အခန်း၇၃
Viewers 16k

အခန်း (၇၃)

 

လုလီရှင်းသည် စာရွက်စာတမ်းအစုံအလင်ထဲတွင် သူ့ကိုယ်သူ နှစ်မြှုပ်ကာ စုဆောင်းထားသော အလုပ်များကို စတင်ကိုင်တွယ်ခဲ့သည်။

 

လူလီရှင်းသည် စာရွက်စာတမ်းများကို သူ့လက်ထောက်က တံခါးလာခေါက်ပြီး ဌာနဆိုင်ရာ အကြီးအကဲတွေက အစည်းအဝေးခန်းထဲမှာ စောင့်နေကြတယ်လို့ လာပြောတဲ့ ၉နာရီ မိနစ် ၅၀အထိ စစ်ဆေးခဲ့သည်။ လုလီရှင်းသည် ၉နာရီ ၅၅မိနစ်အထိ နောက်ဆုံးစာရွက်စာတမ်းကို ဖတ်ရှုနေခဲ့သည်။ ထို့နောက် ရုံးခန်းမှထွက်ခွာကာ အစည်းအဝေးခန်းသို့ သွားခဲ့သည်။ ဆယ်နာရီထိုးချိန်တွင် အစည်းအဝေး အခန်းတံခါးကို အချိန်မှန် တွန်းဖွင့်လိုက်သည်။

 

လက်ထောက်က တံခါးလာခေါက်တဲ့ မွန်းတည့်ချိန်အထိ အစည်းအဝေးကို အနှောင့်အယှက်မရှိ ကျင်းပခဲ့ပြီး နေ့လည်အနားယူချိန် နာရီဝက် အားလပ်ချိန်ပေးပြီးနောက် နာရီဝက်အကြာတွင် ဌာနဆိုင်ရာ အသီးသီးမှ အကြီးအကဲများ အစည်းအဝေးခန်းထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ကြသည်။ သူ အိပ်ရာထဲလဲနေတဲ့အချိန်ကာလအတွင်း စုစည်းထားသည့် လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို တင်ပြခဲ့ကြသည်။ အစည်းအဝေးက ညနေ ၅ နာရီတွင် ချောချောမောမော ပြီးဆုံးသွားခဲ့သည်။

 

တစ်နေ့တာလုံး အစည်းအဝေးပြီးသောအခါ လုလီရှင်းသည် အနည်းငယ်ပင်ပန်းနေပုံရပြီး ရုံးသို့ပြန်လာခဲ့သည်။

 

သူ့လက်ထဲက ဖုန်းကို မြည်လာ၍ လုလီရှင်းက ဖုန်းကို ကိုင်လိုက်သည်။

 

"လီရှင်း၊ မင်း ဒီနေ့မနက်က အဖိုးကို ကတိပေးထားတယ်လေ၊ ညစာစားဖို့ အိမ်ကို စောစောပြန်လာခဲ့။"

 

လုလီရှင်းသည် နာရီကို တစ်ချက်လှမ်းကြည့်လိုက်တော့ ဉနေ ၅နာရီ မိနစ်၂၀ ရှိနေပြီဆိုတာကို တွေ့လိုက်ရသည်။ သူ့မှာ အလုပ်လုပ်ချိန် တစ်နာရီလောက်သာ ကျန်တော့ပေမယ့် စားပွဲပေါ်က သူ စုဆောင်းထားတဲ့ စာရွက်စာတမ်းအများစုကို မဖတ်ရသေးဘဲ ရေသာမခိုချင်ပေ။

 

"အဘိုး၊ ကျွန်တော်..." လုလီရှင်း ရုတ်တရက် စကားစ ရပ်တန့်သွားသည်။

 

သူ အလုပ်လုပ်နေတဲ့အချိန်မှာ ယေဘူယျအားဖြင့် သူ့ခန္ဓာကိုယ် တစ်ခုလုံးကို အလုပ်တာဝန်ထဲမှာ မြှုပ်နှံထားသည်။ တခြားအရာတွေလုပ်ဖို့ ဒါမှမဟုတ် တခြားအရာတွေကို စဉ်းစားဖို့ အာရုံပြောင်းဖို့က သူ့အတွက် ခက်ခဲပါသည်။ အခု သူ့ရဲ့ ခဏတာ အနားယူချိန်လေးမှာ သူ့ရဲ့ တင်းမာနေသော အာရုံကြောများ ပြေလျော့သွားပြီး သူ့စိတ်ထဲသို့ အတွေးတစ်ခု ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

 

သူ့တာဝန် ပြီးမြောက်ကြောင်း စနစ်က သူ့ကိုသတိမပေးခဲ့သလို သူ့ရဲ့ အသက်ရမှတ်ကလည်း မတိုးလာခဲ့ဘူး။

 

ကျီချင်းချင်းက ပိုက်ဆံမသုံးလိုက်ဘူးလား။

 

လုလီရှင်းသည် ချက်ချင်းပင် စိတ်ဓာတ်ကျသွားသည်။

 

"အဘိုး၊ ချင်းချင်း အိမ်မှာရှိလား။"

 

"မရှိဘူး၊ ငါ့ကို သူမ ဖုန်းဆက်တယ်။ အခု အိမ်ပြန်တဲ့လမ်းပေါ် ရောက်နေလောက်ပြီ။"

 

"ဟုတ်ကဲ့။ ကျွန်တော် ဒီည အိမ်ကို စောစောပြန်လာခဲ့မယ်။ ဘာမှပြောစရာမရှိရင် ကျွန်တော် အရင် ဖုန်းချလိုက်‌တော့မယ်။"

 

ထိုသို့ပြောပြီးနောက် လုလီရှင်းသည် အဖိုးဖြစ်သူနဲ့ ဖုန်းခေါ်ဆိုမှုကို ချလိုက်ပြီး ကျီချင်းချင်းရဲ့ လက်ကိုင်ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။

 

လုလီရှင်းက ကျီချင်းချင်းကို ဖုန်းခေါ်ဆိုသည့်အချိန်တွင် သူမသည် ကုန်တိုက်တစ်ခုတွင် ဈေးဝယ်ထွက်နေခဲ့သည်။

 

ကျီချင်းချင်းသည် စောစောက ရှေးဟောင်းပစ္စည်းဆိုင်မှ ထွက်လာပြီးနောက် အကြီးအကဲလုကို ဒီလို လက်ဆောင်လေး ပေးရုံလောက်နဲ့ မလုံလောက်ဘူးလို့ ထင်မိသည်။ အန်တီဖေးကလည်း ဒီရက်ပိုင်းအတွင်း သူမကို ကောင်းကောင်း ဂရုစိုက်ပေးခဲ့သည်။ အန်တီဖေးက သူတို့လုမိသားစုဝင် မဟုတ်ပေမယ့် သူမသည် လုမိသားစုတွင် အလုပ်လုပ်ခဲ့သည်မှာ နှစ်အတော်ကြာမြင့်ခဲ့ပြီး အကြီးအကဲလုက သူမကို မိသားစုဝင်တစ်ယောက်အဖြစ် မှတ်ယူထားခဲ့သည်။ ထို့အတွက်ကြောင့် အန်တီဖေးကိုလည်း လက်ဆောင်ပေးဖို့ ဆုံးဖြတ်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ။

 

ဆုတောင်းပုတီးကိုဝယ်ပြီးတာနဲ့ ကျီချင်းချင်းက ကားမောင်းသူကို အနီးဆုံးကုန်တိုက်ကို ‌‌မောင်းခိုင်းခဲ့ပြီး ကုန်တိုက်ထဲမှာ လှည့်ပတ်ကြည့်ပြီး နောက်ဆုံးတွင် အန်တီဖေးနဲ့ လိုက်ဖက်မယ် ယူဆရတဲ့ ဆွဲကြိုးတစ်ကုံးကို ရွေးချယ်လိုက်သည်။

 

ကျီချင်းချင်းသည် သူမ စျေးဝယ်ထွက်လာတာနဲ့ ရပ်တန့်ဖို့ ခက်ခဲနေခဲ့သည်။ အချိန်ကလည်း စောနေသေးတော့ ကျီချင်းချင်းသည် အကြီးအကဲလုနဲ့ အန်တီဖေးတို့အတွက် လက်ဆောင်လည်း ဝယ်ပေးပြီး ဖြစ်သောကြောင့် လုလီရှင်းအတွက်ပါ တစ်ခုခု ဝယ်ပေးသင့်တယ်လို့ ထင်ပြီး နေရာတချို့ကို ပြန်သွားခဲ့ပြန်သည်။ ကျီချင်းချင်းသည် လုလီရှင်းအတွက် ဘာဝယ်ပေးရင် ကောင်းမလဲလို့ စဥ်းစားရင်း လှည့်ပတ်ကြည့်ရှုနေခဲ့ရာ မျက်စိတစ်မှိတ်အတွင်း ငါးနာရီထိုးသွားခဲ့သည်။ နောက်ဆုံးတော့ ကျီချင်းချင်းက လုလီရှင်းအတွက် ခါးပတ်ဝယ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

 

စတိုးဆိုင်မှ ထွက်လာတာနဲ့ လုလီရှင်းဆီက ဖုန်းဝင်လာခဲ့သည်။

 

"ပုတီး သွားယူပြီးပြီလား။"

 

လုလီရှင်းက ထိုမေးခွန်းကို တန်းမေးခဲ့ပြီး သူ့အသံက သိပ်မကောင်းပါဘူး။

 

ကျီချင်းချင်းသည် သူ့အတွက် လက်ဆောင်များ ဝယ်ယူခဲ့ခြင်းအတွက် စိတ်အားထက်သန်မှုဟာ သူ့အသံကြောင့် ကျဆင်းသွားခဲ့ပြန်သည်။

 

"ကျွန်မ သွားယူပြီးပြီ၊ ဘာဖြစ်လို့လဲ။"

 

လုလီရှင်းက "မင်း တကယ် သွားယူခဲ့တာလား။"

 

"ဟုတ်တယ်၊ ကျွန်မက ရှင့်ကို ဘာဖြစ်လို့ လိမ်ရမှာလဲ။"

 

"မင်း ဘယ်ကတ်ကို သုံးခဲ့တာလဲ။"

 

ကျီချင်းချင်းသည် ဒါကို တွေးပြီး အိမ်ပြန်ရောက်မှ လုလီရှင်းကို သူမရဲ့ လက်ကျန်ငွေဖြင့် ပေးချေလိုက်ကြောင်း လူကိုယ်တိုင် ပြောပြနိုင်မည့်အချိန်အထိ စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်သည်။ အဖိုးက သူတို့အတူ ပေးတဲ့လက်ဆောင်ကို ရလျှင် တကယ့်ကို ပျော်ရွှင်နေမှာ သေချာပါပဲ။

 

"ရှင့်ကတ်နဲ့လေ။"

 

"မင်း လိမ်နေတာပဲ။