အခန်း၂၄
Viewers 14k

အခန်း(၂၄)

 

တစ်ချိန်တည်းမှာပင် ထျန်းယွိအင်တာတိန်းမန့်ရဲ့ ဒါရိုက်တာရုံးခန်းအတွင်းမှာ ကျိုးထီက မုန့်ရွှင်းကို ကြည့်နေလေသည်။ မုန့်ရွှင်းသည် တစ်စုံတစ်ယောက်ကို အပြစ်တင်ဖို့ အားယားနေဟန်ဖြင့်  ကျိုးထီကို စိုက်ကြည့်နေခဲ့သည်။

 

“မင်း ဘာလို့ ဒီနေရာကို ရောက်လာတာလဲ”

 

မုန့်ရွှင်းသည် မထိုင်ချမီ စာရွက်စာတမ်းများစွာကို သူ့စားပွဲပေါ်သို့ ပစ်ချလိုက်သည်။

 

“ဒါရိုက်တာကျိုး ဝေဝေကို အဲ့ဒီထောက်ခံချက်တွေပေးမယ်လို့ ရှင် သဘောမတူခဲ့ဘူးလား။ ကျွန်မ အဲ့ဒီအမှတ်တံဆိပ်နဲ့ ရိုက်ကူးရေးလုပ်ဖို့ကို စီစဥ်ပြီးပြီ။ အဲ့ဒီထောက်ခံချက်တွေကို ဖျက်သိမ်းလိုက်ပြီလို့ ကျွန်မကို ဘာကြောင့် ပြောရတာလဲ”

 

စိတ်ဆိုးဒေါသထွက်နေသော မုန့်ရွှင်းနှင့် နှိုင်းယှဥ်လျှင် ကျိုးထီကတော့ ငြိမ်သက်နေသည်။ သူက အပြုံးဖြင့် “မုန့်ရွှင်း မင်းက ဒီကုမ္ပဏီမှာ ခဏနေဖူးတဲ့သူလည်း ဟုတ်တာပဲ။ ဒီထောက်ခံချက်တွေကို ကုမ္ပဏီက စေ့စပ်ညှိုနှိုင်းတယ်ဆိုတာကို မင်း သိသင့်တယ်။ ဒါက ကုမ္ပဏီအထက်ပိုင်းက လူကြီးတွေက ဘယ်သူကို ပေးသင့်လဲ၊ပေးချင်လဲဆိုတာ သူတို့ ဆုံးဖြတ်တာပဲ။ စာချုပ်တွေမှာ လက်မှတ်မထိုးရသေးသရွေ့ ဘာမဆို ဖြစ်သွားနိုင်တယ်”

 

မုန့်ရွှင်းက သရော်လိုက်သည်။ “ဟုတ်ပြီ၊ ဒါဆို ကျွန်မကို ပြောပြ၊ ဒီထောက်ခံချက်တွေကို ဘယ်သူ့ဆီ ပေးလိုက်တာလဲ”

 

“သူတို့ အရင်ရိုက်ဖို့လုပ်ထားတဲ့ မင်းသမီးဆီကိုပေါ့”

 

မုန့်ရွှင်းသည် ခဏတာမျှ အံ့သြတုန်လှုပ်သွားမိသည်။ မကြာမီမှာပဲ သူမမျက်ခုံးတွေကို ပင့်လိုက်တယ်။ မုန့်ရွှင်းက မယုံနိုင်သည့်ဟန်ဖြင့် ကျိုးထီကို ကြည့်လိုက်သည်။

 

“ကျီချင်းချင်းလား”

 

ကျိုးထီက ခေါင်းညိတ်လိုက်သည်။

 

မုန့်ရွှင်းက ရုတ်တရတ် မပြုံးလိုက်မီ အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့သည်။ “ဒါရိုက်တာကျိုး ဝေဝေက ဆေးရုံကနေ ဆင်းလာပြီးဖြစ်ပေမယ့် ကျီချင်းချင်းကို တရားမစွဲဆိုဘူးလို့ ကတိမပေးထားသေးဘူးနော်။ ကုမ္ပဏီရဲ့ပုံရိပ်ကို ကယ်တင်ဖို့ မတွေးတော့ဘူးလား။ ရှင် ဝေဝေ့က ကုမ္ပဏီအတွက် အသုံးမဝင်တော့ဘူးထင်လို့ သူမကို စွန့်လွှတ်ဖို့ လုပ်နေတာလား။ ကျီချင်းချင်း ဘာလုပ်ထားတာလဲဆိုတာကို ရှင်သိလား။ ရှန်းဝေဝေက သူမကို တရားစွဲလိုက်တာနဲ့ ကျီချင်းချင်းက ရာဇဝတ်မှုနဲ့ ထောင်ကျသွားလိမ့်မယ်။ ရှင် ရူးနေတာလား။ ထောင်ထဲသွားရမယ့်လူတစ်ယောက်ကို ဒီထောက်ခံချက်  ဘယ်လိုလုပ်ပြီး ပေးနိုင်ရတာလဲ။”

 

ကျိုးထီသည် ဒါရိုက်တာအဆင့်သို့ တက်ရန်အတွက် သူသည် အချို့သောကဏ္ဌများတွင် ထူးထူးခြားခြား ဖြစ်ရပေမည်။ ထို့ကြောင့် မုန့်ရွှင်း၏စကားများကြောင့် သူက ဒေါသမထွက်ခဲ့ပေ။ သူက ထိုင်ခုံနောက်ကျောသို့မှီလိုက်ပြီး သူ့မျက်ခုံးတွေကိုပင့်ကာ အဓိပ္ပာယ်အပြည့်ပါသည့် အပြုံးမျိုး ပြုံးလိုက်သည်။

 

“မုန့်ရွှင်း ငါတို့နှစ်ယောက်စလုံးက မြေခွေးအိုကြီးတွေပဲလေ။ မှန်ကန်တဲ့ပုံစံနဲ့ နာကြည်းမှုမျိုးကို ဒီမှာ လာပြ‌စရာ မလိုပါဘူး။ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲမှာ ဖြစ်ပျက်နေတဲ့ကိစ္စအားလုံးကို ငါအကုန်သိတယ်။ ငယ်ရွယ်သူတွေလုပ်နေတဲ့ အရာမှန်သမျှကို ထိန်းချုပ်ဖို့အတွက် ငါ့အချိန်တွေကို ဖြုန်းတီးရမှာ မတန်ဘူး။ ရှန်းဝေဝေက မတော်တဆ ခလုပ်တိုက်ပြီး ချော်လဲကျသွားတာပဲဖြစ်ဖြစ် ကျီချင်းချင်းက တွန်းချလိုက်တာပဲဖြစ်ဖြစ် မင်းက ငါ့ထက် အမှန်တရားကို ပိုသိမှာ သေချာတယ်။ မင်းက တရားမျှတမှုကို တောင်းဆိုနေတဲ့ နစ်နာသူရဲ့မိသားစုဝင်တစ်ယောက်လို မင်း ဘာလို့ ဒီနေရာမှာ လာပြောနေရတာလဲ။”

 

ကျီချင်းချင်းကို ချောက်ချရန် ကြိုးပမ်းမှုကို လူသိရှင်ကြား မပြသနိုင်ပါ။ ဘာပဲဖြစ်ဖြစ် သူတို့က ဆက်ပြီး‌တော့ အသက်မွေးဝမ်းကျောင်းပြုရမယ်။ ဒါပေမယ့် မုန့်ရွှင်းက သူမ ရှန်းဝေဝေကို ကယ်တင်ပေးရမယ်ဆိုတာကို သိတယ်။ လုလီရှင်းသည် ကားမတော်တဆမှုဖြစ်ခဲ့ပြီးတော့ အထူးကြပ်မတ်ကုသဆောင်၌ ကုသခဲ့ရသည်။ လုလီထင်သည်သာ လုမိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သည်။ ပြီးတော့ သူမသည် ရှန်းဝေဝေက လုလီထင်နှင့်လက်တွဲပြီး သူတို့လမ်းအတူလျှောက်နေတာကို သိသာစွာ မြင်လိုက်မိသည်။

 

လုလီထင်သည် ရှန်းဝေဝေရဲ့ချစ်သူကောင်လေးဖြစ်သည်မှာ သေချာသည်။

 

မုန့်ရွှင်းသည် ကိုယ်စားလှယ်ဖြစ်ခဲ့သည်မှာကြာပြီဖြစ်၍ သူမသည် မပျင်းမရိကြိုးစားခဲ့ပြီး ရာထူးတက်ရန် အဆင်သင့်ဖြစ်နေခဲ့ပြီ။ သူမသည် တစ်သက်လုံး တတိယအဆင့် မင်းသား၊ မင်းသမီးတွေအတွက်ပဲ ကိုယ်စားလှယ် ဖြစ်နေလိမ့်မည်လား။

 

“ဒါရိုက်တာကျိုး ရှင်ပြောနေတာကို ငါနားမလည်ဘူး။ ဝေဝေက ကျီချင်းချင်းကို အသေရေဖျက်တယ်လို့ ရှင်ပြောနေတာလား။ ဝေဝေနဲ့ ရှင် အရင်က တွေ့ဖူးတာပဲ။ သူမက အဲ့လိုလူမျိုး မဟုတ်ဘူးလေ။ သူမက ကျီချင်းချင်းနဲ့မတူဘူး။”

 

“တော်လောက်ပြီ” ကျိုးထီသည် သူမနှင့်စကားဆက်ပြောရန် စိတ်မဝင်စားပါ။

 

“ဒီကိစ္စက မင်း ဒါမှမဟုတ် ငါရော ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ထွက်သွားတော့။”

 

မုန့်ရွှင်းသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

 

သူ့ရုံးခန်းတံခါးကို ပိတ်လိုက်ပြီးတာနဲ့ ကျိုးထီက လုလီရှင်းကို ဖုန်းဆက်ပြီး ဒီကိစ္စက ဘယ်လိုတိုးတက်လာပြီဖြစ်ကြောင်းကို အစီရင်ခံလိုက်သည်။

 

“စီအီးအိုလု ကျွန်တော် အခင်းဖြစ်ပွားတဲ့နေရာမှာ မှတ်တမ်းတင်ထားတာကို တွေ့ခဲ့တယ်။ ကျီချင်းချင်းက ရှန်းဝေဝေကို တွန်းမချခဲ့ဘူး။ ရှန်းဝေဝေက ရုတ်တရတ် မတော်တဆ ခလုတ်တိုက်ပြီးတော့ ကုန်းပေါ်က လဲကျသွားတာပဲ။ ကျီချင်းချင်းက အပြစ်ကင်းတယ်။”

 

ဖုန်းရဲ့တစ်ဖက်က လုလီရှင်း “အင်း ငါ နားလည်ပြီ” လို့ ပေါ့ပေါးပါးပါး ပြောလိုက်သည်။

 

ကျီချင်းချင်း၏ကိစ္စအား စုံစမ်းရန် တစ်စုံတစ်ယောက်အား မှာကြားရန်မှာ လွယ်ကူသည်။ သူသည် ကျီချင်းချင်းကိ တစ်ရက်သာသိခဲ့သော်လည်း အင်တာနက်ပေါ်၌ နာမည်ကြီးနေသည့်အတိုင်း သူမဟာ မဆိုးဘူးဆိုတာကို မြင်တွေ့နိုင်သည်။