အခန်း၅၃
Viewers 15k

အခန်း(၅၃)

 

အကြီးအကဲလုက စိတ်ချမ်းသာစွာ ပြုံးလိုက်သည်။ ခဏအကြာမှာ သူက ဇဝေဇဝါဖြစ်စွာ အဖိုးက မင်းကို ဘာကိစ္စ ဖြေရှင်းပေးလိုက်တာလဲ။ ဟု မေးလိုက်သည်။

 

သမီး ရိုက်ကူးရေး လုပ်တုန်းက ရှန်းဝေဝေလို့ခေါ်တဲ့ မိန်းကလေးက သမီးက သူမကို တောင်ပေါ်ကနေ တွန်းချလိုက်ပါတယ်လို့ စွပ်စွဲခဲ့တယ်။ ယွမ်သန်းနှစ်ဆယ်ကို မလျော်ပေးရင် သူ့ရဲ့တရားစွဲဆိုခြင်းကို ခံရမယ်လို့ ခြိမ်း‌ခြောက်ခဲ့တယ်။ အဲ့ကိစ္စအတွက် ကျေးဇူးကြွေးတင်နေတာပါ။

 

ဒီကိစ္စကို ကိုင်တွယ်ဖို့ ဘယ်သူ့ကိုမှ မလုပ်ခိုင်းရသေးဘူး။

 

ကျီချင်းချင်းခေါင်းထဲ မေးခွန်းများစွာ ပြည့်သွားခဲ့သည်။ အဲဒါကိုဖြေရှင်းတာ အကြီးအကဲ မဟုတ်ဘူးလား။ အဲဒါဆို ဘယ်သူများဖြစ်မလဲ။

 

သမီး သိချင်တယ်ဆိုရင် နောက်ကျရင် အဖိုးကူညီပြီး စစ်ဆေးကြည့်ပေးပါ့မယ်။

 

ကျေးဇူးတင်ပါတယ် ‌အကြီးအကဲလု

 

အကြီးအကဲလုသည် ကြင်နာစွာ ပြုံးလိုက်ပြီး သမီး ဒီအိမ်မှာ ဆက်‌နေဖို့ လက်ခံလိုက်‌ပြီဆိုတော့ လီရှင်းခေါ်သလို အဖိုးလို့ခေါ်တော့လေ။ တခြားလူတွေခေါ်သလို အကြီးအကဲလုလို့‌ ခေါ်မနေတော့နဲ့။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း အပြင်လူတစ်ယောက်လို မသတ်မှတ်ပါနဲ့တော့။ ဟုပြောလိုက်သည်။

 

ကျီချင်းချင်းဟာ အကြီးအကဲလုက လုလီရှင်းအပေါ် ပေးတဲ့မေတ္တာတွေကို သူမ အားကျနေခဲ့သည်။ သူမသည် မိသားစုချစ်ခြင်းမေတ္တာကို တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပါ။

 

သူမ ဆုတောင်းထားသည့်အတိုင်း ဖြစ်လာခဲ့တော့ သူမ အခေါ်အဝေါ်ပြောင်းခေါ်ဖို့ကို အလွယ်တကူ ပြောထွက်လာနိုင်ခဲ့သည်။ အဖိုး

 

အကြီးအကဲလုသည် ကျေနပ်အားရသည့်အပြုံးဖြင့် ပြုံးလိုက်သည်။ ကျီချင်းချင်းကို သူကြည့်လေလေ သူမက ချစ်စရာကောင်းသော ကလေးမလေးလို့ မြင်လာလေလေ ဖြစ်နေသည်။ သူ့ကို အဖိုးလို့ခေါ်တဲ့ပုံစံလေးကအစ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ‌သက်တောင့်သက်သာဖြစ်ပြီး နွေးထွေးစေခဲ့သည်။

 

သူက နွေးထွေးသောအသံဖြင့် ပြောလိုက်သည်။ လက်ထပ်တာက ကြီးမားတဲ့ကိစ္စတစ်ခုပဲ။ သမီးရဲ့မိသားစုကို ဒီအကြောင်း ပြောပြပြီးရဲ့လား။

 

ကျီချင်းချင်း သူမခေါင်းကို ခါလိုက်သည်။

 

ဒီလိုဆို ဘယ်လိုလဲ။ သူတို့ရော အဘိုး‌တို့ရော အားတဲ့ရက်ရောက်ရင် သမီးမိဘ‌တွေအိမ်သွားပြီး လီရှင်းနဲ့သမီး မင်္ဂလာပွဲကိစ္စကို အဖိုး သမီးမိဘတွေနဲ့ တိုင်ပင်လိုက်မယ်လေ။ လုအိမ်တော်နဲ့ လက်ထပ်ပြီး ဝင်ရောက်လာတဲ့အတွက်ကြောင့် သမီးကို အပြောဆိုခံရမှာမျိုး အဖိုး နည်းနည်းလေးမှ မဖြစ်စေချင်ဘူး။’

 

မူလပိုင်ရှင်ရဲ့ မိဘတွေအကြောင်းပြောတာကို ကြားလိုက်ရတော့ ကျီချင်းချင်းသည် အပြုံးလေးဖြင့် ပြောလိုက်သည်။ အကြီးအကဲလု မင်္ဂလာပွဲ‌အတွက် အလျင်လိုစရာမလိုပါဘူး။ သမီးက ဆန္ဒရှိပေမယ့် မစ်စတာလုဖက်က ဆန္ဒရှိမရှိကိုလည်း မသိရသေးဘူး။ သမီးမိဘတွေကိုတော့ သမီးကိုယ်တိုင်ပဲ ပြောပြလိုက်ပါ့မယ်။”

 

အခု မူလပိုင်ရှင် ကျီချင်းချင်းရဲ့ မိဘတွေအကြောင်း ဇာတ်လမ်းထဲ‌မှာ ပေါ်လာပြီဆိုတော့ သူမနှင့် ဝတ္ထုထဲကကျီချင်းချင်းတို့ရဲ့ မိသားစုနောက်ခံ အခြေအနေချင်း နည်းနည်းဆင်တူနေတော့ သူမ အရမ်းစိတ်ဝင်စားနေခဲ့သည်။ အခွင့်‌အရေးတွေက ဘယ်မှာလဲ?

 

ဝတ္ထုထဲနှင့် လက်ရှိချင်းချင်း နှစ်ယောက်စလုံး၏မိသားစုမှာ သမီးထက် သားတွေကို ပိုမျက်နှာသာပေးသည်။ သူတို့ဘက်လိုက်သည့်သားများကို တာဝန်သိတတ်သောလူကြီးများဖြစ်လာရန် ပျိုးထောင်ခြင်း ရှုံးနိမ့်ခဲ့သည်။ သမီးတွေကတော့ မိသားစုဝင်တွေရဲ့ဆွဲချခြင်းကို ခံခဲ့ရသည်။

 

တခြားဟာများထက် စာရေးဆရာက ကျီချင်းချင်း၏ မိသားစုဝင်တွေအကြောင်းကို သိပ်မရေးထားတော့ လက်ရှိကျီချင်းချင်းဟာ သူတို့က ဘယ်လိုလူမျိုးတွေလဲဆိုတာကို သိပ်မသေချာ မရေရာ ဖြစ်နေခဲ့သည်။

 

ဟုတ်ပါပြီ။ သမီးက ကိုယ်တိုင်ပြောဖို့ဆန္ဒရှိနေတယ်‌ဆိုကတည်းက သမီးရဲ့မိဘဘက်ကို သမီးပဲကိုင်တွယ်လိုက်တော့။ သမီးရဲ့ပြောစကားကို အဖိုး နားထောင်လိုက်မယ်။ လီရှင်းကတော့........ အကြီးအကဲလုသည် ဗီလာရဲ့ homelineကို ဖုန်းခေါ်လိုက်ပြီး လုလီရှင်းကို စာကြည့်ခန်းထဲလာဖို့ ပြောခိုင်းလိုက်သည်။

 

အဖိုး ဘာလုပ်နေတာလဲ။ ကျီချင်းချင်း သူ့ကို အထိတ်တလန့် ကြည့်လိုက်သည်။

 

အဖိုးက သမီးကို သူ ဘယ်လိုသဘောတူမလဲဆိုတာကို ကိုယ်တိုင်ကြားစေချင်လို့ပါ။

 

မဟုတ်...မဟုတ်ဘူး မလုပ်ပါနဲ့။... ကျီချင်းချင်းသည် သုတ်သုတ်ပျာပျာ ထရပ်လိုက်သည်။ သူမတွင် ပါးလွှာသော အရေပြားရှိသည်။ အဖိုးလုက လုလီရှင်းကို လက်ထပ်တဲ့အကြောင်းကိစ္စနဲ့ ပတ်သတ်၍ ပြောနေချိန်တွင် သူမက ဒီအခန်းမှာရှိ‌နေပါက သူမရှက်လွန်းလို့ သေသွားနိုင်ပါသည်။

 

မကြောက်ပါနဲ့ အဖိုး ဒီမှာရှိပါတယ်။ လီရှင်းက သမီးကို အနိုင်ကျင့်ရင် အဖိုး သူ့ကိုအပြစ်ပေးမှာပါ။

 

ထိုအချိန်တွင် တံခါးခေါက်သံနှင့် အဖိုးလို့ခေါ်သံကိုလည်း ကြားလိုက်ရသည်။

 

ဝင်လာခဲ့

 

လုလီရှင်းအခန်းထဲသို့ ဝင်လာလာချင်းမှာပဲ သူ့အကြည့်တွေက အကြီးအကဲလုဆီကို အရင်မရောက်ဘဲ ကျီချင်းချင်းဆီကိုပဲ အရင်ရောက်သွားခဲ့သည်။ အဖိုး ကျွန်တော့်ကိုရှာနေတာလား။

 

အကြီးအကဲလုသည် ကျီချင်းချင်းနှင့်အတူ ဆိုဖာပေါ်တွင် ထိုင်နေသည်။ လုလီရှင်းကို ဆိုဖာရှေ့မှာပဲ မတ်တပ်ရပ်နေဖို့ အကြီးအကဲလုက လက်‌ဟန်ခြေဟန်ဖြင့် ပြလိုက်သည်။ မင်းအသည်းအသန် ဖြစ်နေတဲ့အချိန်တုန်းက ဆရာကြီးဝမ်က  မင်းရဲ့ကံကြမ္မာကို ကြည့်ပေးခဲ့ဖူးသေးတယ်။ သူပြောတာကတော့ ချင်းချင်းက မင်းရဲဖူးစာဖက်တဲ့။ အဲ့အချိန်တုန်းက မင်းက ကိုမာဝင်နေတော့ မင်း သူမနဲ့လက်ထပ်ချင်တဲ့ဆန္ဒ ရှိလား မရှိဘူးလားဆိုတာကို သိဖို့နည်းလမ်းမရှိခဲ့ဘူး။ အခုကတော့ မေးလို့ရပြီ။ ကျီချင်းချင်းကို မင်းရဲ့ဇနီးအဖြစ် လက်ထပ်ယူပြီး မင်းတစ်သက်လုံး သူမကို စောင့်ရှောက်သွားဖို့ ဆန္ဒရှိရဲ့လား။

 

အကြီးအကဲလု၏ စကားလုံးများက ကျီချင်းချင်းအား ရှက်သွေးဖြာ‌သွားစေခဲ့သည်။ သူမကိုယ်သူမ မြှုပ်နှံရန် တွင်းတူးဖို့ ဆန္ဒရှိခဲ့မိသည်။

 

ဟေး အဖိုး မင်းကို မေးခွန်းမေးနေတယ်လေ။

 

လုလီရှင်းက ပြုံးလိုက်ပြီး သူကရော သဘောတူလား။ ‌မေးလိုက်သည်။

 

အကြီးအကဲလုက တောက်ခေါက်လိုက်ပြီး အဖိုး မင်းကိုမေးနေတာလေ!!

 

လုလီရှင်းရဲ့အကြည့်တွေက ကျီချင်းချင်းခန္ဓာကိုယ်ဖက်သို့ လှည့်သွားခဲ့သည်။ သူ့မျက်လုံးတွေကို အနည်းငယ် ကျဥ်းမြောင်းလိုက်ပြီး သူ့အကြည့်တွေဟာ နက်ရှိုင်းနေခဲ့သည်။ သူ ဘာတွေစဉ်းစားနေတယ်ဆိုတာကို ဘယ်သူသိနိုင်မှာလဲ။

 

ကျွန်တော် ဆန္ဒရှိပါတယ်။