အခန်း၃၆
Viewers 14k

အခန်း(၃၆)

ကျီချင်းချင်းသည် လုလီရှင်း၏ တည်ကြည်လေးနက်သောမျက်နှာကို ကြည့်လိုက်ပြီး ရုတ်တရတ် စိုးရိမ်ပူပန်သွားမိသည်။

ဖြစ်နိုင်မလား။

ဖြစ်နိုင်မလား ဒီလိုပြောနေတာက သူ သေဆုံးခါနီးဖြစ်နေသောကြောင့် သူ့အသိဥာဏ်တွေ လျော့ရဲကုန်ပြီး ကယောင်ကတမ်းပြောနေတာမျိုးလား။

ဒါ့ကြောင့် သူမသည် လုလီရှင်း၏အရင်က ပြောခဲ့တဲ့စကားများကို ပြန်ပြောလိုက်သည်။

“ကျွန်မက ရှင့်ဇနီးပါ။ ရှင် စိတ်ပူစရာမလိုဘူး။ ကျွန်မက တခြားယောကျ်ားတွေ လွယ်လွယ်ကူကူရနိုင်တဲ့ မိန်းကလေးမျိုး မဟုတ်ဘူး။”

စိတ်ဓာတ်ကျနေသော လုလီရှင်းက ပြောလိုက်သည်။

“ကိုယ့်ကို စကားပြောခွင့်ပေးပါဦး။”

... အိုး ကောင်းပြီ။ ရှင် စိတ်ထဲရှိတာ ဘာမဆိုပြောလိုက်ပါ။

မင်းရဲ့အလှက တခြားမိန်းကလေးတွေက်ု သူတို့ရဲ့မျက်နှာတွေကိုပြဖို့ ရှက်ရွံစေတယ်။ ကိုယ် မင်းကို တောင်းဆိုပါတယ်။ ကျေးဇူးပြုပြီး မလုပ်နဲ့

လုလီရှင်းက အော်လိုက်သည်။ ဒီစကားများကို ပြောဆိုရခြင်းက သူ့ရဲ့အောက်ဆုံးစည်းကို ချိုးဖောက်ခဲ့ရသည်။

ကျေးဇူးပြုပြီး မင်းရဲ့အရမ်းအရမ်းစွဲမက်မှုတွေနဲ့ အခြားလူတစ်ယောက်ကို မဖြားယောင်းလိုက်ပါနဲ့။*

(T/N: ရှင်းရှင်းပြောရရင် လုလီရှင်းက ပိုင်သုကနေ ရှာဖွေမှုရလဒ်ကို အတိအကျ ပြန်ပြောတာ မဟုတ်ဘူး။ အဲ့တာက ထုတ်ပြောဖို့ အရမ်းရှက်စရာကောင်းတယ်။)

ကျီချင်းချင်းက ကျွန်မ မလုပ်ပါဘူး ဟု စကားထစ်ထစ်ငေါ့ငေါ့နှင့်ပြောသည်။

လုလီရှင်းက သူမကို သင်ကြားပို့ချနေတာ ဖြစ်နိုင်လား။

သူ တစ်ခုခု အထင်အမြင်လွဲနေတာလား။

ကျီချင်းချင်းသည် သူမက လုအိမ်‌တော်တွင် အလွန်ကောင်းမွန်စွာ ပြုမူနေထိုင်ခဲ့တယ်လို့ ခံစားခဲ့ရသည်။ သူမရဲ့ချစ်သူဟောင်း လုလီထင်ကို သူမ တွေ့ခဲ့ရင်တောင် သူ့ကို ဂရုမစိုက်ခဲ့ဘူး။ သူမမျက်နှာကို ဖုံးအုပ်ဝတ်ဆင်သည့် အာရပ်အမျိုးသမီးလို ဝတ်ဆင်ဖို့ သူက ပြောနေတာတော့ မဟုတ်ဘူးမလား။ မှန်တယ်မလား။

မင်းက ပန်းပွင့်အလယ်က နှင်း‌ဆီတစ်ပွင့်၊ နှင်းပန်းများအလယ်က အဖူးအငုံလေး၊ ညကောင်းကင်ယံပေါ်က အတောက်ပဆုံးကြယ်ပွင့်လေး၊ ပင်လယ်သမုဒ္ဒရာထဲက အလှပဆုံးရေသူမလေး။ မင်းရဲ့မျက်နှာလေးက နတ်သမီးလေးလိုပဲ။ မင်းက ကိုယ့်နှလုံးသားထဲမှာ အလှဆုံးနတ်ဘုရားမပါပဲ။

-- "တာဝန်ပြီးမြောက်ပါပြီ။ မင်းရဲ့အသက်ရမှတ်ထဲ ငါးမှတ်ပေါင်းထည့်လိုက်ပါပြီ။ မင်း အခုလောလောဆယ် အသက်ရှင်သန်ခွင့် ငါးနာရီရသွားပါပြီ။"

ဘာလို့ ရှင် ဘာလို့ ဒီလိုမျိုးတွေ ပြောနေတာလဲ။

လုလီရှင်း၏မျက်နှာသည် မနီရဲတော့သလို သူ့နှလုံးခုန်သံဟာလည်း ပုံမှန်ပြန်ဖြစ်သွားသည်။သူက စိတ်အနှောင့်အယှက်မရှိသလို ဟန်ဆောင်ကာ မင်းကို ချီးကျူးတာ လို့ ပြောလိုက်သည်။

ကျီချင်းချင်း၏နှုတ်ခမ်းထောင့်စွန်းလေးတွေဟာ တွန့်ကွေးသွားသည်။ သူမ တကယ်ကို အရမ်းအံ့သြတုန်လှုပ်သွားသည်။

ဒီစကားတွေအားလုံးကို သူပြောခဲ့တာက သူမကို ချီးမွမ်းဖို့ သက်သက်လား။

မင်း အသက်ရှည်ရှည်နေထိုင်ရလျှင် မင်း တကယ်ကိုပဲ ဘယ်အရာကိုမဆို မြင်နိုင် ကြားနိုင်ရလိမ့်မည်။

လုလီရှင်း၏လူတွေကို ချီးမွမ်းသည့်ပုံစံက တကယ့် တကယ့်ကိုပဲ ထူးခြားလွန်းသည်။

လုလီရှင်းက သူမကို ချီးကျူးစကားပြောနေတဲ့အချိန်မှာ သူ့ရဲ့တည်ကြည်လေးနက်တဲ့ မျက်နှာထားနဲ့ သူမကို စိတ်အားထက်သန်စွာကြည့်ပုံက အထူးအဆန်းပါပဲ။ သူမ တကယ်ရယ်ချင်သွားမိသည်။

ကျီချင်းချင်းသည် ရယ်မောလိုက်ချင်ပေမယ့် နေမကောင်းတဲ့လူတစ်ယောက်အရှေ့မှာ အဲ့လိုရယ်ချလိုက်မယ်ဆိုရင် မသင့်တော်ပါဘူး။ သူမက မရယ်မောမိစေရန်ကြိုးစားပြီး ခေါင်းငုံ့ထားသော်လည်း မအောင်မြင်နိုင်ခဲ့ပါ။ သူမရယ်သံက ထွက်သွားခဲ့သည်။ သူမ မော့ကြည့်လိုက်သောအခါ လုလီရှင်းက သူမကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။

အင်း ရှင့်ရဲ့ချီးကျူးစကားတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ ကျွန်မ အရမ်းပျော်ပါတယ် ဟားဟားဟား ဟားဟားဟား

ကျီချင်းချင်းက လေးနက်တဲ့မျက်နှာထားမျိုး မထားနိုင်ခဲ့ဘူး။ လုလီရှင်းအရှေ့မှာ အထိန်းအကွပ်မရှိ ရယ်မောဖို့ မကောင်းဘူးဆိုတာကို သိပေမယ့် သူမ တကယ်ကို မထိန်းနိုင်ခဲ့ဘူး။ သူမခေါင်းကိုငုံ့ပြီး ရယ်မောနေတာက သူမကို ဗိုက်နာလာစေပြီးတော့ သူမ ရယ်မောလွန်းလို့ သူမမျက်နှာတွေပါ နာလာခဲ့သည်။

ဒါက ရယ်စရာလား။

ကျီချင်းချင်းသည် သူမပါးစပ်ကို ချက်ချင်း ဖုံးအုပ်လိုက်သည်။ သူမရယ်သံကို ထိန်းမရသောကြောင့် သူမပါးပြင်များ နီမြန်းလာသည်။ သူမခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းပြလိုက်သည်။

ဒါက ရယ်စရာမဟုတ်ပါဘူး။ ဒါက လုံးဝရယ်စရာမကောင်းဘူး။ အမ်း ရှင် စကားတွေ အများကြီးပြောထားတယ်။ ရှင် သောက်ချင်လား ဟားဟား ဟားဟား ‌ရေ ဟားဟား

လုလီရှင်းသည် မလိုပါဘူး။ ကျေးဇူးပဲ။ ဆိုသည့်စကားများကို ဖျစ်ညှစ်ပြောလိုက်သည်။

ကျီချင်းချင်းသည် သူမရယ်သံကိုရပ်တန့်ရန် အလွန်ခက်ခဲလှသည်။ သူမခန္ဓာကိုယ်တောင်မှ ရယ်လွန်းလို့ လှုပ်ခါနေခဲ့သည်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ရန်အတွက် သူမသည် သူမနှုတ်ခမ်းကို အသာကိုက်ကာ ပြောလိုက်သည်။

ရှင် ရေမသောက်ချင်ဘူးဆိုရင်လည်း ဟားဟား ကျွန်မ အကြီးအကဲလုကို သွားကြည့်လိုက်ဦးမယ်။

ကျီချင်းချင်းသည် လုလီရှင်းကို တစ်ချက်လေးတောင် မကြည့်ဝံ့ဘူး။ သူမသည် ရယ်သံကိုထိန်းရင်း သူမကိုသူမ ပိုဆိုးသွားအောင် မလုပ်ချင်ပါ။ သူမ အခန်းထဲမှ ပြေးထွက်လာခဲ့သည်။

သခင်မလေး ဘာဖြစ်လာတာလဲ။ မင်း အဆင်ပြေရဲ့လား။

ဟင့်အင်း။ ကျွန်မ ကျွန်မ အဆင်ပြေပါတယ်။ ကျွန်မ ဘာမှမဖြစ်ပါဘူး။

အရမ်းပူနေတာလား။ ကျွန်မ အခန်းအပူချိန်ထိန်းပေးရမလား။ ဒါမှမဟုတ် ဓာတ်မတည့်တဲ့ တုံ့ပြန်မှုလား။ ဘာဖြစ်လို့ မင်းမျက်နှာက အရမ်းနီနေရတာလဲ။

ဒါက ရာသီဥတုက နည်းနည်းပူနေလို့ပါ။ ဒါပေမယ့် ကျွန်မ အဆင်ပြေပါတယ်။ မကြာခင် သက်သာသွားပါလိမ့်မယ်။

လုလီရှင်းသည် အခန်းတံခါးဝကို ကြည့်နေခဲ့သည်။ သူ့ခေါင်းအုံးကိုမှီရင်း သူ့မျက်လုံးများကိုမှိတ်ကာ သက်ပြင်းချလိုက်သည်။

ဘဝက သူ့အတွက် တကယ့်ကို အကြင်နာကင်းမဲ့လွန်းတယ်။