်ပြင်လိုက်သည်။

သို့ပေမဲ့ လျိုရုကုန်းက လင်းရု‌ဖေး ထိုသို့လုပ်စရာမလိုကြောင်းပြသည့်အနေဖြင့်လက်ခါပြလာသည်။

"မင်းရဲ့‌စေတနာကိုကျေးဇူးတင်ပါတယ် လင်းကုန်းဇီ"

လင်းရုဖေး : "တောင်းပန်ပါတယ်...ကျွန်တော် စိတ်အလိုကျပြုမှုမိသွားတယ်"

လျိုရုကုန်းပြုံးလိုက်ပြီး စိတ်ထဲမထားသည့်ပုံဖြင့်ခေါင်းခါပြသည်။

လင်းရုဖေးက နှုတ်ဆက်စကားဆိုပြီးသည်နှင့် ထရပ်လိုက်သည်။သို့ပေမဲ့ သူတံခါးဆီကိုလျှောက်သွားချိန်တွင် လျိုရုကုန်းတစ်ခုခုပြောတာကိုကြားလိုက်ရသည်။

သူက"လူတွေက အမြဲလောဘကြီးနေလို့မရဘူးလေ"

လင်းရုဖေးရဲ့ခြေလှမ်းတွေမှာရပ်တန့်သွားရသည်။

လျိုရုကုန်းကပျင်းရိပျင်းတွဲအသံဖြင့် "ငါအခုအရမ်းကောင်းနေပြီးသားမို့လို့ ဒီထက်ပိုရင် ငါ့အလိုကိုမထိန်းနိုင်တော့မှာကြောက်တယ် လင်းကုန်းဇီ ငါ မင်းကိုလိုက်မပို့တော့ဘူး"

လင်းရုဖေးက တံခါးအပြင်ကိုထွက်လိုက်သည်။

နေ၀င်သွားပြီဖြစ်တာကြောင့် လျိုအိမ်တော်ကမီးများထွန်းထားလေသည်။ အစေခံတွေကသူတို့ရဲ့ဒုတိယသခင်လေး လာမယ့်မနက်ဖြန်မင်္ဂလာဆောင်အတွက်ပြင်ဆင်ရင်းအလုပ်ရှုပ်နေကြပြီးပွဲရှင်ကမူ ယခုအချိန်ထိ သူ့အနောက်ကအခန်းထဲတွင်စိမ်‌ပြေနပြေစပျစ်သီးစားရင်းထိန်လင်းနေသည့်လကိုရှုစားနေ၏။

လင်းရုဖေး လျိုအိမ်တော်ကနေထွက်လာခဲ့ပေမဲ့ သူ တည်းခိုဆောင်ကိုမပြန်ချင်သေးပေ။ သူက လမ်း‌ဘေးမှာအမှတ်မထင်တွေ့သည့်ကျောက်လှေကားမှာထိုင်ချလိုက်သည်။

ယနေ့ညကလပြည့်ညဖြစ်တာကြောင့် ကောင်းကင်တစ်ခုလုံးတိမ်ကင်းစင်ပြီးကြယ်အပြည့်ဖြစ်နေသည်။ ယင်းက ကောင်းကင်တစ်ခွင်ရွှန်းလက်တောက်ပနေသည့် ကြယ်မြစ်တစ်စင်းလိုမျိုးအလွန်ကိုလှပနေလေသည်။

လင်းရုဖေး‌ မော့ကြည့်နေချိန်တွင် သူဘေးမှာတစ်ချိန်လုံးရပ်နေသည့် ကုရွမ်းတုကရုတ်တရတ် ကြာစေ့ဟင်းချိုအေးအေးလေးသောက်ချင်တယ်ဟုပြောလာသည်။

လင်းရုဖေးကသက်ပြင်းချကာ"ကျွန်တော်လည်း သောက်ချင်တယ်"

ကုရွမ်းတုက"ကံဆိုးတာက ဈေးသည်တွေအားလုံးဆိုင်ပိတ်သွားတာပဲ"ဟုရေရွတ်ပြန်သည်။

လင်းရုဖေး : "လျိုရုကုန်းက တကယ်မပျော်ဘူးလားဟင်"

ကုရွမ်းတုက ဘာဆိုဘာမှမပြောပေ။

လင်းရုဖေးက သူ့ကိုထပ်ကြည့်လိုက်ပြီး"သူပျော်တယ်လို့ကျွန်တော်ထင်တယ်"

ကုရွမ်းတုက ပြန်ကြည့်လိုက်ကာ"ဟုတ်မှာပေါ့"

လင်းရုဖေးသည် လူသားတွေကအတော်လေးကိုရှုပ်ထွေးတဲ့ တိရစ္ဆာန်တွေဟု ပြစ်ပြစ်နှစ်နှစ်တွေးချပစ်လိုက်သည်။ ယင်းကသေချာပေါက်အလွန်ကိုရိုးရှင်းတဲ့ကိစ္စလေးဖြစ်ပေမဲ့ သူတို့တွေကရှုပ်ထွေးသွားအောင်လုပ်ချင်ကြသည်။

"အကြီးအကဲ အသက်ရှင်လာတာကြာပြီဆိုတော့ ခင်ဗျားအရင်တုန်းကချစ်ရတဲ့သူနဲ့ကွဲကွာဖူးလား"

ကုရွမ်းတုကခေါင်းညိတ်ပြလိုက်သည်။

လင်းရုဖေး : "အဲ့ဒါဘယ်လိုခံစားချက်မျိုးလဲ"

ကုရွမ်းတုက ကောင်းကင်ကကြယ်တွေကိုညွှန်ပြပြီးနောက် သူ့ကိုယ်သူလည်းလက်ညိုးထိုးပြလိုက်ပြီး"ကိုယ်ကဒီမှာရှိတယ်...သူက ဟိုမှာရှိတယ်...ကိုယ်ကသူ့ကိုအဝေးကနေပဲ ကြည့်နေနိုင်တယ်"

နောက်ဆုံးတော့လည်း သူတို့ကသေမျိုးတွေဖြစ်တာကြောင့်ကျင့်ကြံရေးအစွမ်းဘယ်လောက်ပဲကောင်းကောင်း သူတို့ကကောင်းကင်ကြယ်တွေကိုတော့မထိတွေ့နိုင်ချေ။

"ဒါဆို ဘယ်လိုလုပ်သင့်လဲ"လင်းရုဖေးကမေးလိုက်သည်။

"ဘယ်လိုလုပ်သင့်လဲဆိုတော့...မေ့ရင်မေ့ ဒါမှမဟုတ် ရူးသွပ်ပစ်လိုက်"

လင်းရုဖေးအနေဖြင့် ကုရွမ်းတုကို သူဘယ်လိုပဲကြည့်ကြည့် သူ့ကြည့်ရတာ ရူးနေသည့်ပုံမပေါက်တာကြောင့် သူကမေ့ပစ်လိုက်တဲ့ပုံရသည်။ သို့ပေမဲ့ သူကအပြုံးတစ်ခုနှင့်လင်းရုဖေးကိုတိုးတိုးလေးပြောပြလာသည်။

"ကံဆိုးတာက ကိုယ်သေသွားတာတောင်မှ သူ့ကိုမေ့လိုက်လို့မရတာပဲ"

လင်းရုဖေးက နားထောင်ပြီးနောက် နည်းနည်းစိတ်ရှုပ်ထွေးသွားရသည်။ ကုရွမ်းတုကသူ့စကားတွေကို သေချာအကျယ်တ၀င့်မပြောတော့ဘဲ လင်းရုဖေးအိပ်ရာ၀င်ရန်သာတိုက်တွန်းတော့သည်။သူ နောက်ကျမှအိပ်လျှင် ဖူဟွားနှင့်ယွီရွေ့တို့က စိတ်ပူနေလိမ့်မည်ဟုလည်း သူက​ထပ်ပေါင်းဆိုသေးသည်။

လင်းရုဖေးက သဘောတူပြီးတည်းခိုးဆောင်ကိုပြန်လိုက်သည်။သူ အခု‌လေးတင်မေးလိုက်တဲ့မေးခွန်းအတွက် နည်းနည်းနောင်တရသလိုခံစားနေရသည်။ ကုရွမ်းတုပြန်မဖြေတာကိုသူပိုပြီးကြိုက်လေသည်။ ဤထိန်းမနိုင်သိမ်းမနိုင် အကြီးအကဲက ယခုလိုပုံစံမျိုးပြခဲလေသည်။ သူကပြုံးရယ်နေပေမဲ့ ထို့အစား သူ ငိုလိုက်တာမှပိုကောင်းသေး၏။

အချို့အဖြစ်အပျက်ဟောင်းတွေကို ပြန်မပြောဘဲ နဂိုနေရာမှာ မူမပျက်အတိုင်းထားလိုက်‌တာပိုကောင်းပေသည်။ ပြန်ပြောလိုက်သည်နှင့် ယင်းကအနာ‌ဖေးဟောင်းကိုဖွင့်လိုက်သလိုဖြစ်သွားချေသည်။ အနာဖေးအောက်ကဒဏ်ရာကကျက်သွားပြီလို့မင်းထင်နေပေမဲ့ တကယ့်လက်တွေ့တွင်မူ အသားကအရိုးထိတိုင်အောင်လှိုက်စား၍ပုပ်နေပြီဖြစ်သည်။

တည်းခိုဆောင် ရောက်သည်နှင့် လင်းရုဖေးကစောစောစီးစီးအနားယူလိုက်သည်။ မနက်ဖြန်က လျိုရုကုန်း၏မင်္ဂလာဆောင်ဖြစ်တာကြောင့် သူသေချာပေါက်နောက်ကျလို့မဖြစ်ကြောင်းတွေးလိုက်သည်။

_ __ ___


စာရေးသူမှာ ပြောစရာရှိတယ်~

လင်းရုဖေး : တကယ်လို့မင်းရဲ့ဓားမှားဓားဝိညာဉ်ရှိနေတာကို သိသွားခဲ့ရင် မင်းဘယ်လိုတုံပြန့်မလဲ?

ကုရွမ်းတု : လုံး၀ကိုစိတ်၀င်မစားဘူး...

လင်းရုဖေး : ??????

______

Translated By IQ-Team.