အခန်း
(၅၇)
“ကျွန်မ အဲ့ဒီဟင်းချို သောက်ချင်တယ်။ ရှင် ထည့်ပေးလို့ ရမလား။”
လုလီရှင်းသည်
သူ့မျက်ခုံးကို သိသိသာသာ တွန့်လိုက်မိသည်။ သူက အကြည့်တွေနဲ့ သူမရဲ့
အရိပ်အကဲမသိလှတဲ့ သရုပ်ဆောင်မှုကို ညွှန်ပြလိုက်သည်။
ကျီချင်းချင်းက
သူမနှုတ်ခမ်းကို အသာလှုပ်ခတ်လိုက်သည်။ “သူ မခပ်ပေးချင်လည်း မခပ်ပေးနဲ့ပေါ့။ ငါ့ကို ကြောက်စရာကောင်းတဲ့
အကြည့်မျိုးနဲ့ ကြည့်စရာ လိုအပ်လို့လား။” ဟု စိတ်ထဲတွင် တွေးနေခဲ့သည်။
-- “သေဆုံးခါနီးသတိပေးချက်:
ကျီချင်းချင်းအား ထိုဟင်းချိုကို ၅မိနစ်အတွင်း အနည်းဆုံး သုံးဇွန်းခွံ့ကျွေးရန်။
ထိုတာဝန်အား ကျရှုံး (သို့မဟုတ်) အရှုံးပေးခဲ့လျှင် အသက်ရမှတ် ငါးမှတ်
အနုတ်ခံရမည်ဖြစ်သည်။”
လုလီရှင်း
လွန်စွာ ထိတ်လန့်သွားခဲ့သည်။ သူ ထိတ်လန့်သွားရာမှ ပြန်အသိဝင်လာဖို့
အချိန်အတော်ကြာခဲ့ပါသည်။ ”မင်း...”
-- “Host,
ဒီsystemကိုဆဲဆိုခြင်းခွင့်မပြုပါ။”
“မင်း $ချီးထုတ်system မင်း အမှတ်တွေကို ဖြတ်လို့ရတာပဲလား။ ဘယ်တုန်းက စည်းမျဉ်းတွေ
ပြောင်းလဲသွားတာလဲ။”
-- “Host မင်း ငါနဲ့ သိကျွမ်းတာ သုံးရက်ပဲ ရှိသေးတယ်။ ငါတို့နှစ်ယောက်
တစ်ယောက်ကို တစ်ယောက် သိတဲ့အချိန်က တိုတောင်းလွန်းတယ်။ ငါ မင်းကို စည်းမျဉ်းတွေ
အကုန်လုံးကို ချက်ချင်းရှင်းပြဖို့ အချိန်မလုံလောက်တဲ့အတွက် စိတ်မကောင်းပါဘူး။”
လုလီရှင်း၏
မျက်နှာက မည်းမှောင်သွားခဲ့သည်။ သူ စကားတစ်လုံးမှ မပြောနိုင်ပေ။
-- “သို့သော် ဒီမစ်ရှင်
အောင်မြင်ခဲ့လျှင် ဆုလာဘ်တစ်ခု ရရှိပါမည်။ မင်းရဲ့သက်တမ်းကို အသက်ရမှတ် ၅မှတ်
ထပ်ပေါင်းထည့်ပေးမည်ဖြစ်သည်။ Host သင့်မှာ အချိန်သုံးမိနစ် ကျန်ရှိပါသေးသည်။”
ကျီချင်းချင်းက
မတ်တပ်ထရပ်ပြီး သူမကိုယ်တိုင် ဟင်းချိုခပ်ဖို့ လုပ်နေချိန်မှာပဲ လုလီရှင်းသည် သူမ၏
ဟင်းချိုပန်းကန်လုံးကို ကောက်ယူလိုက်သည်။
ကျီချင်းချင်းသည်
လုလီရှင်းကို သံသယဝင်သည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ့လက်တစ်ဖက်တွင်
ဟင်းချိုပန်းကန်လုံးကို ကိုင်ထားပြီး နောက်တစ်ဖက်တွင် ဇွန်းကိုကိုင်ထားလေသည်။ သူ
ဘာလုပ်နေတာလဲ။
အန်တီဖေး
အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ”သခင်လေး ကျွန်မ ပစ္စည်းတွေ ရွေ့လို့ပြီးသွားပြီ။ ဒီညကစပြီး သခင်လေးရဲ့
အခန်းမှာ သခင်မလေး အိပ်လို့ရပါပြီ။”
“ကျေးဇူးပါ အန်တီဖေး”
“ရပါတယ်ကွယ်”
အန်တီဖေးကို
အကြီးအကဲလုကြည့်ပြီး ပြုံးရယ်ကာ စကားဆိုလိုက်သည်။ “ငါတို့နဲ့ ထိုင်ပါဦး။ ဒီနေ့တစ်နေ့လုံး မင်း သေချာပေါက်
အလုပ်ရှုပ်နေလို့ ပင်ပန်းနေလိမ့်မယ်။”
အန်တီဖေးသည်
လုအိမ်တော်တွင် အလုပ်လုပ်လာခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် အကြီးအကဲလုဟာ သူမကို အပြင်လူတစ်ယောက်လို မဆက်ဆံပါ။
အန်တီဖေးက
ထိုင်ပြီး အနားယူဖို့ကို လက်ခံလိုက်ပြီး လုလီရှင်း၏ မျက်နှာချင်းဆိုင်တွင်
ဝင်ထိုင်လိုက်သည်။
အဲဒါနဲ့
သုံးယောက်လုံးဟာ ဇွန်းကိုကိုင်ထားနေသော လုလီရှင်းကို ကြည့်နေခဲ့သည်။
“သခင်လေး ဘာများဖြစ်လို့လဲ။ ဒီနေ့ အန်တီဖေး ချက်ပြုတ်ပြင်ဆင်ထားတဲ့
ဟင်းတွေကို မကြိုက်လို့လား။”
လုလီရှင်းက
ပြုံးပြလိုက်ပြီး ”မဟုတ်ပါဘူး” ဆိုပြီး ပြောပြလိုက်သည်။
-- “အချိန် နှစ်မိနစ်သာ
ကျန်ရှိပါတော့သည်။”
လုလီရှင်းသည်
အသက်ပြင်းပြင်း ရှူလိုက်သည်။ ဟင်းချိုကို ဇွန်းအပြည့် ခပ်လိုက်ပြီး ကျီချင်းချင်း၏
ပါးစပ်နားသို့ ယူလာခဲ့သည်။ “ပါးစပ်ဟ အာ...”
ကြောင်သွားတဲ့
ကျီချင်းချင်းဟာ သူ့ကိုကြည့်ပြီး ခေါင်းထဲတွင် မေးခွန်းများစွာ ထွက်ပေါ်လာခဲ့သည်။
ဒါက အရမ်းပိုလွန်းသွားပြီ မဟုတ်ဘူးလား။
လုလီရှင်းသည်
အလေးအနက် တောင်းဆိုလိုက်သည်။ “ပါးစပ်ဟ...”
ကျီချင်းချင်းသည်
သူမ၏ မခံမရပ်နိုင် ဖြစ်နေသောစိတ်ကို မျိုသိပ်လိုက်သည်။ အကြီးအကဲလုနှင့်
အန်တီဖေးတို့၏ စိတ်ကျေနပ်နေသော အကြည့်များအောက်တွင် သူမပါးစပ်ကို ဖြေးဖြေးချင်း
ဖွင့်ဟလိုက်သည်။
ဇွန်းအပြည့်ဖြင့်
ခွံ့ကျွေးခြင်းခံရသော ကျီချင်းချင်းအား လုလီရှင်းသည် ညင်သာစွာ မကျွေးခဲ့မိပါ။
ဟင်းချိုကို
သူမ မျိုချပြီးနောက်တွင် နောက်ထပ်ဇွန်းအပြည့်ကို ထပ်ပြီး
ခွံ့ကျွေးခံလိုက်ရပြန်သည်။
ထပ်ပြီးတော့လား...
အဘိုးလုနှင့်
အန်တီဖေးတို့ နှစ်ယောက်စလုံး သူတို့နှစ်ယောက်အား ကြည့်နေခဲ့ကြသည်။
ကျီချင်းချင်းသည်
လုလီရှင်း သူမကို နောက်တစ်ကြိမ် ဟင်းချို ထပ်ခွံ့ကျွေးမှာကို သူမ လန့်ကာ
ကြက်သီးတွေထနေခဲ့သည်။ လုလီရှင်း သူမ အနားသို့ ဇွန်းဖြင့် ခွံ့ကျွေးရန်
အနားကပ်လာသည့်အချိန်မှာပဲ လုလီရှင်းလက်ထဲမှ ပန်းကန်အား အမြန်လှမ်းဆွဲကာ သူမက
အပြုံးလေးဖြင့် ပြောလိုက်သည်။ “ကျွန်မ ကိုယ့်ဘာသာပဲ သောက်လိုက်တော့မယ်”
လုလီရှင်းသည်
ဟင်းချိုပန်းကန်ကို လက်မလွတ်ပေးပဲ ဇွန်းနှင့်သာ ခွံကျွေးရန် လုပ်လိုက်သည်။ သူသည်
ဟင်းချိုကို သူမနှုတ်ခမ်းအနားသို့ မဖိတ်မစင်ပဲ သယ်လာခဲ့ပြီး သူမပါးစပ်
ဖွင့်ဟမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
“တကယ်ပါပဲ၊
ကျွန်မ ကိုယ့်ဘာသာပဲ သောက်လိုက်ပါ့မယ်ဆို။”
“ပါးစပ်ဟ”
အကြီးအကဲလုနှင့်
အန်တီဖေးတို့၏ အရမ်းပြင်းပြနေသော အကြည့်အောက်တွင် ကျီချင်းချင်းသည် သူမပါးစပ်ကို
ဖွင့်ဟကာ ဟင်းချို နောက်တစ်ဇွန်းကို သောက်လိုက်ရသည်။
သူမသည်
လုလီရှင်းကို အဓိပ္ပါယ်အပြည့်ပါဝင်သော အကြည့်ဖြင့် လေးနက်စွာ ကြည့်လိုက်သည်။
တော်သင့်ပြီ။ တော်လောက်ပြီ။ သူမ ထပ်သည်းမခံနိုင်တော့ဘူး။
သို့သော်
လုလီရှင်းက လျစ်လျူရှုပြီး သူမနှုတ်ခမ်းနားသို့ ဇွန်းကိုတေ့လိုက်သည်။
သူမ
ပါးစပ်ကိုဟပြီး နောက်တစ်ခါ ထပ်သောက်ရပြန်သည်။
--
“တာဝန် ပြီးမြောက်သွားပါပြီ။ မင်းဘဝသက်တမ်းထဲကို ၅မှတ်
ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် ၁၆နာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
လုလီရှင်းသည်
ဟင်းချိုပန်းကန်လုံးနှင့် ဇွန်းကို ဘေးသို့ ချလိုက်သည့်အချိန်တွင်
ကျီချင်းချင်းသည် ခေါင်းငုံ့ကာ ချောင်းဆိုးလိုက်သည်။ သူမသည် ဟင်းချိုသောက်လိုက်ခြင်းကြောင့်
သီးသွားခြင်း ဖြစ်သည်။