အခန်း၇၄
Viewers 15k

အခန်း (၇၄)

ကျီချင်းချင်းက နှလုံးခုန်နှုန်း မြန်ဆန်သွားသည်။ လုလီရှင်းက ဘယ်လိုလုပ်ပြီး သိသွားတာလဲ။

 

"ရှင် ဘယ်လို သိတာလဲ။"

 

လုလီရှင်းက အေးအေးဆေးဆေး မေးမြန်းနိုင်ဖို့ သူ့ကိုယ်သူ ထိန်းချုပ်ထားရသည်။ "မင်း ဘာလို့ ကိုယ့်ကတ်ကို မသုံးရတာလဲ။"

 

ကျီချင်းချင်းက သူမရဲ့လုပ်ရပ်က မှန်ကန်တယ်လို့ ယုံကြည်ပြီး ပြောပြလိုက်သည်။ "ဒီအချိန်အတောအတွင်းမှာ အဖိုးက ကျွန်မကို ကောင်းကောင်း ဂရုစိုက်ပေးတယ်၊ ဒါ့ကြောင့် ကျွန်မ အဖိုးအတွက် လက်ဆောင်ပေးချင်ခဲ့တယ်။ အဲဒီပုတီးအတွက် ရှင်က စပေါ်ငွေပေးခဲ့တယ် မဟုတ်လား။ နောက်ထပ် ပေးဖို့ ကျန်တဲ့ လက်ကျန်ငွေကို ကျွန်မ ပေးလိုက်တယ်။ ဒါဆို ဒီလက်ဆောင်က ကျွန်မတို့နှစ်ယောက်ရဲ့ ပူးပေါင်းလက်ဆောင်လို့ သတ်မှတ်လို့ရတယ်လေ။ အဲ့တာက အဖိုးကို ပိုပျော်ရွှင်အောင် လုပ်ပေးနိုင်ပြီး အဖိုးက ကျွန်မတို့နှစ်ယောက် အဆင်ပြေနေတာကိုပါ သိရလို့ အရမ်းဝမ်းသာသွားမှာ။"

 

-- "သေခါနီး သတိပေးချက် - ကျေးဇူးပြု၍ သင့်ဇနီး ကျီချင်းချင်းအား နောက်တစ်နာရီအတွင်း သင့်ခရက်ဒစ်ကတ်ဖြင့် ယွမ်ငါးသိန်းကို သုံးစွဲခွင့်ပြုပါ၊ မဟုတ်ပါက သင် ရုံးတွင် အလုပ်လုပ်ရင်း ရုတ်တရက် သေဆုံးသွားပါလိမ့်မည်။"

 

လုလီရှင်းက တစ်ခဏတာ အံ့အားသင့်မှုကြောင့် အေးခဲသွားသည်။ "ငါ မနေ့တုန်းက ၃၅ နာရီ စုဆောင်းထားတာကို ငါ မှတ်မိတယ်။"

 

Little Aက သူ့ရဲ့ လက်ကျန်ကို တွက်ချက်ကြည့်လိုက်သည်။

 

"အဲ့တာက ဒီလိုပါ၊ မနေ့က ညနေ ၆နာရီမှာ သင့်ရဲ့လက်ရှိကျန်းမာရေးတန်ဖိုးက ၃၅ နာရီဖြစ်ပေမယ့် နှစ်ဆယ့်လေးနာရီကျော်သွားပြီး အလုပ်မပြီးသေးရင် ကျန်းမာရေးတန်ဖိုး ၁၀နာရီကို နုတ်ယူသွားပါတယ်။ သင့်ရဲ့ ကျန်းမာရေးတန်ဖိုးက သုညထက် နည်းသွားမျိုး သို့မဟုတ် ညီမျှသွားတာမျိုးဆိုရင် သင် ဘဝတစ်ပါး ကူးပြောင်းသွားနိုင်တာမို့ သင့်မှာ ဒီတာဝန်ကို ပြီးမြောက်ဖို့ တစ်နာရီပဲ ကျန်ပါတော့တယ်။"

 

ဖုန်းကိုင်ထားသော လုလီရှင်း၏ လက်ဟာ တင်းကြပ်သွားသည်။ "ကျီချင်းချင်း အခုချက်ချင်း မင်း ကိုယ့်ကတ်ကို ယူသွားပြီး အန်တီဖေးကို လက်ဆောင်ပေးဖို့အတွက် ယွမ်ငါးသိန်းကျော် သုံးခဲ့လိုက်ပါ။"

 

ကျီချင်းချင်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "မလိုဘူး၊ ကျွန်မ အန်တီဖေးအတွက် ဆွဲကြိုးတစ်ကုံး ဝယ်ပြီးသွားပြီ။ အဲ့တာက သူမနဲ့ အရမ်းသင့်တော်မယ် ထင်တယ်။"

 

လုလီရှင်းက အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။ "ဒါဆို မင်း ကိုယ့်ကို ခင်ပွန်းလို့ ဆယ်ခါခေါ်ပေး။"

 

ကျီချင်းချင်းသည် အချိန်အတန်ကြာ ကြက်သေ သေသွားပြီးနောက် ဖုန်းချလိုက်သည်။

 

လုလီရှင်းသည် မည်းမှောင်သွားသော ဆဲလ်ဖုန်း၏ မျက်နှာပြင်ကို သုံးစက္ကန့်ကြာ စိုက်ကြည့်နေပြီး ရုတ်တရက် ထကာ သူ့အင်္ကျီကို ကောက်ကိုင်ကာ အပြင်သို့ ထွက်သွားခဲ့သည်။

 

သူ့လက်ထောက်က သူ့လက်မှတ်လိုတဲ့ စာရွက်စာတမ်းတစ်ခုနဲ့အတူ ရောက်လာတော့ "ငါ အလုပ်ဆင်းပြီ" လို့ ပြောလိုက်သည်။

 

"ဒါပေမယ့် မစ္စတာလု၊ ဒီစာရွက်စာတမ်းက အရမ်းအရေးကြီးတယ်။" ပြီးတော့ အခုအချိန်က အလုပ်ဆင်းရမယ့်အချိန် မရောက်သေးဘူး။

 

သေချာတာပေါ့၊ လုလီရှင်းရဲ့ လက်ထောက်က နောက်ဆုံးစာကြောင်းကို မပြောရဲဘူး။

 

လုလီရှင်းသည် သူ့လက်ကိုင်ဖုန်းကိုယူကာ အမြန်ထွက်သွားခဲ့သည်။ သူ့မျက်လုံးထဲက မီးတောက်တွေက ထွက်လာနိုင်ရန် အခုချက်ချင်းပဲ ခုန်ထွက်လာပေလိမ့်မည်။ "မနက်ဖြန်ကျမှ ငါ့ဆီ ယူလာပေး!"လို့ ပြောလိုက်သည်။

 

ထို့နောက် လုလီရှင်းသည် ကျီချင်းချင်း၏ဖုန်းကို ဆက်တိုက်ခေါ်ဆိုခဲ့ပြီး သူမဖုန်းကိုင်ဖို့ အချိန်အတော်ကြာခဲ့သည်။

 

ကျီချင်းချင်းက စိတ်မရှည်ဖြစ်နေတော့ သူ့ဖုန်းကို လုံးဝမဖြေချင်ဘူး။ ဒီ **** သူမကို ခင်ပွန်းလို့ပဲ အမြဲခေါ်ခိုင်းချင်နေပေမယ့် အခု အပြင်မှာ ရောက်တာနေတာမို့ မခေါ်ချင်ဘူး။

 

"မစ်စတာလု၊ ဘာကိစ္စရှိလို့လဲ။"

 

"မင်း အခု ဘယ်မှာလဲ။"

 

"ရှင် ဘာလုပ်မလို့လဲ။"

 

လုလီရှင်း အံတင်းတင်းကြိတ်လိုက်သည်။ "ကိုယ် မင်းကို အကူအညီတောင်းစရာရှိလို့။"

 

"ရှင် ဘာတွေ ဒီလောက်တောင် လောနေရတာလဲ။" ကျီချင်းချင်းက တိုးတိုးလေး ရေရွတ်ပြီး အနီးဆုံး ကုန်တိုက်ရဲ့ နာမည်ကို ပြောပြလိုက်သည်။

 

"မင်း အဲ့ဒီမှာ ခဏစောင့်နေ၊ ကိုယ်လာခဲ့မယ်။"

 

လုလီရှင်း ရုံးခန်းတံခါးမှ ထွက်လာသည်နှင့် တပြိုင်နက် ဝန်ထမ်းအများအပြား သူ့ရှေ့သို့ ရောက်လာကြသည်။ "မစ်စတာလု၊ ဘဏ္ဍာရေးဒါရိုက်တာက မနက်ဖြန် လုပ်ရမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို မေးခိုင်းလိုက်လို့..."

 

"မနက်ဖြန် လုပ်ရမယ့် ကိစ္စတွေကို မနက်ဖြန်ကျမှ ဆွေးနွေးမယ်။"

 

"မစ်စတာလု ဒီစာချုပ်က..."

 

"မနက်ဖြန်အတွက် ထားလိုက်။"

 

လုလီရှင်းသည် ဓာတ်လှေကားထဲသို့ ဝင်သွားခဲ့ပြီး ရှုပ်ယှက်ခတ်နေသော ဝန်ထမ်းအုပ်စုကို လှည့်မကြည့်တော့ပေ။

 

ဘယ်လိုဖြစ်တာလဲ။ သူတို့ရဲ့ အလုပ်ဝါသနာအိုး သူဌေးက ဘာဖြစ်လို့ အလုပ် စောစောဆင်းသွားရတာလဲ။

 

---

 

လုလီရှင်းသည် ဓာတ်လှေကားမှတဆင့် အောက်ထပ်သို့ ဆင်းကာ ကျီချင်းချင်းရှိသည့် ကုန်တိုက်ဆီသို့ ကားမောင်းသွားခဲ့သည်။

 

ဒါပေမယ့် အခုက အလုပ်ဆင်းချိန်ဖြစ်၍ ယာဉ်ကြောပိတ်ဆို့မှုနှင့် ကြုံတွေ့နေရပြီး လမ်းကြောကို ခဏခဏပြောင်းပြီးမှ ဦးတည်ရာကို ဖြည်းဖြည်းချင်း မောင်းနှင်ကာ ရောက်ရှိသွားခဲ့သည်။ ကျီချင်းချင်းရှိရာ ရှော့ပင်းမောလ်ကိုရောက်ဖို့ မိနစ်လေးဆယ် ကြာမြင့်သွားခဲ့သည်။

 

လုလီရှင်းကားထဲက ထွက်လာတာနဲ့ ကျီချင်းချင်းကို ဖုန်းခေါ်ဆိုလိုက်သည်။ "မင်း ဘယ်မှာလဲ။"