အခန်း၅၉
Viewers 14k

အခန်း (၅၉)

 

သူမ မှတ်မိနေခဲ့တာသာ မှန်‌မယ်‌ဆိုရင် ဒီလူ ကုရှောက်ယွီဟာ မူလပိုင်ရှင်နှင့် အပျော်တွဲခဲ့သည့် ငပျင်းဖွတ်တစ်ကောင်သာ ဖြစ်သည်။ မူလပိုင်ရှင်က ရှန်းဝေဝေကို ခြိမ်းခြောက်သည့် အပြုအမူ ပြုလုပ်ခဲ့သည်ကို မြင်တွေ့ခဲ့ပြီးနောက်တွင် သူ့နှလုံးသားထဲတွင် ရှန်းဝေဝေကို ကာကွယ်ပေးလိုသော ပြင်းပြသည့် စိတ်ဆန္ဒ ပေါ်ထွက်လာခဲ့သည်။ မူလပိုင်ရှင်ကို ကန်ထုတ်ပစ်ခဲ့ရုံ သာမက ကျီချင်းချင်းသည် သူ့ရဲ့ရည်းစား မဟုတ်ကြောင်း လူသိရှင်ကြား အသိပေးခဲ့သည်။ သူမသည် သူ့ရဲ့ ဆော့ကစားစရာ အရုပ်တစ်ခုအပြင် မပိုဘူးဟု လူတိုင်းကို ပြောခဲ့သည်။ ထိုအချိန်မှစ၍ သူသည် ရှန်းဝေဝေကို အရိပ်ထဲမှ ကာကွယ်ပေးသူတွေထဲမှ တစ်ယောက် ဖြစ်‌လာခဲ့သည်။ သူက ရှန်းဝေဝေကို ဧကရီတစ်ပါးလို ဆက်ဆံခဲ့သည်။ သူက အမှန်တကယ်ကိုပဲ စိတ်ဆန္ဒပြင်းပြနေသည့် ဇာတ်ပို့တစ်ယောက် ဖြစ်သည်။

 

ထွီ!

 

ကျီချင်းချင်းသည် လုလီရှင်း၏ အနားသို့ ပြေးသွားလိုက်သည်။ ခင်ပွန်းရေ တစ်ယောက်ယောက်က ကျွန်မကို နာမည်ပျက်စာရင်းထဲ သွင်းမယ်တဲ့! သူမသည် ဖုန်းအနားသို့ ကပ်ပြီး အသံအကျယ်ကြီးဖြင့် ပြောလိုက်သည်။ ကျွန်မအရမ်းကြောက်တာပဲ။

 

-- “မင်းဘဝသက်တမ်းထဲကို ၁မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် ၁၇နာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”

 

လုလီရှင်းက သူမကို တွန်းထုတ်လိုက်သည်။ ပုံမှန်အတိုင်းပဲ ပြော!

 

ကျီချင်းချင်းက နှုတ်ခမ်းစူလိုက်သည်။

 

တစ်ဖက်က ဖုန်းကလည်း တိတ်ဆိတ်သွားခဲ့သည်။

 

၅စက္ကန့်ခန့်ကြာသော်...

 

ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည့်အသံတစ်ခု ထွက်လာခဲ့သည်။ ကျီချင်းချင်း  ဒီလိုဂုဏ်သိက္ခာမရှိတဲ့မိန်းမ! ငါတို့ လမ်းခွဲခဲ့တာဖြင့် မကြာသေးပဲ အသစ်‌တစ်ယောက် တွေ့သွားပြီ ဟုတ်လား။

 

ခင်ပွန်းရေ ဒါကိုကြားရလားဟင်။ ကျွန်မရဲ့ ရည်းစားဟောင်းက ကျွန်မကို နာမည်ပျက်စာရင်း သွင်းမယ်လို့ ပြောနေတယ်!

 

-- “မင်းဘဝသက်တမ်းထဲကို ၁မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် ၁၈နာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”

 

လုလီရှင်းသည် သူ့မျက်ခွံကို အပေါ်သို့ လှန်လိုက်ပြီး ပြောလိုက်သည်။ ကိုယ် ကြားတယ်

 

ဟဲ့ ကုရှောက်ယွီ ငါ့ခင်ပွန်းက သူသိပြီလို့ပြောတယ်။ ငါ့ခင်ပွန်း ငါ့ကို အထင်မလွဲစေချင်ဘူး။ နောက်ဆို ငါ့ကိုဖုန်းခေါ်ပြီး ငါ့အချိန်တွေကို လာမဖြုန်း‌နဲ့။ ဒါပဲ!

 

-- “မင်းဘဝသက်တမ်းထဲကို ၂မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် နာရီ ၂၀ကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”

 

ခဏနေဦး! ကျီချင်းချင်း မင်းရဲ့ သကြားဖေဖေက ဘယ်သူဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ မင်း လူတိုင်းကို ပတ်မေးကြည့်သင့်တယ်။ ငါ့နာမည်ကို ကြားတာနဲ့ ငါ့ဘက်က မလိုက်ပေးတဲ့လူ ဒီလောကမှာ ရှိလို့လား။ ငါသာ မင်းကို နာမည်ပျက်စာရင်း သွင်းလိုက်မယ်ဆိုရင် မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး။ မင်း တရားစွဲထားတာကို ရုတ်သိမ်းလိုက်ဖို့ ငါအကြံပေးချင်တယ်။ မင်းဘက်က ရုတ်သိမ်းပေးမယ်ဆိုရင် မင်းကို ထောက်ခံချက် ၂ခုနဲ့ ၁၀သန်းပေးမယ်။ ဝေဝေကို ထပ်ပြီး အနိုင်မကျင့်နဲ့တော့ နားလည်လား။

 

၁၀သန်းလား။ နင် သူတောင်းစားကို စွန့်ကြဲပေးကမ်းတယ်လို့ တွေးနေတာလား။ အရင်တုန်းက ရှန်းဝေဝေ ငါ့ကိုတရားစွဲမယ်လို့ ခြိမ်းခြောက်တုန်းက သန်း၂၀ မရမက တောင်းခဲ့တယ်။ ကုရှောက်ယွီ မိန်းမလှလေး တစ်ယောက်အတွက် မခံရပ်နိုင် ဒေါသထွက်ပြနေတဲ့ သူရဲကောင်းတစ်ယောက် ပုံဖမ်းမနေနဲ့တော့။ အခု ငါက ပိုက်ဆံအများကြီးရှိတဲ့ မိန်းမတစ်ယောက် ဖြစ်နေပြီ။ ဒီအတိုင်း စောင့်နေလိုက်လို့ ရှန်းဝေဝေကို သွားပြောလိုက်။ သူ့ကို တရားစွဲကိုစွဲမှာ! သူ့ကို ဘယ်သူမှ ကယ်လို့မရတော့ဘူး။

 

ထိုစကားများပြောပြီးနောက် ကျီချင်းချင်းဘက်မှ ဖုန်းကို အရင်ချလိုက်သည်။

 

သက်သေများနှင့် အကြောင်းပြချက်များစွာ သူမဘက်မှာ ပိုင်ဆိုင်ထားတော့ ဒီကိစ္စကို သူမ ရင်ဆိုင်ဖို့ ကြောက်လန့်စိတ် တစ်စုံတစ်ရာမျှ ရှိမနေခဲ့ပါ။

 

အခန်းထဲတွင် အရမ်းတိတ်ဆိတ်သွားသည်မှာ အပ်ပြုတ်ကျသံတောင် ကြားနိုင်တဲ့အထိပါပဲ။

 

ကျီချင်းချင်းသည် သူမကို စိုက်ကြည့်နေတဲ့ လုလီရှင်းကို ပြုံးပြ‌နေပြီး အဲဒါကို ကြားလိုက်လား။

 

လုလီရှင်းက ခေါင်းညိတ်လိုက်သည်။

 

ကျီချင်းချင်း သူ့ကို မျှော်လင့်တကြီး ကြည့်လိုက်ကာ ဒါဆို ရှင့်ရဲ့ပါးစပ်ကိုသုံးပြီး ဒီပြဿနာတွေကို ကျွန်မအတွက် ဖြေရှင်းပေးလို့ရမလား။

 

အင်း ကိုယ် ဖြေရှင်းပေးမယ်။

 

ကျီချင်းချင်းသည် လုလီရှင်း စိတ်ရင်းနဲ့‌ ပြောသည့်စကားကိုကြားပြီးနောက် သူမမျက်နှာပေါ်တွင် အပြုံးမပျက်နိုင် ဖြစ်နေခဲ့သည်။ ဒါပေမယ့် ဒီကိစ္စအတွက် အမြဲတမ်း အပေးအယူဆိုတာ ရှိတယ်။ မင်းက ကိုယ့်ပါးစပ်ကို သုံးချင်တယ်ဆိုရင် မင်းပါးစပ်ကိုလည်း ကိုယ့်ကို ပြန်ပေးဆပ်တဲ့အနေနဲ့ သုံးရမယ်။

 

ကျီချင်းချင်းသည် အံ့သြထိတ်လန့်မှုကြောင့် အေးခဲသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူမမျက်နှာဟာ နီလာခဲ့သည်။ သူမသည် အရှက်ခွဲခံရ‌တာထက် သေတာက ပိုကောင်းတယ်ဟု သူမရဲ့ ဒေါသထွက်နေသည့် လုလီရှင်းကို စိုက်ကြည့်နေခဲ့သည်။ သူမအကြည့်များသည် ခံပြင်းဒေါသထွက်နေသည့် အရိပ်အယောင်များ တောက်လောင်နေသည်။

 

အရှက်မရှိတဲ့ လူဆိုးကောင်!!

 

လုလီရှင်း:????

 

စာရေးသူမှာ ပြောစရာ ရှိပါတယ်

အနှစ်သုံးဆယ်ကြာ စင်ဂယ်ခွေးတစ်ကောင် ဖြစ်နေသည့် လုလီရှင်းသည် အဓိပ္ပါယ်နှစ်မျိုးထွက်သည့် ဆိုလိုရင်းကို နားလည်ရန် လုံးဝရှုံးနိမ့်သွားသည်။