အပိုင်း ၈၄
Viewers 15k

Chapter 84



လင်းရုဖေး လန့်သွားတဲ့ပုံကိုမြင်သည်နှင့် ကုရွမ်းတုရယ်မောလိုက်သည်။ နောက်တော့ သူ‌ကနဂိုပုံသို့ပြန်ပြောင်းလိုက်ကာ စားပွဲပေါ်ကပန်းချီစာရွက်ကိုလက်ညိုးထိုးပြပြီး "မင်း မှတ်မိပြီလား"

လင်းရုဖေးက လိမ်လိမ်မာမာဖြင့်ပြန်ဖြေလိုက်သည်။

"ကျွန်တော်မှတ်မိပြီ"

သူကစုတ်တံကိုမကာ စဆွဲ‌တော့သည်။

ယခုလိုပန်းချီကားကိုဆွဲဖို့လင်းရုဖေးက ငါးရက်လောက်အချိန်ယူခဲ့ရပြီးလင်းရုဖေးကတည်းခိုဆောင်ရဲ့အပြင်ဘက်ကိုတောင်မှမထွက်လာနိုင်ခဲ့ပေ။ ဖူသွားနှင့်ယွီရွေ့တို့ကစိတ်ပူလွန်းလို့ ဆံပင်တွေပင်ကျွတ်လာကာ တည်းခိုဆောင်ပိုင်ရှင်ကိုတိုးတိုးတိတ်တိတ်ဖြင့် အနီးအနားတစ်၀ိုက်တွင် ယုံကြည်စိတ်ချရတဲ့ဘုရားကျောင်းရှိ မရှိမေးမြန်းနေသည်။ သူတို့ရဲ့ကုန်းဇီကတကယ်ကြီးလှပတဲ့မကောင်းဆိုးဝါး ပြုစားတာခံလိုက်ရသလားဆိုတာကို သူတို့သိချင်လှသည်။

ကောင်းတဲ့အရာတွေက လမ်းတစ်၀က်အရောက်မှာရောက်လာတတ်သည်။ လျိုရုကုန်းလာလည်ချိန်တွင် လင်းရုဖေးဆွဲနေတာသူသိတဲ့သူငယ်ချင်းလို့ပြောလိုက်သည်။ ထိုစကားကိုကြားမှသာဖူဟွားနှင့်ယွီရွေ့တို့လည်းသက်ပြင်းချနိုင်တော့၏။


ပန်းချီဆွဲလို့ပြီးသွားသည်နှင့် လင်းရုဖေးကိုယ်တိုင်ကိုယ်ကျလျိုအိမ်တော်ကိုသွားပို့ပေးသည်။

လျိုရုကုန်းကပန်းချီစာလိပ်ရတာအရမ်းပျော်နေလေသည်။ သို့ပေမဲ့ သူလက်ထဲလက်ခံလိုက်ချိန်တွင် သူကတစ်ခုခုထူးဆန်းနေသည်ဟု ခံစားမိတာကြောင့်မေးလိုက်သည်။

"လင်ကုန်းဇီ ဘာလို့စာလိပ်ကနှစ်ခုဖြစ်နေတာလဲ"

လင်းရုဖေးကတည်ငြိမ်‌မှုအပြည့်ဖြင့်ရှင်းပြလိုက်သည်။

"ကျွန်တော် လော့ရှန်ကိုလွန်ခဲ့တဲ့ရက်အနည်းငယ်ကတွေ့လိုက်တယ်"

လျိုရုကုန်းနားမလည်သည့်ပုံဖြင့်"အဲ့ဒီတော့"

လင်းးရုဖေးကဆက်ပြီး"သူရဲ့အသွင်အပြင်ကနည်းနည်လေးပြောင်းသွားတယ် ဒါကြောင့် ကျွန်တော်သူမရဲ့ပုံစံနှစ်ခုလုံးကိုဆွဲလာခဲ့တာ"

လျိုရုကုန်းရဲ့မျက်လုံးအရောင်တောက်သွားကာ အလွန်အံဩသွားပုံရပြီး "ဒါဆို အဲ့လိုမျိုးပေါ့"

လင်းရုဖေးက သက်ပြင်းသာချလိုက်ပြီး သူ့ လက်ကိုဆန့်ကာ လျိုရုကုန်းရဲ့ပုခုံးပေါ်လေးလံစွာပုတ်လိုက်၏။

သူ့အသံမှာ လျိုရုကုန်းနားမလည်နိုင်တဲ့တည်ကြည်လေးနက်မှုတွေရှိနေပြီး"ညီအစ်ကိုရေ ပျော်ရွှင်စရာကောင်းတဲ့မင်္ဂလာပွဲပါ"

ဤစာလိပ်တွေက လျိုရုကုန်းအတွက်သူ့ရဲ့မင်္ဂလာလက်ဖွဲ့လို့သတ်မှတ်လို့ရသည်။

လျှိုရုကုန်းက သတိမပြုမိဘဲ လင်းရုဖေးကသူ့ကိုနောက်နေတယ်ထင်သွားတာကြောင့် သူပြန်ပြုံးပြလိုက်ကာ ကျေးဇူးတင်ပါတယ်ဟုပြောလိုက်သည်။ လင်းရုဖေးက မဆိုင်းမတွထရပ်လိုက်ပြီးလျိရုကုန်းပန်းချီကားနှစ်ချပ်ဖွင့်တာကိုပင်မစောင့တော့ဘဲ နှုတ်ဆက်စကားဆိုလိုက်သည်။

လျိုရုကုန်းကအလျင်မလိုတာကြောင့် လင်းရုဖေးကိုအရင်ပြန်ပို့လိုက်သည်။ ပြီးနောက်သူ့အခန်းကိုပြန်ကာ လင်းရုဖေးပေးသည်ါ စာလိပ်ကိုဂရုတစိုက်ဖွင့်ကြည့်လိုက်သည်။ အစိမ်းရောင်၀တ်စုံ၀တ်ဆင်ထားတဲ့မိန်းမပျိုလေးကစာရွက်ပေါ်တွင် ခုန်ဆင်းအသက်၀င်သွားသည်။

သူမမှာတောက်ပနေတဲ့မျက်လုံတွေနှင့်သွားဖြူဖြူလေးများရှိသည်။ သူမကနတ်ဘုရားမလော့ရှန်ကိုသရုပ်ဖော်ထားတဲ့ရှေးဟောင်းကဗျာထဲကလိုမျိုး ရေကန်ရဲ့ကြည်လင်နေတဲ့ရေထဲမှာရှိနေတဲ့ကြာပန်းပွင့်လေးတစ်ပွင့်လို အမှန်တကယ်ကိုတောက်ပနေပြီးမျက်စိကျိန်းစပ်လောက်အောင်လှလေ၏။

လျိုရုကုန်းက စာလိပ်ပေါ်ကအလှလေးကိုမြင်လိုက်ချိန်တွင် သူ့မျက်ခုံးနှစ်ခုကြားထဲမှာ့ဖျော့တော့တော့အပြုံလေးတစ်ခုပေါ်လာကာ သူကဒုတိယတစ်ခုအားဖွင့်ကြည့်လိုက်သည်။ သို့ပေမဲ့ ဒုတိယစာလိပ်ကပုံကိုမြင်ပြီးသွားချိန်တွင် သူမျက်နှာပေါ်ကအပြုံးကအေးခဲသွားရသည်။ မရေမရာဖြစ်မှု၊ သံသယတွေဖြစ်မှုနှင့်အတူ အဆုံးတွင် အံဩတုန်လှုပ်သွားရသည်။

ဒုတိယစာလိပ်ကပုံမှာအစိမ်းရောင်နှင့်မုတ်ဆိတ်မွှေးရှည်ရှည်များရှိသည့် လူကြီးတစ်ဦးဖြစ်နေသည်။ သူ့မျက်နှာကနီမြန်းနေကာ သူ့အကြည့်ကမီးရှူးမီးတိုင်တစ်ချောင်းလိုပင်၊ သူကလူသတ်ချင်သည့်ငွေ့အသက်ဖြင့်ဓားတစ်ချောင်းကိုင်၍ရပ်နေလေသည်။ ယင်းကလူကိုအလွန်အမင်းတုန်လှုပ်သွားစေသည်။

လျိုရုကုန်း အမှန်တကယ့်ကိုထိတ်လန့်သွားရပေမဲ့ ပန်းချီကားထဲကအသွင်အပြင်ကြောင့်မဟုတ်ဘဲ လင်းရုဖေးပြောခဲ့သည့်စကားကြောင့်ဖြစ်လေ၏။

လင်းရုဖေးပြောခဲ့တာက"သူ လော့ရှန်ကိုလွန်ခဲ့တဲ့ရက်အနည်းငယ်က တွေ့တုန်းက သူမရဲ့ပုံစံကနည်းနည်းလောက်ချိန်းသွားတယ်"ဟုဖြစ်သည်။

ယင်းစကားရဲ့အဓိပ္ပာယ်ကအရမ်းကိုသိသာလွန်းတာကြောင့် လျိုရုကုန်းပင် ထိုစကားကိုနားမလည်ချင်ယောင်ဆောင်ချင်ပေမဲ့မဆောင်နိုင်ပေ။

ယင်းက လော့ရှန်ရဲ့လက်ရှိအသွင်အပြင်ဖြစ်လေသည်။

လျိုရုကုန်းက မျက်နှာသေဖြင့်ခေါင်းငုံကာ ခါးမှာချိတ်ထားတဲ့သူ့ဓားကိုငုံ့ကြည့်လိုက်သည်။

ဓားကလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး လျိုရုကုန်းကိုမျက်နှာသာလုံး၀မပေးပေ။

ဤဓားကတကယ်ကိုသူရဲ့ဓားဖြစ်ဖို့ထိုက်တန်တယ်လို့ လျိုရုကုန်းတွေးလိုက်မိသည်။

' တကယ်ကိုတူညီတဲ့အကျင့်စရိုက်ရှိနေတာပဲ '

သူထိုအကြောင်းကိုတွေးမိသည့်အခါ လျိုရုကုန်းကပြုံးလိုက်ပြီးပန်းချီကားနှစ်ခုကိုသိမ်းလိုက်သည်။

နှစ်ပေါင်းများစွာကြာသွားချိန်တွင် လျိုမိသားစုရဲ့သားမြေးမြစ်တွေလျိုရုကုန်းရဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုအမွေရချိန်တွင် ဤလူနှစ်ဦးက လျိုရုကုန်းအနှစ်သက်ဆုံးလူနှစ်ယောက်ဆိုတာသိသွားကြသည့်အခါ သူတို့ကဂရုတစိုက်ထုတ်ယူပြီးဖွင့်ကြည့်လိုက်ကြသည်။

ထိုနောက်သူတို့က ပန်းချီကားချပ်ထဲမှ ဒေါသထွက်နေတဲ့မျက်လုံးတွေကိုတွေ့လိုက်ရပြီး လာမည့်တစ်ခဏလေးမှာ ထိုလူကြီးကသတ်ရန်ဓားကိုမြှောက်တော့မလိုဟန်ကိုတွေ့လိုက်ရ၏။

လျိုမျိုးနွယ်တွေမှာလန့်ဖြန့်သွားရပြီး သူ့တို့ဘိုးဘေးတွေရဲ့ဝါသနာက အတော်လေးထူးခြားတယ်ဟုသာ တွေးလိုက်ကြသည်။ နောက်ဆုံး သူတို့ကဒုတိယတစ်ခုအားမဖွင့်ရဲတော့သဖြင့် ဂရုတစိုက်ပြန်ပိတ်ထားလိုက်ကြသည်။

လင်းရုဖေးက လျိုအိမ်တော်ကနေအမြန်ထွက်လာခဲ့လိုက်သည်။သူက လျိုရုကုန်းနောက်ဆုံးလက်တုံပြန့်သည်ဟုဆိုကာ သူ့ကိုပြသနာရှာမှာကြောက်၍ဖြစ်သည်။

ကုရွမ်းတုကသူဘေးမှာမထိန်းနိုင်သိမ်းမနိုင်ရယ်မောလျက်ဖြင့် "ရှောင်ကျို့ သောက်ကျိုးနည်း မင်းဘာတွေတွေးနေရတာလဲ"

လင်းရုဖေးက ချောင်းဆိုးလိုက်ကာအထုတ်အပိုးတွေသိမ်းဆည်းနေသည်။ သူကလည်းကုရွမ်းတုကိုရှင်းပြဖို့မမေ့ပေ။ သူတကယ်မတတ်နိုင်၍ပေ။ တကယ်တော့ သူလည်းမလုပ်ချင်ပေ။ သို့ပေမဲ့ မုတ်ဆိတ်မွှေးရှည်ရှည်နှင့်လူကြီးပုံကိုသူ့စိတ်ထဲကနေ ဖျောက်ပစ်လို့မရပေ။ နည်းနည်းလောင်တုံ့ဆိုင်းနေပြီးနောက် အဆုံးတွင် သူရဲ့စုတ်တံကိုမလိုက်ကာ လော့ရှန်၏အသွင်အပြင်ကိုဆွဲချလိုက်တော့သည်။ လျိုရုကုန်းက ပန်းချီကားကိုမြင်တဲ့အခါ ဘယ်လိုတုန့်ပြန်မလဲဆိုတာကိုတော့သူမစဉ်းစားတတ်ပေ။

လင်းရုဖေးက သိမ်းလို့ဆည်းလို့ပြီးသည်နှင့် ဖူဟွားနဲ့ယွီရွေ့ကိုခေါ်လိုက်ပြီး သူတို့တတွေရထားလုံးအပေါ်ကိုအတူတတ်လိုက်ကြသည်။ မြင်းခွာသံများအကြား၊ လူအများအကြား သူတို့တတွေကူစူးမြို့ကနေထွက်ခွာလာခဲ့ကြ၏။

သူတို့ရဲ့နောက်ထပ်ခရီးစဉ်က ကူစူးမြို့ကနေမိုင်ပေါင်းထောင်ချီးဝေးသည့် မြို့တစ်မြို့ဖြစ်သည်။ ယင်းမြို့မှာအင်းအားကြီးတဲ့ဓားသမားတစ်ဦးရှိလေသည်။ သူကအထက်တန်းစားမိသားစုကသားတစ်ယောက် မဟုတ်ပေမဲ့ သူကကျန်းဟူတစ်ခွင်တွင် အတော်လေးနာမည်ကြီးလေသည်။ ဤတစ်ခေါက် ခွန်လွန်းရဲ့ဖိတ်ကြားတဲ့စာရင်းထဲသူလည်းပါချေသည်။

ရာသီဥတုကတစ်ဖြည်းဖြည်းပိုပိုပြီးပူအိုက်လာလေသည်။ ဖူဟွားကတမင်သပ်သပ်ရထားလုံးထဲမှာအေးနေစေရန်အတွက် ရေခဲတွေအများကြီးထည့်ထားလေသည်။ လင်းရုဖေးကရထားလုံးအပြင်ဘက်ကခြစ်ခြစ်တောက်ပူနေတဲ့နေကိုကြည့်ပြီး ယွီရွေ့လုပ်ပေးထားသည့်ကြာစေ့ဟင်းချိုအေးအေးလေးကိုသောက်နေသည်။

ဤတစ်ကြိမ်တွင်မူ ယွီရွေ့ကစောင့်ကြည့်နေတာကြောင့်လင်းရုဖေးက ကုရွမ်းတုကိုအစားအသောက်ပေးဖို့ ခက်နေသည်။ ကုရွမ်းတုကလင်းရုဖေးကိုမကျေမချမ်းဖြစ်နေသည့် မျက်နှာဖြင့်စိုက်ကြည့်နေတာကြောင့်လင်းရုဖေးကအနည်းငယ်စိတ်မကောင်းဖြစ်သွားရသည်။

သူခမျာ​ ထိုသူ၏ သနားစဖွယ်အကြည့်တွေကို မမြင်ချင်ယောင်ဆောင်ထားရ၏။

ကုစူးမြို့ကနေထွက်လာပြီးမိုင်တစ်ရာကျော်ဝေးကွာလာချိန်တွင်ရှုခင်းကတစ်ဖြည်းဖြည်းခြောက်ကပ်လာသည်။ ရက်ပေါင်းတော်တော်ကြာအောင်ခရီးနှင်ပြီးတဲ့နောက် ဘေးပတ်၀န်းကျင်ကသပ်ရပ်တဲ့အဆောက်အဦးတွေတဖြည်းဖြည်းနည်းလာကာယိုယွင်းပျက်စီးနေသည့် ရွှံ့အိမ်တွေအဖြစ်ပြောင်းလဲလာသည်။လမ်းတစ်လျှောက် စိမ်းစိုနေသည့်ဂျုံခင်းများတန်းစီနေကာ လမ်းမပေါ်ကကုန်သည်တွေ တဖြည်းဖြည်းနည်းလာသည်။

နွေရာသီရဲ့လေပြေလေညင်းကပူပြင်းခြောက်သွေ့ပြီး သစ်ပင်အရိပ်အောက်ကကျန်ရှိနေတဲ့အေးမြမှုကိုဖယ်ထုတ်လိုက်သည်။ သို့ပေမဲ့ ဖခြဗလာနှင့်ကလေးတွေကမူဂရုမစိုက်ပေ။ သူတို့ရဲ့အသားရေတွေကအပှုဒဏ်ကြောင့်ညိုမဲနေပေမဲ့ သူတို့က နေပူထဲလမ်းရဲ့တစ်ဖက်တစ်ချက်ပြေးလွှားဆော့ကစားနေကြဆဲဖြစ်သည်။ သူတို့ရဲ့ရထားလုံးက လမ်းဆုံလမ်းခွကိုရောက်လာတာကြောင့်ဖူဟွားကရထားလုံးကိုရပ်ကာကြုံရာကလေးတ‌စ်ယောက်ကိုလမ်းမေးရန်ကြိုးစားလိုက်၏။

ကလေးတွေကရထားလုံးကိုမြင်သည်နှင့် သူတို့အားလုံးကြောက်လန်တဲ့ပုံဖြစ်သွားလိမ့်မယ်လို့ ဘယ်သူမှမထင်ထားခဲ့ပေ။ သူတို့အားလုံးက တစ်ကွဲတစ်ပြားပြေးသွားကြကာပိန်ပိန်ပါးပါးနှင​ြကလေးတစ်ယောက်ပဲ နေရာမှာရပ်ကျန်နေခဲ့သည်။ ဖူဟွားက ယခုလိုအခြေအနေမျိုးကိုမြင်သည့်အခါ သူမကအမြန်ပြေးကာထိုင်ချလိုက်ပြီး ထိုကလေးကိုခေါ်လိုက်သည်။

ကလေးကမွေးရာပါပိန်ပိန်လေးဖြစ်ပေမဲ့ သူ့ရဲ့မျက်လုံးတွေကမူ ဖူဟွားကိုမှင်သေသေဖြင့်ကြည့်နေကာ အံဩစရာကောင်းအောင်ပြူးနေလေသည်။

"သူငယ်ချင်းလေး ဘယ်လမ်းကဖူမိသားစုရွာကိုသွားတဲ့လမ်းလဲ"

ကလေးရဲ့မျက်နှာအမှုအရာကနည်းနည်းထုံထိုင်းနေသည်။ ဖူဟွား ဘာမေးနေတာလဲဆိုတာကိုသူနားမလည်နိုင်ပေ။ ဖူဟွားက စိတ်ရှည်ရှည်ဖြင့်သုံးကြိမ်တိတိမေးတော့မှ သူကလက်ကိုချီတုံချတုံဆန့်လိုက်ပြီး လမ်းတစ်ခုကိုညွှန်ပြလာသည်။

ဖူဟွားက ယင်းအခြေအနေကိုမြင်သည့်အခါ ကလေးက ဒီအတိုင်းကြုံရာလမ်းညွှန်ပြလိုက်မှာ သူမကနည်းနည်းစိုးရိမ်လေသည်။ သူမက နောက်ထပ်မေးခွန်းနှစ်ခုလောက်ထပ်မေးချင်နေသေးပေမယ့် ကလေးကနည်းနည်းစကားထစ်ကာရှင်းရှင်းလင်းလင်းမပြောပြနိုင်ပေ။

ဖူဟွားကရွေးချယ်စရာမရှိဘဲ သကြားလုံးတစ်ခုကိုထုတ်ယူပြီးကလေးရဲ့လက်ထဲထည့်ပေးလိုက်သည်။ သူမကအခြားတစ်ယောက်ကိုရှာပြီးမေးရန်ပြင်လိုက်သည်။

သူမလက်ထဲသကြားလုံးကိုထုတ်လိုက်သည်နှင့် အခြားကလေးတွေကဝိုင်းလာလိမ့်မယ်လို့ သူမ မထင်ထားပေ။ ပိန်ပိန်ပါးပါးကလေးကအခြေအနေကိုမြင်သည်နှင့် သူ့လက်ထဲကသကြားလုံးကိုချက်ချင်းပါးစပ်ထဲထည့်လိုက်သည်။ သူကဝါးတောင်မဝါးရဲဘဲတစ်ခုလုံးမျိုချပစ်လိုက်သည်။ သကြားလုံးကကြီးတာကြောင့်သူ့လည်‌ချောင်းထဲချက်ချင်းတစ်သွားလေသည်။ သူရဲ့ပါးနှစ်ဖက်ကအောက်စီဂျင်မရှိတာကြောင့်ချက်ချင်းပြာတက်လာတော့သည်။ ဖူဟွားကအလန့်တကြားဖြင့်အော်ဟစ်မိသွားသည်။ သူမကကလေးကိုကတိုက်ကရိုက်ချီလိုက်ကာ သူနောက်ကျောကိုခပ်ပြင်းပြင်းလေးပုတ်လိုက်သည်။ ကလေးကချောင်းနှစ်ချက်ကိုခက်ခက်ခဲခဲဆိုးလိုက်တော့မှသူ့လည်ချောင်းထဲကသကြားလုံးထွက်ကျလာသည်။

သူရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲနေပေမယ့် သူက အော်မငိုရဲချေ၊ သူနောက်လုပ်သည်က မြေကြီးပေါ်ကိုကျသွားတဲ့သကြားလုံးကိုကောက်ဖို့ပြင်လိုက်ခြင်းပင်။ သို့ပေမဲ့တခြားကလေးတွေကသူထက်ခြေတစ်လှမ်းပိုမြန်လေသည်။ သူတို့ကသကြားလုံးကိုယူပြီးတော့ ဖုန်မှုန့်တွေပေနေတာကိုဂရုမစိုက်ဘဲ ကတိုက်ကရိုက်စားလိုက်လေသည်။ သူတို့သကြားလုံးကိုမျိုချလိုက်တဲ့ပုံက ဖူဟွားကိုင်ထားတဲ့ကလေးလိုမျိုးအရမ်းကိုဆာလောင် မွတ်သိပ်နေပုံရ၏။

ဖူဟွားက ယခုလိုမျိုးအခြေအနေကြောင့်အလန့်တကြားဖြစ်သွားရသည်။ သူမက ကလေးရဲ့မျက်နှာကိုဆွဲလိုက်ကာ ဒေါသတကြီးဖြင့်အပြစ်တင်လိုက်သည်။

"မင်း ဘာလို့ဒီလိုမျိုးစားရတာလဲ မင်း နင်သွားရင်ဘယ်လိုလုပ်မလဲ"

ကလေးကဆွဲခံရပေမယ့်ငိုတောင်မငိုပေ၊ သို့ပေမယ့် သူ့မျက်လုံးတွေကသကြားလုံးလုနေတဲ့လူအုပ်ဆီကိုရောက်သွားပြီး ကလေးကြီးတွေကပါသကြားလုံးဝေစားနေတာကိုတွေ့လိုက်ချိန်မှ သူရဲ့မျက်လုံးထဲကနေမျက်ရည်တွေစီးကျလာတော့သည်။ ဖူဟွားက ကလေးတွေငိုတာကိုသည်းမခံနိုင်တာကြောင့်သူမယခုအခါပိုပြီးတော့တောင်မှပျာယာခတ်သွားသည်။

လင်းရုဖေးကလည်း ရထားလုံးအပြင်ကအခြေအနေကို သတိပြုမိသွားသည်။ သူက လိုက်ကာကိုမတင်လိုက်ကာ ဖူဟွားနှင့်ကလေးတစ်ယောက်ကိုမြင်လိုက်သည်။ သူကတစ်ခဏလောက် တုန့်ဆိုင်းသွားပြီးနောက် ဖူဟွားကိုကလေးအားရထားလုံးဆီခေါ်လာရန်လက်ယပ်ခေါ်လိုက်သည်။ ကလေးကပိန်ပိန်ပါးပါးဖြစ်ပြီး သူမရဲ့လက်ထဲမှာလှုပ်တောင်မလှုပ်ရဲပေ။ သူကကောက်ရိုးနှင့်လုပ်ထားတဲ့ဆင်းရဲသားအရုပ်လေးအတိုင်းပင်။

"ဘာဖြစ်လို့လဲ"လင်းရုဖေးကမေးလိုက်သည်။

ဖူဟွားကအမြန်ပဲ သူမကလေးကိုလမ်းမေးချိန်ကအစ သူရဲ့လည်ချောင်းထဲသကြားလုံးကဘယ်လိုကပ်သွားကြောင်းတဆုံး အမြန်ြန်ရှင်းပြလေသည်။ လင်းရုဖေးက နားထောင်လို့ပြီးသည်နှင့် သူမရဲ့လက်ထဲကမျက်ရည်စမ်းစမ်းဖြင့်ကလေးကိုကြည့်လိုက်ကာနွေးထွေးတဲ့အသံဖြင့်မေးလိုက်သည်။

"သူငယ်ချင်းလေး နေလို့ထိုင်လို့မကောင်းတာတွေရှိလား"

ကလေးကငယ်သေးတာကြောင့်သကြားလုံးကသူရဲ့လည်ချောင်းကိုအရမ်းနာကျင်စေလောက်ပေသည်။

ကလေးကပြန်ဖြေရန်အလွန်နှေးလေသည်။ သူကခေါင်းခါပြဖို့ကိုတော်တော်လေးကြာသွားသည်။

လင်းရုဖေးကလည်းမလောပေ။ သူကယွီရွေ့ကိုစိုစွတ်နေသည့်မျက်နှာသုပ်ပုဝါကိုထုတ်ခိုင်းလိုက်ပြီး ကလေးရဲ့ညစ်ပတ်နေတဲ့မျက်နှာကိုသုတ်ပေးလိုက်သည်။

ကလေးကတစ်ဖြည်းဖြည်းငြိမ်ကျသွားသည်။ သူကဖူဟွားရဲ့လက်ထဲမှာပုန်းနေပြီးလှုပ်တောင်မှမလှုပ်ပေ၊ လင်းရုဖေးကသူ့ကို့မေးခွန်းအနည်းငယ်မေးချိန်တွင် သူကအားလုံးကို ဖြည်းဖြည်းချင်းပြန်ဖြေလေသည်။

"ကျွန်မတို့ဘာလုပ်သင့်လဲ"

ဖူဟွားကမျက်ျက်မှောင်ကြုတ်လိုက်ပြီး"သူ့ရဲ့မိဘတွေသာသိရင် ကျွန်မတို့ကိုအပြစ်တင်လိမ့်မယ်"

သူမကသကြားလုံးကိုပေးလိုက်တုန်းက စေတနာနဲ့ဖြစ်ပြီး သူမက ကလေးရဲ့လည်ချောင်းတွေက သေးတယ်ဆိုတဲ့အချက်ကိုထည့်မစဉ်းစားမိလိုက်ချေ၊ ဘာမှကြီးကြီးမားမားမဖြစ်၍သာကံကောင်းပေ၏။

လင်းရုဖေးကမေးလိုက်သည်။

"အပြင်ကကလေးတွေအားလုံးထွက်သွားပြီလား"

ဖူဟွားကအပြင်ထွက်ကာကြည့်လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်။

"ထွက်ပြေးသွားကြပြီ"

ကလေးတစ်အုပ်ကသကြားလုံးစားပြီးသည်နှင့် လူစုခွဲသွားကြသည်။ သူတို့အခုဘယ်ရောက်သွားမှန်းသူမတို့မသိပေ။

ယင်းအကြောင်းစဉ်စားပြီးတဲ့နောက် လင်းရုဖေးကသူ့အရှေ့ကကလေးကိုကြည့်လိုက်သည်။ သူကလက်ကိုဆန့်ထုတ်ပြီးဖူဟွားကိုကလေးအားသူဆီပေးရန်ပြောလိုက်သည်။

ကလေးကကြောက်နေမှန်းသိသာပေမယ့် သူ မရုန်းကန်ရဲပေ။ သူက လင်းရုဖေးရဲ့လက်ထဲကိုရောက်သွားသည်နှင့် ကျောက်တုံးလိုမျိုးတောင့်တင်းသွားသည်။ လင်းရုဖေးကလည်း ကလေးကအမှန်တကယ်ယခုလောက်အထိပေါ့ပါးလိမ့်မည်ဟု မထင်ထားပေ။ သူကအရိုးခြောက်ကိုအရေပြားပတ်ထားတာနှင့်တူနေလေသည်။ သူ့ရဲ့နက်‌မှောင်နေတဲ့မျက်လုံးတွေကကြောက်စရာကောင်းလောက်အောင်ကြီးလှသည်။ လောလောဆယ်တော့ သူက ကိုယ်ကိုကျုံ့ထားကာလင်းရုဖေးကိုမကြည့်ရဲဖြစ်နေသည်။

လင်းရုဖေးကမေးလိုက်သည်။

"သူငယ်ချင်းလေး မင်းရဲ့မိဘတွေကဘယ်မှာလဲ"

ကလေးက ဘာမှမပြောပေ။

လင်းရုဖေးကနောက်တစ်ကြိမ်ထပ်မေးလိုက်သည်။

"မင်း ဖူမိသားစုရဲ့ရွာကိုဘယ်လိုသွားရမလဲသိလား"

ကလေးကခေါင်းညိတ်ပြလေသည်။

လင်းရုဖေး : "ဘယ်ဘက်လား ဒါမှမဟုတ်ညာဘက်ကိုလား"

"ဘယ်ဘက်....."

ကလေးကမရေမရာပြန်ဖြေလာသည်။

နည်းလမ်းအတိုင်းသွားရမယ်ဆိုလျှင် လင်းရုဖေးကစိတ်ရှည်ရှည်ဖြင့်အချိန်အကြာကြီးမေးနေလိုက်သည်။ နောက်ဆုံးတွင် သူက ကလေးရဲ့အခြေအနေကိုမှန်းဆနိုင်သွားသည်။ သူ့အိမ်ကဖူမိသားစုရဲ့ရွာမှာဖြစ်ပေမယ့် သူမိဘတွေရဲ့အခြေအနေတွေကိုတော့မသိရသေးချေ။ ပြီးတော့ သူကဘာကြောင့်မှန်းမသိပေါ်လာလေသည်။ လင်းရုဖေးကသူ့ကိုဖူမိသားစုရဲ့ရွာကိုပြန်ချင်လားလို့မေးတော့ သူကခေါင်းအဆက်မပြတ်ညိတ်ပြလေသည်။ သူက ဤသည်ကိုမြင်သည့်အခါ ချီတုံချတုံဖြင့်မေးလိုက်မိသည်။

"ငါတို့သူကိုပြန်ခေါ်သွားကြမလား သူကဖူမိသားစုရွာရဲ့ရွာသားထင်တယ်"

ဖူဟွားကခေါင်းညိတ်ပြကာ'ဟုတ်ကဲ့'လို့ပြောလိုက်သည်။

ရထားလုံးကနောက်တစ်ကြိမ်မောင်းထွက်လာသည်။ သို့ပေမဲ့ ဤတစ်ကြိမ်တွင်မူ ကလေးတစ်ယောက်ပါ ပါလာလေ၏။

_ ___


စာရေးသူမှာပြောစရာရှိတယ်~


ကုရွမ်းတု : ကိုယ့်မှာ မင်းကြိုက်တဲ့ပုံစံအားလုံးရှိတယ်

လင်းရုဖေး : အကြီးအကဲ ခင်ဗျားကအရမ်းအီစကလီလုပ်တာပဲ

ကုရွမ်းတု : ကိုယ်ကအစကတည်းကအပျော်အပါးလိုက်စားတဲ့သူမျိုးဆိုတော့ အဆုံးထိလိုက်စားမယ်လေ..

_ __ __

Translated By IQ-Team.