အခန်း(၁၅)
လုလီရှင်း သူတကယ်ကြီးပြင်းလာပြီလို့ ထင်လိုက်မိတယ်။ မဟုတ်ရင် ဒီလိုမျိုး
သူ့အခြေအနေမျိုးနဲ့ တွေ့ကြုံတဲ့လူတစ်ယောက်ဆိုရင် f*ckလို့ သေချာပေါက် ပြောမိလိမ့်မယ်။
ကျီချင်းချင်းသည် သူမလက်ကို တံခါးလက်ကိုင်ပေါ်လှမ်းလိုက်ချိန်မှာပဲ လုလီရှင်းက
သူရဲ့အေးစက်တဲ့ပုံရိပ် ထိန်းထားကာ သူမကို “ရပ်လိုက်” လို့ လှမ်းပြောလိုက်သည်။
ကျီချင်းချင်းက သူ့ကို စိတ်မရှည်သည့်အသွင်ဖြင့် လှည့်ကြည့်လိုက်သည်။
“မစ်စတာလု ရှင် အခု ဘာလိုချင်လို့လဲ”
ကျီချင်းချင်းသည် လုလီရှင်းနှင့် အချိန်တစ်ရက်လောက် အတူကုန်ဆုံးပြီးနောက်တွင်
သူမ၏ခံနိုင်ရည် ကုန်ဆုံးလုနီးပါးဖြစ်နေပြီလို့ ကျီချင်းချင်းဟာ ထင်မြင်မိသည်။ မူလက
သူမသည်လည်း စောစောစီးစီး သေဆုံးခဲ့ရခြင်းကြောင့် သူ့ကို စာနာသနားမိခဲ့သည်၊
သို့သော် ယခု သူဟာ တက်ကြွမှုအပြည့်ရှိနေကြောင်း သူမ မြင်တွေ့နေရသည်။ သူက
သေလုနီးပါးလူတစ်ယောက်နှင့် လုံးဝမတူပါ။
သူ့ကို ဂရုစိုက်ဖို့နဲ့ သူ့စိတ်နေစိတ်သဘောထားကို နားလည်ဖို့ ဒီနေရာမှာ နေတာထက်
သူမ အကြီးအကဲလုကို သွားနှစ်သိမ့်ပေးတာက ပိုကောင်းလိမ့်မည်။
သို့ပေမယ့် သူမ အဲ့တာကို စဥ်းစားကြည့်တဲ့အခါ အဲ့တာက အဓိပ္ပာယ်ရှိတယ်။
ဝတ္ထုထဲမှာ လုလီရှင်း၏စိတ်နေစိတ်ထားဟာ ရာသီဥတုကဲ့သို့ မခန့်မှန်းနိုင်ဟု
ဖော်ပြခဲ့သည်။ ဒါက သူ့ရဲ့ပင်ကိုယ်စရိုက်ပဲ။ ကံကောင်းထောက်မစွာပဲ လုလီရှင်းသည်
အသက်ရှင်ရန် အချိန်များစွာ မကျန်ရှိတော့ပေ။ ဒီလိုမှမဟုတ်ရင် သူ့ဇနီးဖြစ်တဲ့ သူမဟာ
ဒေါသကြောင့် အနှေးနှင့်အမြန် သေသွားရလိမ့်မယ်။
“ဒီအနားကို လာခဲ့”
ကျီချင်းချင်းသည် နေရာမှာပင် မတ်တပ်ရပ်လိုက်သည်။ သူမသည် သူ့အနားသို့လာရန်
ငြင်းဆန်လိုက်သည်။
“မစ်စတာလု ရှင် ဘာပဲပြောချင်ချင် ကျွန်မ ဒီနေရာကနေ ကြားနိုင်တာပဲ”
လုလီရှင်းသည် သူမအား အကူအညီတောင်းနေရတာက နတ်ဘုရားမတစ်ပါးကို
အကူအညီတောင်းနေရသကဲ့သို့ ခံစားလိုက်ရသည်။ လုလီရှင်းသည် သူ့ဘဝတစ်လျှောက်လုံးတွင်
သူလုပ်ဖူးခဲ့သမျှ အမူအရာများထဲမှ အနူးညံ့ဆုံးသောအမူအရာကိုလုပ်ရန် အတတ်နိုင်ဆုံး
ကြိုးစားခဲ့သည်။
“ကျေးဇူးပြုပြီး ကိုယ့်ရဲ့ဆေးကို ယူလာပေးပါလား”
“ဆေးလား”
ကျီချင်းချင်း၏မျက်နှာအမူအရာဟာ ပြောင်းလဲသွားသည်။ သူမသည်
ချက်ချင်းစိတ်ပူလာသည်။
သူတို့မပြေလည်ကြဘူးဆိုရင်တောင်မှ သူ့ကျန်းမာရေးက ပိုအရေးကြီးတယ်။ သူမသည်
ဘေးပတ်ပတ်လည်မှာ ဆေးကိုရှာရန် လျင်မြန်စွာ ရှာဖွေတော့သည်။
“ဘယ်ဟာလဲ။ အဖြူရောင်ပုလင်းနဲ့လား ဒါမှမဟုတ် ဒီအပြာရောင်လား”
“အဖြူရောင်နဲ့တစ်ခု”
ကျီချင်းချင်းသည် အဖြူရောင်ဆေးပုလင်းကို သူ့ဆီ အလျင်အမြန် ယူလာပေးသည်။
“ဒီတစ်ခုလား”
လုလီရှင်းသည် ကျီချင်းချင်း၏မျက်နှာပေါ်က စိုးရိမ်ပူပန်နေသည့်အသွင်ကို တွေ့ရတာ
ကျေနပ်မိသည်။ သူက အသာအယာပြုံးလိုက်သည်။ သူမက သူ့အနားကိုလာဖို့ ငြင်းပယ်ခဲ့တာ
မဟုတ်ဘူးလား။
“အဲ့တစ်ခုမဟုတ်ဘူး”
ကျီချင်းချင်းသည် ဆေးပုလင်းကိုထပ်ရှာရန် နောက်သို့ပြန်လှည့်လိုက်သည်။
လုလီရှင်းသည် သူ့ခြေထောက်ကို အရှေ့သို့ ခြောက်လက်မခန့် ထုတ်လိုက်သည်။
ကျီချင်းချင်းသည် အရမ်းစိတ်ပူနေတဲ့အတွက် ထိုခြေထောက်ကို သတိမပြုမိလိုက်ဘူး။
သတိလစ်သွားသည့်အခိုက်အတန့်မှာပင် သူမသည် လုလီရှင်း၏ခြေထောက်ကို အောင်မြင်စွာ
ခလုတ်တိုက်လိုက်မိသည်။ သူမသည် ချက်ချင်းပင် သူ့အပေါ်သို့ လဲကျလာခဲ့သည်။
သို့ပေမယ့် လုလီရှင်းက ဒီအတွက် အဆင်သင့် ပြင်ဆင်ထားပြီးပြီဖြစ်သည်။ လက်တစ်ဖက်က
ကျီချင်းချင်းရဲ့ခါးကို သိမ်းပွေ့ထားပြီးတော့ ကျန်လက်တစ်ဖက်က သူမလက်လေးကို
ဆုပ်ကိုင်ထားသည်။ သူက ကျီချင်းချင်းကို ခိုင်မြဲစွာ ပွေ့ဖက်ရင်း အဆုံးသတ်လိုက်သည်။
အဖြူရောင်ဆေးပုလင်းလေးက လွတ်ကျသွားပြီး ကြမ်းပြင်ပေါ်သို့ ထွက်ကျသွားသောအသံလေး
ထွက်ပေါ်လာလေသည်။
“တာဝန်ပြီးမြောက်ပါပြီ။
သင့်အသက်ရမှတ်မှာ ၂ မှတ် ပေါင်းထည့်ပြီးပါပြီ။ သင့်မှာ ယခုလက်ရှိ အသက်ရှင်သန်ချိန်
၂ နာရီ ရှိသွားပါပြီ”
လုလီရှင်းသည် အမျိုးသမီးတစ်ဦးနှင့် ဤမျှလောက် နီးကပ်စွာနေဖူးခြင်း မရှိဖူးပေ။
သူ့ခေါင်းကို ငုံ့လိုက်သောအခါ ကျီချင်းချင်း၏ သေးသွယ်ဖြူဖွေးနေသော
လည်ပင်းမှမွှေးရနံ့လေးသည် သူ့နှာခေါင်းထံ ပျံ့လွှင့်လာလေသည်။ ၎င်းသည်
အမျိုးသားအားလုံး၌ ပါဝင်သော မွေးရာပါဗီဇကို နှိုးဆွပေးသည်။
သူမခါးကို ပွေ့ဖက်ထားသော သူ့လက်များ၏ လက်ချောင်းတစ်ခုချင်းစီကပင်
နူးညံ့ပျော့ပျောင်းမှုကို ခံစားနေမိသည်။
လုလီရှင်း၏လည်စိဟာ အပေါ်အောက် ရွေ့လျားသွားလေသည်။ သူ့မှာ မရှိဘူးလို့ထင်ခဲ့တဲ့
စိတ်ခံစားချက်တွေက သူ့ခန္ဓာကိုယ်တစ်ခုလုံးထံ တဖြည်းဖြည်းချင်း ပျံ့နှံ့လာခဲ့သည်။
သူ့နှလုံးခုန်သံဟာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
ဒီခံစားချက်က အံ့အားသင့်စရာကောင်းတယ်လို့ ခံစားခဲ့ရပေမယ့် ယုတ္တိဗေဒအရ
အမျိုးသမီးတွေက အားနည်းချက်တစ်ခုလို့ သူ့ကိုယ်သူ သတိပေးလိုက်သည်။ သူ့ကို
ဖြားယောင်းသွေးဆောင်ခွင့်မပေးနိုင်ပေ။
ကျီချင်းချင်းသည် သူမကိုယ်သူမထက် လုလီရှင်းကို
အလွန်စိုးရိမ်ပူပန်သွားသောကြောင့် သူမမျက်နှာလေးဟာ ဖြူဖျော့သွားသည်။ သူမသည်
သူ့ပေါင်ပေါ်ကနေ ထလိုက်သည်။ ကျီချင်းချင်းသည် လုလီရှင်းကို စိုးရိမ်တကြီး
ကြည့်ရှုလိုက်သည်။ လုလီရှင်းသည် သေခြင်းတရားနှင့် နီးကပ်သွားပြီလားလို့ထင်ပြီး
သူမက ကြောက်ရွံ့ထိတ်လန့်သွားမိသည်။
“ရှင်အဆင်ပြေရဲ့လား”
လုလီရှင်းကို သူ့အကြည့်ကိုလွှဲလိုက်ပြီး သူမလက်ကို လွှတ်ပေးလိုက်သည်။
“မင်း ထွက်သွားချင်ထွက်သွားနိုင်တယ်”
“ကျွန်မ ရှင့်အတွက် ဆရာဝန်သွားခေါ်လိုက်ဦးမယ်…”
“မလိုဘူး”
လုလီရှင်းသည် တစ်ဖက်သို့လှည့်ကာ သူ့မျက်လုံးများကို မှိတ်လိုက်ပြီး သူ့ကိုယ်သူ
စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ သူက အောက်သို့ကျသွားခဲ့သော ဆေးဗူးကိုကောက်ယူပြီး
ကြည့်လိုက်သည်။
“ကိုယ် အမှားလုပ်မိသွားတာ။ ဒါက ကိုယ်ပြောတဲ့ဆေးဗူးမှန်တယ်”
လုလီရှင်းသည် ဆေးပြားနှစ်ပြားကိုထုတ်ပြီး မျိုချလိုက်သည်။
“ကိုယ် အဆင်ပြေပါတယ်။ ကိုယ် ခဏလောက် အနားယူဖို့ လိုနေသေးတယ်”
ကျီချင်းချင်းသည် အနည်းငယ် စိုးရိမ်နေဆဲဖြစ်သည်။ လုလီရှင်း၏ စိတ်ခံစားချက်
အပြောင်းအလဲသည် သူမအား တစ်နည်းနည်းဖြင့် ဒေါသထွက်စေသောကြောင့် စိတ်ဆိုးခဲ့ရသည်။
သူမအခန်းထဲမှ ထွက်သွားပြီးနောက် လုလီရှင်းအား စစ်ဆေးပေးရန် ဆရာဝန်မျာအားခေါ်ရန်
သွားခဲ့သည်။
ကျီချင်းချင်း သူ့အခန်းထဲမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် လုလီရှင်းသည်
သူ့ဖုန်းကို ကောက်ကိုင်ပြီး တစ်ယောက်ယောက်ထံ ဖုန်းခေါ်လိုက်သည်။
လုလီရှင်းဖုန်းပြောပြီးနောက် ချက်ချင်းပင် ကျီချင်းချင်းသည်
ဆရာဝန်တစ်ယောက်နှင့် အကြီးအကဲလုနှင့်အတူ သူ့အခြေအနေကိုစစ်ဆေးရန် ပြန်လာခဲ့သည်။
အမှန်တော့ အကြီးအကဲလုဟာ အနည်းငယ် သံသယဝင်နေခဲ့သည်။ ဆေးရုံမှ အိမ်သို့
ပြန်လည်ခေါ်ဆောင်လာခဲ့သော်လည်း သူ့မြေး၏အခြေအနေဟာ သေလုမျောပါးဖြစ်နေပုံ မပေါ်ပေ။
သူက သက်သာနေပုံရတယ်။
သို့သော် ဆရာဝန်သည် ဆေးဖက်ဆိုင်ရာကိရိယာမျိုးစုံကို အသုံးပြုပြီး
စစ်ဆေးကြည့်ပြီးနောက် ရလဒ်များသည် ယခင်အတိုင်းပင်ဖြစ်သည်။ လုလီရှင်း၏ခန္ဓာကိုယ်သည်
သူ့အကန့်အသတ်သို့ ရောက်ရှိသွားပြီးဖြစ်သည်။ သူ့အတွက် သူတို့က စျာပနစီစဥ်ပေးဖို့
အချိန်ရောက်နေပြီဖြစ်သည်။
အကြီးအကဲလုသည် စိတ်ပျက်စွာဖြင့် အခန်းထဲမှ ပြန်ထွက်သွားခဲ့သည်။