အခန်း၃၃
Viewers 14k

အခန်း(၃၃)

 

[ငါ ဗီဒီယိုကိုကြည့်ခဲ့တယ်။ မင်းက ကျီချင်းချင်းတွန်းချတာကို မခံရရင်တောင် သူက ဒါကိုလုပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်တယ်။ အဲ့ဒီမိန်းမက အဲ့ဒီမှာ တစ်ခုခုမလုပ်ဘူးဆိုတာ မဖြစ်နိုင်ဘူး။]

 

[ရှန်းဝေဝေက သူမထက် အများကြီးပိုလှတယ်လို့ ငါထင်တယ်။ ဒီရက်ပိုင်းတွေမှာ သရုပ်ဆောင်အေဂျင်စီတွေအားလုံး မျက်စိကွယ်နေကြတာလား။ ရှန်းဝေဝေကို မြှင့်တင်ပေးရမယ့်အစား သူတို့က အလှသာရှိပြီး အရည်အချင်းမရှိတဲ့မိန်းမတစ်ယောက်ကို သူတို့က ပိုလိုလားတာလား။]

 

[အလှအပတဲ့လား။ တောင်းပန်ပါတယ်။ ငါကတော့ ကျီချင်းချင်းရဲ့မျက်နှာက ချောမောလှပတယ်လို့ ဘယ်လိုမှ မခံစားမိဘူး။ သူမရဲ့မျက်နှာက ပလတ်စတစ်ဆာဂျရီလုပ်ထားတာနဲ့တူတယ်။ သူမမျက်နှာတစ်ခုလုံးကို ပလတ်စတစ်ဆာဂျရီ လုပ်ထားပြီးပြီဆိုတာ ငါ အာမခံနိုင်တယ်။]

 

[ကျီချင်းချင်းက လှပတယ်တဲ့လား။ မင်း နောက်နေတာလား။ သူမရဲ့မျက်နှာက သာမာန်ပါပဲ၊ ဟုတ်ပြီလား။ ငါ သူမ လေဆိပ်ဆင်းတုန်းက ဓာတ်ပုံကို မြင်ဖူးတယ်။ သူမမျက်နှာမှာ ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေရှိတယ်။ အဲ့တာတွေကို မိတ်ကပ်တွေနဲ့တောင် မဖုံးထားနိုင်ဘူး။ သူမအနေနဲ့ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲကိုဝင်ဖို့ ဘာလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေမှန်း ငါမသိဘူး။]

 

[သူမရဲ့မျက်နှာက တကယ့်ကိုရိုးရှင်းလွန်းတယ်။ မင်း အပြင်မှာ လမ်းလျှောက်ထွက်လိုက်ရင် သူမနဲ့တူတဲ့မျက်နှာတွေကို မင်း မြင်နိုင်လိမ့်မယ်။ သူမရဲ့မျက်နှာမှာ ဆွဲဆောင်မှုကို ငါတကယ် မမြင်မိဘူး။ သူမမှာ ပရိသတ်တွေရှိနေသေးတယ်လို့ ငါကြားတယ်။ အဲ့ဒီပရိသတ်တွေ သူတို့ရဲ့မျက်လုံးတွေကို တကယ်ကို ဆေးခန်းပြသင့်နေပြီ။]

 

ကျီချင်းချင်းသည် ဝေ့ပေါ်ပေါ်ရှိ မှတ်ချက်များကို ဖတ်ရှုကြည့်နေရင်း သူမ၏ချောမွေ့နူးညံ့သော အသားအရေကို ပုတ်ကြည့်လိုက်သည်။ သူမသည် ခေါင်းခါယမ်းရင်း သက်ပြင်းချလိုက်သည်။

 

ဒီကောင်မလေးတွေ မျက်လုံးကန်းနေတာ သနားစရာပဲ။ သူတို့က ကျီချင်းချင်းကိုကြည့်တဲ့အခါမှာ သူတို့က မျက်လုံးကန်းသွားတာ ဖြစ်ရမယ်။

 

သူမလိုရုပ်ရည်အသွင်အပြင်မျိုးနဲ့ လမ်းပေါ်မှာ တွေ့တဲ့လူတစ်ယောက်ကို ဘယ်မှာများ မြင်ဖူးလိမ့်မှာလဲ။

 

ကျီချင်းချင်းက ရှန်းဝေဝေရဲ့ ဝေ့ပေါ်မှတ်ချက်မှာ ပြန်လည်ရေးသားလိုက်သည်။ “အိုကေ၊ ငါ မင်းတာဝန်ယူရမယ့်ကိစ္စတွေအတွက် ရှေ့နေတစ်ယောက်ကို အမြန်ဆုံး ဆက်သွယ်ပြီး မင်းဆီကို စေလွှတ်လိုက်ပါ့မယ်။”

 

သင်ပြုသည့်ကံ သင့်ထံပြန်လာမှာပဲ။ ရှန်းဝေဝေက ဒီစကားတွေကို ပြောဆိုလိုက်ကတည်းက သူမက ဒါကို ကျေနပ်မှာ သေချာပါတယ်။ သူမသည် ဒီတစ်ဖက်သတ်လုပ်ရပ်အား သူမအား ခွင့်ပြုပေးလိမ့်မည်မဟုတ်ပါ။

 

ကျီချင်းချင်းသည် သူမ၏ဝေ့ပေါ်မှတ်ချက်သည် ဝေ့ပေါ်တွင် ရုတ်ရုတ်သဲသဲဖြစ်စေသည်ကို ဂရုမစိုက်ပါ။ သူမသည် ဝေ့ပေါ်မှထွက်လာခဲ့ပြီး သူမဖုန်းကို ပိတ်လိုက်သည်။

 

ကျီချင်းချင်းသည် လုလီရှင်းဆီသို့ လှည့်ကြည့်၍ စွဲမက်စေသော အပြုံးတစ်ပွင့်ပေးလိုက်ပြီး “မစ်စတာလု ကျွန်မလှတယ်လို့ ရှင်ထင်လားဟင်။”

 

လုလီရှင်းသည် လှပချောမောသော အမျိုးသမီးများစွာကို မြင်ဖူးသော်လည်း သူ့မျက်လုံးများထဲတွင် အမျိုးသမီးအားလုံး၏ရုပ်သွင်များသည် အတူတူပဲဖြစ်သည်။

 

“သာမာန်ပါပဲ။”

 

သာမာန်တဲ့လား။

 

အခြားတစ်ယောက်ဆီကလည်း သူမမျက်နှာကို သာမန်ပဲလို့ ပြောတာကို ခံခဲ့ရတယ်မလား။

 

“သေချာကြည့်ကြည့်စမ်းပါဦးရှင်”

 

Lလုလီရှင်းသည် သူ့မျက်ခွံများကို ပင့်ကြည့်ရင်း “လက်ခံနိုင်ပါတယ်” လို့ ပြောသည်။

 

လက်ခံနိုင်ပါတယ်တဲ့လား။

 

ကျီချင်းချင်းအား စိတ်ပျက်အားလျှော့သွားစေသည်။

 

သူမ၏အလှအပစံနှုန်းကပဲ နိမ့်ကျနေတာလား ဒါမှမဟုတ် ဒီကမ္ဘာရဲ့အလှအပစံနှုန်းကပဲ မြင့်လွန်းနေတာလား။

 

သူမမှာ လှပချောမောတဲ့ မျက်နှာလေးရှိတယ်။ အဲ့တာကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ။

 

သူမလိုမျိုး ချောမောလှပတဲ့မျက်နှာလေးကပင် လက်ခံနိုင်ရုံပဲ ဆိုပါလား။ ဒါဆို နောက်ပိုင်းမှာ သူမရဲ့ပရိသတ်တွေက နတ်ဘုရားမလို့ခေါ်ဆိုခံခဲ့ရတဲ့ ရှန်းဝေဝေက ဘယ်လောက်တောင် လှပနေနိုင်မှာလဲ။

 

“သေဆုံးခါနီးသတိပေးချက်: နောက်ဆယ်မိနစ်အတွင်း ကျေးဇူးပြုပြီး မင်းဇနီးရဲ့အလှကို ငါးမိနစ်အကြာ ရိုးသားဖြောင့်မတ်စွာ ချီးမွမ်းပြောဆိုပါ။ မဟုတ်ရင် ဆယ်မိနစ်ကျော်သွားတာနဲ့ မင်း ချက်ချင်း သေဆုံးသွားလိမ့်မယ်။”

 

လုလီရှင်း၏မျက်ခုံးများ တွန့်ကွေးသွားသည်။ သူက ကျီချင်းချင်းရဲ့မျက်နှာကို တစ်မိနစ်ပြည့်အောင် ကြည့်ပြီးတာနဲ့ သူ့ဖုန်းကိုကောက်ကိုင်လိုက်ပြီး ရှာဖွေမှုဘားမှာ “မင်း အမျိုးသမီးတစ်ယောက် သူမရဲ့ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး ဘယ်လိုချီးကျူးလဲ” ဟု ရိုက်ရှာလိုက်သည်။

 

ပိုင်သုမှာ ရလဒ်ပေါင်း နှစ်ဆယ့်ခြောက်သိန်း ခုနစ်သောင်းခန့်ကို တွေ့ရှိခဲ့သည်။

 

[မင်းရဲ့မျက်ဝန်းလေးတွေက လှပတဲ့ရှုမျှော်ခင်းလေးတစ်ခုလိုပဲ။ မင်းရဲ့အနီရောင်နှုတ်ခမ်းပါးတစ်စုံက မှော်အစွမ်းတွေပိုင်ဆိုင်ထားသလို ဆွဲဆောင်မှုရှိတယ်။ မင်းမျက်နှာလေးကို မြင်မိသူတိုင်း အိပ်မပျော် စားမဝင် ဖြစ်စေနိုင်တယ်။ ယောကျာ်းလေးတွေက မင်းကိုတွေ့မြင်လိုက်ရတဲ့အခါမှာ သူတို့တော်တော်များများက မင်းကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲလို့ အကြံထုတ်ကြလိမ့်မယ်။]

 

 

[အရင်က မင်းကိုတွေ့မြင်ခဲ့ဖူးတဲ့ အမျိုးသားတိုင်းကို ကိုယ် မုန်းတယ်၊ ဘာလို့လဲဆိုတော့ သူတို့က ကိုယ့်အရင် မင်းရဲ့အလှကို တွေ့မြင်ခဲ့ကြလို့ပဲ။ မနက်ဖြန်မှာ မင်းကိုတွေ့မယ့် ယောကျာ်းတွေကိုလည်း ကိုယ်မုန်းတယ်၊ သူတို့က မင်းရဲ့အလှကို မြင်ရမှာ ဖြစ်လို့ပဲ။ ဒါပေမယ့် ကိုယ်က ဒီနေ့ မင်းရဲ့လှပနေတဲ့ပုံရိပ်လေးကို မြင်တွေ့ခွင့်ရတာကြောင့် ကိုယ်က ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားပါပဲ။ ဒီနေ့ မင်း၊ အခု မင်းလေးဟာ အလှဆုံးမိန်းကလေးပါပဲကွာ။]

 

……

 

[မင်းရဲ့အလှက ကိုယ့်မျက်နှာကို ရှက်သွေးဖြာသွားစေတယ်။ ကိုယ် မင်းကို အနူးအညွတ် တောင်းဆိုပါရစေ။ ကျေးဇူးပြုပြီး မင်းရဲ့စွဲမက်ဖွယ်ရာကောင်းတဲ့ အလှတရားတွေနဲ့ ကိုယ့်ကို မလှည့်စားသွားပါနဲ့...]

 

………

 

[အာ… မိန်းမပျိုလေး… မင်းက ပန်းပွင့်များအလယ်က နှင်းဆီတစ်ပွင့်၊ ပန်းပွင့်များအလယ်က လီလီပန်းငုံလေးတစ်ငုံ၊ ညကောင်းကင်ယံထက်က ကြယ်ပွင့်လေးတစ်ပွင့်၊ နက်ရှိုင်းလွန်းလှတဲ့ သမုဒ္ဒရာထဲက အလှပဆုံး ရေသူမလေး။ မင်းမှာ နတ်မိမယ်လေးလို ရုပ်သွင်ရှိတယ်။ မင်းက ကိုယ့်နှလုံးသားထဲက အလှပဆုံး နတ်ဘုရားမပါပဲကွာ။]

 

လုလီရှင်း၏လက်များဟာ တင်းကျပ်လာလေသည်။ သူက သူ့လက်ကိုင်ဖုန်းကို ချိုးမိလုနီးပါး ဖြစ်သွားခဲ့သည်။