အခန်း(၄၇)
စာကြည့်ခန်းထဲမှာတော့
ဒေါက်တာကျိုးသည် လုလီရှင်းအား နေ့စဉ်ကျန်းမားရေးစစ်ဆေးခြင်းကို လုပ်ဆောင်ရန်
အသင့်ဖြစ်နေပြီဖြစ်သည်။
ဆေးရုံအုပ်ချန်းက
ဒီအိမ်ကိုပို့လိုက်လို့ ဒေါက်တာကျိုးရောက်လာရခြင်းဖြစ်သည်။ လုလီရှင်းဆေးရုံတက်ပြီး
တစ်နေ့လုံးတစ်ညလုံး ဆေးရုံမှာနေရသည့်အချိန်တွင် ဒေါက်တာကျိုးဟာ
ဆေးရုံအုပ်ချန်းနောက်လိုက်ပြီး လုလီရှင်းကို ကုသပေးသည့်နေရာမှာ ပါဝင်ခဲ့သည်။
ထိုကြောင့် လုလီရှင်း၏ရောဂါအခြေအနေကို သူ ကောင်းကောင်းနားလည်နေခဲ့သည်။
လုလီရှင်းဟာ
ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး သူ့ရဲ့ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ
စတင်ပျက်စီးလာခဲ့သည်။ ဆေးရုံမှာ လုလီရှင်းသည် အသည်းအသန်ဖြစ်ပြီး
ပြန်ကယ်တင်နိုင်ခဲ့တာ သုံးကြိမ်ရှိပြီ။ လုလီရှင်း အသက်ဆုံးရှုံးခါနီးအထိဖြစ်တာကို
လူတိုင်းသိကြသည်။ လုလီရှင်း ဆေးရုံမှဆင်းသွားသည့်နေ့မှာ သူ့လူနာရဲ့အခြေအနေက
ဒီထက်ပိုပြင်းထန်မယ်ဆိုရင် အိမ်အထိတောင်ခံမှာမဟုတ်ဘူးလို့ ဒေါက်တာကျိုးက
ခန့်မှန်းခဲ့သည်။
သို့သော်
လုလီရှင်းသည် လုမိသားစုအိမ်တော်တွင် သုံရက်ကြာ နေထိုင်နေခဲ့ပြီးပြီဖြစ်သည်။
လုလီရှင်းဟာ အသက်ရှင်နေရုံသာမက သူ့အသားအရေသွင်ပြင်လက္ခဏာများဟာ တစ်နေ့ထက်တစ်နေ့
တိုးတက်ကောင်းမွန်လာခဲ့သည်။ လုလီရှင်းဟာ သူ၏အချိန်များကို ပြန်လည်ထူထောင်ရေးနှင့်
အချိန်ကုန်ဆုံးနေခဲ့သော်လည်း သေလုနီးပါးဖြစ်နေသည့် လူနာပုံစံတော့
လုံးဝဖြစ်မနေခဲ့ပါဘူး။
သူ့ရဲ့စိတ်ဝိညာဉ်က
လုအိမ်တော်မှာရှိနေသည့် တခြားလူအာလုံးထက် ကောင်းမွန်နေခဲ့သည်။
လုလီရှင်းသည်
ကျီချင်းချင်း၏အခန်းထဲမှ ထွက်သွားပြီးနောက်တွင် စာကြည့်ခန်းကိုပဲ
တန်းသွားလိုက်ပြီး နောက်မှီခုံပေါ်ကို ထိုင်ချလိုက်သည်။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ
အခြေအနေဟာ ကောင်းမွန်လာပြီဆိုတာ ဒေါက်တာကျိုးသိနေသော်ငြားလည်း
သူ့မျက်လုံးထဲမှာတော့ အပြင်းအထန် နာမကျန်းဖြစ်နေသည့်လူနာလိုပဲ ယူဆနေခဲ့သည်။ Little A ၏
တည်ရှိမှုအကြောင်းကို အကြီးအကဲလုအား မရှင်းပြနိုင်ခဲ့ပါ။ ဒေါက်တာကျိုးသည် သူ့အား
ပုံမှန်စစ်ဆေးနေတာပဲလို့ သူ လက်ခံထားလိုက်သည်။
ခဏအကြာမှာပဲ
စာကြည့်ခန်းထဲသို့ အကြီးအကဲလု ဝင်လာခဲ့သည်။
“ဒေါက်တာကျိုး ဒီနေ့ ဒေါက်တာ သူ့ကို စစ်ဆေးပေးစရာ မလိုဘူး။”
“အကြီးအကဲလု ဘာဖြစ်လို့လဲခင်ဗျ”
“ကျွန်တော် လီရှင်းကို ဒီနေ့ဆေးရုံကိုခေါ်သွားပြီး သူ့တစ်ကိုယ်လုံးကို
စစ်ဆေးပေးဖို့ စီစဉ်ထားတယ်။”
ဒေါက်တာကျိုး
ခဏလောက် ကြက်သေသေသွားပြီး အံ့အားသင့်သွားသည်။ လုလီရှင်းကလည်း
ကျန်းမာနေပုံပေါ်နေတာကိုကြည့်ပြီး အကြီးအကဲလု ဘာကို ဆိုလိုချင်တယ်ဆိုတာကို
နားလည်သွားခဲ့သည်။ သူခေါင်းညိတ်လိုက်ပြီး “ကောင်းပါပြီ ခင်ဗျ” လို့ ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက်
သူ့ပစ္စည်းကိရိယာများကို ထုတ်ပိုးသိမ်းဆည်းပြီးနောက် စာကြည့်ခန်းထဲမှ
ထွက်သွားခဲ့သည်။
ကျန်းမာရေးကောင်းမွန်နေပုံရတဲ့
လုလီရှင်းကိုကြည့်ပြီး စိုးရိမ်နေတဲ့အသံဖြင့် မေးလိုက်သည်။ “လီရှင်း အဘိုးကိုအမှန်တိုင်းပြော အခုဘယ်လိုနေသေးလဲ။”
လုလီရှင်းသည်
အကြီးအကဲလုကို လေးလေးနက်နက်ကြည့်ပြီး “အဘိုးကို ကျွန်တော်ပြောပါတယ် ကျွန်တော် အခုအရမ်းအဆင်ပြေသလို
ခံစားရတယ်။” ဟု ပြောလိုက်သည်။
“မင်း ဘယ်အချိန်ကစပြီး ကျန်းမာရေး ပိုကောင်းသလို ခံစားရတာလဲ။”
လုလီရှင်းသည်
သေသေချာချာ ပြန်စဥ်းစားကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ဆေးရုံက
ပြန်ဆင်းလာတဲ့နေ့မှာပဲ။”
အကြီးအကဲလုသည်
သူ့လက်ထဲတွင် ပုတီးကိုင်ပြီး စိပ်နေခဲ့သည်။ သူ့မြေး၏အဖြေကို တွေးကြည့်လိုက်သည်။
ဆေးရုံကနေ အိမ်ကိုပြန်လာတဲ့နေ့က လီရှင်း ကျီချင်းချင်းကို
လက်ထပ်လိုက်တဲ့နေ့ပဲဖြစ်သည်။
အကြီးအကဲလုသည်
သူ့မြေးကို အချိန်အကြာကြီးကြည့်ပြီး ပြောလိုက်သည်။ “ဒီနေ့နေ့လည် ဆေးရုံမှာ ဆေးစစ်ဖို့အတွက် သွားကြရအောင်။”
“ဟုတ်ကဲ့ပါ။ အဘိုးစကားကို နားထောင်ပါ့မယ်။”
ဆေးရုံမှမဆင်းခင်ရက်ပိုင်းက
အကြီးအကဲလုသည် ဆေးရုံအုပ်ချန်းနှင့် လုလီရှင်း၏ ကျန်းမာရေးအခြေအနေအား
နှစ်ကိုယ်ကြားဆွေးနွေးခဲ့သည်။ ထိုအချိန်တွင် ဆေးရုံအုပ်ချန်းသည် လုလီရှင်းသည်
ရက်ပိုင်းလောက်ပဲ နေရတော့မယ်ဆိုသည့်အကြောင်းကို ပွင့်ပွင့်လင်းလင်း
ဝန်ခံပြောဆိုခဲ့သည်။ ပထမဦးဆုံး သူဆေးရုံမှဆင်းလာသည့်နေ့တွင် လုလီရှင်းသည်
နောက်ဆုံးအနေဖြင့် သေဆုံးခါနီးမီးတောက် ထတောက်ပြီး အလွန်ကျန်းမာနေပုံပေါ်နေတာလို့
အကြီးအကဲလုက အထင်မှားနေခဲ့သည်။ သို့သော် ထိုနေ့မှစ၍ ယနေ့သည် သူအိမ်ပြန်လာရောက်ပြီး
သုံးရက်မြောက်နေ့ဖြစ်သည်။ သူ့မြေး၏ ကျန်းမာရေးအခြေအနေသည် အရမ်းမဆိုးရွားလာရုံသာမက
နေ့ရက်တိုင်းမှာ အခြေအနေ ပိုပိုပြီးသက်သာကောင်းမွန်လာခဲ့သည်။ သူ့မြေးကို
ဘယ်အချိန်ပဲကြည့်ကြည့် အပြင်းအထန်ဖျားခဲ့တဲ့လူလို့ လုံးဝကိုမထင်ရပါ။
လုလီရှင်းနှင့်အကြီးအကဲလုတို့သည်
စာကြည့်ခန်းထဲမှာပဲ အချိန်အတော်ကြာအောင် စကားစမြည်ပြောနေခဲ့သည်။
ကျီချင်းချင်းသည်
မျက်နှာသစ် ဆေးကြောပြီးနောက်မှာ သူမလှေကားကို သွားနေသည့်လမ်းတွင် စာကြည့်ခန်းထဲမှ
စကားသံတွေကို ကြားနေခဲ့သည်။
အသံတွေက
ရောထွေးနေပြီး ဘာအကြောင်းပြောဆိုနေတာမှန်းကို သေချာမကြားရတော့
လုလီရှင်းနှင့်အကြီးအကဲလုတို့ ဘာအကြောင်း ပြောဆိုနေကြလဲဆိုတာကို အန်တီဖေးအား
သူမမေးချင်နေခဲ့သည်။
အန်တီဖေးသည်
ကျီချင်းချင်းအား နံနက်စာပြင်ဆင်ကျွေးမွေးနေစဥ် သူမသခင်လေး၏ ကျန်းမာရေး
အခြေအနေနှင့် ပတ်သက်၍ သူမသည် ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ရေရွတ်ပြောဆိုနေသည်။
အန်တီဖေး၏စကားများက
ကျီချင်းချင်းကို တစ်စုံတစ်ခုအား သတိရသွားစေခဲ့သည်။
ဆေးရုံကနေ
ဒီအိမ်ကိုပြန်ရောက်လာတာ ဘယ်နှစ်ရက်ရှိသွားခဲ့လဲဆိုတာကို သူမ ရေတွက်ကြည့်နေမိသည်။
ဘာဖြစ်လို့ လုလီရှင်းက အခုအချိန်ထိ အသက်ရှင်နေသေးတာလဲ။
သူ
အသက်ရှင်နေသေးသည်သာမက သူ့ကျန်းမာရေးဟာ တစ်နေ့ထက်တစ်နေ့ ပိုကောင်းမွန်လာသည်။
သူ့ကိုကြည့်ရတာ ဘယ်အချိန်မှာမဆို သေသွားနိုင်သည့်လူမမာပုံ မပေါက်ပါ။
ကျီချင်းချင်းသည်
အတွေးများနေခဲ့သည်။ သေခါနီးမီးတောက်က သုံးရက်ကြာလောက်အထိ တောက်လောင်တာမျိုး
မရှိနိုင်ပါဘူး။
ပြီးတော့
ဒီမနက် သူမနဖူးကို နမ်းရှိုက်ဖို့ သူမမျက်နှာကို ထိန်းကိုင်ထားသည့် ခွန်အားက
သေခါနီးလူနာတစ်ယောက်ရဲ့အား လုံးဝမဟုတ်ပေ။
သို့သော်
လုလီရှင်းသည် ဝတ္ထုဇာတ်လမ်းထဲတွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သူမ
သေချာသိနေပြီး အဲ့တာက လွန်ခဲ့သော နှစ်ရက်ခန့်က ဖြစ်သင့်ပေသည်။
“ဘာတွေ ဖြစ်နေတာလဲ။”