အခန်း၆၄
Viewers 14k

အခန်း (၆၄)

 

တကယ်တော့ လုလီထင်းတွင် ပိုင်ဆိုင်မှု ငွေတစ်ပြားတစ်ချပ်မှ မရှိပေ ။

 

လုလီရှင်းက မိသားစုစီးပွားရေး လုပ်ငန်းကို အကြီးအကဲလုထံမှ လွှဲပြောင်းမယူခင် လုမိသားစု၏ စီးပွားရေးလုပ်ငန်းများကို တာဝန်ယူထမ်းဆောင်ဖို့ ဆန္ဒရှိမရှိ မြေးတစ်ဦးချင်းစီကို သီးခြားစီ မေးမြန်းခဲ့သည် ။ လုလီရှင်းက သူ ဆန္ဒရှိသည်ဟု ပြောခဲ့ပေမယ့် လုလီထင်းကတော့ သူ့အဘိုးက သူ့ကို တစ်သက်လုံး အကျဉ်းချဖို့ ကြိုးစားနေတယ်လို့ ခံစား‌ခဲ့ရသည် ။ ဒါကြောင့် သူ ငြင်းခဲ့၏ ။

လုလီရှင်းသည် လုမိသားစု စီးပွားရေး တိုးတက်ဖို့ အတွက် သူ၏ အချိန်အားလုံးကို စတေးခဲ့သူ ဖြစ်၏။ လုလီထင်းကတော့ ဘာတစ်ခုမှ မလုပ်ခဲ့ပေ ။

 

ဒါတောင်မှ လုအကြီးအကဲသည် အသက်ကြီး၍ ကွယ်လွန်သွားသောအခါ လုလီထင်းက ပိုင်ဆိုင်မှု တချို့တလေကို အမွေဆက်ခံနိုင်မည် ဖြစ်ပေ၏ ။

 

ဒါပေမဲ့ အခုအချိန်မှာတော့ လုလီရှင်းက အခွင့်အာဏာကို စွန့်လွှတ်ဖို့ ဆန္ဒမရှိပါက လုလီထင်းသည် မိသားစု၏ ပိုက်ဆံ တစ်ပြားတစ်ချပ်ကိုမှ ရရှိမည် မဟုတ်ပေ ။

 

"ရိုးသားတဲ့ နှလုံးသားရှိတဲ့ ရှန်းဝေဝေနဲ့ အခက်အခဲတွေ အတူတူကျော်ဖြတ်ပြီး ခိုင်မြဲတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်ရင်တော့ အဲဒါနဲ့ပတ်သက်ပြီး ငါ့မှာ ဘာပြဿနာမှ မရှိဖူး ၊ ဒါပေမဲ့ ရှန်းဝေဝေကို ကူညီဖို့ ငါတို့ မိသားစုနာမည်ကိုတော့ ဆက်သုံးခွင့်မပြုဘူး။"

 

လုလီထင်းဟာ သူ့ကိုယ်သူ ကူညီဖို့ မတတ်နိုင်တော့ဖူး ၊ အနုပညာလောကမှာ ရှန်းဝေဝေ အနိုင်ကျင့်ခံနေရသည်ကို ကြည့်ရင်း သူ ဘာကိုမှ ဂရုမစိုက်ပဲ မနေနိုင်ခဲ့ဘူး ။

 

လုလီရှင်းက သူ့ကို အေးတိအေးစက် ကြည့်လိုက်ရင်း " မင်း သူ့အတွက် လုပ်နေတာတွေ အားလုံးကို ငါသိတယ် ! ရှန်းဝေဝေ က ပိုက်ဆံ ကြိုက်တဲ့သူ မဟုတ်ဖူးလို့ မင်း အမှန်တကယ် ယုံကြည်နေရင်‌ စောင့်ကြည့်ရအောင်လေ ၊ ဒါပေမယ့် သူ့ကို ကူညီဖို့ ထျန်းယွိအင်တာတိန်းမန့်ရဲ့ အရင်းအမြစ်တွေကို သုံးခွင့် မရှိဖူး ! မင်း အမှန်တကယ် သူ့ကို ကူညီချင်ရင် မင်းရဲ့ ကိုယ်ပိုင် အရင်းအနှီးကိုသာ အသုံးပြု "

လုလီထင်း သူစကားမပြောခင် ခနလောက် တိတ်ဆိတ်နေပြီး "အနာဂတ်မှာ သူမကို ကူညီဖို့ မိသားစုစီးပွားရေးရဲ့ အရင်းအမြစ်တွေကို ငါ မသုံးတော့ဖူး ၊ ဒါပေမယ့် ရှန်းဝေဝေဒဏ်ရာက ကျီချင်းချင်းအမှားကြောင့် ဖြစ်တာ ! ကျီချင်းချင်းက ဝေဝေကို နှောက်ယှက်ဖို့ မသွားခဲ့ဖူးဆိုရင် သူ တောင်ပေါ်က ပြုတ်ကျလိမ့်မှာ မဟုတ်ဖူး ! တကယ် အပြစ်ရှိတာ ကျီချင်းချင်းလေ ဘာ့ကြောင့် ဝေဝေကို တရားစွဲရတာလဲ။ "

 

လုလီရှင်းက သူ့ရဲ့ ထမင်းစားတူအစုံကို ‌ချလိုက်သည်။ "ရှန်းဝေဝေက ကျီချင်းချင်းကို လိမ်လည်စွပ်စွဲတယ် ဆိုကတည်းက မှားနေပြီ ၊ အဆင့် ၁၈ပဲရှိတဲ့ မင်းသမီးတစ်ယောက်က သူ့အတွက် လျော်ကြေး ယွမ်သန်း ၂၀ တောင်းတဲ့ ဒီလောက်မတန်မဆတန်ဖိုးကို တောင်းဆိုဖို့ ဘယ်သူက သူ့ကို ဒီလို ရဲတင်းအောင် လုပ်တာလဲ !"

 

"သူမကပဲ ..."

 

"သူမမှာ တောင့်တင်းတဲ့ နောက်ခံရှိလို့လား။ ဒါမှမဟုတ်ရင် သူ့ဘဝကို ချစ်သလိုမျိုး ပိုက်ဆံကို ချစ်မြတ်နိုးတာကြောင့်လား။ "

 

"အကိုကြီး မင်း ဝေဝေနဲ့ တစ်ခါမှ မတွေ့ဖူးသလို ပြောဆိုဆက်ဆံဖူးတာလည်း မရှိဘူး ၊ မင်း ဝေဝေကို အထင်လွဲနေတာ ၊ သူမက အဲ့လို လူမျိုးမဟုတ်ဖူး! "

 

"သူမက ပိုက်ဆံ မချစ်ဖူးလို့ မင်း မပြောခဲ့နိုင်ဖူးလေ ၊ ယွမ်သန်း၂၀တောင် လျော်ကြေး တောင်းတဲ့လူက ပိုက်ဆံ မမက်ဖူးဆိုတာ ယုံကြည်ဖို့ ခက်တယ် ၊ ထျန်းယွိ အင်တာတိန်းမန့်က ဘယ်သူ့ကိုမှ ဝင်ရောက်မစွက်ဖက်ဖို့ အမိန့်ထုတ်ထားပြီးသား မင်း သူ့အတွက် အဲ့ကိစ္စကို ကူညီချင်တယ်ဆိုရင် ရှေ့နေသာ သွားငှားလိုက် ၊ လုမိသားစုရဲ့ ငွေတွေနဲ့ အရင်းအမြစ်တွေကိုတော့ မင်းကို သုံးခွင့်မပြုနိုင်ဘူး။"

 

"ဒါပေမယ့် ......"

 

"ဆက်ဆွေးနွေးစရာ အကြောင်း မရှိဘူး၊ သူက မင်း ပြောသလို တကယ်ကောင်းတဲ့သူ ဆိုရင် တစ်စုံတစ်ယောက်ကို နားလည်မှုလွဲသွားရင် သူနားလည်ပေးသင့်တယ်လေ ၊ အပေါ်ယံ တောင်းပန်တာက လျော်ကြေးနဲ့ မလုံလောက်ဘူး။"

 

လုလီထင်းသည် ရှန်းဝေဝေအတွက် ခုခံကာကွယ်ကာ တစ်ခုခုပြောရန် ကြိုးစားသော်လည်း စကားလုံးတွေက သူ့နှုတ်ခမ်းဝသို့ ရောက်ရှိလာသောအခါတွင် သူ နားလည်သဘောပေါက်သွားခဲ့ပြီး ရုတ်ချည်းဆိုသလို ရပ်တန့်လိုက်၏ ။

 

လုလီရှင်း " အဘိုး ကျွန်တော် ဗိုက်ပြည့်သွားပြီ ၊ အဘိုး ထမင်းကို ကုန်အောင်စားပါ။"

အကြီးအကဲလုက ခေါင်းညိမ့်လိုက်၏။

 

လုလီရှင်း ထထွက်သွားသည်။ လုလီရှင်း၏ စကားတွေက အကြီးအကဲလုကို အနိုင်ရသွားကြောင်း လုလီထင်း သိသည် ။ ရှန်းဝေဝေအတွက် ခုခံကာကွယ်ပြောဆိုဖို့ သူ အကောင်းဆုံး ကြိုးစားလိုက်၏။

 

"အဘိုး ဝေဝေ က မိန်းမကောင်းလေးတစ်ယောက်ပါ။"

 

တိမ်မြုပ်နေသော အသံဖြင့် အကြီးအကဲလုက "မိန်းမကောင်းတစ်ယောက်က သူမ ပြောခဲ့ လုပ်ခဲ့တာတွေကို တာဝန်ယူမှုရှိသင့်တယ် ! "

 

အကြီးအကဲလုက အသက်ကြီးပေမယ့် သူ့ရဲ့ စိတ်နေသဘောထားကတော့ ပြတ်သားလှသည်။ သူ့ဘဝတစ်လျှောက်လုံး မရေမတွက်နိုင်တဲ့ လူတွေကို မြင်ဖူးသည် ။ ကျီချင်းချင်းနှင့် ရှန်းဝေဝေတို့ ပြဿနာ၏ စစ်ဆေးမှုရလဒ်ကို သိလိုက်ရသည်နှင့် အခြေအနေအရပ်ရပ်ကို သူ ကောင်းစွာ နားလည်သဘောပေါက်နေခဲ့ပြီဖြစ်သည်။