အခန်း၃၉
Viewers 14k

အခန်း(၃၉)

ကျီချင်းချင်းသည် သူမပန်းကန်ထဲသို့ အစားအစာများကို ဆောလျင်စွာ ထည့်လိုက်သည်။ လုလီထင်း၏စွပ်စွဲမှုကြောင့် သူမ စိတ်အနှောင့်အယှက်မဖြစ်ချင်ပါ။ “ဗီဒီယိုထွက်လာတာကို ရှင့်ဖာသာရှင် ပြောနေပြီဆိုကတည်းက ကျွန်မ ဘာအမှားမှမလုပ်မိဘူးဆိုတာကို ရှင်သိသင့်တယ်။”

“ဒါက မင်းအပြစ်မဟုတ်တာတော့ အမှန်ပဲ။ ဒါပေမယ့် ဝေဝေက ဘာလို့ တာဝန်ခံရမှာလဲ။ သူမ ဒဏ်ရာရတာ မင်းကြောင့်ပဲလေ။ သူမမျက်နှာပေါ်က အမာရွတ်က ဘယ်တော့မှပျောက်ကွယ်သွားမှာ မဟုတ်ဘူး။”

“ရှင် ကျွန်မကို ဘာလို့အပြစ်တင်နေရတာလဲ။ ကျွန်မ သူမကိုမတွန်းမိပါဘူး။” ကျီချင်းချင်းက လှောင်ပြောလိုက်သည်။ “ကျွန်မကို စော်ကားနေတာကိုရပ်လိုက်ပါ။ ကျွန်မ သူမကိုဒဏ်ရာရစေတာ မဟုတ်ဘူးဆိုတာကို ဗီဒီယိုထဲမှာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။”

အကယ်၍ မင်းက အချက်ကျကျ ငြင်းခုန်မယ်ဆိုရင် ကျီချင်းချင်းဟာ သူမဖက်က အမှန်တရားကို ရဲရဲဝင့်ဝင့်ထုတ်ဖော်ပြောဆိုနိုင်သည်။

“အကယ်၍ မင်းသာ သူမကို ပြဿနာမရှာခဲ့ဘူးဆိုရင် သူမ ဒဏ်ရာရမှာမဟုတ်ဘူး။”

ကျီချင်းချင်းသည် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ “ကျွန်မက သူမကို ပြဿနာရှာဖို့လုပ်ခဲ့တယ်ဆိုတာကို ရှင်ဘယ်လိုသိတာလဲ။ ရှင့်မှာ သက်သေရှိလား။”

“ကျီချင်းချင်း... မင်း...”

“ရှန်းဝေဝေက ဒဏ်ရာရသွားခဲ့လို့ အရမ်းသနားဖိုကောင်းတယ်လို့ လူတိုင်းကပြောနေကြပေမယ့် ကျွန်မကရော...”

“မင်း...” လုလီထင်က သူမကို အပေါ်မှအောက် အပြန်ပြန်ကြည့်လိုက်သည်။ “မင်း ကောင်းကောင်းစားပြီး ကောင်းကောင်းသောက်နေရတာပဲ။ မင်းက ဒဏ်ရာရတဲ့သူမှ မဟုတ်တာ။ မင်းက ဘာဖြစ်နိုင်မှာမို့လဲ။”

ကျီချင်းချင်းသည် ရယ်စရာကောင်းသောကိစ္စရပ်တစ်ရပ်တစ်ခုကို တွေ့ရှိလိုက်ရသည်။

“ကျွန်မက ဘာတစ်ခုမှမလုပ်ခဲ့ဘူး။ ဒါပေမယ့် လူတစ်ယောက်ကို တောင်ကုန်းပေါ်ကနေ တွန်းချခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတယ်။ အဲ့တာကြောင့် ကျွန်မ အချုပ်ခန်းထဲမှာ ရက်အနည်းငယ် နေခဲ့ရတယ်။ ထောင်ဒဏ်ကျခံခါနီးမှာ ရှန်းဝေဝေက လျော်ကြေးတောင်းခဲ့တယ်။ ရာဇဝတ်မှုကို ကျွန်မက မကျူးလွန်ခဲ့ဘူး။ ကျွန်မက အပြစ်ကင်းစင်တယ်။ သူမရဲ့ပရိသတ်တွေက ကျွန်မကို အနိုင်ကျင့်စော်ကားတာကို ခါးစီးခံခဲ့ရတယ်။ ကျွန်မ ဘာအမှားလုပ်ခဲ့လို့လဲ။ ကျွန်မက ဒီကိစ္စမှာ အပြစ်ကင်းစင်သူတစ်ယောက်ပဲ။ ကျွန်မက သားကောင်ဖြစ်ခဲ့ရပြီး ဒီမတရားမှုကို ပြန်ဆန့်ကျင်တာပဲ။ မင်းနဲ့ တခြားသူတွေက ဘာမှန်တာရှိလို့ ကျွန်မကို အပြစ်တင်နေရတာလဲ။”

လုလီထင်းသည် အံတင်းတင်းကြိတ်လိုက်သည်။ “မင်း ပိုက်ဆံမလိုချင်ဘူးလား။ မင်း ငွေပမာဏသာပြောလိုက်။ မင်း ရှန်းဝေဝေကို ဒီကိစ္စအတွက် တာဝန်မယူခိုင်းသရွေ့ မင်းလိုချင်သလောက်ငွေ ငါပေးမယ်။”

ကျီချင်းချင်းက ပုခုံးတွန့်လိုက်သည်။ “ကျွန်မက ဘာလို့ ငွေပမာဏတစ်ခုကိုပြောဖို့လိုမှာလဲ။ ကျွန်မက အခုအချိန်မှာ မစ္စလုဖြစ်နေပြီလေ။ ရှင့်အစ်ကိုကြီးမှာ ပိုက်ဆံအများကြီးရှိနေပြီးတော့ ကျွန်မ အဲ့ငွေတွေကိုတောင် ကုန်အောင်သုံးဖြုန်းနိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် ရှန်းဝေဝေက ဒီကိစ္စကို တာဝန်အပြည့်ယူပါ့မယ်လို့ သူမကိုယ်တိုင်ပြောခဲ့တာ။ ကျွန်မက သူမရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးတာပါ။ ဘာပဲပြောပြော ကျွန်မက နှုတ်ဆိတ်နေပြီးတော့ ကျွန်မကိုယ်တိုင်အတွက် တရားမျှတမှုကိုမရရင် စိတ်မချမ်းသာနိုင်ဘူး။”

“ကျီချင်းချင်း မင်း....”

ကျီချင်းချင်းဟာ စိတ်ရှည်သည်းခံပြီး မည်သည့်အပြစ်ရှိစိတ်မျှမရှိပဲ ဆက်ပြောလိုက်သည်။ “နင် ငါ့ကို မှန်ကန်တဲ့အကြောင်း ပြောပိုင်ခွင့်တောင် ရှိရဲ့လား။ နင်က ကိုယ့်ကိုယ်ကို ဖြောင့်မတ်မှန်ကန်တဲ့သူလို့ ထင်နေတာလား။ နင် မိသားစုထဲကနေ နှစ်အတော်ကြာထွက်သွားခဲ့ပြီးတော့ စိတ်အနှောင့်အယှက်ပေးခဲ့တယ်။ နင်ထွက်သွားခဲ့တဲ့အချိန်အတွင်း နင့်မိသားစုဝင်တွေ ဘာတွေဖြစ်ခဲ့လဲဆိုတာကို နင် မမေးဘူး။ နင့်အစ်ကိုကြီးက လုမိသားစုမပြိုလဲသွားအောင် သူ့ဖာသာသူ ပြုစုပျိုးထောင်ပြီး အလုပ်ကြိုးစားခဲ့ရတယ်။ ပြီးတော့ အခု နင့်အစ်ကိုကြီးသေခါနီးပြီးဆိုတော့ နင်က မိသားစုရဲ့အမွေဆက်ခံဖို့ ပြန်လာတယ်။ အနည်းဆုံးတော့ နင် ဟန်ဆောင်သင့်တယ်မလား။ လုမိသားစုရဲ့ပိုင်ဆိုင်မှုတွေအတွက် နင် ဒီအိမ်‌တော်မှာပဲနေပြီးတော့ အနည်းဆုံး အကြီးအကဲလုကို ပြုစုစောင့်ရှောက်ပေးသင့်တယ်။ ဒါပေမယ့် နင်ဘာလုပ်နေလဲ။ နင် တစ်နေ့လုံးအပြင်ရောက်နေတယ်။ သူတို့တွေက နင့်ဆွေမျိုးသွေးသားရင်းတွေပဲ။ တစ်ယောက်က အရမ်းနေမကောင်းဘူး။ နောက်တစ်ယောက်က အသက်အရွယ်ကြီးရင့်လွန်းနေပြီ။ သူတို့နှစ်ယောက်လုံး ပြုစုစောင့်ရှောက်ပေးမယ့်သူလိုတယ်။ သူတို့က နင့်လို ကျေးဇူးကန်းပြီး ရက်စက်ကြမ်းကြုတ်တဲ့ခွေးကောင်ကို သူတို့၏ပိုင်ဆိုင်မှုတွေကို ပေးဖို့လုပ်နေတာက ငါ့နှလုံးသားကို နာကျင်သွားမိစေတယ်။”

“ကျီချင်းချင်း.... ဒါက လုမိသားစုရဲ့အိမ်တွင်းရေးပဲ။ မင်းနဲ့ဘာမှမဆိုင်ဘူး။”

“သူမက မင်းမရီးပဲ။ ငါ့ကိုပြောစမ်း။ ဒါက သူမနဲ့ဘာမှမဆိုင်ဘူးလို့မင်းထင်လား။” ထမင်းစားခန်းဝမှ တိုးသဲ့သောအသံတစ်ခု ထွက်ပေါ်လာသည်။

ကျီချင်းချင်း နှလုံးတစ်ချက်အခုန်မြန်သွားသည်။ သူမခေါင်းကိုလှည့်ကြည့်လိုက်အခါမှာ လုလီရှင်းကို မြင်လိုက်ရသည်။

နေမကောင်းတဲ့သူက ဘာလို့ဆင်းလာရတာလဲ။ ဒါက သေခြင်းတရားကို မြန်မြန်ရောက်လာဖို့‌ တောင်းဆိုနေတာပဲ မဟုတ်ဘူးလား။ သူက မြန်မြန်သေချင်နေတာလား။

ကျီချင်းချင်းရဲ့ လျစ်လျူရှုပြီးမာနကြီးတဲ့ရုပ်သွင်ကနေ ချက်ချင်းပင် အနိုင်ကျင့်ခံနေရပြီးအပြုအမူကောင်းမွန်သည့်ရုပ်သွင်သို့ ပြောင်းသွားခဲ့သည်။ သူမသည် လုလီရှင်း၏အနားသို့ ငှက်ငယ်လေးတစ်ကောင်အသွင် ပြေးသွားခဲ့သည်။ “ရှင် ဘာလို့အောက်ထပ်ကို ဆင်းလာတာလဲ။ ရှင့်ခန္ဓာကိုယ်က မသက်သာသေးဘူးလေ။ ရှင် ရှင့်အခန်းထဲသို့ပြန်သွားပြီး လဲလျောင်းနေသင့်တယ်။”

လုလီရှင်းသည်လည်း သူမမျက်နှာ ဘယ်လိုအပြောင်းအလဲမြန်ကြောင်းကို မြင်တွေ့လိုက်ရသည်။ “ကိုယ်အဆင်ပြေတယ်။ ကိုယ် လမ်းနည်းနည်းလောက်လျှောက်ချင်လို့ ဆင်းလာတာ။”

လုလီထင်သည် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြင်နာပြနေတာကို မြင်လိုက်ရတော့ သူ့နှလုံးသားမှာ မခံမရပ်နိုင်ဖြစ်ပြီး ယားယံသလို ခံစားရသည်။ “အစ်ကိုကြီး ကျွန်တော်က အပြစ်မရှိပဲ အပြစ်တင်နေတာ မဟုတ်ပါဘူး။ ဒီမိန်းမမှာ ရည်ရွယ်ချက်ဆိုးတွေရှိနေတယ်။ ကျွန်တော်တို့အတူရှိခဲ့ဖူးပေမယ့် သူမက ကျွန်တော့်ကို ချမ်းသာတဲ့ ဒုတိယမျိုးဆက်ကောင်လေးတစ်ယောက်အတွက် စွန့်ပစ်ခဲ့တာ။”

လုလီရှင်းက သူ့ကိုအေးစက်စွာ ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် အရိုးထဲထိတိုင်အေးစက်မှုများရှိသည်။ “လုလီထင်း ငါပြောတာကိုသေချာနားထောင်။ ငါ မင်း ကျီချင်းချင်းနဲ့အရင်ကပတ်သက်ခဲ့ဖူးတာတွေကို ဂရုမစိုက်ဘူး။ သူမက အခု မင်းမရီးဖြစ်နေပြီ။ ဒီမိသားစုမှာ ငါအသက်ရှင်နေသေးသရွေ့ မင်း သူမကိုအနိုင်ကျင့်ခွင့်မရှိဘူး။”