အပိုင်း ၁၀၁
Viewers 14k

Chapter 101
တာ့ကျင့် [ ကြီးမြတ်သောကျင့် ]

-------------


နောက်တစ်နေ့၌ အရက်နာကျနေသည့် လင်းရုဖေးမှာ ခေါင်းတွေအုံခဲကိုက်လျက် နိုးလာ၏။ သူက မျက်လုံးများအား ဖွင့်လိုက်သည်နှင် ခေါင်းကွဲမတတ်ကိုက်ခဲနာကျင်မှုအား ခံစားလိုက်ရသည်။ သူက အိပ်ရာထဲတွင်ပင် ခေါင်းအားအုပ်ကိုင်ရင်း တိုးတိုးလေးငြီးငြူနေမိသည်။ အချိန်အတော်ကြာသည်ထိ သူ့မှာထရပ်နိုင်စွမ်းမရှိသေးချေ။

ကုရွှမ်းတုက ဘေးမှသက်ပြင်းချရင်း ပြောလာ၏။

"ရှောင်ကျို့...ရှောင်ကျို့ မင်းသာ အကြီးအကဲစကားကို နားမထောင်ရင် ဝေဒနာခံစားရလိမ့်မယ်နော်"

သို့သော်ငြား သူက လင်းရုဖေးဘေးတွင်ပင် ထိုင်နေဆဲဖြစ်ကာ ထိုသူ့ဦးခေါင်းအား သူ့ရင်ခွင်ထဲထည့်လိုက်ပြီး ညင်ညင်သာသာလေး နှိပ်ပေးကာ နာကျင်နေသောကိုယ်အား သက်သောင့်သက်သာဖြစ်သည်အထိ ပွတ်သပ်ပေးလိုက်သည်။

လင်းရုဖေးက ခပ်ဖြေးဖြေးလေးခံစားနေရသည်နှိပ်နှယ်မှုကြောင့် ငိုက်မျဥ်းလာနေရင်းမှ သူခေါင်းအလွန်ကိုက်ကြောင်းကို တီးတိုးလေးပြောကာတိုင်တန်းလာသည်။

“ကိုယ်ပြောသားပဲ သေရည်က ပြင်းပါတယ်ဆို...မင်းက နားမှမထောင်ဘဲ"ကုရွှမ်းတုက ရေရွတ်လိုက်၏။

လင်းရုဖေးက ဝက်တစ်ကောင်ကဲ့သို့အော်လိုက်ရင်း : "ဒါက အကြီးအကဲရဲ့ သေရည်က အရမ်းမွှေးလွန်းလို့လေ...ကျွန်တော်မှ မခံနိုင်ဘဲ"

ကုရွှမ်းတုက ရယ်မောလိုက်ရင်း : "ဒီလိုဆိုလည်း အခု ကိုယ့်အမှားပေါ့လေ”

ကုရွှမ်းတုက အချိန်တစ်ခုလောက်ထိ သူ၏ကိုယ်အား ရောင်ရမ်းကာ နာကျင်နေသည်မှ သက်သာရန်နှိပ်ပေးလိုက်သည်။ လင်းရုဖေးမှာ ဖြေးဖြေးချင်း အိပ်ရာမှထလာကာ ဆာလောင်နေပြီဖြစ်၍ ဖူဟွားအား ခေါ်လိုက်သည်။

ဖူဟွားက လင်းရုဖေးထမလာသေးကြောင်း သတိထားမိသဖြင့် သူမမှာ စိုးရိမ်နေရသည်။ ယခုတွင် လင်းရုဖေး မှာကြားလာသည်အား ကြားသောအခါ စိတ်သက်သာရာရဟန် သက်ပြင်းတစ်ချက်ချမိပေ၏။ သို့သော်ငြား သူမက အခန်းအတွင်းရှိ မပျက်ပြယ်သေးသည့် သေရည်နံ့အား အာရုံခံမိသဖြင့် သခင်လေး မည်သည်ကြောင့် သောက်နေရသနည်းဟုမေးလာသည်။

လင်းရုဖေးက ဖြေလိုက်၏။ "မနေ့က ငါအိပ်မပျော်လို့လေ..ဒါကြောင့် နည်းနည်းသောက်လိုက်တာ"

“ဒါက နည်းနည်းပဲသောက်ထားတယ်ပေါ့လေ..."

ဖူဟွားက အနည်းငယ်စိုးရိမ်နေမိသဖြင့် နားပူနားဆာလုပ်တော့သည်။

"သခင်လေးက ချောင်းဆိုးနေတုန်း..ဒီသေရည်က ပူပြီးတော့ခြောက်ကပ်တယ်..ဒါကြောင့် ဆေးကိုဖိနှိပ်နိုင်တယ်"

လင်းရုဖေးက ခေါင်းညိမ့်ပြကာ သူနားလည်ကြောင်း​ပြလိုက်၏။သူက ပင်ပန်းနွမ်းနယ်စွာဖြင့် အိပ်ရာအားမှီနေရင်း မနေ့က အပိုတစ်ခွက်အား တောင်းသောက်မိသည်အား စတင်နောင်တရလာမိသည်။ သို့စေကာမူ စက္ကန့်မျှတွေးပြီးသည်တွင် ကုရွှမ်းတုသာသေရည်အခွက်အား ပြန်သိမ်းလိုက်ပါလျှင်လည်း သူက ကုရွှမ်းတုအား နောက်ထပ်ခွက်တစ်ဝက်ထည့်ပေးရန် ပူဆာနေပေလိမ့်မည်။

လူသားများက အာ.. အမြဲတစေ ဝိရောဓိဖြစ်လွန်းကြပေ၏။

ဖူဟွားမှာ လင်းရုဖေးအတွက် အစားအစာများယူလာကာ အမူးပြေစွပ်ပြုတ်လေးပါ ထည့်လာခဲ့သည်။ သူစားနေသည်အားကြည့်ပြီးနောက် သူမက ယွီရွေ့အား ဆေးရည်ကျိုထားသည်အား ယူလာရန်ပြောလိုက်သည်။

လင်းရုဖေးက ဆေးအား မျက်မှောင်ကြုပ်ကာ ကြည့်လိုက်သည်။သို့ရာတွင်လည်း သူ၏အစေခံမလေးများက သူ့အားသိမ်းငှက်တစ်ကောင်ကဲ့သို့ ကြည့်နေသဖြင့် သူ့တွင် ရွေးစရာမရှိပေ။ သူက နှာခေါင်းအားညှစ်၍ ဆေးအားတစ်ခါတည်းအပြီး မော့သောက်လိုက်သည်။ သူက ဤဆေးမှာ သူနေ့တိုင်းသောက်ရင်သော်မျှ ထိရောက်ပါရဲ့လားဆိုသည်အား သူပင် သေချာမသိကြောင်းအသက်ရှူသံလေးဖြင့် တီးတိုးပြောနေ၏။ ဖူဟွားနှင့်ယွီရွေ့မှာ ပြုံးကာ ဘေးမှမည်သည်မျှဝင်မပြောချေ။

မျက်နှာပုံမှန်သစ်ကာ သန့်ရှင်းရေးလုပ်ပြီးသည်တွင် ဖူမိသားစုကျေးရွာမှ ထွက်ခွာရန်ပြင်ကြသည်။

သို့သော်ငြား သူတို့က ရထားလုံးရှိရာ တံခါးဆီသို့လျှောက်လာသည်တွင် ဖူမိသားစုဝင်များစွာနှင့် ဖူရွှေတို့ တံခါးနားတွင်စောင့်နေကြသည်အား တွေ့လိုက်ရ၏။

သူတို့က သူ့အားမြင်ရာတွင် အမြန်နှုတ်ဆက်လာကာ ခေါ်လာသည်။

"လင်းကုန်းဇီ...."

လင်းရုဖေးက အနှီဖူရွှေအပေါ် အမှန်ပင်အမြင်မကြည်ဖြစ်နေကာ သူက အမူအရာမဲ့စွာဖြင့် ဟွန်း...ခနဲပြန်ထူးလိုက်သည်။

ရာသီဥတုမှာ ပူအိုက်နေကာ ဖူရွှေက ဤနေရာတွင် မည်သည့်အချိန်ကတည်းမှ စောင့်နေမှန်းမသိချေ။

သူ၏ခေါင်းထက်တွင် ချွေးဒီးဒီးကျနေပြီး: "လင်းကုန်းဇီ ခင်ဗျား ကျွန်တော့အစ်ကိုကို တွေ့မိသေးလား"

လင်းရုဖေးက ဖြေသည်။

"မတွေ့ဘူး"

“မနေ့က သူကကျွန်တော့်ကို ဓါးတောင်းဖို့လာခဲ့တယ်..ကျွန်တော့်ငယ်သားတွေဆီက ကြားတာတော့ သူက ခင်ဗျားဝန်းထဲ လာသွားတယ်တဲ့"ဖူရွှေက ဆက်သည်။

"ပြောချင်တာက ကျွန်တော် သူပြန်ထွက်လာတာကို မတွေ့ခဲ့ဘူးလို့"

“သူက ဓါးနဲ့ပျံထွက်သွားတာလေ"လင်းရုဖေးက ဗလာဖြစ်စွာ ဖြေလိုက်၏။

“ထွက်သွားတယ်....သူဘယ်လိုများ ထွက်သွားနိုင်တာလဲ"

ဖူရွှေမှာ ဝိဥာဥ်ပျောက်ဆုံးသွားသည့်နှယ် : "ဒါက ..ဒါက ကျွန်တော်တို့ သူပြန်လာတယ်ကြားလို့ မိသားစုက စားသောက်ပွဲတွေပြင်ထားပြီး သူ့ကိုလှိုက်လှိုက်လှဲလှဲကြိုချင်တာကို သူကဘယ်လိုများထွက်သွားရတာလဲ"

“သူဘာလို့ထွက်သွားရလဲဆိုတကို မင်းကငါ့ကိုမေးနေသေးတယ်ပေါ့" လင်းရုဖေးမှာ ထူးဆန်းသည်ဟုတွေးနေမိသည်။

ဖူရွှေမှာ ရှက်ရွံ့စွာ ပြုံးပြလိုက်ရင်း : "ကျွန်တော့်အစ်ကိုက ကျွန်တော့်ကို စိတ်ဆိုးနေလဲ ကျွန်တော်တို့က မိသားစုပဲလေ..တစ်ခုခုသာမှားနေရင် သူဒါကိုပြောလိုက်တာနဲ့..ကျွန်တော်တို့ပြောင်းလဲပေးကြမှာပါ"

လင်းရုဖေးက ဆိုလိုက်သည်။

"ငါက မင်းအစ်ကိုမဟုတ်ဘူး..မင်းဘာလို့ဒါတွေ ငါ့ကိုလာပြောနေရတာလဲ"

သူက အနည်းငယ်စိတ်မရှည်ဖြစ်နေမိပြီး ဖူဟွားအားကြည့်လိုက်၏။ ဖူဟွားမှာ အပြန်အလှန်နားလည်သဘောပေါက်ကာ သူမ၏ကြာပွတ်အား မြောက်လိုက်သည်။

ဖူရွှေက ရှေ့သို့လှမ်းလာကာ သူ့ကိုယ်နှင့် ရထားလုံးအား တားလာမည်ဟုမည်သူကထင်မည်နည်း။

သူက အော်ငိုလိုက်ရင်း : "လင်းကုန်းဇီ...ကျေးဇူးပြုပြီး ကျွန်တော်တို့ဖူမိသားစုကို ကယ်ပါအုံး...ကျွန်တော့်အစ်ကိုမရှိရင် ကျွန်တော်တို့ တကယ်အသက်မရှင်နိုင်ဘူး...ဒီမိသားစုကလူကြီးတွေနဲ့ ကလေးတွေအတွက် ကျွန်တော့်အစ်ကိုဘယ်မှာလဲဆိုတာ ပြောပေးပါအုံး...ဘဝတစ်ခုကိုကယ်တင်တာက ခုနှစ်ဆင့်မြင့်တဲ့ဘုရားကိုတည်တာထက် ပိုကုသိုလ်ရပါတယ်...လင်းကုန်းဇီ ကျွန်တော်တို့ ဖူမိသားစုင်ဒါဇင်လောက်က ခင်ဗျားကို အနူးအညွတ်တောင်းဆိုနေတာပါ"

သူက ဒူးထောက်လိုက်ရင်း မျက်ရည်တောက်တောက်ကျလိုက်သည်နှင့် သူ့အနောက်ရှိလူအိုလူငယ်တို့ကလည်း အတူအော်ငိုလာကြသည်။ ဤမြင်ကွင်းမှာ အလွန်လက်ဖျားခါလောက်အောင်ပင်။

ယခုတွင်မူ လင်းရုဖေးမှာ ဖူယွိဘာကြောင့်တိတ်တိတ်လေးထွက်သွားချင်သည်အား အဆုံးတွင်ဖြင့်နားလည်သွားချေသည်။ ဤကဲ့သို့ မိသားစုကြီးသာ သိသွားပါက သူသည် အသေအချာပင် ထွက်သွားနိုင်မည်မဟုတ်ချေ။

သို့သော်ငြား ဖူယွိမှာ ဖူမိသားစုမှဖြစ်လေ၏။ သူ(FY)က မိသားစုအား အနည်းဆုံး မျက်နှာပြသွားသင့်ပေသည်။ သို့သော်ငြား လင်းရုဖေးမှာဖူမိသားစုနှင့် တော်စပ်မှုမရှိကာ ဖူရွှေအားသူ့ပတ်လည်တွင် တွန်းထိုးတွန်းထိုးလုပ်ခွင့်မပြုနိုင်ချေ။ ထို့ကြောင့် သူ၏မိသားစုနှင့်အတူ လင်းရုဖေးအား ခယနေသည့်ဖူရွှေမှာ သူ့ခေါင်းထိပ်မှနေ အေးစက်ပြီး ချမ်းစိမ့်စိမ့်ဖြစ်လာသည်အား ရုတ်တရက်ခံစားလိုက်ရသည်။ ထို့ကြောင့်သူ မော့ကြည့်လိုက်ရာ ဖူရွှေမှာ တဖိမ့်ဖိမ့်တုန်သွား၏။

သူက လက်ဆန့်ထုတ်၍ သူ့ခေါင်းအား အံ့သြတကြီးထိကြည့်လိုက်သည်။ သူက ဓါးဆွဲထုတ်ထားသည့် လင်းရုဖေးအားကြည့်ရင်း ဦးရေခွံမှဆံပင်တို့မှာ လင်းရုဖေးကြောင့်ပြောင်သွားသည်အား နားလည်သွားသည်။ ထိုသူ၏လက်သာ အနည်းငယ် ပိုနိမ့်လိုက်ပါက ခေါင်းပြတ်သွားမည်ပင်။

“ပထမအကြိမ် သတိပေးတာပဲ"

လင်းရုဖေးက သနားညှာတာမှုမရှိစွာ ပြောလိုက်၏။။

"မင်း စကားတစ်လုံးလောက် ထပ်ပြောရဲရင် ပြောကြည့် နောက်တစ်ကြိမ်ဖြတ်ခံရမှာက မင်းလည်ပင်းဖြစ်သွားလိမ့်မယ်"

ဖူရွှေမှာ ချက်ချင်းပင် ဖြူစုတ်သွားပြီး မြေပေါ်သို့ လဲမကျမီ ထိတ်လိန့်တကြားအော်ဟစ်မိသွားသည်။ သူ့အနောက်ရှိလူများကလည်း လင်းရုဖေးခံစားချက်မကောင်းပုံအား မြင်သည်နှင့် သူတို့အားလုံးက ကြောက်ရွံ့မှုစွာဖြင့် အဝေးသို့ လွှားခနဲထွက်ပြေးကြကုန်၏။

လင်းရုဖေးက ပြောင်းလဲမှုမရှိသောမျက်နှာပြင့် လက်အသာယမ်းပြလိုက်သည်။ ဖူဟွားက အခြေအနေအား မြင်သော် ကြာပွတ်အားရိုက်ချလိုက်ပြီး ဖူမိသားစုဝင်များ၏ဖြူဖတ်ဖြူရော် မျက်နှာများအားကျောခိုင်းကာ ရထားလုံးအား အရှိန်တင်မောင်းနှင်လိုက်သည်။

ရထားလုံးက ဖူမိသားစုအပိုင်နေရာကနေ မောင်းချလာပြီးမှသာလျှင် လင်းရုဖေးက သူတို့သည် အဘယ်ကြောင့် ထိုသို့သဘောထားရှိနေမှန်းအား နားလည်သွားရသည်။ မိုင်ဒါဇင်ခန့်အနည်းအကျင်းအတွင်းမှာပင် မူလစိမ်းစိုနေသော ကောက်ပဲသီးနှံများက သန်းခေါင်ကျော်သည်နှင့် ခြောက်သွေ့ကုန်ကြလေ၏။

စိတ်ဝိဥာဥ်စုဆောင်းခြင်းတည်ဆောက်ပုံရဲ့ အဓိက အချက်အချာအဖြစ်ဖူယွီသာမရှိပါလျှင် ဤကောက်ပဲသီးနှံများမှာ တစ်ညပင်ခံလိမ့်မည်မဟုတ်ချေ။ ဖူမိသားစုကျေးရွာမှာ မြက်တစ်ပင်မျှပင်မပေါက်သည့် ဆားသင့်မြေအဖြစ်သို့ ပြန်လည်ရောက်ရှိသွားရလေသည်။ ဤအချိန်၌ နှစ်ပေါင်းမည်မျှကြာမှ ဒုတိယမြောက်ဖူယွိပြန်လာမည်အား မည်သူမျှမသိကြတော့ချေ။

မဟုတ်..ဘယ်တော့မျှမလာသည်လည်း ဖြစ်နိုင်၏...ယင်းက လင်းရုဖေး၏အတွေးပင်။ ဖူမိသားစုကျေးရွာအား မပြောပြရသည်က တစ်ကမ္ဘာလုံးရှာနိုင်ရင်သော်မျှ သူတို့သည် နောက်ထပ်ဖူယွိလိုလူမျိုးအား ရှာတွေ့နိုင်လိမ့်မည်မဟုတ်ပေ။

လင်းရုဖေး၏စိတ်အခြေအနေမကောင်းသည်အား သတိထားမိ၍ ယွီရွေ့က သူတို့သွားမည့်နောက်ထပ်နေရာအကြောင်း စကားဆိုလာကာ နေရာလေးမှာ အလွန်ပင် အံ့အားသင့်ဖွယ်ကောင်းလှပြီး တစ်တိုင်းပြည်လုံးတွင်လည်း ဘုရားကျောင်းများ အပြည့်ဖြစ်နေသည်ဟု ပြောလာသည်။

လင်းရုဖေးမှာ ဆိုနေကျအတိုင်း မေးလာ၏။

"ဘုရားကျောင်းတွေ...သူတို့က ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်တာလား"

“မဟုတ်ဘူး..သူတို့က ဗုဒ္ဓကို မယုံကြည်ကြဘူး..."

ယွီရွေ့က ပြန်လည်တုံ့ပြန်လိုက်ရင်း : "သူတို့က ကောင်းကင်ဘုံအုပ်ချုပ်သူကို ယုံကြည်ကြတာ"

' ကောင်းကင်ဘုံအုပ်ချုပ်သူ ' ဆိုသည့် အမည်မှာ တိုက်ကြီးအားလုံးနှင့် ကျွမ်းဝင်နေပြီး လင်းရုဖေးမှာ စာအုပ်များထဲတွင် သူ့အကြောင်းဇာတ်လမ်းများ မြင်ဖူးဖတ်ဖူးပေ၏။ သို့သော်ငြား ဇာတ်လမ်းအများစုမှာ ဒဏ္ဌာရီအငွေ့အသက်များရှိကာ နဂါးအားဖြတ်တောက်သည့်လျှပ်စီးကြောင်း[1]စသည်ပုံပြင်ဖြစ်အင်တို့နှင့် အတော်အတန်ဆင်၏။ အမြဲတစေ အစစ်အမှန်ဟု မခံစားရချေ။

ယွီရွေ့က ဆိုသည်။