အခန်း
(၅၈)
အန်တီဖေးသည်
ကျီချင်းချင်းအား လက်သုတ်ပဝါတစ်ထည်ကို အပြေးအလွှား သွားယူပေးပြီး ကျီချင်းချင်းရဲ့
နောက်ကျောကို ပုတ်ပေးရန် လုလီရှင်းအား မျက်နှာရိပ် မျက်နှာကဲဖြင့်
အချက်ပြလိုက်သည်။
လုလီရှင်းက
သူ့လက်ကိုမြှောက်ပြီး သူမနောက်ကျောကို ဖြေးဖြေးလေး ပုတ်ပေးလိုက်သည်။ “မင်း သက်သာလာရဲ့လား။”
ကျီချင်းချင်းသည်
အပြင်းအထန် ချောင်းဆိုးပြီးနောက်မှာတော့ တဖြေးဖြေး သက်သာလာခဲ့သည်။ သူမ
သက်ပြင်းချပြီး ပြောလိုက်သည်။ “ကောင်းလာပါပြီ။”
ထိုသို့ပြောပြီးနောက်
သူမသည် လုလီရှင်းကို စိုက်ကြည့်လိုက်သည်။ ဒီလိုမျိုး ရိုမန့်တစ်ဆန်တဲ့
ချစ်ခြင်းမေတ္တာမျိုးကို ပြသနိုင်တဲ့ သူ့လိုမျိုး ဒီကမ္ဘာပေါ်မှာ
ရှိနိုင်ပါဦးမလား။ သူမ ဟင်းချိုနင်ပြီး သေလုနီးပါးဖြစ်သွားခဲ့ရသည်။
“ဟုတ်ပြီ စားကြရအောင်။” အကြီးအကဲလုက သူ့မြေးကို တစ်ချက်ကြည့်လိုက်သည်။ “အရမ်း အကျည်းတန်တာပဲ။”
ဝမ်းသာအားရစွာ
မျှော်လင့်အပြည့်ဖြင့် ကြည့်နေသော အန်တီဖေးက ကျီချင်းချင်းကို ပြုံးကြည့်နေခဲ့သည်။
သူမသည် လုလီရှင်းဘေးနားတွင် ထိုင်နေသော ကျီချင်းချင်းကို ကြည့်ရင်း အကျိုးအကြောင်း
မရှင်းပြတတ်သည့် ခံစားချက်မျိုးကို ခံစားနေမိသည်။
“သခင်မလေး မင်းအတွက် သခင်လေးရဲ့အခန်းထဲမှာ စီစဥ်ပေးထားတယ်။
မိန်းကလေးတစ်ယောက်မှာ သေချာပေါက် အဝတ်အစား အများကြီး ရှိမှာဖြစ်သည့်အတွက်
အဝတ်ဗီရိုကို ကျယ်ကျယ်ဝန်းဝန်းလေး လုပ်ပေးထားပါတယ်။ သခင်လေးရဲ့
မလိုအပ်တဲ့ပစ္စည်းတွေ ဖယ်ထုတ်လိုက်တော့ သခင်မလေးအတွက် အဝတ်လဲခန်းနေရာတစ်ခု
ရရှိသွားတယ်။”
“ကျေးဇူးတင်ပါတယ် အန်တီဖေး”
“ရပါတယ်ကွယ်”
“ဒါပေမဲ့ သခင်လေးရဲ့ လက်ရှိ အိပ်နေတဲ့ခုတင်က လူနှစ်ယောက်အတွက်
အရမ်းကျဉ်းလွန်းတယ်။ ရက်အနည်းငယ်လောက် စောင့်ပါ။ ဒီထက် ပိုကြီးတဲ့ခုတင်ကို
တစ်ယောက်ယောက်ကို မှာခိုင်းထားပေးပါ့မယ်။ သခင်မလေးနဲ့ သခင်လေးက ဒီည အတူ
အိပ်လို့ရပါလိမ့်မယ်။”
သူမနှင့်
စကားပြောပြီးနောက်မှာပဲ အန်တီလုက အကြီးအကဲလုနှင့် သွားတိုင်ပင်တော့သည်။ “အကြီးအကဲလု ဒီဗီလာက လူတစ်ယောက် ထပ်တိုးလာတာကြောင့် လူစည်ကားသွားသလို
ခံစားရတယ်။ bishu bay မှာရှိတဲ့
ဗီလာကို ကျွန်မတို့ ဘယ်လိုရှင်းကြမလဲ။”
အကြီးအကဲလုက
ထိုကိစ္စကို စဉ်းစားထားခဲ့ပြီးဖြစ်သည်။ “မင်း သွားလုပ်နိုင်ပါတယ်။ အခုလုပ်သည်ဖြစ်စေ နောက်မှလုပ်သည်ဖြစ်စေ
ဘယ်လိုပဲဖြစ်ဖြစ် ရှင်းရမှာပါပဲ။”
“ဟုတ်ပါပြီ အဲဒါဆို ကျွန်မ မနက်ဖြန် သွားလုပ်လိုက်ပါ့မယ်။”
ကျီချင်းချင်းသည်
သူမ၏ ၄၅ ကီလိုသာရှိသည့် ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
အရမ်းစည်ကားလာတာလား။ အရမ်းစည်ကားလာတာ မဟုတ်ဘူးလားလို့ ဟုတ်တယ်မလား။
နေ့လည်စာစားပြီးသွားချိန်တွင်
ကျီချင်းချင်းသည် ဧည့်သည်ခန်းသို့သွားပြီး သူမ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို
ထုတ်ပိုးခဲ့သည်။ သူမတွင် တစ်ကိုယ်ရေသုံးပစ္စည်းတွေက ထင်သလောက် များများစားစား
မရှိပါ။ သူမ လုအိမ်တော်ကို ကမန်းကတန်း လိုက်လာခဲ့ရသောကြောင့် သူမ၏ ပိုင်ဆိုင်မှုအများစုက
မြို့ထဲက တိုက်ခန်းမှာပင် ကျန်ရှိနေသေးသည်။ သူမ အချိန်ရရင် သွားပြန်ယူရမည်
ဖြစ်သည်။
သူမ
ထုတ်ပိုးလို့ ပြီးဆုံးသွားချိန်တွင် သူမဖုန်းက ရုတ်တရတ် ဖုန်းသံမြည်လာခဲ့သည်။
သူမဖုန်းကို
ကြည့်လိုက်ချိန်တွင် သူမကို ဖုန်းခေါ်ဆိုသူမှာ ချင်းယွဲ့ဖြစ်နေသည်။
ကျီချင်းချင်းသည်
ပြတင်းပေါက်နားသို့ သွားပြီး ဖုန်းကိုင်လိုက်သည်။ “အကိုချင်း ဘာလို့ ဖုန်းခေါ်တာလဲ။”
ချင်းယွဲ့၏
စိတ်အခြေအနေဟာ ကောင်းနေသည့် ပုံမပေါ်ပါ။ သူ့အသံက မှုန်ကုပ်ကုပ်နဲ့ တော်တော်လေး
စိတ်ဆိုးနေပုံပေါ်သည်။ ”ကုမ္ပဏီ အထက်လူကြီးပိုင်းက မင်းကို ရှန်းဝေဝေနဲ့ တရားရင်ဆိုင်ဖို့ကို
ရုတ်သိမ်းလိုက်ပါဆိုပြီး အမှာစကား ပြောခိုင်းလိုက်တယ်။”
“အထက်လူကြီးပိုင်းလား၊ ဘယ်အထက်လူကြီးပိုင်းကလဲ။”
“ထျန်းယွိအင်တာတိန်းမန့်ရဲ့
အထက်လူကြီးပိုင်း”
ထိုအချိန်တွင်
လုလီရှင်းက အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။
ကျီချင်းချင်းက
လုလီရှင်းကိုမြင်ပြီး ပြုံးလိုက်သည်။ အဲ့ကုမ္ပဏီရဲ့ ရာထူးအမြင့်ဆုံးလူက
ငါ့အခန်းထဲမှာ ရပ်နေတဲ့လူ မဟုတ်ဘူးလား။
“ရုတ်သိမ်းပေးရမယ်။ ဘာဖြစ်လို့ ရုတ်သိမ်းပေးရမှာလဲ။”
“ဒီကိစ္စက ဒီထက်ပိုကြီးသွားရင် ကုမ္ပဏီအတွက် မကောင်းဘူး။ ဒီကိစ္စက
နားလည်မှုလွဲတာပါလို့ပြောပြီး ကုမ္ပဏီ အထက်လူကြီးပိုင်းက မင်းကို ဒီကိစ္စ
မေ့ပြစ်လိုက်ဖို့ ငါ့ကိုပြောခိုင်းလိုက်တယ်။”
“မေ့ပြစ်ရမယ်လား။” ကျီချင်းချင်းက ရယ်လိုက်သည်။”အစ်ကိုရှန်း ဒီကိစ္စကို ရှန်းဝေဝေဖက်က နောက်မဆုတ်ခဲ့တာလို့ ငါ
မမှတ်မိဘူးလို့များ ထင်နေကြတာလား။”
“ငါထင်တာက...” ချင်းယွဲ့စကားမဆုံးခင်မှာပဲ သူ့ဖက်မှ ငြိမ်သွားခဲ့သည်။
ခဏအကြာတွင်
အထက်စီးဆန်သော အသံတစ်ခုကို ဖုန်းထဲမှ ကြားလိုက်ရသည်။ ”ကျီချင်းချင်း ရှန်းဝေဝေနဲ့ ဖြစ်ခဲ့တဲ့ကိစ္စကို မင်းမှာ
လက်လွှတ်ပေးဖို့ ဆန္ဒရှိရင် ဒီကိစ္စက ဒီမှာပဲ ပြီးဆုံးသွားလိမ့်မယ်။ ပြီးတော့
ငါကလည်း မင်းကို ထောက်ခံချက်နှစ်ခု ပေးနိုင်တယ်။ မင်း ရှန်းဝေဝေကို
တရားစွဲဆိုမယ့်ကိစ္စကို မရုတ်သိမ်းပေးရင် မင်းကို ငါ့အဆက်အသွယ်တွေ အကုန်သုံးပြီး
နာမည်ပျက်စာရင်းထဲ သွင်းပြစ်မယ်!”
“ကျွန်မကို နာမည်ပျက်စာရင်းသွင်းမယ် ဟုတ်လား။ ရှင်က ဘယ်သူလဲ။”
“ကုရှောက်ယွီ”
“ကုရှောက်ယွီလား”
သူမ
သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သော် မောက်မာပြီး အထက်စီးဆန်သောအသံသည်
ကုရှောက်ယွီ၏ အသံဖြစ်သည်ကို သူမ မှတ်မိသွားခဲ့သည်။
ကျီချင်းချင်းသည်
ထိုနာမည်ကိုကြားပြီး သူမ အရင်တုန်းက ပတ်သက်ခဲ့ဖူးတာတွေကို ပြန်တွေးကြည့်ကာ
ရယ်ချင်စိတ်များ ဖြစ်လာခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး သူမစိတ်ထဲတွင် “စိတ်ဆန္ဒပြင်းပြနေတဲ့ဇာတ်ပို့ပါလား” ဆိုသည့် နက်ရှိုင်းသည့် ထင်မြင်ချက်တစ်ခု ရှိသည်။