အခန်း
(၆၈)
ကူးပြောင်းလာပြီးနောက်
ကျီချင်းချင်းသည် မူလပိုင်ရှင်ရဲ့ ပိုင်ဆိုင်မှုတွေကို ရှာဖွေကြည့်ပြီး
မူလပိုင်ရှင်ရဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းချလိုက်ရင် ဘယ်လောက်ရမလဲဟု
တွက်ချက်ကြည့်လိုက်သည်။ ထိုပစ္စည်းတွေနဲ့ မြို့လယ်ခေါင်ထဲရှိ တိုက်ခန်းတွေကို
ပြန်လည်ရောင်းချလိုက်ပြီးတော့ ယွမ် ၁၀သန်းလောက် သူမ ရရှိလိုက်သည်။
အခု
သူမ ရှန်းဝေဝေကို လျော်ကြေးပေးစရာ မလိုအပ်တော့သောကြောင့် သူမ
စည်းစိမ်ဥစ္စာပုံထဲမှာ နစ်မြှုပ်နေတယ်လို့
ခံစားနေရသည်။
“ရှင်
ဒါကို စိုးရိမ်နေဖို့ မလိုပါဘူး။ ကျွန်မ နောက်ရက်အနည်းငယ်လောက်ကြာရင်
အလုပ်ပြန်လုပ်တော့မှာ။ ကျွန်မ သဘောတူစာချုပ်တွေမှာ လက်မှတ်ထိုးပြီးသားပဲ။
ကျွန်မနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ထုတ်ကုန်တွေက နာမည်ကြီး အမှတ်တံဆိပ်တွေ
မဖြစ်ရင်တောင်မှ သဘောတူညီမှု အခကြေးငွေက မနည်းဘူး။ နောက်ကျရင် ကျွန်မက အခန်းကဏ္ဍ
အမျိုးမျိုးမှာ သရုပ်ဆောင်ဖို့ အခွင့်အလမ်းတွေအများကြီး ရလာဦးမှာပါ။ မစ္စတာလု
ကျွန်မမှာ ကိုယ်ပိုင်ဝင်ငွေရှိတယ်။ ပြီးတော့ ကျွန်မဘာသာ ကောင်းကောင်း
ရှင်သန်နိုင်စွမ်း ရှိတယ်။”
မာန
၊ သိက္ခာအပြည့်ရှိနေသည့် မျက်နှာနှင့် စကားလုံး ကြီးကြီးကျယ်ကျယ်တွေကို
ပြောလိုက်မိသလို ကျီချင်းချင်း ခံစားလိုက်ရသည်။
ဒီစကားက
ဘာလဲ။ အလုပ်ကြိုးစားခြင်းက အမွန်မြတ်ဆုံးအရာဖြစ်သည်။
“ကျွန်မ
ရှာတဲ့ငွေကိုပဲ ကျွန်မ သုံးဖြုန်းပစ်မယ်။ ရှင် ကျန်မကို ထောက်ပံ့ပေးဖို့
မလိုအပ်ဘူး။ ဒါကြောင့် ရှင့်ရဲ့ အကြွေးဝယ်ကတ်ကို ပြန်သိမ်းထားလိုက်ပါ။”
လုလီရှင်းသည်
ကျီချင်းချင်း၏ စူးရှလှသည့် စကားလုံးများကို ကြားရပြီးနောက် သူမရဲ့
ဂုဏ်ယူဝံ့ကြွားနေသည့် မျက်နှာအမူအရာကို ကြည့်လိုက်သည်။
သူ
ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။
“
မင်းကိုယ်မင်း အထင်ကြီးမနေနဲ့။”
ကျီချင်းချင်းသည်
သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
လုလီရှင်းသည်
အကြွေးဝယ်ကတ်ကို သူ့လက်ချောင်းများကြားတွင် ပွတ်သပ်လိုက်သည်။ တခဏကြာ တိတ်တဆိတ်
ဆင်ခြင် သုံးသပ်ပြီးနောက် တမင်သက်သက် မထူးမခြားသော မျက်နှာအမူအရာဖြင့် တမင်တကာာ
ပြောသည်။ “ကိုယ် အဘိုးအတွက် ဆုတောင်း ပုတီးတစ်ကုံး မှာထားပေမယ့် ကိုယ်
မနက်ဖြန်ကျရင် အလုပ်များနေလို့ အဲ့တာကို သွားယူဖို့ အချိန်မရှိဘူး။ မင်းက အဘိုးရဲ့
မြေးချွေးမလေးဆိုတော့ မင်းပဲ သူ့အတွက် ဆုတောင်းပုတီးကို သွားယူပေးဖို့
အဆင်ပြေနိုင်မလား။”
ပုတီးကို
သွားယူရမှာလား။
“ဒါပေမယ့်
ဒီကတ်မှာ အသုံးစရိတ် အကန့်အသတ်မရှိဘူးလို့ ရှင် ကျွန်မကို ပြောခဲ့တယ်၊
ကျွန်မအလိုရှိသလို အကြိမ်ကြိမ် ဒါကို အလစ်သုတ် အသုံးပြုနိုင်တယ်နော်။”
“ကိုယ်
ပုတီးကို မှာထားတုန်းက စပေါ်ငွေ ပေးထားခဲ့တယ်၊ နောက်ထပ် ပေးရမယ့် လက်ကျန်က
ဘယ်လောက်မှန်းကို ကိုယ်မေ့သွားလို့ ဒီကတ်ကို ပေးလိုက်တာ။ မင်း ဆုတောင်းပုတီးကို
သွားယူတဲ့အခါကျရင် အသုံးစရိတ် မလုံလောက်လို့ စိုးရိမ်ပူပန်တာမျိုး ကိုယ်
မဖြစ်စေချင်ဘူး။” လုလီရှင်းသည် သူ့အပြုအမူအတွက် အကြောင်းပြချက်ရှာရန်နှင့်
ယုတ္တိဆန်ဖို့ ကွာဟချက်မှန်သမျှကို ပြုပြင်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
ကျီချင်းချင်းသည်
တခဏတာမျှ အံ့ဩသွားမိသည်။ “ရှင် ဘာလို့ အစကတည်းက အဲ့လိုမပြောရတာလဲ။”
“မင်း
ကိုယ့်ကို အထင်လွဲသွားတယ်လို့ ကိုယ့် ဘယ်လိုလုပ် ထင်မိမှာလဲ။”
ကျီချင်းချင်းသည်
အစောပိုင်းက မိမိပြောခဲ့သော ဖြောင့်မတ်သော စကားလုံးများကို တွေးတောရင်း
နားရွက်ဖျားများ နီလာသည်အထိ ရှက်ရွံ့သွားမိလေသည်။ သူ့ငွေမလိုအပ်ပဲ ကိုယ်ပိုင်ဝင်ငွေရှာနိုင်သည်ဟု
သူမ ပြတ်ပြတ်သားသား ကြေငြာခဲ့သည်။ အစောပိုင်းက ပြောခဲ့တဲ့ စကားလုံးများကို
ပြန်မျိုချလို့ရရင် ပြန်မျိုချပစ်လိုက်ချင်သည်။
ငါ
ဘာတွေ တွေးနေမိတာလဲ။
လုလီရှင်းက
ငါ့ကို အဲ့ဒီအကြွေးဝယ်ကတ် ပေးနေတယ်လို့ ဘာလို့ ထင်နေမိတာလဲ။ ငါ တကယ်ကို
ရူးနေပြီပဲ။
လုလီရှင်းသည်
ကျီချင်းချင်းက သူ့ကို စောစောက အကြွေးဝယ်ကတ်ကို လွှတ်ပစ်လိုက်သလိုမျိုး သူကလည်း
သူမဆီကို ပြန်ပစ်ပေးလိုက်သည်။ “ယူလိုက်”
ကျီချင်းချင်းသည်
အကြွေးဝယ်ကတ်ကို ကချွတ်ကချော် ဖမ်းလိုက်သည်။ ပန်းနုရောင်သန်းနေသည့်
မျက်နှာလေးဖြင့် မေးမြန်းလိုက်သည်။ “အဲ့ဒီပုတီးကို ကျွန်မ ဘယ်- ဘယ်နေရာမှာ
သွားယူရမှာလဲ။“
“ကိုယ် မင်းကို လိပ်စာရေးပေးလိုက်မယ်။ မင်း အဲ့ဒီကိုရောက်တဲ့အခါကျရင်
ကိုယ့်နာမည်ကို ပြောလိုက်ရုံပဲ။“
“... အိုး” ကျီချင်းချင်းသည် ဒီအကြွေးဝယ်ကတ်ကို သိမ်းထားလိုက်သည်။ သူမ
ကတ်နဲ့ ပတ်သက်ပြီး ပိုတွေးမိလေလေ ရှက်ရွံ့လေလေ ဖြစ်နေမိသည်။ “ကျွန်မ ရေသွားချိုးတော့မယ်။”
လုလီရှင်း၏
မျက်ခွံတွေ လှုပ်ခတ်သွားသည်။ “အမ်း...“
ကျီချင်းချင်းသည်
ရေချိုးခန်းထဲသို့ ခြေလှမ်း အယောင်ယောင် အမှားမှားဖြင့် အလျင်အမြန်
ပြေးဝင်သွားသည်။
ရေချိုးခန်းတံခါး
ပိတ်သွားသည်နှင့် လုလီရှင်းသည် သူ့ဖုန်းကို ချက်ချင်း ကောက်ကိုင်ပြီး
ဖုန်းခေါ်ဆိုလိုက်သည်။ “ နောက်နာရီဝက်အတွင်း ငါ့အတွက် ဆုတောင်းပုတီး မှာလိုက်။
အဲ့ဒီဆုတောင်းပုတီးက အနည်းဆုံး ယွမ်တစ်သန်းခွဲ ပေးရမှဖြစ်မယ်။ မင်းမှာပြီးရင်
ငါ့ကို လိပ်စာပို့ပေးလိုက်။ အဲဒါကို သွားယူဖို့ ငါ မင်းဆီကို လူတစ်ယောက်
လွှတ်လိုက်မယ်။“
ဖုန်းတစ်ဖက်မှ
လူကတော့ အကြိမ်ပေါင်းများစွာ အံ့ဩသွားကာ အေးခဲသွားမိသည်။
“ဥ-ဥက္ကဌလု
မင်း အသက်ရှင်နေသေးတာလား။”
လုလီရှင်းက
သူလိုချင်တာကိုသာ ပြတ်ပြတ်သားသား ပြောလိုက်သည်။ “အခုချက်ချင်း သွားမှာလိုက်တော့။“
“အို-အိုး... ကျွန်တော် အခုချက်ချင်း ဆုတောင်းပုတီးကို
လှမ်းမှာလိုက်ပါ့မယ်။“
လုလီရှင်းသည်
သုန်မှုန်နေသည့် မျက်နှာဖြင့် ဖုန်းချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ စိတ်သက်သာရာ
ရသွားခဲ့သည်။
သူက
သူမကို သူ့အကြွေးဝယ်ကတ်ကို ပေးလိုက်ပြီး သူမက မနက်ဖြန်ကို ယွမ်တစ်သန်းခွဲ
သုံးစွဲလိမ့်မည်ဖြစ်သည်။
လုလီရှင်းသည်
‘ကလေးတစ်ယောက်ဆီက သကြားလုံးလုယူသလိုပါပဲ‘ ဟု ဝမ်းသာကြည်နူးစွာ တွေးလိုက်မိသည်။