အခန်း၁၃
Viewers 14k

အခန်း(၁၃)

 

ကျီချင်းချင်းသည် နူးညံ့သောနှလုံးသားရှိသူဖြစ်သည်။ သူမသည် မြေးဖြစ်သူအား အလွန်ချစ်မြတ်နိုးသည့် ခေါင်းဆောင်ဟောင်းလုအား စိတ်မပျက်စေလိုခဲ့ပေ။

 

“အကြီးအကဲလု စိတ်မပူပါနဲ့။ ကျွန်မ ဒီအချိန်အတောအတွင်းမှာ မစ်စတာလုကို ကောင်းကောင်းဂရုစိုက်ပေးပါ့မယ်”

 

ခေါင်းဆောင်ဟောင်းလုသည် ကြင်နာစွာ ပြုံးရင်း

 

“လိမ္မာတဲ့ကလေးမလေး ဆက်လုပ်ပါ။ လုလီရှင်းအခန်းထဲသွားပြီး သူ့အနား နေပေးလိုက်ပါ။ အဖိုး ကိုယ့်ဖာသာကိုယ် တစ်ယောက်တည်း အေးအေးဆေးဆေးနေဖို့ လိုအပ်နေတယ်” လို့ ပြောလိုက်သည်။

 

ကျီချင်းချင်းသည် ခေါင်းညိမ့်ပြီး လက်ခံလိုက်သည်။ သူမ ဒုတိယအထပ်သို့ တက်သွားသောအခါ အကြီးအကဲလုသည် ပင်ပန်းနွမ်းနယ်စွာဖြင့် ဧည့်ခန်း၌ မလှုပ်မယှက်ပဲ ကျန်နေခဲ့သည်။

 

ကျီချင်းချင်းသည် လုလီရှင်း၏အခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ လုလီရှင်းသည် ကုတင်ပေါ်မှာ လှဲလျောင်းမနေပဲ ကုတင်နားက ရုံးသုံးထိုင်ခုံပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ရသည်။ သူ့လက်ထဲမှာ တက်ဘလက်တစ်ခုကိုကိုင်ထားပြီး ထိုတက်ဘလက်၏ဖန်သားပြင်ကို ကြည့်နေသည်။

 

ကျီချင်းချင်း၏မျက်ခုံးများဟာ တွန့်ကွေးသွားခဲ့သည်။ သူ့ကျန်းမာရေးက ဒီလောက်အထိ ဆိုးရွားသောအခြေအနေကို ရောက်ရှိနေပြီဖြစ်သည်။ သူက အနားယူဖို့ထက် ခေါင်းမာစွာ ဘာကြောင့် အလုပ်လုပ်နေရတာလဲ။

 

ကျီချင်းချင်းသည် လုလီရှင်းက အလုပ်စွဲလမ်းသူတစ်ယောက်ဆိုတာကို သူမသိသည်။ သူက တစ်နေ့ကို နာရီနှစ်ဆယ်လောက် အလုပ်လုပ်ချင်နေတဲ လူစားမျိုးပါ။ လုလီရှင်းသည် ၇၂ နာရီကြာ မရပ်မနားပဲ အလုပ်လုပ်ဖူးသည့် မှတ်တမ်းတစ်ခု ရှိခဲ့ဖူးသည်။

 

သို့ပေမယ့် အဲ့ဒီအချိန်တုန်းက လုလီရှင်းရဲ့ကျန်းမာရေးက ကောင်းမွန်သည်လေ။ အခုအချိန်မှာ‌တော့ လုလီရှင်းက သေခြင်းတရားသို့ ခြေတလှမ်း လှမ်းနေပြီဖြစ်သည်။ သူရဲ့လက်ရှိ မကောင်းမွန်သည့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေဖြင့် သူက မည်သို့ အလုပ်ကိုဆက်လုပ်နိုင်မည်နည်း။

 

သူ့ခန္ဓာကိုယ်က သံကဲ့သို့ သန်မာနိုင်သော်လည်း ၎င်းသည် ပျက်စီးနိုင်လေသည်။

 

ကျီချင်းချင်းသည် ဒီလူက သူ့ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ဂရုမစိုက်တာကို တကယ် ခံစားခဲ့ရသည်။ ကျီချင်းချင်းသည် သူ့အနားသို့ ခြေလှမ်းအချို့ လှမ်းလိုက်ပြီး သူ့လက်ထဲက တက်ဘလက်ကို ဆွဲယူလိုက်သည်။

 

ကျီချင်းချင်းသည် တက်ဘလက်ကို စားပွဲပေါ်တင်လိုက်သည်။ သူအလုပ်များနေတယ်ဆိုတာကို သူမ သိပေမယ့် လုလီရှင်းက သူ့ခန္ဓာကိုယ်ကို ဘယ်လိုဆိုးရွားစွာပြုလုပ်နေတယ်ဆိုတာနှင့် သူ့ဘဝသက်တမ်းကို ဘယ်လောက်တောင် မဆင်မခြင် ဆုတ်ယုတ်သွားစေလဲဆိုတာကို သူမ တွေ့နေရသောကြောင့် သူမ တစ်ခုခုပြောဖို့ လိုအပ်တယ်လို့ ခံစားခဲ့ရသည်။

 

“မစ်စတာလု ကျွန်မ ဒီလိုဝင်ပါပြီး မပြောသင့်တာကို သိပါတယ်။ ဒါပေမယ့် ရှင်က ဆေးရုံကနေ အိမ်ကို ပြန်ခေါ်လာခဲ့ရတဲ့ လူနာလေ။ ဆရာဝန်က ရှင့်ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပြီးပြီ။ ရှင် အိပ်ရာထဲမှာ လှဲပြီးအနားယူဖို့လိုတယ်။ ရှင့်အလုပ်က ရှင့်ကျန်းမာရေးထက် ပိုအရေးကြီးတယ်လို့ မတွေးသင့်ဘူးလေ၊ ဟုတ်တယ်မလား”

 

လုလီရှင်းသည် သူမက သူ့တက်ဘလက်ကို ဆွဲယူသွားသောအခါ အံ့အားသင့်သွားပြီး အေးခဲသွားသည်။ နောက်ဆုံးတော့ သူ့အကြည့်တွေက စားပွဲပေါ်ကနေ ကျီချင်းချင်းထံ အကြည့်ရောက်သွားသည်။

 

လုလီရှင်းက သူ့မျက်ခုံးများကို ပင့်လိုက်ပြီး ပြောလိုက်သည်။

 

“မင်းက ကိုယ် ဘယ်လိုလုပ်ရမယ်ဆိုတာကို သင်ပြနေတာလား”

 

“ကျွန်မ ရှင့်ကို ဂရုစိုက်လွန်းတယ်လို့ ထင်နေတာလား။ အဲ့တာကြောင့်သာ မဟုတ်ရင်…”

 

ကျီချင်းချင်းသည် သူမစိတ်ထဲမှာ ရှိသမျှကို ထုတ်ပြောချင်ပေမယ့် သူက မကြာခင်မှာ သေရတော့မယ်ဆိုတာကို သူမ သိနေပြီးတော့ အဲ့တာကြောင့် သူမ သူ့ကို စိတ်အနှောင့်အယှက် မပေးနိုင်ဘူး။

 

ဒါပေမယ့် သူမသည် ဒီစကားလုံးများကို ပါးစပ်ကမထွက်ခင် မျိုချလိုက်သည်။ ဒီစကားတွေက သေခါနီးလူတစ်ယောက်ကိုပြောဖို့ အရမ်းရက်စက်လွန်းရာ ကျသွားလိမ့်မယ်။ အဲဒီအစား သူမက ပြောလိုက်သည်။

 

“အကြီးအကဲလုက ရှင့်ကို စိတ်ပူလွန်းလို့ ကောင်းကောင်း မအိပ်ပျော်နိုင်ဘူး။ ကျွန်မ ရှင့်ကို စိတ်အနှောင့်အယှက်ပေးတာကို မခံချင်ရင် ရှင်ဖာသာရှင် ရှင့်ကျန်းမာရေးကို ဂရုစိုက်ပါ”

 

ကျီချင်းချင်းသည် လုလီရှင်းမှာ အလွန်ဂရုစိုက်တတ်သောအဖိုးရှိတာကို မနာလိုဖြစ်မိသည်။ သူမဟာ ခေါင်းဆောင်ဟောင်းလုက သူ့မြေးအပေါ်ထားသော မိသားစုချစ်မေတ္တာမျိုးကို သူမကိုယ်ပိုင်မိသားစုထံမှ တစ်ခါမှ မရခဲ့ဖူးပါ။ ထို့ကြောင့် လုလီရှင်းသည် သူ့အဖိုး၏စိတ်ပူပန်နေမှုများကို ဂရုမထားတာကို တွေ့လိုက်ရသောအခါ သူမသည် ဒေါသူပုန်ထမိသည်။

 

ဒီ အရူးကောင်၊ သူက သူ့ရဲ့ကံကြမ္မာကောင်းကို လုံးဝ တန်ဖိုးမထားဘူး။

 

“ဒါ့အပြင် ကျွန်မ ရှင့်ဇနီးလို့ ရှင်ပဲပြောတယ်မလား။ ရှင့်ဇနီးအနေနဲ့… ရှင်က ရှင့်ခန္ဓာကိုယ်ကို အလေးမထားပဲနေနေတာကို ကျွန်မမှာ ပြောပိုင်ခွင့် မရှိဘူးလား”

 

ကျီချင်းချင်း၏စကားသံမှာ ယုံကြည်မှုကင်းမဲ့နေကြောင်း သိသာထင်ရှားလှသည်။ သူမအသံဟာ အနည်းငယ် တုန်ယင်သွားသည်။ လုလီရှင်းပြောခဲ့သည် ဘာကြောင့်လဲဆိုတဲ့ ဆိုလိုရင်းအမှန်ကို သူမ သိသည်။ ထို့ကြောင့် သူမအသံသည် အလွန်ယုံကြည်မှုကင်းမဲ့နေတာဖြစ်သည်။

 

ထို့အပြင် လုလီရှင်းကို စောက်ကားရန် အကြံဥာဏ်ကောင်း မရခဲ့ပေ။ လုလီရှင်းသာ ထိုဝတ္ထုဇာတ်လမ်းထဲတွင် စောစောစီးစီးမသေခဲ့လျှင် သူက ထိုဇာတ်လမ်း၏ဇာတ်လိုက် မဖြစ်နိုင်တာ မဟုတ်ပေ။

 

ကျီချင်းချင်း၏ပြောစကားများကို ကြားလိုက်ရသောအခါ လုလီရှင်းစိတ်ပြောင်းသွားခဲ့သည်။

 

“ကိုယ် အလုပ်လုပ်နေတာ မဟုတ်ပါဘူး”

 

ကျီချင်းချင်း၏မျက်နှာပေါ်မှ တင်းမာနေသော မျက်နှာအမူအရာကနေ အံ့အားသင့်သွားသော မျက်နှာအမူအရာသို့ ပြောင်းသွားသည်။ ကျီချင်းချင်းသည် စားပွဲပေါ်မှ တက်ဘလက်ကို  သူမခေါင်းကိုလှည့်၍ ကြည့်လိုက်မိသည်။ တက်ဘလက်ဖန်သားပြင်ပေါ်ရှိ အကြောင်းအရာများသည် သူမနှင့်ပတ်သက်သော အချက်အလက်များဖြစ်သည်။

 

လုလီရှင်းသည် တစ်လလောက် ကိုမာဝင်နေခဲ့ပြီး ပြန်လည်သတိရလာပြီးနောက် ဇနီးတစ်ယောက် ရရှိခဲ့ပြီး သူ့ဇနီးအကြောင်းကို ပိုလေ့လာဖို့ လိုအပ်တယ်လို့ သူတွေးမိခဲ့သည်။

 

သူ့ဇနီးအကြောင်း အွန်လိုင်းပေါ်မှာ ထင်မြင်ချက်အများကြီး ရှိပေမယ့် အများစုက အပျက်သဘောဆောင်သော မှတ်ချက်များ ဖြစ်ကြသည်။

 

ထိုမှတ်ချက်များအရ သူမက ဖျော်ဖြေရေးလုပ်ငန်းအသိုင်းအဝိုင်းထဲ အသစ်ဝင်ရောက်လာသူများအား အနိုင်ကျင့်သည်၊ အခြားမင်းသမီးထံမှ ဇာတ်ကောင်များကို လုယူသည်၊ သူဌေးတစ်ဦး၏ ကစားစရာအရုပ်လေးတစ်ရုပ်ဖြစ်ပြီး သူမကိုယ်ကို မြှင့်တင်ရန်အတွက် ဒရာမာဇာတ်လမ်းတွဲတစ်ခုတွင် အခြားမင်းသားများနှင့် တွဲဖက်သရုပ်ဆောင်သော်လည်း သရုပ်ဆောင်စွမ်းရည် ညံ့ဖျင်းလွန်းလှသည်။ ဒါတွေအားလုံး လူတိုင်းလိုလို သိကြသည့် အနုတ်လက္ခဏာဆောင်သော မှတ်ချက်များ ဖြစ်ကြသည်။ ကျီချင်းချင်းအကြောင်းကို ဖော်ပြခဲ့သော ဝေ့ပေါ်ကအကြောင်းအရာအများစုသည် သူမအနေနှင့် ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲကနေ ထွက်ခွာသွားပေးဖို့ တောင်းဆိုမှုများပင် ဖြစ်သည်။

 

မကြာသေးမီက သူမသည် ရာဇဝတ်မှုတစ်ခုဖြင့် စွဲချက်တင်ခံရသည်။

 

ကျီချင်းချင်း၏ သန်မာလှသော ရပ်တည်မှုဘဝကနေ ချက်ချင်းပင် အားနည်းသွားခဲ့သည်။ သူမမျက်နှာဟာ တင်းမာသွားသည်။ သိပ်မကြာခင်မှာပဲ သူမဟာ ရှက်ကိုးရှက်ကန်းဖြင့် အပြုံးတစ်ပွင့်ကို အတင်းဖိအားပေး၍ ပြုံးပြကာ ဆိုလိုက်သည်။

 

“ရှင် အလုပ်မလုပ်ဘူးဆိုရင်တောင် ရှင် အနားယူသင့်တယ်လို့ ဆရာဝန်က ပြောခဲ့တယ်။ ရှင် ကိုယ့်ကိုယ်ကို ပင်ပန်းစေမယ့်အရာတွေ မလုပ်သင့်ဘူး။ ရှင် ကျွန်မအကြောင်း သိချင်တာမှန်သမျှ ကျွန်မကို မေးလို့ရတယ်၊ ကျွန်မ ရှင့်ကို ပြန်ဖြေပေးမှာပေါ့”

 

လုလီရှင်းသည် ဘဝ၌ အရာအားလုံးကို နည်းလမ်းကျကျ ပြုလုပ်တတ်သူတစ်ဦးဖြစ်ကြောင်း သူမ သိသည်။ သူမသည် သူ့အကြောင်းကို ဘာမှမသိသော လူတစ်ယောက်ဖြစ်ပြီးတော့ ယနေ့မတိုင်မီအထိ တစ်ခါမှ မတွေ့ဖူးပါ။ သူ မသိခဲ့ရသော အကြောင်းအရင်းတစ်ခုကြောင့် သူမဟာ သူ့ဇနီးဖြစ်လာခဲ့သည်။ ဟုတ်ပါတယ်၊ သူက သူမကို စေ့စေ့စပ်စပ် နားလည်မှုရရှိစေချင်ခဲ့သည်။

 

လုလီရှင်းက သူမကို မော့ကြည့်လိုက်သည်။ “မင်းကို ရှန်းဝေဝေက ယွမ်သန်းနှစ်ဆယ်နဲ့ ဘာလို့ တရားစွဲရတာလဲ”