အခန်း(၁၇)
လုလီထင်သည် အလွန်ရက်စက်နိုင်သည်။ ဝတ္ထုဇာတ်လမ်းထဲတွင် ကျီချင်းချင်းသည်
အောက်သို့ပြုတ်ကျသွားပြီး မည်သူမဆို သူမကိုနင်းချေနိုင်သည့်အချိန်က သူက သူမအား ဂရုဏာမထားခဲ့ပါ။
ပါတီပွဲတစ်ခုမှာ အမျိုးသမီးဇာတ်လိုက်ရဲ့ဖိနပ်ပေါ်သို့ ဝိုင်နီများ
စွန်းထင်းသွားစေခဲ့ရာ သူမအား ထိုဝိုင်နီများကို သုတ်ပေးစေခြင်းဖြင့်
လက်စားချေခဲ့သည်။
ယခုအချိန်တွင် လုလီရှင်း၏ကျန်းမာရေး အခြေအနေ မကောင်းသောကြောင့် လုလီထင်ကို
အိမ်သို့ပြန်ခေါ်ရန် အကြီးအကဲလုက လူများကို စေလွှတ်ခေါ်ခိုင်းခဲ့တာဖြစ်သည်။
သူ့အစ်ကိုကြီး သေဆုံးခါနီးဖြစ်သောကြောင့် သူ့ကိုပြန်လာခိုင်းပြီး လုမိသားစုရဲ့
အမွေဆက်ခံသူဖြစ်လာရန် အချိန်ရောက်ပြီ။
Thud!
စာကြည့်ခန်းရဲ့အခန်းတံခါးကို တစ်ခုခုနဲ့ထိသွားသည့်အသံမျိုး ကြားလိုက်ရသည်။
အန်တီဖေးသည် အပေါ်ထပ်သို့ အလျင်အမြန် တက်သွားသည်။ သူမ
စာကြည့်ခန်းရဲ့ရှေ့ရောက်တာနဲ့ တံခါးက ပွင့်လာခဲ့သည်။
စင်္ကြံလျှောက်လမ်းရဲ့အလင်းရောင်က အားနည်းနေသည်။ စာကြည့်ခန်းမှ အလင်းရောင်သည်
တံခါးအပြင်ရပ်နေသည့် ထိုလူအပေါ် တစ်ဝက်ခန့် ဖြာကျနေသည်။ သူသည် တံခါးကို
အကုန်လုံးဖွင့်လိုက်ပြီးနောက် အန်တီဖေးနှင့် မျက်နှာချင်းဆိုင်တွေ့လိုက်ရသည်။
အန်တီဖေးသည် သူ့ကို မျက်ရည်အပြည့်ဖြင့် ကြည့်လိုက်သည်။
“ဒုတိယသခင်လေး နောက်ဆုံးတော့ မင်းပြန်လာခဲ့ပြီပေါ့…”
လုလီထင်နှင့် လုလီရှင်းသည် မျက်နှာသွင်ပြင်များ ဆင်တူကြသည်။ သူတို့
ပိုင်ဆိုင်ထားတဲ့ မျက်နှာသွင်ပြင်တွေက သူတို့ရဲ့ ထူးခြားတဲ့စွမ်းဆောင်ရည်တွေကို
ရောင်ပြန်ဟပ်သည်။ သူက လုလီရှင်းထက်ငယ်သော်လည်း သူ့ခန္ဓာကိုယ်ကြံခိုင်မှုနှင့်
ခွန်အားက သူ့အစ်ကိုထက် ပိုကောင်းသည်။
သူက ခေါင်းဆောင်ဟောင်းလုနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သောကြောင့် လုလီထင်ရဲ့
အသက်ရှုသံတွေက ပုံမှန်မဟုတ်ခဲ့ဘူး။ သူက ပြန်မဖြေခင် အသက်ပြင်းပြင်းရှုလိုက်သည်။
“အန်တီဖေး ကျွန်တော့်အစ်ကိုရဲ့ အခြေအနေက ဘယ်လိုလဲ”
“ပထမသခင်လေးက သူ့အခန်းထဲမှာ ရှိတယ်။ ဆရာဝန်ကတော့ သူ့မှာ ရက်အနည်းငယ်ပဲ
ကျန်တော့တယ်လို့ ပြောတယ်။ မင်း သူ့ကို သွားတွေ့သင့်တယ်”
လုလီထင်က ခေါင်းညိမ့်ပြလိုက်သည်။
ဒီညီအစ်ကိုနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ပြောစရာစကား သိပ်မရှိဘူး။ သူတို့
အတူကြီးပြင်းခဲ့ကြပေမယ့် သူတို့က မနီးစပ်ခဲ့ကြဘူး။ သူတို့ရဲ့ပင်ကိုယ်စရိုက်တွေက
မတူညီသောကြောင့် သူတို့နှစ်ယောက်ရဲ့ တူညီတဲ့ဝါသနာတစ်ခုကိုတောင် ရှာမတွေ့ခဲ့ဘူး။
အခန်းထဲကို လုလီထင်ရောက်လာပြီးနောက် ညီအစ်ကိုနှစ်ယောက်သည် စကားအနည်းငယ်
အပြန်အလှန်ပြောပြီး လုလီထင်သည် သူ့အစ်ကိုအခန်းထဲမှ ထွက်သွားခဲ့သည်။
လုလီထင်သည် သူ့အစ်ကိုရဲ့အခြေအနေနဲ့ပတ်သက်ပြီး ထူးဆန်းနေတယ်လို့ ခံစားမိသည်။
လုလီရှင်းသည် စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်ဟု အဖိုးကပြောပြီး အန်တီဖေးကလည်း
သူ့အစ်ကိုမှာ ရက်အနည်းငယ်ခန့်သာ ကျန်တော့သည်ဟု ပြောသော်လည်း သူ့အမြင်မှာတော့
လုလီရှင်းသည် သက်သာနေပုံရသည်။ သူတို့ စကားခဏပြောနေချိန်မှာ သူက
သေခါနီးလူနာတစ်ယောက်နှင့်တူပုံ မရဘူး။
ယနေ့ညတွင် လုလီထင်သည် ဒီအကြောင်းကို အဖြေထုတ်ရန် ခွန်အားမရှိပေ။ သူက ဒီနေရာကို
ခရီးထွက်လာရတာဖြစ်၍ ပင်ပန်းနေပြီ၊ သူ့အဖိုးက သူ့ကို စာကြည့်ခန်းထဲမှာ
အချိန်တော်တော်ကြာ ဆူပူနေခဲ့သည်။ လုလီထင်သည် ရုပ်ပိုင်းဆိုင်ရာနှင့်
စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေခဲ့သည်။ အခုအချိန်မှာတော့ သူက ရေချိုးပြီး
အိပ်ချင်နေမိသည်။
သူ့အကြည့်က စင်္ကြံထောင့်စွန်းနားကနေရာသို့ ရောက်သွားခဲ့သည်။ ဒီနေရာမှာ သူ
အရင်တုန်းက ရင်းနှီးကျွမ်းဝင်ဖူးသော အမျိုးသမီးတစ်ဦး၏ပုံရိပ်ကို တွေ့လိုက်ရသည်။
လုလီထင်သည် သူ့မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သူက နှာချေလိုက်မိသည်။ သူ
ဒီလိုဖြစ်နေတာကြာပြီ။ သူ ဘာကြောင့် ဒီလိုလှည့်စားတတ်တဲ့ အမျိုးသမီးအကြောင်းကို
စဥ်းစားနေမိသေးတာလဲ။
လုလီထင်သည် တဖြည်းဖြည်း နီးကပ်လာသော ခြေသံများကို ကြားလိုက်ရသည်။
လှေကားထိပ်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်သည် လုလီထင်နှင့် အတော်အသင့်
ရင်းနှီးပုံရသည်။ သူ့နဖူးက တစ်စုံတစ်ခုကို အတွေးလွန်နေသလို့ တွန့်နေသော်လည်း
နောက်အခိုက်အတန့်တွင် သူ့ကိုယ်သူ လှောင်ရယ်လိုက်မိသည်။ သူက လုမိသားစုရဲ့ဗီလာကို
ရောက်နေတာဖြစ်သည်။ ဘယ်လိုလုပ်ပြီး ဒီအမျိုးသမီးက ဒီနေရာကို ရောက်လာနိုင်မှာလဲ။
လုလီထင်က သူ့အမြင်အာရုံမှာ တစ်ခုခု မှားယွင်းနေတယ်လို့ ထင်နေချိန်မှာပင်
ထိုပုံရိပ်က လှည့်ကြည့်လိုက်ပြီး လုလီထင်နှင့် အကြည့်ချင်းစုံသွားခဲ့သည်။
သူမရဲ့မျက်ဝန်းများသည် လုလီထင်ကဲ့သို့ အံ့သြသွားဟန်တူသည်။
နှစ်ဦးစလုံးသည် ခဏမျှ တိတ်ဆိတ်နေခဲ့သည်။
“ကျီချင်းချင်းလား” လုလီထင်ရဲ့မျက်လုံးများဟာ ကြောက်စရာကောင်းလောက်အောင်
သူတစ်ပါးကို မကောင်းကြံစည်နေသောအကြည့်များဖြင့် ကြည့်နေခဲ့သည်။
သူ့ဘေးထောင့်စွန်းနားမှာ ရပ်နေတဲ့ ကျီချင်းချင်းသည် သူမအခန်းထဲ
ပြေးဝင်ပုန်းချင်သွားမိသည်။ သူမအံတင်းတင်းကြိတ်လိုက်မိသည်။
“မင်းက ဘာလို့ ဒီနေရာကိုရောက်နေရတာလဲ” လို့ သူက မေးလိုက်သည်။
ကျီချင်းချင်း၏နှလုံးသားသည် အရူးအမူး ခုန်နေလေသည်။
ကျီချင်းချင်းသည် တစ်နေ့တွင် သူမသည် နှလုံးရောဂါကြောင့်
သေဆုံးသွားလိမ့်မယ်လို့ စတင်တွေးတောမိသည်။ ဒီနေ့မှာပင် သူမသည်
ဒီညီအစ်ကိုနှစ်ယောက်ကြောင့် သူမနှလုံးသားဟာ အကြိမ်ကြိမ် တုန်လှုပ်နေရသည်။
“ငါက ဘာလို့ ဒီနေရာမှာ မရှိနေနိုင်ရမှာလဲ”
ကျီချင်းချင်းသည် နံရံအား ကျောထောက်နောက်ခံပြုကာ သူမကိုယ်သူမ တည်ငြိမ်အောင်
ထိန်းထားလိုက်သည်။ သူမခေါင်းကိုမော့လိုက်ပြီး သူ့မျက်လုံးထဲကို ရဲရဲတင်းတင်း
ကြည့်လိုက်သည်။ သူမက ရှင်းရှင်းလင်းလင်း ပြောပြလိုက်သည်။
“ကျွန်မက ရှင့်ရဲ့မရီးပဲ။ ကျွန်မ ရှင့်အစ်ကိုနဲ့လက်ထပ်ထားတယ်။ ကျွန်မက
ရှင့်ထက် ဝါကြီးတယ်၊ ကျေးဇူးပြုပြီး ရှင် ကျွန်မကို ပြဿနာမရှာပဲ လေးလေးစားစား
ဆက်ဆံပေးပါ”
“မရီးလား” လုလီထင်၏မျက်နှာအမူအရာသည် ချက်ချင်းပင် ဒေါသထွက်သည့်ဟန်ပေါ်လာသည်။
ကျီချင်းချင်းပါးပြင်ဘေးရှိ နံရံပေါ်က သူ့လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။
“မင်း ဘာပြောလိုက်တာလဲ”
ကျီချင်းချင်းက အံကြိတ်လိုက်သည်။ သူမ၏ခြေထောက်များက တုန်ယင်နေတာကို
ခံစားမိသော်လည်း တည်ငြိမ်ဟန်ဆောင်လိုက်သည်။
“ကျွန်မက ရှင့်အစ်ကိုရဲ့ဇနီး ရှင့်မရီးပဲ။ ကျွန်မပြောခဲ့တဲ့အတိုင်းပဲ ကျွန်မက ရှင့်မရီးဆိုတော့
ရှင့်အမေလိုပါပဲ။ ကျေးဇူးပြုပြီး လေးစားမှုရှိပေးပါ”
“မင်း ငါ့အစ်ကိုနဲ့ လက်ထပ်လိုက်တာလား”
လုလီရှင်း၏စိတ်ခံစားချက်များသည် ဒေါသကနေ မယုံနိုင်မှုသို့ ပြောင်းသွားပြီး
နောက်တဖန် ဒေါသအဖြစ်သို့ ပြန်ပြောင်းသွားပြန်သည်။