Chapter 100.2
ဤအရက်မှာ နှစ်ချို့လွန်းတာကြောင့် များစွာသောယစ်မတ်မင်းစည်းစိမ်တို့အား ခံစားနိုင်၏။ သူက အလွန်အမင်း စပ်သည့်ဘက်သို့သွားသော်လည်း သောက်ပြီးသည်တွင် မယုံနိုင်စရာကောင်းလှပေသည်။ လင်းရုဖေး ခွန်းလွန်တောင်ပေါ်တွင် သောက်ဖူးသည့်အရက်ကောင်းများစွာမှာ သူ့ရှေ့မှ ခွက်လောက်ပင် မကောင်းချေ။ ကုရွှမ်းတုမှာ နောက်တစ်ခွက်ထပ်ထည့်ပေးလာမည်မဟုတ်မှန်း သိသဖြင့် လင်းရုဖေးက ကျန်သည့်တစ်ဝက်အား ဂရုတစိုက် နည်းနည်းစီစုပ်သောက်ရလေသည်။ သူ၏တဖြေးဖြေးမူးလာသည့် မျက်လုံးများက ယစ်မူးရီဝေလာကာ ပါးမို့ဖျော့ဖျော့ထက်မှာ အနီရောင်ပြေးနေ၏။
သူက မူးလာပြီဖြစ်၍ စကားများစွာပြောလာသည်။ မကြာမီပင် သူက ကုရွှမ်းတုအား အရေးမပါသည့် စိတ်ရှုပ်ဖွယ် အသေးအဖွဲလေးများကို စတင်တိုင်တန်းတော့သည်...သူက ဝမ်ယောင်မှ သောက်သုံးရန်ညွှန်ကြားထားသည့် ဆေးအညွှန်းများမှာ သောက်ရန်ခက်ခဲလှကာ နှလုံးသားအထိပါ ခါးသက်လေကြောင်းပြောလာ၏။ သူက ဖူဟွားနှင့်ယွီရွေ့တို့မှာ သူ့အားအမြဲတင်းတင်းကျပ်ကျပ် စောင့်ကြည့်နေပြီး ဆေးအားသွန်ပစ်ရန် အခွင့်အရေးလေးပင် ပေးမလာသည်အား တကျီကျီပြောလာသည်။ အဆိုးဆုံးသည်က နှစ်ဦးစလုံးက သူ့တွင် စိတ်ကယောင်ချောက်ချားရှိနေသည်ဟု ယုံကြပြန်သည်။ ပြီးသည်တွင် သူက ကုရွှမ်းတုအား သူသည်ကပ်စေးနည်းလွန်းလှကာ အရက်ခွက်ဝက်မျှသာ ထည့်ပေးရန်သာဆန္ဒရှိကြောင်း အပြစ်တင်လာ၏။ သူက သူ့အားနည်းနည်းထပ်ထည့်ပေးမည့် ပို၍ရက်ရောသည့် အကြီးအကဲအား ရှာချင်နေပေသည်....။
ကုရွှမ်းတုက လက်ဆန့်ထုတ်ကာ လင်းရုဖေး၏ လက်ကောက်ဝတ်လေးအား ဆုပ်ကိုင်လိုက်ရင်း မေး၏။
"ဘယ်အကြီးအကဲကိုများ ရှာတော့မလို့လဲ..."
လင်းရုဖေးက ဖြေသည်။
"ရှာမှာ...သောက်ဖို့သေရည်များများပေးမယ့်သူကို ရှာမှာ.."
ကုရွှမ်းတုက မေးခွန်းထုတ်၏။
"ဒါက ကိုယ် မင်းကို သောက်ဖို့ သေရည်မပေးတော့လို့မလား"
လင်းရုဖေးက နာနာခံခံဖြင့် ခေါင်းညိမ့်ပြလာ၏။
ကုရွှမ်းတုက ရယ်နေရင်းဖြင့်ပင် ဒေါသထွက်လာရတော့သည်။သူက ထိုသူ့အား ဆုပ်ကိုင်ကာ လက်မောင်းထဲသို့ ဆွဲယူလိုက်၏။လင်းရုဖေးသည်။ ကျန်းမာရေးက ကလေးဘဝကပင် ချို့တဲ့လှ၍ ခန္ဓာကိုယ်အရွယ်အစားမှာလည်း ကုရွှမ်းတုထက် များစွာပိန်သွယ်သည်ကြောင့်ပင် ဖြစ်ရမည်။ သူ၏အရိုးတည်ဆောက်ပုံသည်လည်း ကြီးထွားခြင်းမရှိကာ ကုရွှမ်းတုအဖို့ ထိုသူလေးကို တစ်ကိုယ်လုံးအား လက်မောင်းထဲသို့ စုခေါ်လိုက်နိုင်၏။ ကုရွှမ်းတုရဒ့ ဆွဲယူခြင်းကိုခံလိုက်ရသည့် လင်းရုဖေးမှာ အမှားလုပ်ထားသည့် ကလေးတစ်ယောက်နှယ်။
သူက လည်ပင်းအားတွန့်ကျုံ့ကာ တိုးတိုးလေးပြောလာ၏။
"ခင်ဗျား ဘာလိုချင်လို့လဲ"
သူက ကုရွှမ်းတုမှာ သူ့အားရိုက်တော့မည်ဟု တွေးမိချေသည်။
ကုရွှမ်းတုက မေးလိုက်သည်။
"ရှောင်ကျို့က မူးနေပြီလား"
သူဆိုလိုသည်အား နားမလည်ဟန်ဖြင့် လင်းရုဖေးကကုရွှမ်းတုအား ဗလာဖြစ်စွာကြည့်လိုက်မိသည်။ သို့သော် သူ၏မျက်လုံးကနေတဆင့် သူက ပရမ်းပတာအမူးသမားအရှုပ်ထုတ်လေး ဖြစ်ကြောင်း သက်သေပြနေလေသည်။
သူက ကုရွှမ်းတုအားကြည့်ရန် ခေါင်းစောင်းလိုက်ပြီးနောက် ခေါင်းခါပြလိုက်သည်။
"ကျွန်တော် မမူးသေးပါဘူး...ကျွန်တော်က ကောင်းကောင်းသောက်နိုင်တဲ့သူပါ"
ကုရွှမ်းတုက လင်းရုဖေးအား ကြည့်လိုက်လေသည်။သူ၏မျက်လုံးများမှာ မှေးမှိန်နေပြီးကြည်လင်မှု မရှိချေ။
အချိန်အတော်ကြာပြီးမှ သူက သက်ပြင်းတိုးတိုးချကာ:"မူးသွားတာက အဆင်ပြေပါတယ်"
စကားဆိုနေရင်းနှင့် လင်းရုဖေး၏မျက်လုံးများမှာ မှောင်မိုက်သွားသည်နှင့် မျက်လုံးထက်ရှိအေးစက်နေသည့် လက်အားခံစားလိုက်ရသည်။ သူက စကားပြောရန်ပြင်လိုက်သော်ငြား သူ၏နှုတ်ခမ်းများမှာ နွေးထွေးသည့်အရာတစ်ခုဖြင့် ဖိကပ်ခြင်းခံလိုက်ရသည်။ လင်းရုဖေးမှာ မျက်ရည်များ၀ဲလာပြီး ကုရွှမ်းတုလက်မှ ရုန်းထွက်ရန်ကြိုးစားသော်လည်း သူ့အနောက်ကလက်၏ဖိအားမှာ သူ့အား နေရာတွင်ပင်ငြိမ်ငြိမ်လေးထိန်းထားနိုင်သည်အထိ သန်မာပေ၏။
အနမ်းပေးပြီးသည်တွင် လင်းရုဖေးက ကုရွှမ်းတုလက်မောင်းထဲသို့ အားအင်ချိနဲ့ကာ ကျသွားတော့သည်။ အမှောင်ထုက သူ၏အကန့်အသတ်မဲ့အိပ်စက်ခြင်းအား ခေါ်ဆောင်သွားတော့သည်။ သူက ဖြေးညင်းစွာ မျက်လုံးပိတ်လိုက်ရင်း နက်နက်ရှိုင်းရှိုင်း အိပ်မောကျသွားလေသည်။
ကုရွှမ်းတုက လင်းရုဖေး၏အသက်ရှူသံညင်းညင်းလေးအား ကြားသည့်အခါ လက်ကိုရွေ့လိုက်ရင်း ကြည့်လိုက်သည့်အခါ လင်းရုဖေးရဲ့ မျက်လုံးများပိတ်ကျသွားပြီဖြစ်ကြောင်း တွေ့လိုက်ရချေ၏။ သူက သူ့ပုခုံးပေါ်တွင် လှဲနေရင်း အိပ်မောကျသွားချေပြီ။
“ငါတော်တော် သနားစရာကောင်းပါလား"
ကုရွှမ်းတုက သူ၏အိပ်ပျော်နေသည့် မျက်နှာအား ကြည့်လိုက်ရင်း အသံနိမ့်နိမ့်ဖြင့် သူ့ကိုယ်သူ လှောင်ရယ်လိုက်ကာ : "ကိုယ် မင်းကိုကြည့်လိုက်တဲ့အချိန်တိုင်း တစ်ခါမှလောဘမကြီးတဲ့အချိန်မရှိဖူးဘူး"
ဆံခြည်တစ်မျှင်သော်မျှပင်ဖြစ်ပါစေ သူက လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ထားခွင့်ရချင်မိ၏။
သို့သော်လည်း ဆံနွယ်အားလုံးမှာ သူ၏လက်ချောင်းထဲတွင် ဖြတ်ပြီးလျှောကျနေသဖြင့် ပို၍ တင်းတင်းကျပ်ကျပ် စုပ်ကိုင်ထားမိမှန်း သူ့ကိုယ်သူပင်သတိမထားမိချေ။
****
စာရေးသူမှာ ပြောစရာရှိတယ်~
ကုရွှမ်းတု : မင်း ကိုယ့်ကို ကျေးဇူးတင်သင့်တယ်။
လင်းရုဖေး : ဘာလို့လဲ?
ကုရွှမ်းတု : ကိုယ်ထိန်းလိုက်နိုင်တယ်လေ။
လင်းရုဖေး : တားလိုက်တာ ခင်ဗျားဆိုရင် ကျွန်တော်ကခင်ဗျားထိန်းထားနိုင်ဖို့ တွန်းအားပေးတဲ့ ကျင်းကျန်း [ JJYXC ] ဆင်ဆာလုပ်ငန်းကပေါ့..
ကုရွှမ်းတု : ............
မည်သူက တွေးထားလိမ့်မည်နည်း..ကြောင်ပေါက်လေးများသောက်သည့်နွားနို့[3]အား စာမူအဟောင်းထဲတွင် ရေးထားပေမယ့် ယင်းအား ဆင်ဆာစစ်တဲ့သူထံမှ ဖော်ထုတ်စစ်ဆေးကာ သိမ်းထားလိုက်ခြင်းခံလိုက်ရပေသည် _(:з」∠)_
စာရေးသူ : ဟုတ်ပါပြီ..နွားနို့ထပ်ပြီး မသောက်ကြတာပေါ့...ကြောင်စာလောက်ပဲစားပြီး လုပ်စရာရှိတာဆက်လုပ်ကြတာပေါ့
─────────────────────────────────────────────────
[1] ဒီပုံပြင်တွေကို english versionရှာလို့်မရလို့ပါ ဒါကြောင့် ဒီအတိုင်းကူးထားလိုက်တယ်..တရုတ်ကနေ အင်္ဂလိပ်လိုပြန်ထားတာမို့ သူတို့ကို ဘယ်လိုတိတိကျကျပြောရမလဲမကြံတတ်တော့ ပိုပြီးမှန်မှန်ကန်ကန်သိတဲ့သူတွေ / နာမည်မှားနေတာမျိုးတွေ့ရင် commentလေးတွေချန်ထားပေးခဲ့ပါနော်... 🙂 ↩
Gandharaတိုင်းပြည်ရဲ့ မင်းသားက ဂုဏ်ကျက်သရေနဲ့ကြွယ်ဝမှုကို မနှစ်သက်ခဲ့ပေ. တောင်တန်းတွေမှာ နေချင်၍ ထွက်ပြေးခဲ့ကာ..တောထဲမှာရှိသည့် သူ့ဆရာ၏လေ့ကျင့်မှုနောက်လိုက်ပါလာခဲ့သည်။
မင်းသားနေထိုင်သည့် တောတောင်အောက်မှာ နက်စောက်လှသောချိုင့်ဝှမ်းရှိသည်။ ထိုအချိန်မှာတွင်နက်စောက်လှသည့် ချိုင့်ဝှမ်းထဲတွင် ကျားပေါက်လေးခုနစ်ကောင်မွေးထားပြီး ဆာလောင်နေသည့် ကျားတစ်ကောင်ရှိသည် ..ဆောင်းရာသီက အေးလွန်းလှကာ နှင်းကျနေ၍ မေမေကျားက ပေါက်စလေးများအား သယ်ကာ သုံးရက်ကြာအောင် နက်စောက်လှသည့် ချိုင့်ဝှမ်းအောက်မှာ နေခဲ့သည်။
သို့သော်လည်း နှင်းဆက်ကျနေဆဲဖြစ်ကာ..မေမေကျားနှင့်ကလေးများက စားစရာမရှိဖြစ်နေပြီးချိုင့်ဝှမ်းထဲမှာ ပိတ်မိရင်း သေခါနီးဖြစ်နေ၏.မေမေကျားက ဆာလောင်မှုကြောင့် ကျားပေါက်လေးတွေကိုမျှ စားချင်လာမိသည်။
မသေမျိုးများက ဤမြင်ကွင်းကို မြင်သွား၍ သူတို့က မေးလာသည်:"ဘယ်သူကများ အောက်မှာရှိတဲ့ကျားတွေကိုကယ်ဖို့ ကိုယ့်ခန္ဓာကို စွန့်လွှတ်နိုင်သလဲ"
မင်းသားက ထိုအချိန်တွင် တရားကျင့်နေကာ တရားထိုင်နေရင်းဖြင့် မေးခွန်းကိုကြား၍ သူ့ကိုယ်သူတွေးလိုက်မိသည်:"ကောင်းပြီ..ငါ့ဆန္ဒတွေ ဖြစ်မြောက်လာတော့မယ်"
မင်းသား၏ စကားများထွက်ကျလာသည်နှင့် မန်ဒါလာပန်းများ မိုးကျသလိုကျလာပြီး ကမ္ဘာမြေကြီးတုန်လှုပ်သွား၏။မင်းသားက သမင်သားရေအဝတ်အစားတို့ကို ယူလိုက်ပြီး ခေါင်းပတ်လည်ကို ခြုံလိုက်ရင်း ကျောက်ကမ်းပါးကနေ ခုန်ချလိုက်ကာ ဆာလောင်နေတဲ့ကျားဘေးနား ကျသွားလေသည်။မေမေကျားက ဗုဒ္ဓလမ်းစဥ်ကျင့်ကြံသူ၏ အသွေးအသားအား ရရှိသွားကာ သူမ၏ကျားပေါက်လေးများအား ကယ်တင်လိုက်နိုင်သည်။
[2]ဒုတိယမြောက်ပုံပြင်
သူက ဗုဒ္ဓဖြစ်မလာမီတွင် ဂေါတမမြတ်စွာဘုရားရှင်သည် ခက်ခဲသည့်အလုပ်လုပ်ရသည့် ကာလအား တစ်ကြိမ်ဖြတ်ကျော်ခဲ့ရသည်။ဒဏ္ဌာရီတွင်ရှိခဲ့သည်က တစ်နေ့တွင် လင်းယုန်က ခိုတစ်ကောင်နောက်လိုက်စဥ်တွင် သူက တောထဲတွင် တရားကျင့်နေ၏။ ခိုမှာ ရမ်းကားနေကာ ဂေါတမမြတ်စွာဘုရားအားတွေ့သည်နှင့် အန္တရာယ်မှ လွတ်ကင်းရန်အလို့ငှာ သူ၏အင်္ကျီလက်အတွင်းသို့ ပျံသန်းသွားပေ၏။
သဘာဝအလျောက်ပင် ဂေါတမမြတ်စွာဘုရားက ခို၏အသက်ရှင်လိုသည့်ဆန္ဒအား နားလည်ပေ၏..ထို့ကြောင့် လင်းယုန်အားဆိုလိုက်သည်:"ကျေးဇူးပြုပြီး ခိုကိုသွားခွင့်ပေးလိုက်ပါ...ကောင်းကင်ဘုံမှာ ကောင်းမွန်တဲ့ဘဝအတွက် သူတော်ကောင်းတရားရှိပါတယ်"
သို့သော်ငြား လင်းယုန်က ပြန်ဖြေလိုက်၏:"ကျုပ်သာ ဒီခိုကို လွှတ်လိုက်ရင် ဒီခိုက အသက်ရှင်သွားမယ်..ဒါပေမယ့် ကျုပ်ကတော့ စားစရာမရှိလို့သေရမယ်...ကောင်းမွန်တဲ့ဘဝအတွက် သူတော်ကောင်းတရားက ဘယ်မှာလဲ"
ထို့နောက်တွင်မူ ဂေါတမမြတ်စွာဘုရားက ဆိုချေ၏:"ငါဘုရားက ခိုရဲ့ဘဝအတွက် တူညီတဲ့အသားအလေးချိန်ကို ပေးရန်ဆန္ဒရှိတယ်"
သူက ချိန်ခွင်တစ်ခုကိုယူကာ အခြားတစ်ဖက်တွင် ခိုအားထားလိုက်ရင်း သူ၏ကိုယ်ပိုင်အသားအား ဓါးနှင့်စတင်လှီးဖြတ်လေ၏။ထူးဆန်းစွာပင် ခိုမှာမလေးသော်ငြား ဂေါတမမြတ်စွာဘုရားက အသားများစွာဖြတ်ပြီးတာတောင် ချိန်ခွင်အား ညီမျှရန်မလုပ်နိုင်ဆဲဖြစ်နေ၏။
အဆုံးတွင်ဖြင့် သူက ချိန်ခွင်ထဲသို့ သူကိုယ်တိုင်ခုန်ဝင်လိုက်ပြီးမှ ချိန်ခွင်မှာ ညီမျှသွားလေတော့သည်။သူက မျက်လုံးများအား ပိတ်ထားလိုက်ရင်း ဆိုလာ၏:"တကယ်လို့ ငါဘုရားသာ ငရဲကိုမသွားရင် ဘယ်သူက ငရဲကိုသွားမှာလဲ..မင်းငါဘုရားကို စားနိုင်တယ်"
[3]ဒါဆို ..အမ်..ကျေးဇူးပြုပြီး ကိုယ်သာ ဒီနေရာမှာမှားသွားရင် အမှန်ပြင်ပေးပါနော်..ဒါကိုရှာဖို့ အချိန်အကြာကြီးပေးထားရတာ..သိရတာကတော့ 小奶猫(ကြောင်ပေါက်လေး)က ချစ်စရာကောင်မလေးတွေကို ပြောတာပါတဲ့...ဒါပေမယ့် ဒီမှာက LYFကိုပြောတယ်လို့ ယူဆရတယ်..ပြီးတော့ နွားနို့သောက်တာကလည်း သုတ်ရည်သောက်တာကို ပြောချင်တာ..(ပြောရမှာက နှစ်ခုစလုံးက အဖြူရောင်ပဲမို့....ရှာလိုက်တာ တစ်သက်စာလောက်ကြာသွားတယ်) ဒီနေရာမှာ အရိပ်အခြည်လေးပြောထားတာက စာရေးသူက တချို့***ကိစ္စတွေကို ရေးထားတဲ့အတွက်..သူမရဲ့အခန်းတွေ ဆင်ဆာမိပြီး အပိတ်ခံလိုက်ရပါတယ်တဲ့XD
[ Zu : Uncensored တွေဖတ်ချင်တယ်လေရော် 🤨 ]
_______
Translated By IQ-Team.