အခန်း၃၅
Viewers 14k


အခန်း(၃၅)
ကျီချင်းချင်းသည် သူ့ကို တကယ်စိတ်ကုန်နေပြီ။ ရှင်နေမကောင်းဘူးဆိုရင်တောင် ရှင်နဲ့မလိုက်ဖက်တဲ့ အပြုအမူတွေကို လုပ်လို့ရမယ်လို့ မဆိုလိုဘူးလေ။ ရှင် မနေ့ကလိုပဲ ရှင့်ရဲ့ပျော်ရွှင်မှုအတွက် ကျွန်မကို အရုပ်လိုဆက်ဆံခွင့်ပေးမှာ မဟုတ်ဘူး။ ကျွန်မ ရှင့်ကို ခင်..လို့ ခေါ်မှာ မဟုတ်ဘူး။
အရေးကြီးသည့်အခိုက်အတန့်တွင် ကျီချင်းချင်းသည် သူမကိုယ်သူမ အချိန်မီ ရပ်တန့်လိုက်နိုင်ပြီး သူမ၏ဒုတိယအသံထွက်ကို မျိုချလိုက်သည်။
ခင် ဘာလဲ။
ရှင် ကျွန်မကို အရူးမလုပ်နိုင်ပါဘူး။ ကျွန်မ ရှင့်ကို အဲ့လိုထပ်ခေါ်မှာ မဟုတ်ဘူး။ ကျီချင်းချင်းသည် မတ်တပ်ထရပ်လိုက်သည်။ အဲ့ဒီစိတ်ကူးအပေါ် ရှင့်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို မရပ်တန့်လိုက်နဲ့၊ မဖြုန်းတီးလိုက်နဲ့။ ကောင်းကောင်းအိပ်ပါ။
သူက ခင်ပွန်းနှင့် ဇနီး ကဲ့သို့သော အကြောင်းအရာများကိုပင် စဥ်းစားနေသေးသည်။ သူက မကြာခင်မှာပဲ သေဆုံးသွားတော့မယ်။ သူ့ကိုကိုင်တွယ်ဖို့ အလွန်ပင်ပန်းနေပြီ။
ကျီချင်းချင်းသည် ခိုက်ခိုက်တုန်သွားသည်။ သူမအခန်းထဲက ထွက်သွားခါနီးမှာ လုလီရှင်းက သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
သူမက လုလီရှင်းက ကူကယ်ရာမဲ့သည့်ဟန်ကြည့်ရင်း မစ်စတာလု ရှင် တစ်ခုခု လိုအပ်လို့လား
သေဆုံးခါနီးသတိပေးချက်: အချိန်နောက်ထပ်ငါးမိနစ်ခန့်သာ ကျန်ရှိတော့သည်။
လုလီရှင်းသည် သူ့ကိုယ်သူ စိတ်သက်သာရာရစေရန် အသက်ပြင်းပြင်းရှူလိုက်သည်။
မင်း ဒီကဗျာကို ကြားဖူးလား
ဘာ ကဗျာလဲ
“Her fingers were like the blades of the young white-grass;
Her skin was like congealed ointment;
Her neck was like the tree-grub;
Her teeth were like melon seeds;
Her forehead cicada-like;
Her eyebrows like [the antenne of] the silkworm moth;
What dimples, as she artfully smiled!
How lovely her eyes, with the black and white so well defined!”
(T/N: ဒီကဗျာကို အင်္ဂလိပ်ဘာသာကနေ မြန်မာပြန်ဆိုတော့ ဖတ်ရတာ အဓိပ္ပာယ် တော်တော်ကွဲလွဲပုံရတဲ့အတွက် အင်္ဂလိပ်လိုပဲ ထည့်သွင်းလိုက်ပါတယ်။)
အဲ့တာက သီချင်းစာအုပ်ထဲက ကောက်နုတ်ထားတဲ့ ကဗျာတစ်ပုဒ် မဟုတ်လား။ အဲ့တာ ဘာဖြစ်လို့လဲ။
ဒီကဗျာရဲ့အဓိပ္ပါယ်ကို မင်း သိတယ်မလား။
အင်း ကျီချင်းချင်းသည် လုလီရှင်းက သူမနဲ့ ရှေးဟောင်းကဗျာအကြောင်းကို ဘာဖြစ်လို့ ဆွေးနွေးဖို့ စိတ်ဝင်စားမှန်း နားမလည်နိုင်ဘူး။
ကဗျာရဲ့အဓိပ္ပါယ်အပြည့်အစုံက ဝေကျွမ်းကုန်း၏ဇနီး ကျွမ်းကျန်းအတွက် ရေးသားထားတာပဲ။ ရှင် ကောက်နုတ်ထားတဲ့အပိုင်းက သူမလက်ချောင်းလေးတွေက နူးညံ့လှပပြီး သူမအသားအရေက နူးညံ့ချောမွတ်တယ်။ သူမလည်တိုင်က ဖြူဖွေးလှပပြီး သူမသွားလေးတွေကလည်း ဖရဲစေ့လေးတွေလို သပ်ရပ်လှပတယ်။ သူမရဲ့နဖူးက ဖွံ့ဖြိုးပြီးတော့ မျက်ခုံးတွေက သေးသွယ်တယ်။ သူမရဲ့အပြုံးတွေက
လုလီရှင်းက သူ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်ကာာ သူမစကားကို ကြားဖြတ်ပြောလိုက်သည်။
ဒီကဗျာက မင်းအတွက် ဖော်ပြဖို့ သင့်တော်တယ်လို့ ကိုယ် ခံစားရတယ်။
ကျီချင်းချင်း အံ့အားသင့်သွားပြီးတော့ အနည်းငယ် ဆွံ့အသွားမိသည်။ ကျွန်မလား
ဒါကို ပြန်စဥ်းစားကြည့်ရင်တောင် ကျီချင်းချင်းက ပဟေဠိဖြစ်နေတုန်းပါပဲ။ လုလီရှင်းက အရမ်းထူးဆန်းနေတယ်။ ဘာဖြစ်နေတာလဲ။ ဒါကို ပြောတဲ့ သူ့ရည်ရွယ်ချက်က ဘာလဲ။ သူက သူမကို ဘာအကြောင်းမှမရှိပဲ ရုတ်တရတ်ကြီး ဒီလိုပြောလိုက်တာလဲ။
မင်းမျက်လုံးတွေကို မင်းအမြဲ ဂရုစိုက်ဖူးလား။
ကျီချင်းချင်းက မျက်တောင်ခပ်လိုက်သည်။
လုလီရှင်းက သူမရဲ့တောက်ပနေတဲ့မျက်ဝန်းတစ်စုံကိုကြည့်ရင်း သူတို့တွေက အရမ်းလှပတာပဲ။
ကျီချင်းချင်းသည် အနည်းငယ် ရှက်သွေးဖြာသွားသည်။
အိုး တကယ်လား။ ကျေးဇူးပါပဲ။
လုလီရှင်းသည် သူမမျက်ဝန်းတွေကို ကြည့်နေရာကနေ သူမရဲ့ ဖြောင့်စင်းနေတဲ့နှာတံလေးကို ကြည့်လိုက်သည်။ ခဏလောက် ဆိုင်းငံ့သွားပြီးနောက် သူက ပန်းချီကားတစ်ချပ်ကို ကြည့်ရှုနေသကဲ့သို့ သူမမျက်နှာကို သေသေချာချာ ကြည့်ရှုနေခဲ့သည်။ ဂရုတစိုက်ဖြင့် သူမမျက်နှာကို တဖန် စေ့စေ့စပ်စပ် ပြန်ကြည့်လိုက်ပြန်သည်။ သူ့စိတ်ထဲတွင် သူမမျက်နှာလေးကို ပြန်မြင်ယောင်ကြည့်လိုက်သောအခါ သူသည် မည်သည့်အစိတ်အပိုင်းကိုမှ မမေ့ခဲ့ပေ။
ငါးစက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် လုလီရှင်းသည် စကားပြောရန် ကြိုးစားလိုက်ပြန်သည်။
ယောကျ်ားလေးတွေက ဘယ်လိုမိန်းကလေးမျိုးကို နှစ်သက်လဲဆိုတာကို မင်းသိလား။
ကျီချင်းချင်းကို အဲ့တာကို တွေးကြည့်ပြီးပြီ။
ရှန်းဝေဝေလို မိန်းကလေးမျိုးမလား။
သနားဖွယ်ကောင်းပြီး အားနည်းကာ ကာကွယ်ပေးဖို့ လိုအပ်တဲ့ မိန်းကလေးမျိုးပေါ့။ ထိုကဲ့သို့သော မိန်းကလေးမျိုးက ယောကျ်ားလေးတွေရဲ့ တစ်စုံတစ်ယောက်ကို ကာကွယ်ပေးလိုတဲ့ဆန္ဒကို ထွက်ပေါ်လာစေတယ်လေ။
မဟုတ်ဘူး။ မင်းနဲ့တူတဲ့ မိန်းကလေးမျိုးကိုပဲ။
ကျီချင်းချင်းဟာ ကြက်သေသေသွားသည်။
သူမက တကယ်ပဲ ဆွဲဆောင်မှုရှိတာလား။
ရှင် အဆင်ပြေရဲ့လား။
ကျီချင်းချင်းသည် သူ့မျက်လုံးတွေ မှိတ်ထားတာကို‌ တွေ့လိုက်ရသည်။ သူ့အသက်ရှူသံက ပိုမိုပြင်းထန်လာသည်။ သူသည် မည်သည့်စက္ကန့်တွင်မဆို ဘဝတစ်ပါးပြောင်းရွှေ့သွားတော့မလို ဖြစ်နေပုံရသည်။ သူမက စိတ်ပူပန်စွာဖြင့် ဒီဆွေးနွေးနေတာကို ရပ်လိုက်ရအောင်။ ရှင် ကောင်းကောင်း အနားယူသင့်တယ်။
“သေဆုံးခါနီးသတိပေးချက်: အချိန် သုံးမိနစ်ပဲ ကျန်ရှိပါတော့သည်။”
လုလီရှင်းက သူ့မျက်လုံးကိုဖွင့်ပြီး ကျီချင်းချင်းကို ကြည့်လိုက်သည်။ သူက ခုခံတွန်းလှန်ဖို့ လက်လျော့လိုက်သည်။
မင်းရဲ့မျက်ဝန်းတွေထဲမှာ လှပတဲ့ရှုမျှော်ခင်းတွေ ရှိနေပုံပဲ။ မင်းရဲ့အနီရောင်နှုတ်ခမ်းပါးတွေက မှော်အစွမ်းတွေရှိတယ်။ မင်းရဲ့အလှက လူတိုင်းကို အားကျစေပြီး စိတ်ဓာတ်ကျစေကာ အိပ်ပျက်ညတွေ ဖြစ်စေနိုင်တယ်။ ယောက်ျားလေးတွေ မင်းကိုတွေ့လိုက်ရတဲ့အခါ သူတို့ တော်တော်များများက တွေးမိလိမ့်မယ်။ သူတို့ ဘယ်လိုကြိုးစားရင် မင်းကိုရနိုင်မလဲဆိုတဲ့အကြောင်းကိုပေါ့။
ကျီချင်းချင်းဟာ တုန်လှုပ်သွားပြီး ကြက်သီးများ ထလာသည်။
လုလီရှင်း ရူးသွားပြီလား။
သူက ဘာလို့ ရုတ်တရတ်ကြီး အဓိပ္ပါယ်မရှိတာတွေ လာပြောနေရတာလဲ။
ရှင် အဆင်ပြေရဲ့လား။