အခန်း၂၃
Viewers 14k

အခန်း(၂၃)

 

တံခါးနောက်မှ ခိုးနားထောင်နေသော လုလီထင်သည် စိတ်ရှုပ်ထွေးသွားခဲ့မိသည်။

 

ကျီချင်းချင်းက သူ့ရှေ့တွင် ချမ်းသာကြွယ်ဝသော ဒုတိယမျိုးဆက်သခင်လေး၏ကားပေါ်သို့ တက်သွားသောအခါက သူမအပေါ် ထားခဲ့သော တစ်ခုတည်းသော ခံစားချက်မှာ မုန်းတီးမှုပင် ဖြစ်လိမ့်မည် သူထင်ခဲ့သည်။ သူသည်လည်း ချမ်းသာကြွယ်ဝသော ဒုတိယမျိုးဆက်သခင်လေးတစ်ယောက်ဖြစ်သဖြင့် ထိုလူ၏ရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။ ထိုအချိန်တုန်းက သူက ကျီချင်းချင်းကို နောက်မှ ‌နောင်တရမည့်ဆုံးဖြတ်ချက်ကို မချရန် ပြတ်ပြတ်သားသား သတိပေးပြောဆိုခဲ့သည်။

 

ဒီအမျိုးသမီးက သူဆင်းရဲတာကို မထီမဲ့မြင်ပြုပြီး ချမ်းသာသူများကို မျက်နှာသာပေးခဲ့သည်။ ငွေကြေးကသာ သူမအတွက် အရာရာ ဖြစ်ခဲ့သည်။ သူမသည် သူ့ရဲ့ရိုးသားသော စိတ်ခံစားချက်များကို အမှိုက်ကဲ့သို့ သဘောထားခဲ့သည်။ သူမလိုချင်တာရဖို့ ဘယ်လိုလုပ်ပြီး ခွင့်ပြုလိုက်နိုင်မှာလဲ။

 

သူမသည် ဘာနှင့်မျှ မထိုက်တန်ပဲ သင်ခန်းစာတစ်ခု သင်ပေးရန် လိုအပ်နေသည်။

 

လုလီထင်သည် အောင်မြင်မှုနှင့် အသိအမှတ်ပြုခံရမည့်နေ့များကို မရေမတွက်နိုင်စွာ စိတ်ကူးယဥ်ခဲ့သည်။ ထိုနေ့၌ သူသည် ကျီချင်းချင်း၏ ဝမ်းနည်းဖွယ်မျက်နှာကို မြင်တွေ့ရပေလိမ့်မည်။ ကျီချင်းချင်းဟာ သူမမှားခဲ့တာကို ဝန်ခံလိမ့်မယ်။ သို့သော် သူက သူ့လက်မောင်းထဲမှာ ချစ်သူကောင်မလေးကို ပွေ့ဖက်ထားပြီးတော့ ကျီချင်းချင်းအား အခြားတစ်ယောက်နှင့်ရှုပ်ခဲ့သည့်ကိစ္စကို မတူမတန်သလို ပြန်ပြောရလိမ့်မည်။ သူ သူမကို နားမလည်ခဲ့ဘူး။

 

ထိုနေ့အတွက် သူက တစ်သက်လုံးအတွက် အလုပ်ကိုကြိုးကြိုးစားစား လုပ်ကိုင်ခဲ့သည်။

 

ဒါပေမယ့် အခုတော့ ကျီချင်းချင်းက လုလီရှင်းကို “ခင်ပွန်း” လို့ ခေါ်သံကိုကြားလိုက်ရတဲ့အခါ သူ့နှလုံးသားမှာ ဖော်ပြလို့မရနိုင်တဲ့ ခံစားချက်တစ်ခုကို ခံစားမိလိုက်သည်။ သူက အမှိုက်တစ်ခုကို ပစ်ချလိုက်ပေမယ့် တစ်စုံတစ်ယောက်က ကောက်ယူခဲ့ပြီး ရတနာလို့ ဆုံးဖြတ်လိုက်သည်။ ပြီးတော့ အမှိုက်လား ရတနာလားဆိုတာကို ခွဲခြားမသိသောကြောင့် သူ့ကို လှောင်ရယ်ရယ်ခဲ့သည်။

 

ဒါပေမယ့် သူမက သူမလိုချင်တဲ့ တစ်စုံတစ်ယောက်ဖြစ်နေခဲ့ရင်တောင် သူမက သူ့အပိုင်ဖြစ်နေတုန်းပါပဲ။

 

လုလီထင်သည် မှိုင်းညို့နေတဲ့မျက်နှာဖြင့် ထွက်သွားပြီး ကျီချင်းချင်းအကြောင်းကို အန်တီဖေးအား သွားမေးခဲ့သည်။

 

အန်တီဖေးသည် ကျီချင်းချင်းက ပထမသခင်လေးနှင့်အတူ ဒီအိမ်တော်သို့ ရောက်လာခဲ့တာကို ပြန်မဖြေခင် အချိန်ခဏလောက် စဥ်းစားလိုက်သည်။

 

“ဒုတိယသခင်လေး ဘာဖြစ်လို့လဲ”

 

“ဘာမှမဟုတ်ပါဘူး”

 

လုလီထင်၏မျက်နှာအမူအရာသည် သိပ်မကောင်းလှပါ။

 

“အန်တီဖေး… အန်တီဖေး လုပ်စရာရှိတာကိုပဲ သွားပြန်လုပ်နိုင်ပြီ”

 

လုလီထင်သည် ထိုသို့ပြောပြီးတော့ ထွက်သွားလိုက်သည်။

 

အန်တီဖေးသည် ဒါကို အများကြီး မတွေးခဲ့ဘူး။ အဆုံးမှာတော့ အိမ်တော်တစ်ခုလုံးမှာ စိတ်ဆင်းရဲမှုတွေဖြင့် လေထုဟာ မှိုင်းညို့နေသည်။

 

ဒီလိုမသက်မသာဖြစ်နေရခြင်းအကြောင်းမှာ ပထမသခင်လေး အပြင်းဖျားနေသောကြောင့်ဖြစ်သည်။

 

လုလီရှင်း၏အကြောင်းကိုတွေးရင်း အန်တီဖေးသည် ဝမ်းနည်းမှုကြောင့် သူမမျက်လုံးများဟာ နီရဲလာပြန်သည်။ သူမသည် မျက်ရည်များစွာဖြင့် ရှိုက်ငိုမိသွားသည်။

 

“နာမည်ကြီးမင်းသမီးကျီချင်းချင်းဟာ တစ်စုံတစ်ယောက်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ရဲဖမ်းခံလိုက်ရတယ်။ ဒီနေ့ သူမကို အာမခံနဲ့ ပြန်လွှတ်လိုက်တယ်။ သူမကို တရားဝင်တရားစွဲဆိုလိုက်တာနဲ့ ကျီချင်းချင်းဟာ ထောင်ဒဏ်ငါးနှစ်လောက် ကျခံရလိမ့်မယ်”

 

လုလီထင်သည် သူ့ဖုန်းမျက်နှာပြင်ပေါ်က စာလုံးကြီးတွေကိုကြည့်ရင်း သူ့မျက်ဝန်းများဟာ ကျဥ်းမြောင်းသွားခဲ့သည်။

 

ဝေဝေထံမှ ဒီအကြောင်းကို သူကြားဖူးသည်။ သူတို့က အစီအစဥ်တစ်ခုကို အတူရိုက်ကူးခဲ့တယ်။ ကျီချင်းချင်းက ဒုတိယအဆင့် အမျိုးသမီးဇာတ်ကောင်ဖြစ်ပြီး သူမက တတိယအဆင့် အမျိုးသမီးဇာတ်ကောင်း ဖြစ်ခဲ့သည်။ သို့သော် သူမတို့သည် ကိုယ်စားလှယ်တစ်ဦးတည်းအောက်တွင် ရှိသောကြောင့် ကျီချင်းချင်းသည် ရှန်းဝေဝေကို အနိုင်ကျင့်ခြိမ်းခြောက်ခဲ့ပြီး သူမနှင့် အဆက်မပြတ် စကားများရန်ဖြစ်လေ့ရှိကြသည်။ ဒီတစ်ခါမှာတော့ သူမက သရုပ်‌ဆောင်တွေနဲ့ အဖွဲ့သားတွေရှေ့မှာ လူသိရှင်ကြား လုပ်ခဲ့သည်။ သူတို့၏အငြင်းပွားမှုတစ်ခုတွင် ကျီချင်းချင်းသည် ရှန်းဝေဝေကို တောင်ကုန်းပေါ်မှ တွန်းချလိုက်သည်။

 

လုလီထင်သည် သူ့လက်မောင်းထဲတွင် ဝေဝေဟာ တိုးဝှေ့ငိုကြွေးခဲ့ပြီး သူမမျက်နှာပေါ်က ဒဏ်ရာများကို တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့နှလုံးသား၌ ရင်နာမိခဲ့လေသည်။

 

သူ့ဝေဝေသည် ဖြူစင်ရိုးသားပြီး ကြင်နာတတ်သူဖြစ်သည်။ သူမသည် စာရွက်အလွတ်တစ်ရွက်နှင့်တူသည်။ သူမဟာ ဖျော်ဖြေရေးအသိုင်းအဝိုင်းနယ်ပယ်မှာ တိုးတက်ဖို့ ကြိုးစားခဲ့သည်။ သူမ သရုပ်ဆောင်ဖို့ စာသားနှစ်ကြောင်းလောက်ပဲပါရင်တောင် သူမ သရုပ်‌ဆောင်ရမည့် ဇာတ်ကောင်ကိုနားလည်အောင် ရှာဖွေဖို့ တစ်ညလုံး မအိပ်မနေ ကြိုးစားခဲ့သည်။ ဝေဝေကို လျစ်လျူရှုထားတာကို သူ တကယ်မမြင်ချင်ခဲ့ဘူး။ ဒါကြောင့် သူက ထျန်းယွိအင်တာတိန်းမန့်က ရာထူးမြင့်မြင့်မှာရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်အား ရှန်းဝေဝေကို တတိယအဆင့် အမျိုးသမီးဇာတ်ကောင်နေရာပေးဖို့ တိတ်တဆိတ် ဆက်သွယ်ခဲ့သည်။

 

သို့သော် သူသည် ဝေဝေကို ကူညီရန် ကြိုးစားခဲ့ရုံဖြင့် သူမအား သွယ်ဝိုက်ထိခိုက်စေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

 

ကျီချင်းချင်းသည် ဒီလောက်ဆိုးဝါးလိမ့်မယ်လို့ သူမထင်ခဲ့ဘူး။ သူမက ဒီလိုမျိုးလုပ်ရပ်ကို လုပ်ခဲ့တာ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ။

 

တောင်ကုန်းကသာ အနည်းငယ်မြင့်လျှင် ဝေဝေသည် သူမအသက်ကိုပင် ဆုံးရှုံးသွားနိုင်လိမ့်မည်ဟု အကူဝန်ထမ်းများက ပြောခဲ့ကြသည်။

 

ပြီးတော့ ဒါ့ကြောင့် သူက ဒီလောက်ဆိုးဝါးရက်စက်တဲ့ အမျိုးသမီးကို လုမိသားစုထဲကို လက်ထပ်ပြီးဝင်ရောက်ခွင့်ပြုမှာ မဟုတ်ဘူး။

 

Eng Translator Ramblings: လုလီထင်အတွက် နောက်ကျသွားခဲ့ပြီ။ ကျီချင်းချင်းနဲ့ သူ့အစ်ကိုကြီးတို့က အိမ်ထောင်ပြုပြီးနေခဲ့ပြီ။