အခန်း(၂၂)
“ပထမအပိုင်းကို ထပ်ပြောပါဦး”
“ကျွန်မတို့ လက်ထပ်ခဲ့တဲ့အကြောင်းတောင်မှ ကျွန်မက ရှင့်အတွက် ကျန်းမာရေး
ပြန်ကောင်းလာစေဖို့ မျှော်လင့်ပြီးတော့ အကြီးအကဲလုက စီစဥ်ခဲ့တဲ့ အိမ်ထောင်ရေးမျိုးလေ။
ဒါပေမယ့် ရှင်က ကျွန်မခင်ပွန်းပါပဲ…”
“ရပ်လိုက်”
ကျီချင်းချင်းက သူမမျက်ခုံးကို ပင့်လိုက်သည်။ ဘာလဲ။
“ဒုတိယအပိုင်းကို ဆက်ပြော”
“.... အနာဂတ်မှာ
ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မရဲ့ယောကျာ်းပဲ ဖြစ်လိမ့်မယ်။ စိတ်မပူပါနဲ့။ ကျွန်မ
ရှင့်အတွက် အကြီးအကဲလုကို ကောင်းကောင်းဂရုစိုက်ပြုစုပေးပါ့မယ်။”
လုလီရှင်း၏ သူ့နှုတ်ခမ်းကို အပေါ်သို့ အနည်းငယ်တွန့်ကွေးပြီး ပြောလိုက်သည်။
“မင်း အရင်ပြောတုန်းက ခင်ပွန်းလို့ မပြောခဲ့ဘူးလား။”
ကျီချင်းချင်းက သူ့ကို နားမလည်တဲ့အကြည့်နဲ့ ကြည့်လိုက်သည့်အခါမှာ လုလီရှင်းက
ပြောလိုက်သည်။
“မင်း အရင်တုန်းက ပြောခဲ့တဲ့စကားထဲမှာ ခင်ပွန်းလို့ပြောတာပါတယ်။”
ကျီချင်းချင်း၏မျက်နှာလေးဟာ နီရဲသွားခဲ့သည်။
“အဲ့တာက အမှတ်တမဲ့ ထွက်သွားတာ”
“ကိုယ့်ကို ခင်ပွန်းလို့ ထပ်ခေါ်ပါဦး။”
ကျီချင်းချင်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
ဒီညီအစ်ကိုနှစ်ယောက်စလုံးက အတူတူပဲ။ မကောင်းတဲ့ကောင်တွေ...။
လုံးဝ မရှက်မရှိကြဘူး။
ကျီချင်းချင်းသည် အခန်းထဲမှထွက်သွားရန် မတ်တပ်ထရပ်လိုက်သည်။
လုလီရှင်းသည် သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီး သူမကို ထွက်သွားခွင့်မပြုပေ။
သူတို့နှစ်ဦးဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
“ကိုယ်က မင်းရဲ့ယောကျာ်း ဟုတ်တယ်မလား။ မင်း ကိုယ့်ကို ခင်ပွန်းလို့ခေါ်တာ
ဘာမှားနေလို့လဲ။”
“ရှင်… ဘာလို့… ကျွန်မတို့က ရင်းနှီးတယ်လို့ထင်နေတာလား။”
“ကိုယ်တို့က လင်မယားတွေလေ။ အနာဂတ်မှာ မင်း ကိုယ့်ကို ခင်ပွန်းလို့
ခေါ်ရလိမ့်မယ်။ အဲ့တာကို မင်းကြိုတင် လေ့ကျင့်လို့ မရနိုင်ဘူးလား။”
ဟေး… ရှင်က မကြာခင်မှာပဲ သေတော့မှာလေ။ ကျွန်မက ဒီလိုအချိန်မျိုးမှာ ရှင့်ကို
အနာဂတ်မှာ ခင်ပွန်းလို့ခေါ်ရမယ့်အကြောင်းကို စဥ်းစားနေသေးတာလား။
လုလီရှင်းသည် သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားပြီး အံကြိတ်ထားသည်။ သူ့ကြည့်ရတာ
သိပ်အဆင်ပြေတဲ့ပုံမပေါ်ပေ။
“...” ကျီချင်းချင်းသည် အရင်ဘဝတုန်းက သူမ သူ့အပေါ် တကယ်ပဲ အကြွေးတင်နေတယ်လို့
ခံစားခဲ့ရပြီး သူမ သူ့ကို အကြွေးပြန်ဆပ်နိုင်ရန်အတွက် ဘုရားသခင်က သူ့ကို
ဒီနေရာသို့ စေလွှတ်လိုက်တာ ဖြစ်နိုင်သည်။
“ကျွန်မ အဲ့လိုခေါ်ရင် ရှင် စိတ်ပျော်မှာလား။”
“ဟုတ်တာပေါ့”
ကျီချင်းချင်းသည် သူမမျက်လုံးများကို မှိတ်လိုက်သည်။ သေအံ့ဆဲဆဲလူနာ
စိတ်ပျော်ရွှင်ဖို့ရာအတွက်လို့ တွေးပြီး “ခင်ပွန်း” လို့ ခေါ်လိုက်သည်။
--”မင်းဘဝသက်တမ်းထဲကို ၁ မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် ငါးနာရီကြာ
အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
“နောက်တစ်ကြိမ်
ထပ်ခေါ်ပါဦး”
“... ခင်ပွန်း” လူထူးလူဆန်းပဲ။
--”မင်းဘဝသက်တမ်းထဲကို ၁ မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင်
ခြောက်နာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
“ထပ်ခေါ်”
ကျီချင်းချင်းသည် စိတ်ဆိုးသည့်အသံဖြင့် “ခင်ပွန်း” လို့ ထပ်ခေါ်လိုက်သည်။
--”မင်းဘဝသက်တမ်းထဲကို ၁ မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် ၇ နာရီကြာ
အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
“ခင်ပွန်းလို့
နောက်ထပ် အကြိမ် ၂၀လောက် ခေါ်ပါဦး”
“…”
“……”
“...” လုလီရှင်း ရှင် ဘာဖြစ်နေတာလဲ။
လုလီရှင်းသည် ကျီချင်းချင်းကို တည်ငြိမ်စွာ ကြည့်နေသည်။ သူမ ထပ်မခေါ်မချင်း
သူက သူမကို လက်လွှတ်ပေးမည့်ဟန် မရှိပါ။
ကျီချင်းချင်းသည် ဒီလူက ရုပ်ပိုင်းဆိုင်ရာသာမကပဲ စိတ်ပိုင်းဆိုင်ရာပါ
မကောင်းဘူးလို့ တကယ်ထင်မိခဲ့သည်။
“မင်းပဲ ကိုယ့်အတွက် မင်းရဲ့အသက်တစ်ဝက်ကိုတောင် ပေးမယ်လို့ ပြောခဲ့တယ်လေ၊
ဒါဆိုရင် မင်း ဒီလိုရိုးရှင်းတဲ့အလုပ်တစ်ခုလေးကိုတောင် မလုပ်ပေးနိုင်ရတာလဲ။”
ရိုးရှင်းတဲ့အလုပ်လား။
မှန်တာပေါ့။ ဒါက တကယ့်ကို ရိုးရှင်းတဲ့အလုပ်တစ်ခုပါပဲ။
ဒါက သူမနှုတ်ခမ်းလေးလှုပ်ပြီး ခေါ်လိုက်ရုံပါပဲ။ ဒါက သိပ်တော့ကိစ္စမရှိပါဘူး။
သူမ ဘာလို့ ဒါကိုမလုပ်ချင်သလို ငြင်းဆန်ချင်ရတာလဲ။
လုလီရှင်း၏ အေးဆေးတည်ငြိမ်သောအသွင်ကို မြင်လိုက်ရတော့ ကျီချင်းချင်းသည် သူမက
အကျိုးအကြောင်းမသင့်သူတစ်ယောက်လို့ ခံစားမိလာခဲ့သည်။
“ခင်ပွန်း၊
ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊
ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း “
--”မင်းဘဝသက်တမ်းထဲကို ၁၇ မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် နာရီ ၂၀ကြာ
အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
“ရှင် အခု စိတ်ပျော်သွားပြီလား။”
“မင်း ကိုယ့်ကို ခင်ပွန်းလို့ခေါ်တာကို ကိုယ် တကယ်သဘောကျတယ်။ နေ့တိုင်း မင်း
ကိုယ့်ကို ဒီလိုမျိုး ခင်ပွန်းခေါ်တာကို ကြားရဖို့ ကိုယ်ဆန္ဒရှိတယ်၊ တစ်နေ့ကို
နှစ်ဆယ့်လေးကြိမ်လောက်ပေါ့။”
လုလီရှင်းသည် အားနည်းသည့်အပြုံးလေးဖြင့် သူမကို ကြည့်လိုက်သည်။
တံခါးနားမှာ ချောင်းနားထောင်နေတဲ့ လုလီထင်: ... F*ck!