အပိုင်း ၉၉
Viewers 14k

Chapter 99
အမှန်တရား [ ၃ ]

-----------------------


ဖူယွိနိုးထလာသည့် အချိန်မှစ သူ၏မျက်နှာထက် ရှုပ်ထွေးမှုများအား လင်းရုဖေးအတွက် ပထမဆုံးတွေ့ရခြင်းပင်။ ဖူယွိက မော့မော့အား တင်းတင်းကျပ်ကျပ်ဖက်ထားပြီး အားပြင်းလွန်းသဖြင့် သူ့အား သူ့ကိုယ်နှင့် ပေါင်းစည်းသွားချင်သကဲ့သို့ အသည်းတယားယားဖြစ်နေပေ၏။

မော့မော့မှာ ပွေ့ဖက်ထားမှုကြောင့် နာကျင်သည်ဟုထင်ရသော်လည်း အော်ဟစ်မလာခဲ့ပေ။ သူက နာခံစွာဖြင့် ဖူယွိပုခုံးပေါ် မေးတင်လိုက်ပြီး အသံသဲ့သဲ့ဖြင့် ပြောနေ၏။

“လိမ္မာလိုက်တဲ့ကောင်လေး...ထပ်မငိုနဲ့တော့နော်..."

ဖူယွိက လက်မြောက်လိုက်ကာ မော့မော့ ပါးမို့မို့ထက်မှ မျက်ရည်များအား ဖယ်သုတ်ပေးလိုက်ပြီး : "ငါပြန်လာပြီလေ.."

မော့မော့က ဖူယွိ၏လက်အား ရှောင်လိုက်ရင်း သူ၏လက်သေးသေးလေးများအား ဆုပ်လိုက်ရင်း ဖူယွီပုခုံးအား ခပ်ဖွဖွထုနှပ်ပြီး နောက် နှုတ်ခမ်းစူလိုက်ကာ : "ခင်ဗျားက လူဆိုးပဲ ..ဖူယွိက မကောင်းတဲ့လူပဲ...ဖူယွိက မော့မော့ကို လိမ်တယ်..မော့မော့ကို လိမ်တယ်.."

ဖူယွိက ရှောင်တိမ်းခြင်းမပြုကာ မော့မော့အား သူ့အား ထုရိုက်နေခွင့်ပေးလိုက်သည်။ လင်းရုဖေးမှာ မော့မော့၏ပြောင်းလဲလွယ်သည့်ပုံစံအား ရှားရှားပါးပါးမြင်ဖူးသဖြင့် ဤမြင်ကွင်းအား ကြည့်နေရင်းဖြင့် ထူးဆန်းသလို ခံစားလိုက်ရသည်။ သူက မော့မော့အားခေါ်လာသည့် အချိန်မှစ ဤကလေးမှာ ဗဟုသုတကြွယ်ဝကာ အပြုအမူကောင်းများကိုသာ ပြသခဲ့လေသည်။ အများစုသည်ဖြင့် ကလေးက သူ၏နှလုံးသားထဲတွင်သာ သိမ်းဆည်းထားပုံရကာ ပြောင်းလဲလွယ်သည့်ပုံအား သူ့အားအလိုလိုက်သည့်သူရှေ့မှာသာ ဖွင့်ပြပေသည်။

ဖူယွိက မော့မော့ထံမှအထုခံနေရသော်လည်း သူ့ကိုယ်နှင့်ယှဥ်လျှင် ပေါက်ကွဲမှုသေးသေးလေးမှာ ယားယံနေသကဲ့သို့နှယ်။သို့သော်ငြား မော့မော့၏လက်ကလေးများမှာ ထုရိုက်နေရင်းမှ အနီရောင်ပြောင်းလာကာ စတင်၍အော်ငိုပြန်တော့သည်။

ဖူယွိမှာ မရယ်ဘဲမနေနိုင်ဖြစ်ကာ မော့မော့နှာခေါင်းလေးအား လိမ်လိုက်ရင်း : "ဟုတ်ပါပြီ...မင်းလက်ကို နာအောင်မလုပ်နဲ့တော့..."

“ခင်ဗျား ဘာလို့ အခုမှပြန်လာရတာလဲ"

မော့မော့က နှာတရှုံ့ရှုံ့ဖြင့် : "ကျွန်တော် ခင်ဗျားကို ဘယ်တော့မှမတွေ့ရတော့ဘူးလို့ ထင်နေတာ"

ဖူယွိမှာ တစ်ခဏမျှ တိတ်ဆိတ်သွားလေသည်။

သူက မော့မော့ခေါင်းအားပုတ်လိုက်ပြီးနောက် လင်းရုဖေးထံ ခေါင်းလည့်ကြည့်၍ ပြောလာ၏။

"မင်းကို ကျေးဇူးတင်ပါတယ်"

သူက မော့မော့ လင်းရုဖေးနှင့်ဤနေရာသို့ မည်သို့ရောက်လာသည်အား မေးသည်။

လင်းရုဖေးက မမျှော်လင့်ဘဲ မော့မော့နှင့်တွေ့ဆုံခဲ့သည်အား ဖူယွိထံအသေးစိတ်ပြောပြပေးလိုက်သည်။ ဖူယွိက နားထောင်ပြီးသည်တွင် သူ၏မျက်လုံးများမှာ မီးတောက်မတတ်ဖြစ်လာသည်။ သူက မော့မော့လေးမှာ အစားအစာအတွက် လမ်းဘေးတွင်တောင်းစားနေရပြီး လု၍ပင်နေရသည်အား ကြားလိုက်ရချိန်တွင် ခါးထက်ရှိ သူ့ဓါးအား တင်းတင်းကြပ်ကြပ်မဆုပ်ကိုင်ဘဲ မနေနိုင်ချေ။

ကံကောင်းစွာဖြင့် သူက အဆုံးတွင် တောက်လောင်နေသည့်ဒေါသအား ထိန်းချုပ်နိုင်သွားကာ ရင်ထဲနာကျင်မှုအပြည့်ဖြင့် ဆိုလာသည်။

"ဒါဆို အဲ့ဒီလိုဖြစ်ခဲ့တာပေါ့"

“ဒါနဲ့ စကားမစပ် ဖူရွှေပြောတာ ဒါ...ခင်ဗျားသားတဲ့...."

လင်းရုဖေးမှာ ယခုထက်ထိ ဤကိစ္စ​အား အဖြေရှာမရဖြစ်နေသည်။

"ဒါပေမယ့် ခင်ဗျားပြောတော့ သူက မဟုတ်ဘူးဆို...ဒါဆို မော့မော့က ဘယ်သူလဲ"

ဖူယွိက နှုတ်ခမ်းတင်းတင်းစေ့ထားရင်းမှ တိုးတိုးဆိုလာ၏။

"မော့မော့က ...အထူးတည်ရှိမှုမျိုးပါ"

လင်းရုဖေးမှာ သူ၏ခန့်မှန်းချက်ကြောင့် တစ်ခဏမျှတိတ်ဆိတ်နေမိ၏။

"ဒါဆို အဆုံးမှာ ခင်ဗျားရဲ့ ဝိညာဥ်နဲ့စိတ်ဝိညာဥ်ဘယ်လောက်များများ မော့မော့မှာ ပိုင်ထားတာလဲ.."

ဖူယွိမှာ လင်းရုဖေးက ထိုသို့ပြောလာမည်မထင်၍ ခဏမျှတောင့်ခဲသွားပုံရသည်။

“ဟုတ်တာပေါ့...ဒါက ကျွန်တော်ခန့်မှန်းတာလေးပါပဲ...ခင်ဗျားမပြောချင်ရင် ကိုယ့်ကိုကိုယ် တွန်းအားပေးစရာမလိုပါဘူး.."

လင်းရုဖေးက ဆက်ပြောလေသည်။

ဖူယွိက သို့သော်ငြား သာမန်မျှသာ တုံ့ပြန်လာ၏။

"အဲ့ဒါပြောလိုက်လို့ နစ်နာသွားတာမရှိပါဘူး"

ထို့အပြင် ဤနေရာမှထွက်သွားပြီးနောက် သူပြန်လာတော့မည်မဟုတ်ပေ။ သူက မူလ၌ မော့မော့အားဖူဟွားလက်သို့အပ်၍ လင်းရုဖေးနှင့်စကားပြောရန် အပြင်သို့ထွက်သွားရန်ပြင်လိုက်သော်ငြား မော့မော့က သူ့အားလွှတ်ရန် ငြင်းဆန်နေလိမ့်မည်ဟု မည်သူကထင်မည်နည်း။ သူက သူ့အားကပ်တွယ်နေကာ ကော်နှင့်တူသည့် ခွေးသားရေလေးနှယ်ရှိနေသည်။ ဖူယွိမှာ မော့မော့အား အားသုံးကာ ဆွဲခွာမိပြန်လျှင်လည်း နာကျင်သွားမည်ကိုစိုးလှသည်။ အဆုံးတွင်ဖြင့် ဖူဟွားက မုယောသကြားလုံးလေးများအား ယူလာကာ မော့မော့ပါးစပ်ထဲသို့ခွံ့လိုက်ကာမှ ဖူယွိထံတွင် ကပ်နေခြင်းမှ ဆွဲခေါ်လာနိုင်ခဲ့ပေသည်။

မုယောသကြားလုံးအား မြင်သော် ဖူယွိက လက်ထုတ်၍ အနည်းငယ်ယူလိုက်သည်။ သူက တစ်ပိုင်းပိုင်းလိုက်ကာ သူ့ပါးစပ်ထဲသို့ထည့်လိုက်ပြီး ဝါးနေရင်းဖြင့် လင်းရုဖေးနှင့် အပြင်သို့လျှောက်လာလိုက်၏။

နွေညကောင်းကင်ယံထက် ကြည်လင်နေသော လပြည့်ဝန်းကြီးမှာ ငွားငွားစွင့်စွင့် ချိတ်ဆွဲထားပေသည်။

မူလက ဆူညံတက်ကြွနေတတ်သည့် ဖူမိသားစုအိမ်တော်မှာ ယနေ့တွင် ကြောက်ရွံ့ဖွယ်တိတ်ဆိတ်နေကာ အဝေးမှလာသည့်ပုစဥ်းရင်ကွဲအသံ တစ်ကောင်နှစ်ကောင်ကိုသာ ကြားရလေ၏။လင်းရုဖေးက ကုလားထိုင်တစ်လုံးရှာ၍ ထိုင်နေကျပုံစံအတိုင်း ထိုင်လိုက်သည်။ ဖူယွိက သူနှင့်မျက်နှာချင်းဆိုင်တွင် ရပ်နေကာ ထိုင်မည့်ဟန်မရှိချေ။

သူက အနီးအနားရှိ အဆောက်အအုံများကို လေ့လာနေရင်းဆိုလာသည်။

"အများကြီးပြောင်းလဲသွားပြီပဲ"

လင်းရုဖေးက မေးလိုက်သည်။

"တကယ်လား"

"ဟုတ်တယ်"

ဖူယွိက ဆက်ကာ"ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်ကနေစပြီး အဲ့ဒီလိုရှုခင်းတွေပြောင်းသွားတယ်ဆိုတာက အစတုန်းက ကျွန်တော် လုပ်ချင်ခဲ့တာကို ဖြစ်မြောက်အောင်လုပ်နိုင်သွားတယ်လို့ ပြနေတာပဲလေ"

ဖူရွှေဆိုသည့်ပုံအရ ဖူယွိက တည်ဆောက်ပုံအား အကောင်အထည်ဖော်သည်မှာ ဖူမိသားစုတစ်ခုလုံး လောက်လောက်ငင စားသောက်နိုင်ရန်ဖြစ်သည်။ ယခုတွင်မူ တစ်ယောက်ယောက်က ဝင်ရောက်စွက်ဖက်ခြင်းမရှိပါက ယင်းအား နှစ်ကာလကြာမှသာ နားလည်သွားကြမည့်ပုံပေါ်၏။သို့သော်ငြား လင်းရုဖေးက ဖူယွီမှာဤစကားလုံးသုံးလုံးအား ပြောရာတွင် မျက်နှာထက်တွင် ခံစားချက် သို့မဟုတ် အတိတ်အားလွမ်းဆွတ်နေခြင်း မရှိကာ စိတ်မဝင်စားသယောင်ဖျော့ဖျော့လေးသာ ရရှိနေသည်အား သတိထားမိလိုက်သည်...ယင်းမှာ သူက ​မော့မော့အား မတွေ့ခင် တည်ဆောက်ပုံမှ နိုးထလာဆဲဖြစ်သည့် ဖူယွိအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားသည့်နှယ်...။

“မော့မော့ကျတော့ရော.."

"ဒါက ဇာတ်လမ်းရှည်တစ်ပုဒ်ပေါ့..."

အတိတ်အကြောင်းပြောကြပြီးနောက်တွင် ဖူယွိက လင်းရုဖေးအသိချင်ဆုံးဖြစ်နေသည့် အကြောင်းအား ရှင်းရှင်းလင်းလင်း ပြောပြလာ၏။

"နောက်ကြောင်းပြန်ရရင် ကျွန်တော်က ဖူမိသားစုကျေးရွာရဲ့အခြေအနေကို တိုးတက်လာအောင်လို့ စိတ်ဝိညာဥ်စုဆောင်းခြင်းတည်ဆောက်ပုံ [ အစီအရင် ] ကို ချထားချင်ခဲ့တယ် ..ဒါပေမယ့် စိတ်ဝိညာဥ်စုဆောင်းခြင်းတည်ဆောက်ပုံက သူဘာသူ မလုပ်ဆောင်နိုင်ဘူး...တည်ဆောက်ပုံမျက်လုံးဖြစ်ဖို့ ဓါးသိုင်းကျင့်ကြံသူတစ်ယောက် လိုအပ်တယ်...ဒါကြောင့် ကျွန်တော်က တည်ဆောက်ပုံအလုပ်ဖြစ်ဖို့ ကျွန်တော်ကိုယ်ကျွန်တော် တည်ဆောက်ပုံမျက်လုံးအဖြစ် သုံးလိုက်တာ..."

လင်းရုဖေးမှာ တိတ်တိတ်ကလေး နားထောင်နေသည်။

“ဒါပေမယ့် နှစ်တွေအကြာကြီးထွက်သွားဖို့ကလည်း လက်ခံနိုင်စရာ မရှိဘူးလေ..အဲ့ဒါထက် ကျွန်တော်က ကျွန်တော်ညီကို လာမယ့်နွေဦးမှာ ပြန်လာမယ်လို့ကတိပေးခဲ့တာ ..ဒါကြောင့် ကျွန်တော်က နည်းလမ်းတစ်ခုခုနဲ့ လာကိုလာခဲ့ရမယ်လေ..."

ဖူယွိက ဆက်၍ဆို၏။ "ရုပ်ခန္ဓာကို လုပ်ဖို့ဆိုရင် ဝိညာဥ်တစ်ခုနဲ့ စိတ်ဝိညာဥ်သုံးခုကို ယှဥ်တွဲထားရမှာ...ကျွန်တော်ကိုအစားထိုးဖို့အတွက်ပေါ့..."

မော့မော့မှာ ဆိုရလျှင် ဖူယွိလုပ်ထားသည့် အစားထိုးလေးဖြစ်ကာ ဖူရွှေအား ပေးထားသည့်ကတိတည်ရန်နှင့် ဖူမိသားစုဆီသို့ လာမည့်ဆောင်းဦးမတိုင်မီပြန်လာရန်ဖြစ်ပေသည်။

“ဒါပေမယ့် ဒီအစားထိုးတာက မပြည့်စုံဘူး..ပြီးတော့သုံးထားတဲ့နည်းလမ်းကလည်း တော်တော်အညံ့စားလ်ိုမျိုးဆိုတော့..သူ့စိတ်က အတော်မရေမရာဖြစ်ရောထွေးနေတာ"

ဖူယွိက စိတ်တုန်လှုပ်ဖွယ်အမှန်တရားအား ပေါ့ပေါ့ပါးပါးပြောပြနေပေသည်။

"သူထင်နေတာ သူက ကျွန်တော်ကလေးလို့လေ...ကျွန်တော်လည်းရှင်းပြမနေဘဲ သူကျေနပ်သလိုလုပ်ခွင့်ပေးထားတာ"

သူက လင်းရုဖေးထံလျှောက်သွားကာ သူ့အရှေ့တွင် ပျင်းပျင်းရိရိထိုင်လိုက်ပြီး စိတ်ပျက်ငြီးငွေ့စွာဖြင့် : "ကျွန်တော်လည်း သူ့ကိုဒီလိုသောကရောက်စရာ ဘဝမျိုးနဲ့နေသွားရမယ်လို့ မမျှော်လင့်ထားမိဘူး"

လင်းရုဖေးက သူဤစကားလုံးများအား ထိုသို့အသံနေအသံထားဖြင့် ပြောလာသည်အား ကြားရာတွင် နှလုံးသားထဲတွင် လွန်စွာဝမ်းနည်းသွားရလေသည်။ ဖူယွိ၏ဝိညာဥ်က သူ့နေရာသို့ပြန်လာရန် ငြင်းဆန်နေသည်အား မအံ့သြတော့ချေ ...ယင်းက မော့မော့ကိုယ်တွင်းတွင်ရှိနေ၍ပင်။

“ဝိညာဥ်ဆုံးရှုံးသွားရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာမှာနော်.."

လင်းရုဖေးက ဆိုလိုက်သည်။ "မင်းအဲ့တာကိုသိလား"

"သိတယ်"ဖူယွီက ဖြေသည်။ "ကူညီပေးတဲ့သူက ကျွန်တော်ကိုပြောတယ် ဆိုးကျိုးနဲ့ကောင်းကျိုးကိုပေါ့..ဒါပေမယ့် အဲ့ဒါကိစ္စရှိလို့လား"

သူက အလွန်စိတ်မဝင်စားဟန်ဖြင့် ပုခုံးနှစ်ဖက်တွန့်ပြလိုက်ပြီး : "ကျွန်တော်အခု ကျွန်တော်ကိုယ်ကျွန်တော် အတော်လေးကောင်းတယ်လို့ခံစားနေရတယ်..အရင်ကထက်တောင် ပိုပြီးကောင်းတယ်လို့လေ....."

လင်းရုဖေးမှာ အသံတိတ်သွား၏။

ဖူယွိ : "ကျွန်တော် မင်းတွေးနေတာကို သိတယ်...ကျွန်တော်အများကြီးပြောင်းလဲသွားပြီးတော့ အေးစက်စက်နိုင်သွားပြီလို့ မင်းထင်ရင် ထင်နေနိုင်တယ်...ဒါပေမယ့် ဒါကိုမတတ်နိုင်ဘူးလေ...လူသားဆန်တဲ့အာရုံအထိအတွေ့တွေအကုန်လုံးက အဲ့ဒီကောင်ငယ်လေးဆီ ရောက်သွားပြီလေ"

သူက နက်နက်ရှိုင်းရှိုင်းပြုံးပြလိုက်ပြီး : "ပြီးတော့ ကျွန်တော်သာသူနဲ့အတူရှိနေသ၍ ခံစားချက်ဟောင်းတွေကို နဲနဲချင်းခံစားနေနိုင်ဦးမှာမဟုတ်ဘူးလား...ဘာပဲဖြစ်ဖြစ် ဒါတွေက ကောင်းတဲ့ခံစားချက်တွေလည်းမဟုတ်ဘူး...မင်းသိပါတယ် ဒီလိုမိသားစုဝင်တွေနဲ့က...တကယ်ကို စိတ်ကျေနပ်စရာကောင်းတဲ့ အရာတွေလည်းဖြစ်လာမှာမဟုတ်ဘူးလေ..."

ဖူမိသားစုမှာ ဖူယွိအားဆုံးရှုံးသွားချေပြီ။ ဖူယွိသာ စိတ်ခံစားချက်တွေဖြင့် ပြန်လာခဲ့သော် သူ့အရှေ့မှအရာရာတိုင်းအား မြင်ပြီးသည်နှင့် သူက သေချာပေါက် အလွန်ဝမ်းနည်းနေပေလိမ့်မည်။ မော့မော့နှင့် ပတ်သတ်ပြီးဖြစ်ပျက်ခဲ့သမျှသော အခြေအနေပါထည့်ပေါင်းရသော် ကျေနပ်ဖွယ်အရာမဟုတ်ပေ။ သိုသော်ငြား သူ့အရှေ့ရှိဖူယွီမှာမူ စိတ်ဝိညာဥ်သုံးပါးထဲမှ အဓိကဖြစ်သည့် ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုတို့ကို ဆုံးရှုံးထားကာ သူကဖူမိသားစုအားကြည့်နေသော်ငြား လူစိမ်းတစ်စုအားကြည့်နေသကဲ့သို့ပင် ဖြစ်နေပေသည်။ သူတို့က မည်သို့ပင်ဖြစ်နေစေကာမူ သူဖြင့်နည်းနည်းလေးမျှ မသက်ဆိုင်ချေ။

ဤသည်က ဖူယွိအတွက် ကောင်းသည့်အရာပဲ ဖြစ်သွားသည်ဟုဆိုရမလား...လင်းရုဖေးလည်း ဖြေနိုင်ခြင်းမရှိပေ။

ဖူယွိသည်လည်း လင်းရုဖေး၏ထင်မြင်ချက်အား ဂရုမစိုက်စွာဖြင့် သူ့ကိုယ်ပိုင်ယူဆချက်ကိုသာ ဆက်ပြောလေ၏။

"အခုဆို ဖူမိသားစုက သုံးနှစ်လောက်ချမ်းသာလာခဲ့ပြီးပြီပဲ...သူတို့ကိုကြည့်လိုက်...ပိုက်ဆံတွေအများကြီးရှိတဲ့ပုံပါပဲ ကျွန်တော်တွေးထားတာက ဒီလိုလုပ်ပြီး ကျွန်တော်မိဘတွေရဲ့ကြင်နာမှုကို ပြန်ပေးဆပ်မယ်လို့လေ...ဒါကြောင့် အခု ကျွန်တော် ထွက်သွားတာကလည်းပုံမှန်ပါပဲ..."

လင်းရုဖေးက သက်ပြင်းချကာ : "မော့မော့က လူဖြစ်နေတုန်းလား"

“သူက ဖြစ်သင့်တယ်လေ...မဟုတ်ဘူးလား"

ဖူယွီက မေးစေ့အားပွတ်လိုက်ရင်း စဥ်းစားနေ၏။

"ကျွန်တော်ကိုယ်ကျွန်တော်လည်း သေချာ မသိတော့ဘူး...ဒါပေမယ့် အဲ့ဒီလူကပြောတာတော့ မော့မော့က သာမန်လူတစ်ယောက်နဲ့ မခြားဘူးတဲ့...ဒါကြောင့် သူ့ကိုလူတစ်ယောက်အနေနဲ့ သတ်မှတ်သင့်ပါတယ်လေ...."

လင်းရုဖေးက သံယောင်လိုက်လိုက်သည်။ "အဲ့ဒီလူ..."

“သူက ကျွန်တော်အတွက် တည်ဆောက်ပုံကို အကောင်အထည်ဖော်ပေးခဲ့တဲ့သူလေ.."

ဖူယွီက ပြန်ဖြေလိုက်လေသည်။

လင်းရုဖေးက မေးလိုက်သည်။

"မင်းသူ့ကို ကောင်းကောင်းသိလား"

ဖူယွီက ခေါင်းခါပြလိုက်ရင်း : "သိပ်မသိဘူး...ကျွန်တော်သူ့နဲ့ အမှတ်တမဲ့ဆုံခဲ့တာ သူက ကျွန်တော်ကို စိတ်ဝိညာဥ်စုဆောင်းခြင်း တည်ဆောက်ပုံလုပ်ဖို့ အကြံပေးခဲ့တဲ့သူပဲ"

လင်းရုဖေးက မျက်မှောင်ကြုတ်လိုက်မိသည်။

ဖူယွိက ဆက်သည်။ "ကျွန်တော်လည်း သူက တမင်သက်သက်ချဥ်းကပ်တာ ဟုတ်လား မဟုတ်ဘူးလားဆိုတာ တွေးမိသေးတယ်...ဒါပေမယ့် နောက်ပိုင်း ကျွန်တော် သေသေချာချာတွေးပြီးတော့မှ သူကပြောမလာရင်တောင် ကျွန်တော် ဒီနည်းလမ်းကို သိပ်မကြာခင်လောက် ဒါမှမဟုတ် နောက်ပိုင်းလောက် သိလာမှာပဲလေ...ဒါက အချိန်ကာလလေးပါပဲ..ဒါကြောင့်ဆုံးရှုံးမှုအများကြီးမရှိပါဘူး...."

လင်းရုဖေးက ဆိုလိုက်သည်။ "ကျွန်တော်သာ ဝိညာဥ်တွေကို ဆင့်ခေါ်ဖို့ တည်ဆောက်ပုံကို မလုပ်တတ်ရင် မင်းရဲ့ဝိညာဥ်သုံးပါးနဲ့ စိတ်ဝိညာဥ်ခုနစ်သွယ်က သူတို့နေရာဆီပြန်ရောက်လာမှာ မဟုတ်ဘူး...မင်းက ဒါကို မဆုံးရှုံးသေးဘူးလို့ သတ်မှတ်နေတုန်းပေါ့လေ.."

ဖူယွိက ရယ်မောလိုက်ကာ : "အစပိုင်းတုန်းက ဖူယွိပဲ ဖြစ်မှာပေါ့...သူ့ခန္ဓာကိုယ်နဲ့ကျားတစ်ကောင်ကိုအစာကျွေးခြင်း[1]က ဆိုးဝါးတဲ့အရာပဲဆိုတာ မတွေးမိဘူးလား"

ဗုဒ္ဓက လင်းယုန်အား အစာကျွေးရန် သူ၏အသားကိုလှီးဖြတ်ခဲ့သည်[2]ဆိုသည်က ဘေးမှကြည့်သူတို့အဖို့ မိုက်မဲသည့်ပုံပေါ်လေ၏။ သို့သော်ငြား အဆုံးတွင်ဖြင့် အစာကျွေးခြင်းခံရသည်က သူ၏ကိုယ်ပိုင်အသားဖြစ်ကာ အခြားသူတို့၏ထင်မြင်ချက်များအား နားထောင်သင့်ပါသလား....။

သူက ဤသို့ပြောနေစဥ်အတွင်း ထရပ်လိုက်သည်မှာ ဆက်မပြောချင်ဟန်ရှိလေ၏။

လင်းရုဖေးက ထိုလူအကြောင်းအား ဆက်မေးချင်သေးသော်လည်း ဖူယွိကမပြောချင်သည်ကို တွေ့လိုက်သဖြင့် လက်လျှော့လိုက်ရသည်။ သူ၏နောက်ကျောအားကြည့်နေရင်းမှ သက်ပြင်းဖွဖွရှိုက်မိ၏။ သူက နှစ်ဦးသား ပြန်ကြရန်ဆုံးဖြတ်လိုက်ပြီးသည်နှင့် မော့မော့အား အခန်းထဲမှသယ်ကာအပြင်သို့ထွက်လာသည်အားတွေ့လိုက်ရသည်။ မော့မော့မှာ ဖူယွိ၏လက်မောင်းကြားတွင် နာနာခံခံ နေနေပြီး လင်းရုဖေးအားမြင်သောအခါ သူ့အားဆိုလာ၏။

"ကျေးဇူးတင်ပါတယ်...အစ်ကို"

ဤသည်က မော့မော့က လင်းရုဖေးအား "အစ်ကို"ဟုခေါ်လာသည့် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။သူက ဖူယွီ၏လက်ထဲနေရသည်ကြောင့်လားမသိ၊ သူ၏စွန်းထင်းနေခဲ့သော စိတ်မှာ ကြည်လင်နေပြီး မျက်လုံးများမှာလည်း မှုန်မှိုင်းမနေချေ...စိတ်ဝိညာဥ်အလင်းတန်း အနည်းငယ်အား ရရှိထားသည်ကြောင့်လည်း ဖြစ်တန်ရာ၏။

“ကိုကို့ကို ကျေးဇူးတင်ဖို့မလိုပါဘူး"

လင်းရုဖေးက ပြန်ဖြေလိုက်၏။

သူက ဖူယွိအား တစ်ခဏမျှစောင့်ရန်ပြောကာ ဖူဟွားအား ခေါ်လိုက်သည်။ သူက ဖူဟွားအား မော့မော့အား အမှတ်တရလက်ဆောင်အဖြစ် ဝယ်လာခဲ့သည့် မုယောသကြားလုံးအားလုံးအား ထုတ်ပိုးပေးရန် ပြောလိုက်သည်။

ဤနေ့များတွင် ဖူဟွားနှင့်မော့မော့မှာ ကောင်းမွန်စွာ အတူတူရှိခဲ့ကြလေ၏။ ဤကလေးပြန်ရတော့မည်အား ကြားရာတွင် ဖူဟွားမှာ အခန်းထဲတွင် မျက်လုံးများနီရဲတွတ်လာတော့သည်။ ယခုတွင်မူ လင်းရုဖေး၏စကားလုံးများအား ကြားရာတွင် သူမမျက်ဝန်းများမှ မျက်ရည်များ စတင်အိုင်ဖွဲ့လာတော့သည်။ အဆုံးတွင်ဖြင့် သူမက အားတင်းစွာ ပြန်လည်ထိန်းထားလိုက်နိုင်၏။ မော့မော့အတွက် မုယောသကြားလုံးအား ထုတ်ပိုးပေးလိုက်ကာ ကလေးလက်ထဲသို့ ထည့်ပေးလိုက်လေသည်။

သို့သော်ငြား မော့မော့သည် ဖူဟွား၏ လက်ချောင်းလေးအား ဆုပ်ကိုင်လာပြီး ညင်ညင်သာသာခေါ်လာ၏။ "မမ"

သူမက ဤ"မမ"ဆိုသည်အား ကြားသောအခါ မျက်ရည်များ ပွင့်ထွက်လာတော့သည်။ သူမက လက်ကိုမြောက်ကာ မော့မော့အား လက်မောင်းထဲသို့ ဆွဲသွင်းလိုက်ကာ ငိုနေရင်းဖြင့် "မော့မော့..မင်းနဲ့မင်းအဖေ ကောင်းကောင်းနေရမယ်နော် အရေးကြုံရင် မမဆီစာပို့ရမယ်"

သူမမျက်လုံးထဲမှ မျက်ရည်များမှာတာကျိုးသလိုစီးကျနေရင်းဖြင့် မော့မော့၏အိပ်ကပ်ကလေးထဲသို့ စက္ကူကြိုးကြာရုပ်ကလေးများ ထည့်ပေးလိုက်ကာ မည်သို့သုံးရမည်အား သေသေချာချာ သင်ပေးလိုက်သည်။ မော့မော့မှာ ငြိမ်ငြိမ်လေး နားထောင်နေလေ၏။

ဖူယွိက ဤမြင်ကွင်းအား မြင်ရာတွင် မရယ်ဘဲမနေနိုင်ဖြစ်နေသဖြင့် လင်းရုဖေးက သူရယ်နေခြင်းအား မေးလာ၏။

“သူမက ကျွန်တော်အတွက် ပထမဆုံး မျက်ရည်ကျပေးမယ့်သူဖြစ်နေလိမ့်မယ်လို့ တကယ်မမျှော်လင့်ထားမိဘူး" ဖူယွိက ပြောသည်။

လင်းရုဖေးမှာ ပြောစရာမရှိအောင်ပင် ဖြစ်သွားရသည်။

“ကျွန်တော်ညီ ဖူရွှေကလည်း ငယ်ငယ်တုန်းက ငိုရတာကြိုက်တဲ့သူပဲလေ.."

ဖူယွိက ရေရွတ်လိုက်ပြီး :"ကျွန်တော်တွေးထားတာက သူ ကျွန်တော်ကိုမြင်လို့ရှိရင် ငိုလာပြီးအရင်ဆုံးပူဆွေးဝမ်းနည်းလာမယ်လို့လေ..."

သို့သော်ငြား သူက သူ့အားမြင်သောအခါ သရဲတစ်ကောင်အား မြင်ရသကဲ့သို့ ထိတ်လန့်ကြောက်ရွံ့နေကာ သူက အော်ငိုခဲ့လျှင်ပင် ကြောက်ရွံ့မှုကြောင့်သာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် စိတ်ဝင်စားဖွယ် မရှိချေ။

______

Translated By IQ-Team.