အခန်း၆၁
Viewers 14k

အခန်း (၆၁)


ငါ ကျန်းမာရေး ပြန်ကောင်းလာပြီ၊ ဒါပေမယ့် ဒီအကြောင်းကို ပြောရမှာ ရှည်တယ်။ ငါ မင်းကို နောက်မှ ဒီအကြောင်းကို ရှင်းပြပေးမယ်။ ငါ မင်းကို ကိစ္စတစ်ခု အကူအညီတောင်းဖို့ ဖုန်းခေါ်လိုက်တာပဲ။” 

“...
ကောင်းပြီ၊ မင်း ဘာလိုချင်တာ ရှိလို့လဲ။” 

လုလီရှင်းသည် လိုရင်းကို တန်းပြောလိုက်သည်။ “ထျန်းယွိအင်တာတိန်းမန့်ရဲ့ အထက်ပိုင်းက ကျီချင်းချင်းနဲ့ ရှန်းဝေဝေတို့ကြားက ပြဿနာကို ဝင်ရောက်စွက်ဖက်နေတယ်လို့ ငါကြားတယ်။ အဲ့တာ ဘယ်သူလဲ။” 

တစ်ဖက်မှလူသည် လုလီရှင်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီးနောက် ပထမဦးဆုံး ဖုန်းခေါ်ဆိုမှုသည် အရေးမပါသော မင်းသမီးနှစ်ဦး၏ ပြဿနာကြောင့် ဖြစ်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ မကြာသေးမီက အဖြစ်အပျက်တွေကို ပြန်တွေးကြည့်မိတော့ ဒီအကြောင်းအား မရေမရာ ကြားမိကြောင်း အမှတ်ရသွားမိသည်။ 

ကျီချင်းချင်းနဲ့ ရှန်းဝေဝေတို့ကြားမှာ တစ်ခုခု ဖြစ်နေတာလား... ဘယ်သူ ဝင်ရောက်စွက်ဖက်တာလဲဆိုတာ ငါလည်း မသိဘူး။ ငါ ဒါကို တစ်ချက် စစ်ဆေးကြည့်လိုက်ဦးမယ်။” 

ဘယ်သူ ဝင်စွက်ဖက်တာလဲ ဆိုတာကို မင်း သိပြီးရင် ငါ့ကို ဖုန်းပြန်ခေါ်စရာ မလိုဘူး။ အဲ့လူလုပ်နေတာကို ချက်ချင်း တားမြစ်လိုက်။ ကျီချင်းချင်းနဲ့ ရှန်းဝေဝေတို့ကြားက ကိစ္စတွေကို ကာယကံရှင် ကြိုက်သလို ကိုင်တွယ်ခွင့်ပေးလိုက်။ ဝင်ရောက်စွက်ဖက်စရာ မလိုဘူး။” 

ချန်ရှုယီသည် လုလီရှင်း၏ ငယ်သူငယ်ချင်းဖြစ်ပြီး အတန်းဖော်ဟောင်းလည်း ဖြစ်သည်။ အတူတူ ကြီးပြင်းလာခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်သည်။ ထို့ကြောင့် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းစွာ နားလည်ကြသည်။ ချန်ရှုယီသည် သူ့သူငယ်ချင်းဖြစ်သူက အမျိုးသမီးတစ်ယောက်အတွက် သူရဲကောင်းလုပ်သည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ဒီတော့ ဘာကြောင့်များ အရေးမပါတဲ့ မင်းသမီးတစ်ယောက်အတွက် အသေးအဖွဲ ပြဿနာကို ကူညီဖြေရှင်းပေးဖို့ သူ့ကို ဖုန်းခေါ်ရတာလဲ။ 
  
ပြီးတော့ သူ မှတ်မိတာ မှန်မယ်ဆိုရင် ဒီမင်းသမီးသည် ချောမောပြေပြစ်သော ရုပ်ရည်သာ ရှိလေသည်။ အများသူငှာရဲ့ မျက်မုန်းကျိုးမှုကို ခံနေရပြီး သူမမှာ တခြား ကောင်းတဲ့အချက်တွေ မရှိပါဘူး။ 

ချန်ရှုယီတွင် မေးလိုသည့် မေးခွန်းများစွာ ရှိသော်လည်း သူသည် ထိုအမေးစကားကို မမေးမြန်းခဲ့ပါ။ လုလီရှင်းသည် ထိုကဲ့သို့ စပ်စုလိုသောလူများကို သဘောမကျကြောင်း သူ နားလည်သည်။ 

ကောင်းပြီ၊ ငါ မင်းအတွက် ဒါကို ဖြေရှင်ပေးမယ်။” 

ဖုန်းချပြီးနောက် လုလီရှင်းသည် ကျီချင်းချင်းကို ကြည့်လိုက်သည်။ “ချန်ရှုယီက ထျန်းယွိအင်တာတိန်းမန့်ရဲ့ ဒုဥက္ကဌပဲ။” 

ကျီချင်းချင်း စိတ်သက်သာရာ ရသွားခဲ့သည်။ 

ဒီပြဿနာသည် မူလက ပြဿနာ ကြီးကြီးမားမား မဟုတ်သော်လည်း ဆူးတစ်ချောင်းလို ဒုက္ခပေးနေခဲ့သည်။ အဓိက ပြဿနာမှာ ထျန်းယွိအင်တာတိန်းမန့်မှ အထက်လူကြီးတစ်ယောက်က ရှန်းဝေဝေအား ကာကွယ်ပေးလိုခြင်းကြောင့် ဖြစ်လေသည်။ မင်းသမီးငယ်တစ်ယောက် အနေဖြင့် သူမမှာ မည်သည့် သြဇာအာဏာမျှ မရှိဘူး။ သူမသည် ထျန်းယွိအင်တာတိန်းမန့်မှ အထက်လူကြီးတစ်ယောက်ကို စော်ကားမိပါက ရှေ့လျှောက် ကြုံတွေ့ရမည့် ထျန်းယွိအင်တာတိန်းမန့်တွင် သူမရဲ့ အနာဂတ်ဟာ အဆင်ပြေချောမွေ့လိမ့်မည် မဟုတ်ကြောင်း သိသာထင်ရှားပါသည်။ 

အနီးအနားတွင် ဖက်တွယ်လို့ ရနိုင်သည့် ပေါင်တစ်ချောင်း ရှိနေတာကို မဖက်တွယ်တာက အမှိုက်ပင် ဖြစ်လိမ့်မည်။ ယခု သူမရဲ့ ဂုဏ်သတင်းကို ကယ်တင်လိုက်တာက အနာဂတ်တွင် ဒူးထောက်ကာ ရှန်းဝေဝေရဲ့ ဖိနပ်များကို သုတ်ရန် ဒီဂုဏ်သိက္ခာကို အသုံးပြုရမည်ဟု ဆိုလိုခြင်းသာ ဖြစ်ပေသည်။ 

အပြုံးလေးဖြင့် ကျီချင်းချင်းက စကားဆိုသည်။ “ကျေးဇူးပါ မစ်စတာလု” 

လုလီရှင်းသည် စာရွက်စာတမ်းများကို ကြည့်ရှုစစ်ဆေးရန် သူ့ခေါင်းကို ငုံ့ထားသည်။ သူက မော့မကြည့်ပဲ စကားဆိုခဲ့သည်။ “မင်း တကယ်ကျေးဇူးတင်တယ်ဆိုရင် ဒီည အိပ်ယာဝင်တဲ့အခါကျရင် မင်းဖက်မှာပဲ မင်းနေပါ။” 

"..." 

ကျီချင်းချင်းရဲ့ အပြုံးဟာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ 

ဒီပျင်းစရာကောင်းတဲ့ လူကတော့... 

--- 

လုလီရှင်းဖုန်းချသွားတာနဲ့ ချန်ရှုယီသည် သူ့လက်ထောက်ကို ဒီအရေးကိစ္စအား စုံစမ်းဖို့ စေလွှတ်လိုက်ကာ ကျီချင်းချင်းရဲ့ အချက်အလက်တွေကို သူ့ကြည့်ဖို့အတွက် ယူလာခိုင်းစေခဲ့သည်။ 

တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျီချင်းချင်း၏ ဂုဏ်သတင်းမှာ မကောင်းမွန်ကြောင်းကို တွေ့ရှိလိုက်ရသည်။ သူမသည် အခွံသက်သက်ချည်းသာ ရှိလေသည်။ 

လွန်ခဲ့သည့် နှစ်အနည်းငယ်မှစတင်၍ ဖျော်ဖြေရေးလုပ်ငန်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် တတိယအဆင့်အထိသို့ ရောက်ရှိလာခဲ့ခြင်းမှာ အရေးကြီးသော ကိစ္စ မဟုတ်ပေ။ အဓိကပြဿနာမှာ ကျီချင်းချင်းသည် ဖျော်ဖြေရေး အသိုင်းအဝိုင်းရှိ လူတိုင်းကို စော်ကားခဲ့ခြင်းပင် ဖြစ်သည်။ 

သူမသည် အခြားသရုပ်ဆောင်များ၏ ပရိသတ်တွေရဲ့ ရန်ငြိုးဖွဲ့မှုကို ခံခဲ့ရရုံသာမက သရုပ်ဆောင်နေရာများအတွက် လာဘ်ထိုးခဲ့သည့်အပြင် ရိုက်ကူးရာတွင်လည်း သူမဒေါသကို မထိန်းသိမ်းနိုင်ပဲ ဒါရိုက်တာများနှင့်ပါ စကားများ ရန်ဖြစ်ခဲ့သည်။ ရှန်းဝေဝေကို တွန်းချသည့် ကိစ္စရပ်အပေါ် သူမ တွန်းချတာ မဟုတ်ကြောင်း အပြစ်မရှိသော ဗီဒီယိုသာ မရှိပါက သူမသည် ဒီလောကထဲမှ စုံးစုံးမြှုပ်ပျောက်ကွယ်သွားရမည် ဖြစ်သည်။ 

ဒီအမျိုးသမီးသည် လုလီရှင်းရဲ့ စိတ်ဝင်စားမှုကို မည်ကဲ့သို့ ဖမ်းစားခဲ့သနည်း။ 

လုလီရှင်းက သူမကို ဘာကြောင့် သဘောကျသွားရတာလဲ။ 

ကားမတော်တဆမှုကြောင့် သူ့ဦးနှောက် ထိခိုက်ပျက်စီးသွားတာလား။ 

ဒုဥက္ကဌချန် ကျွန်တော် ခင်ဗျား ခိုင်းစေထားတဲ့ ကိစ္စကို စုံစမ်းခဲ့တယ်။ မစ်ကျီနဲ့ မစ်ရှန်းတို့ရဲ့ အရေးကိစ္စကို ဒါရိုက်တာကျိုးက လုပ်ခိုင်းခဲ့ပေမယ့် သူက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားခဲ့တယ်။ လက်ထောက်ဒါရိုက်တာလီက အခု ဒီကိစ္စကို နောက်ကွယ်ကနေ ကိုင်တွယ်နေတဲ့လူတစ်ယောက်ပဲ။” 

လက်ထောက်ဒါရိုက်တာလီ... 

ချန်ရှုယီသည် ခဏလောက် စဥ်းစားပြီးနောက် နံပါတ်တစ်ခုကို ဖုန်းခေါ်ဆိုလိုက်သည်။ 

လက်ထောက်ဒါရိုက်တာလီ မင်းက ကျီချင်းချင်းနဲ့ ရှန်းဝေဝေတို့ရဲ့ အရေးကိစ္စမှာ နောက်ကွယ်ကနေ စီစဥ်ညွှန်ကြားနေတာလား။