အခန်း၃၄
Viewers 15k

အခန်း(၃၄)

ဝတ္ထုဇာတ်လမ်းထဲ၌ ရှန်းဝေဝေသည် အပြစ်အနာအဆာမရှိသော နတ်ဘုရားမတစ်ပါးအဖြစ် ဂုဏ်သတင်းကို ရရှိနိုင်ခဲ့သည်။

ကျီချင်းချင်းသည် စာရေးသူ၏ ရှန်းဝေဝေရဲ့အကြောင်းအား ဖော်ပြချက်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သူမသည် ရွှံ့နွံ့အိုင်၌ ပွင့်လန်းသော လတ်ဆတ်သန့်စင်တဲ့ကြာပန်းအသွင် ဖော်ပြခဲ့သည်။ သူမဟာ ဖျော်ဖြေရေးလောကမှာ ထင်ထင်ရှားရှားတောက်ပပြီး လှပတဲ့ပုံရိပ်လေး ဖြစ်ခဲ့သည်။ ဝတ္ထုဇာတ်လမ်းထဲ၌ သူမနှင့်အတူတွဲ၍ အလုပ်လုပ်ကိုင်ခဲ့သော ဒါရိုက်တာများနှင့် သရုပ်ဆောင်များစွာသည် သူမသည် ပြောဆိုဆက်ဆံရ သက်တောင့်သက်သာအရှိဆုံး အမျိုးသမီး သရုပ်ဆောင်အဖြစ် ရည်ညွှန်းကြသည်။ သူတို့က ရှန်းဝေဝေထက် သန့်ရှင်းစင်ကြယ်သူမရှိဘူးဟုပင် ပြောခဲ့ကြသည်။

ရှန်းဝေဝေသည် ဖျော်ဖြေရေးနယ်ပယ်၌ ထူးချွန်ထက်မြက်သော ပါရမီရှင်တစ်ဦးအဖြစ် ထုတ်ဖော်ခံရပြီးနောက် ဆုပေးပွဲအခမ်းအနားမတိုင်မီ သူမက လန်းဆန်းသန့်ရှင်းသော မင်းသမီးတစ်ယောက်အဖြစ် အမြဲလျှောက်လှမ်းခဲ့သည်။ ဆုပေးပွဲအခမ်းအနားတွင် သူမသည် အလွန်ဆွဲဆောင်မှုရှိသော အနီရောင်ကျောဗြောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူမသည် ဆုပေးပွဲအခမ်းအနားတွင် ဓာတ်ပုံဆရာများ၏ စွဲလန်းနှစ်သက်သောသူဖြစ်လာပြီးတော့ ဝေ့ပေါ်ပေါ်ရှိ ရှာဖွေမှုရလဒ်များတွင် ရေပန်းစားသော အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။ သူမ၏ကျော်ကြားမှုသည် နောက်ထပ်အဆင့်တစ်ခုသို့ တက်သွားခဲ့သည်။

ထိုဆုပေးပွဲအပြီးတွင် ရှန်းဝေဝေသည် နေပယ်တိုင်း၌ ထူးချွန်ထက်မြက်သည်ကို လူတွေက ရှာဖွေတွေ့ရှိခဲ့သည်။ သူမသည် လုံးဝဆန့်ကျင်ဖက် ဖြူစင်ပြီးကြင်နာတတ်သောပုံရိပ်နှင့် ချစ်စိတ်ပြင်းပြစေပြီးကလူမြူစွယ်နိုင်သောပုံရိပ် ထိုပုံရိပ်နှစ်ခုကို ဖော်ပြနိုင်သည်။ ရှန်းဝေဝေသည် ကြာပန်းဖြူလေးအသွင်သရုပ်အဖြစ်သာ သရုပ်ဆောင်နိုင်သည်ဟု ပြောသောသူများအား တိုက်ရိုက် မျက်နှာဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်။

ထို့အတွက်ကြောင့် ရှန်းဝေဝေသည် မကြုံစဖူး ကျော်ကြားမှုအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ သူမသည် ဖျော်ဖြေရေးနယ်ပယ်မှ အဖွဲ့ဝင်များထံမှဖိတ်ကြားလွှာများကို အဆက်မပြတ် ရခဲ့ပေသည်။ သူမအတွက် နာမည်ကြီးကျော်ကြားသူတစ်ယောက် ဖြစ်လာနိုင်ရန် အချိန်မကြာခဲ့ပေ။

ကျီချင်းချင်းသည် ဝေ့ပေါ်ပေါ်တွင် ရှန်းဝေဝေ မကြာသေးမီက တင်ထားသောဓာတ်ပုံတစ်ပုံကို ရှာခဲ့သည်။ ထိုပုံကို ဖြတ်သွားဖြတ်လာတစ်ဦးက ရိုက်ထားသော ကြည်လင်ပြတ်သားသည့်ဓာတ်ပုံဟု ယူဆရသည်။ ရှန်းဝေဝေသည် အဖြူရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး အထူးကောင်းမွန်သောအသွင် မိတ်ကပ်လိမ်းခြယ်ထားသည်။ ဒီဓာတ်ပုံကိုချဲ့ကြည့်ရင်တောင် သူမမျက်နှာမှာ အပြစ်အနာအဆာတွေကို မြင်နိုင်မှာ မဟုတ်ဘူး။ ဒါက အခမ်းအနားတစ်ချို့ကို တက်ရောက်ရန် သိသာထင်ရှားလှတဲ့ သူမရဲ့ဓာတ်ပုံတစ်ခုပါပဲ။

“ကျွန်မနဲ့ သူမ ဘယ်သူက ပိုကြည့်ကောင်းတယ်လို့ ရှင်ထင်လဲ။”

ကျီချင်းချင်းသည် သူမဖုန်းကို မြှင့်တင်လိုက်ပြီး ရှန်းဝေဝေ၏ဓာတ်ပုံနှင့် သူမမျက်နှာအား ဘေးချင်းယှဥ်ပြလိုက်သည်။ သူမသည် လုလီရှင်းကို ရွေးချယ်စေချင်သည်။

လုလီရှင်းသည် သူ့အကြည့်များကို သူ့ဖုန်းထံမှ သူမထံသို့ အကြည့်ရွှေ့လိုက်သည်။ သူမဖုန်းထဲမှ အမျိုးသမီးသည် အမှတ်တကယ်လှပပြီး ကြည့်ကောင်းသည်။ ဒီအမျိုးသမီး၏ရုပ်သွင်သည် ယောကျာ်းတစ်ဦး၏ အမျိုးသမီးတစ်ယောက်အား အကာအကွယ်ပေးလိုသည့် စိတ်ဆန္ဒကို နှိုးဆော်ရန် လွယ်ကူသည်။

သို့သော်လည်း ကျီချင်းချင်းက သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်။ သူမက သူ့ထံမှအဖြေကို စောင့်နေချိန်မှာ သူမရဲ့အကြည့်တွေက သူ့ထံမှာပဲ ရှိသည်။ သူ့အဖြေသည် သူမအတွက် အလွန်အရေးကြီးတယ်ဟုထင်ရသည်။

လုလီရှင်း၏နှလုံးသားသည် နားမလည်နိုင်စွာ ပျော့ပြောင်းသွားသည်။ သူက “မင်း” လို့ အသံထွက်သွားခဲ့သည်။

ကျီချင်းချင်းသည် တခစ်ခစ်ရယ်ရင်း “အင်း ကျွန်မသိတာပေါ့” လို့ ပြောလိုက်သည်။ ထိုပရိသတ်တွေက ဟောင်ဖွာဟောင်ဖွာ လိမ်လည်ပြောဆိုနေကြတာပဲ။ ရှန်းဝေဝေရဲ့ ယဥ်ကျေးသိမ်မွေ့တဲ့ အဖြူရောင်ပန်းပွင့်လိုအသွင်က ကျီချင်းချင်းရဲ့မျက်နှာလေးထက် ဘယ်လိုလုပ်ပြီး ပိုမိုချောမောနိုင်မှာလဲ။

လုလီရှင်းရဲ့အမြင်ထက် တစ်ခြားဘယ်သူကမှ ပိုကောင်းမှာ မဟုတ်ဘူး။

ကျီချင်းချင်းသည် ဝေ့ပေါ်မှာ အလွန်ပျော်ရွှင်ကြည်နူးသော စိတ်အခံဖြင့် ထွက်လာကာ သူမသည် ထိုမျက်မမြင်ပရိသတ်များအား ဂရုမစိုက်နိုင်တော့ပေ။

သူမက လုလီရှင်းကို ခြုံထားသော စောင်ပတ်လည်ကို ဖိပေးကာ လုလီရှင်းအား “ကောင်းကောင်းအနားယူ။ ကျွန်မ အကြီးအကဲလုကို သွားကြည့်လိုက်ဦးမယ်။ ရှင် တစ်ခုခုလိုအပ်ရင် ကျွန်မကို လှမ်းခေါ်လိုက်” ဟု ပြောလိုက်သည်။

လုလီရှင်းသည် သူမကို ရပ်တန့်ရန် လှမ်းခေါ်ပြီး ပြောလိုက်သည်။

“နေဦး။ မနေ့က ကိုယ်ပြောခဲ့တဲ့စကားကို မင်း မှတ်မိသေးလား။”

ကျီချင်းချင်းသည် “ရှင် ဘာကိုပြောတာလဲ” လို့ ဝေခွဲမရဟန်ဖြင့် ပြန်မေးလိုက်သည်။

“ခင်ပွန်းလို့ တစ်နေ့ကို ၂၄ကြိမ်ခေါ်ရမယ်ဆိုတာလေ”

လုလီရှင်းသည် ကျီချင်းချင်းအား သူမအလှအား ငါးမိနစ်ခန့် ချီးမွမ်းရန် သို့မဟုတ် ကျီချင်းချင်းကို သူ့အား ခင်ပွန်းဟု ၂၄ကြိမ်ခေါ်ဆိုစေရန် ထိုနှစ်ခုတွင် နောက်ဆုံး၌ ဒုတိယရွေးချယ်မှုကို ရွေးချယ်ခဲ့သည်။

လုလီရှင်း၏လေးနက်သော အသွင်အပြင်က တစ်စုံတစ်ယောက်အား သူ စနောက်နေသည်ဟုထင်ရန် မဖြစ်နိုင်ပေ။

မနေ့ညက သူမအား သူ့ကို ခင်ပွန်းလို့ ၂၄ကြိမ်ခေါ်ခိုင်းခဲ့ပုံကို စဥ်းစားရင်း ကျီချင်းချင်း၏မျက်နှာလေးဟာ ဖြူဖျော့သွားသည်။ သိပ်မကြာပါဘူး။ သူမဟာ ဒေါသထွက်သွားပြီးတော့ “ရှင် မနေ့က ကျွန်မကို အရူးလုပ်တာ မလုံလောက်သေးဘူးလား။ ရှင် ဒီနေ့ ဒါကို ထပ်လုပ်ရသေးလား။” ဟု ပြောလိုက်သည်။

“ကိုယ် မင်းကို အရူးလုပ်တယ်တဲ့လား။ အဲ့တာ ဘယ်လိုဖြစ်နိုင်မှာလဲ။”

“ရှင့်ခေါင်းထဲမှာ ဘာတွေဖြစ်နေတာလဲဆိုတာကို ကျွန်မ ဘယ်လိုသိမလဲ။ ရှင် အခုလုပ်တာကိုကျ ဘယ်လို ပြောမလဲ။”

ကျီချင်းချင်းသည် တကယ် နားမလည်နိုင်ဘူး။ လုလီရှင်းရဲ့ ပင်ကိုယ်စရိုက်မှာ ဘာတွေမှားနေတာလဲ။ သူက သူ့ကို “ခင်ပွန်း” လို့ ခေါ်တာကို ကြားချင်နေတဲ့ ထူးဆန်းတဲ့ဝါသနာမျိုး ရှိနေရတာလဲ။ ပြီးတော့ သူက အဲ့တာကို ၂၄ကြိမ်တောင် ကြားချင်နေတာလေ။