အခန်း(၂၈)
လုလီရှင်းဟာ သူသည် အသက်နှစ်ဆယ်သာ ရှိသေးသည့်အချိန်မှာ
လုမိသားစုလုပ်ငန်းများကို ထိန်းချုပ်ခဲ့သည်။ ထိုနှစ်တွေတစ်လျှောက်မှာ သူဟာ ပြဿနာ
ကြီးကြီးမားမားရော သေးသေးငယ်ငယ်တွေကိုပါ ကျော်ဖြတ်နိုင်ခဲ့သည်။
စီးပွားရေးလုပ်ငန်းလောကဟာ စစ်မြေပြင်လိုပါပဲ။ သူသည် ရင်းနှီးဖော်ရွေမှု၊
အန္တရာယ်ပေးနိုင်သော၊ ကျေးဇူးကန်းတတ်သောလူများ၏ မျက်နှာဖုံးအောက်တွင် ဝှက်ထားသော
မရေမတွက်နိုင်သည့် သစ္စာမရှိသော မြေခွေးအိုကြီးများနှင့်လည်း တွေ့ခဲ့ဖူးသည်။
ထိုလူများသည် သူက အသက်ငယ်ရွယ်သောကြောင့် လိမ်လည်လှည့်စားရ လွယ်ကူလိမ့်မည်ဟု
ထင်ခဲ့ကြသည်။ သို့သော် ငယ်စဥ်အခါက လုလီရှင်းသည် ဆုံးရှုံးမှုများနှင့်
ရင်ဆိုင်တွေ့ရသည့်အခါမှာလည်း မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းတွေ
မဆုံးရှုံးခဲ့ပါ။
ထို့ကြောင့် သူသည် အမျိုးသမီးတစ်ဦး၏သားကောင်ဖြစ်ရမည့်နေ့ကို
ရောက်ရှိလာလိမ့်မည်ဟု သူက ဘယ်တုန်းကမှ မထင်ခဲ့ပေ။
တစ်ညလုံး အလုပ်လုပ်တာက သူ့အတွက် ပုံမှန်ကိစ္စဖြစ်သည်။ ထို့နောက် သူသည်
သူ့အားအင်ကို ပြန်လည်ဖြည့်တင်းရန်နှင့် အိပ်ရေးပျက်ခြင်းကို လျော့ချရန်
နှစ်နာရီကြာ အနားယူသည်။ ပင်ပန်းနွမ်းနယ်သော ညတစ်ညပြီးနောက်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရန် လွယ်ကူပြီးတော့ သင့်ပတ်ဝန်းကျင်ကို
သတိမပြုမိနိုင်ပါ။ ဒါက ကျီချင်းချင်း သူ့အခန်းထဲကိုဝင်ရောက်လာတာကို သူမကြားမိရသည့်
အကြောင်းအရင်းပါပဲ။
နေ့တစ်နေ့ရဲ့အစဟာ အရမ်းကြည်နူးစရာကောင်းတဲ့ အစပါပဲ။ သူ နိုးတစ်ဝက် အိပ်တစ်ဝက်
အိပ်ပျော်နေစဥ်မှာ သူမက သူ့မျက်နှာကို စောင်နှင့်ဖုံးလိုက်ပြီး သူသည်
“ကွယ်လွန်အနိစ္စရောက်ရှိသွားသောလူတစ်ယောက်” ဖြစ်လာသည်။
သူသာ အချိန်မီမနိုးလာခဲ့ရင် သူမသည် သူ့ကို သယ်ဆောင်သွားပြီးတော့
မီးသဂြိုလ်လိုက်မည်လော။
“ကံကြမ္မာက ပြောရခက်တယ်။ ငါတို့ ဒါကို မြတ်နိုးသင့်တယ်။ လုလီရှင်း
ငါတို့လက်ထပ်ရမည့် ကံကြမ္မာတစ်ခုရှိရမယ်၊ ဂရုစိုက်ပါ။” သေသူကို
လေးလေးစားစားနေသင့်သည်ဟူသော အယူအဆအောက်တွင် ကျီချင်းချင်းသည် မနေ့ညက သူမအား သူ့ကို
“ခင်ပွန်း” လို့ အကြိမ်နှစ်ဆယ်ခေါ်ခိုင်းတာကို ခွင့်လွှတ်ဖို့ ဆုံးဖြတ်လိုက်သည်။
“မနေ့ညက ဖြစ်ပျက်ခဲ့တာတွေအတွက် ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး။ ကျွန်မတို့ကြားက
ပြဿနာတွေကို သင်ပုန်းချေလိုက်ကြရအောင်”
သေဆုံးသွားသောသူသည် မီးငြိမ်းသွားသော ဖယောင်းတိုင်နဲ့တူသည်။ သူက
သေဆုံးသွားပြီဖြစ်သောကြောင့် သူနှင့် ဘာကြောင့် ရန်စထားနေရဦးမှာလဲ။
ဘာအကြောင်းတွေကို ငြင်းခုံစရာရှိမှာလဲ။
ကျီချင်းချင်းသည် သက်ပြင်းချလိုက်သည်။
သူမ ထွက်သွားခါနီးမှာ စောင်အောက်က လုလီရှင်းက ရွေ့လျားသွားခဲ့သည်။
ပထမတော့ ကျီချင်းချင်းက သူမ မြင်ယောင်နေတာလို့ ထင်ခဲ့တယ်။ သူမ
မျက်ခုံးကိုအသာပင့်ရင်း အိပ်ရာအနားကနေ ထွက်ခွာသွားဖို့ လုပ်လိုက်သည်။
သိပ်မကြာခင်မှာပဲ လုလီရှင်းသည် သူ့ကိုယ်ပေါ်မှစောင်ကို တွန်းချလိုက်ပြီး
သူမကို မျက်နှာအမူအရာကင်းမဲ့စွာ ကြည့်လိုက်သည်။
လူနှစ်ဦးဟာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
“သမ့်… သမ့်…”
ကျီချင်းချင်း၏နှလုံးခုန်သံများကိုပင် ရှင်းရှင်းလင်းလင်း ကြားနိုင်ခဲ့သည်။
ကျီချင်းချင်းသည် ထိတ်လန့်တုန်လှုပ်မှုကို ကျော်လွှားသွားနိုင်ခဲ့သည်။
လုလီရှင်း အခုမှ အိပ်ရာနိုးလာတာလား။
သူ မသေဘူးလား။
လုလီရှင်း အသက်ရှင်နေသေးတယ်။
လုလီရှင်း…. သူ သေချင်ယောင်ဆောင်နေတာလား။
လုလီရှင်း သူမပြောသမျှကို ကြားလိုက်ရတာလား။
သူ ဘာတွေပြောခဲ့တာပါလိမ့်။
အဲ့တာက သူမက သူ့အတွက် အမွှေးနံ့သာနှင့် ငွေစက္ကူများကို မီးရှို့ပေးမယ်လို့
ပြောခဲ့မိတယ်။
စက္ကန့်ဝက်အတွင်းမှာ ကျီချင်းချင်းသည် သူမကိုယ်သူမ ခွင့်လွှတ်ပေးဖို့
တောင်းဆိုရန် နည်းလမ်းကို မစဥ်းစားမိသေးပါဘူး။
“ကိုယ့်ရဲ့ကြိုးစားမှုက မလုံလောက်သေးဘူးလား” လုလီရှင်းသည် သူမဆီသို့
ခြေတစ်လှမ်းတိုးလာခဲ့သည်။
“...” ဟုတ်တယ်၊ သူ အကုန်လုံးကြားလိုက်ရတယ်။
“မင်း ကိုယ့်အတွက် မုဆိုးမတစ်ယောက်လိုက်နာရမည့် စည်းမျည်းစည်းကမ်းတွေကို
လိုက်နာပေးနိုင်တယ်လား။” လုလီရှင်းသည် နားလည်ရန်ခက်ခဲသောအပြုံးမျိုးကို
ပြုံးနေသည်။ သူသည် သူမဆီသို့ နောက်ထပ်ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။
“...” ကျီချင်းချင်းသည် နောက်သို့ ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။
“ပြီးတော့ မင်း ကိုယ့်အတွက် အမွှေးနံ့သာနဲ့ ငွေစက္ကူ မီးရှို့ပေးမှာလား”
လုလီရှင်း၏မျက်ခုံးများ တွန့်ကွေးနေခဲ့သည်။
“...” ကျီချင်းချင်းသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြန်သည်။
“ကိုယ်တို့က လင်မယားတွေပဲ၊ ဒါပေမယ့် မင်းက ကိုယ်နဲ့ပတ်သက်ပြီး
သင်ပုန်းချေချင်သေးတယ်ပေါ့” လုလီရှင်းသည် သူမမျက်ဝန်းထဲက ကြီးထွားလာသော
ထိတ်လန့်တုန်လှုပ်မှုကို အနီးကပ် ကြည့်လိုက်သည်။
“...” ကျီချင်းချင်း နောက်သို့ ထပ်ဆုတ်လိုက်သောအခါ နောက်ကျောကို နံရံနှင့်
ထိမိလိုက်သည်။ သူမ နောက်သို့ ထပ်ဆုတ်၍မရတော့ပါ။
လုလီရှင်းက သူမနောက်ကျောက နံရံပေါ်သို့ လက်ထောက်လိုက်ပြီး သူမကို “ကိုယ်
သေသွားပြီလား” လို့ မေးလိုက်သည်။
ကျီချင်းချင်းသည် အံကြိတ်လိုက်မိသည်။ သူမသည် ယဥ်ကျေးပြီး
ရှက်ရွံ့တဲ့အပြုံးကိုပြုံးပြဖို့ ကြိုးစားလိုက်သည်။ “ရှင်… ရှင် မသေသေးပါဘူး။”
လုလီရှင်းကို ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ကတည်းက ကျီချင်းချင်းက သူက သေခါနီး
ချူချာနေတဲ့လူတစ်ယောက်လို မဟုတ်ဘူးလို့ ခံစားမိခဲ့သည်။ ယခုမူ လုလီရှင်း၏မျက်နှာသည်
သူမအား မည်သည့်အချိန်၌ ရုတ်တရတ် နှလုံးရောဂါရစေလိမ့်မည်နည်း။ ဒါက
ကြောက်စရာကောင်းလှသည်။
ကျီချင်းချင်းသည် ငိုချင်သွားမိသည်။
သူမ၏မျက်ရည်များသည် သူမ ခုနတုန်းက မျက်ရည်၊ နှာရည်ကျပြီးငိုကြွေးခဲ့သည်ထက်
ပို၍ အူလှိုက်သည်းလှိုက် ငိုကြွေးသွားလိမ့်မည်။
“ကျွန်မ… ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ ရှင့်နာမည်ကို ခေါ်နိုးပေမယ့် ရှင်က
နိုးမလာဘူး။ ဒါ့ကြောင့် ကျွန်မတွေးမိတာက…” ကျီချင်းချင်းသည် သူမကိုယ်သူမအတွက်
ကျွင်းအကြီးကြီးတစ်ခု တူးခဲ့မိတာကို သဘောပေါက်မိသည်။ သူမလည်း အရမ်းအပြစ်ရှိတယ်လို့
ခံစားရသည်။ သူမခေါင်းညိမ့်လိုက်ပြီး လုလီရှင်းရဲ့မျက်ဝန်းတွေကိုရင်ဆိုင်ကြည့်ဖို့
မဝံ့ရဲဘူး။
ဒါပေမယ့် ဒါက တကယ်ပဲ သူမရဲ့အပြစ်လား။
သူမ၏အသံသည် လုံလောက်သည့်အသံလောက်အထိ ကျယ်ခဲ့သည်။ သူက သူမခေါ်နိုးတာကို
ဘယ်လိုမှ မကြားလိုက်ရတာလဲ။ ဒီနေ့မှာ လူသေလိုမျိုး အိပ်ပျော်နေဖို့ မနေ့ညက သူက
ဘာလုပ်နေတာလဲ။ သရဲတစ္ဆေတွေကိုဖမ်းဖို့ လုပ်နေတာလား။
“မင်း ဘာတွေစဥ်းစားနေတာလဲ။ ကိုယ်သေသွားခဲ့ရင်ဆိုတဲ့အကြောင်းကိုလား။”
လုလီရှင်း၏ အကြည့်စူးစူးအောက်တွင် ကျီချင်းချင်းသည် အရမ်းရှက်ရွံ့သွားမိသည်။
သူမရဲ့လေးလံသောဦးခေါင်းကို သူမလက်ထဲမှာ ဆုပ်ကိုင်ထားပြီး သူမ၏သေခြင်းတရားကို
ရင်ဆိုင်တွေ့ကြုံရသကဲ့သို့ ခေါင်းယမ်းလိုက်သည်။
သူမ ဒါကို ဝန်ခံနိုင်လား။
မဖြစ်နိုင်ဘူး။ သူမ ဒါကို ဝန်မခံနိုင်ဘူး။
လုလီရှင်းသည် ခပ်တည်တည်ဖြင့် “မဟုတ်ဘူး၊ ကိုယ် သေသွားပြီ” လို့ ပြောလိုက်သည်။