အခန်း၇၆
Viewers 15k

အခန်း (၇၆)

 

လုလီရှင်း ထိုသို့ပြောပြီးတာနဲ့ စတိုးဆိုင်ထဲက ဝန်ထမ်းတွေရဲ့ မျက်နှာပေါ်မှာ ဝမ်းသာအားရ အပြုံးတွေ ထွက်ပေါ်လာခဲ့သည်။

 

"ကောင်းပြီ၊ ဆရာ။ ကျွန်တော်တို့ မကြာခင် ......"

 

"ခဏ စောင့်ဦး။" ကျီချင်းချင်းသည် သူ့အား စိတ်မှန်သေးရဲ့လားဟု မေးခွန်းထုတ်လိုသည့် အကြည့်ဖြင့် မယုံနိုင်စွာ ကြည့်နေခဲ့သည်။

 

လုလီရှင်းက ကျီချင်းချင်းရဲ့ အကြည့်တွေကို လျစ်လျူရှုကာ စတိုးဆိုင်ဝန်ထမ်းအား "မင်း ရပ်နေဖို့ မလိုအပ်ဘူး။ ငါ့အတွက် အကုန် ထုပ်ပိုးပေးပါ။" ဟု ညွှန်ကြားလိုက်သည်။

ကျီချင်းချင်းက စတိုးဆိုင်ဝန်ထမ်းတွေကို “ခဏနေဦး” လို့ လှမ်းအော်လိုက်သည်။

 

ထို့နောက် ကျီချင်းချင်းသည် လုလီရှင်းကို တိုးတိုးလေး ကပ်ပြောခဲ့သည်။

 

ရှင် ဘာဖြစ်လို့ ဒီလောက် အများကြီး ဝယ်နေရတာလဲ။ ကျွန်မ ဒါတွေ အကုန်လုံး မဝတ်နိုင်ဘူး။”

လုလီရှင်းက သူ့ပါးစပ်ကနေ စကားလုံးအချို့ကို ညှစ်ထုတ်လိုက်ပြီး စကားဆိုသည်။ “အဲ့ဒီအဝတ်အစားတွေက မင်းကို ကြည့်ကောင်းစေလိမ့်မယ်။”

 

ကျီချင်းချင်းက မျက်ခုံးပင့်လိုက်သည်။ “သူတို့တွေ ဘယ်လောက် ကြည့်ကောင်းနေနေ အရေးမကြီးဘူး။ ကျွန်မ သူတို့ကို မလိုချင်ဘူး။ ကျွန်မ ရွေးချယ်ထားတဲ့ ဝတ်စုံတွေက ပိုကြည့်ကောင်းတယ်။”

 

ဒီဆိုင်ထဲမှာ အဝတ်အစားတွေ အများကြီး ရှိတယ်၊ ဒါတွေကို အကုန်လုံးကို ဝယ်မယ်ဆိုရင် ဘယ်လောက်တောင် ကုန်ကျနိုင်မလဲ။

 

ကျီချင်းချင်းက သူ့ကို ဝေဖန်အပြစ်တင်လိုသည့်ဟန် ကြည့်နေခဲ့သည်။ ငွေရေးကြေးရေး အခြေအနေ ကောင်းမွန်တဲ့လူတွေက တခြားသူတွေရဲ့ ဒုက္ခတွေကို နားမလည်ကြဘူး။ သူ့မိသားစုက ချမ်းသာတယ် ဆိုရင်တောင် လုလီရှင်းက ဒီလိုမျိုး မသုံးစွဲသင့်ဘူး။

 

"မင်းရွေးချယ်တဲ့ဟာတွေက ရာသီအလိုက် လျှော့စျေးနဲ့ ရောင်းတဲ့ ဟာတွေပဲ။" လုလီရှင်းက တည်ငြိမ်တဲ့ မျက်နှာအမူအရာကို ထိန်းသိမ်းထားသည်။ "အဲ့တာတွေက မင်းနဲ့ မကိုက်ညီဘူး။"

 

ဒီလူတော့ တစ်ခုခု မှားနေပြီ။ ကျီချင်းချင်းကို သူ့ကို ထပ်မပြောချင်တော့သဖြင့် လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။

 

လုလီရှင်းက သူမရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ လုလီရှင်းက ညင်သာစွာ အပေးအယူလုပ်လိုက်သည်။ "ကောင်းပြီ၊ ကိုယ် မင်းပြောတာ နားထောင်မယ်။ ကိုယ် အကုန်လုံး မဝယ်တော့ဘူး။ ဒါပေမယ့် မင်းအတွက် နည်းနည်းလောက်‌ ထပ်ရွေးလိုက်ပါဦးလား။"

 

ကျီချင်းချင်း ဒီနေ့ လုလီရှင်းက ထူးဆန်းနေတယ်လို့  ခံစားမိသည်။ သူမအတွက် အဝတ်အစား ဝယ်ပေးဖို့ သူက ဒီကို ဘာဖြစ်လို့ အပြေးလာရတာလဲ။

 

"ရှင် ဒီနေ့..."

 

မင်း အဖိုးအတွက် လက်ဆောင်ဝယ်ခဲ့တယ်။ ကိုယ် မင်းအတွက် လက်ဆောင်ဝယ်ပေးသင့်တယ်လေ။ မဟုတ်ရင် အဖိုးက ကိုယ် မင်းကို ဂရုမစိုက်ဘူးလို့ ပြောလိမ့်မယ်။"

ကျီချင်းချင်းက အဲ့တာကို တွေးကြည့်လိုက်မိသည်။ သူ့စကားတွေက အဓိပ္ပါယ်ရှိတယ်။

 

"ကောင်းပါပြီ။"

 

လုလီရှင်းသည် အဝတ်စင်ပေါ်ရှိ ပစ္စည်းများကို လျင်မြန်စွာ စစ်ဆေးကြည့်ရှုခဲ့ပြီး နောက်ဆုံးပေါ် စတိုင်လ်ဖြစ်သည့် တန်ဖိုးအကြီးဆုံး ဂါဝန်လေးထည်၊ အပြင်ဝတ်စုံ ငါးစုံ၊ လက်ကိုင်အိတ် နှစ်အိတ်နဲ့ နေကာမျက်မှန် တစ်လက်တို့ကို ရွေးချယ်နေစဥ် သူက ကျီချင်းချင်းရဲ့ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

 

သူ့ရဲ့ လျင်မြန်ပြီး ပြတ်သားသော လုပ်ရပ်များကြောင့် စတိုးဆိုင်ဝန်ထမ်းကို သူ့ကိုယ်သူ အရည်အချင်း မပြည့်မီဘူးလို့ ခံစားသွားရစေသည်။

 

"သူတို့အားလုံးကို ထုတ်ပိုးပေးပါ!"

 

စတိုးဆိုင်ဝန်ထမ်းက သူ ရွေးချယ်ထားတဲ့ ပစ္စည်းတွေကို ကောင်တာသို့ အပြုံးလေးဖြင့် ယူဆောင်သွားခဲ့သည်။

 

ခဏနေဦး၊ နောက်တစ်မိနစ်အတွင်း အဲ့ဒီပစ္စည်းတွေရဲ့ စုစုပေါင်း ကုန်ကျစရိတ်ကို ပြောပါ။ မဟုတ်ရင်၊ ငါ သူတို့ကို မဝယ်တော့ဘူး။” လို့ လုလီရှင်းက အခိုင်အမာ ပြောဆိုလိုက်သည်။

 

လုလီရှင်းက လူတစ်ယောက်ကို အတော်လေး ခက်ခဲသော လုပ်ရပ်များကို မပြုလုပ်စေတတ်ပေ။

 

စတိုးဆိုင်ဝန်ထမ်းသည် ကျွမ်းကျင်သော ပညာရှင်တစ်ဦးဖြစ်ပြီး ချမ်းသာကြွယ်ဝသူများသည် မကြာခဏ မဖြစ်နိုင်သည့် တောင်းဆိုမှုများကို လုပ်စေတတ်ကြောင်းကို သိသည်။

 

"...ကောင်းပါပြီ ဆရာ"

 

-- "အလွန်ဆုံးကြာမှ နှစ်မိနစ်ပါပဲ။"

 

ကျီချင်းချင်းသည် သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတဲ့ လုလီရှင်းရဲ့ လက်က ချွေးစို့နေတာကို သတိပြုမိသည်။ သူမက သူ့ကို ထူးဆန်းသလို ကြည့်လိုက်မိသည်။

 

"မစ္စတာလု ရှင် ဘာဖြစ်နေတာလဲ။"

 

ပစ္စည်းတစ်ခုချင်းစီကို စကင်န်ဖတ်နေသောကြောင့် ဘားကုဒ်စကင်န်စက်မှ အသံထွက်နေခဲ့သည်။

 

--"နောက်ဆုံးမိနစ်။"

 

လုလီရှင်းက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေသည်။ "ကိုယ် အဆင်ပြေပါတယ်။"

 

ဆိုင်ဝန်ထမ်းက အပြုံးလေးဖြင့် “ဆရာ၊ စုစုပေါင်း ကုန်ကျစရိတ်က ယွမ် လေးသိန်း ကိုးသောင်း ငါးထောင်ပါ။”

 

လုလီရှင်း : "..."

 

ကျီချင်းချင်းသည် အစောပိုင်းက သူမရွေးထားတဲ့ ပိုးပဝါလေးကို ညင်သာစွာ ထုတ်ယူလိုက်ပြီး "မစ္စတာလု ဒါနဲ့ ကျွန်မ ဒါလေးကိုရော ဝယ်လို့ရမလား" လို့ မေးလိုက်သည်။

 

"ရတယ်။" လုလီရှင်းက ထိုပဝါကို ဆိုင်ဝန်ထမ်းလက်ထဲ ပေးလိုက်သည်။

 

"ကောင်းပါပြီ... ဆရာ အဲဒါဆို ငါးသိန်း တစ်ထောင့် သုံးရာ့ရှစ်ယွမ် ကျပါတယ်။ ဆရာ ခရက်ဒစ်ကတ်နဲ့ ရှင်းမှာလား ဒါမှမဟုတ်..."

 

"ခရက်ဒစ်ကတ်နဲ့..." လုလီရှင်းက ကျီချင်းချင်းကို ညင်သာစွာ ကြည့်လိုက်သည်။

 

အိုး... ရှင့်ကတ်က ကျွန်မဆီမှာ” ကျီချင်းချင်းသည် သူမကို လုလီရှင်းပေးထားသည့် ခရက်ဒစ်ကတ်ကို ထုတ်ယူကာ ဆိုင်ဝန်ထမ်းကို ပေးလိုက်သည်။ “ဒါနဲ့ ဖြတ်လိုက်ပါ၊ ကျေးဇူးတင်ပါတယ်။”

 

"ကောင်းပါပြီ"

 

-- "နောက်ဆုံး ဆယ်စက္ကန့်။"

 

ဆိုင်ဝန်ထမ်းက ခရက်ဒစ်ကတ်ကို ချောမွေ့စွာ ပွတ်ဆွဲလိုက်သည်။

 

"ငါး၊ လေး၊ သုံး၊ နှစ် ..."

 

"ကောင်းပါပြီ ဆရာ၊ ငွေပေးချေမှုကို အောင်မြင်စွာ ပြုလုပ်ပြီးပါပြီ။ ဒါက ဆရာတို့ရဲ့ ခရက်ဒစ်ကတ်ကို ပြန်ပေးလိုက်ပါပြီ။ ကျေးဇူးပြုပြီး ဆရာတို့ရဲ့ ခရက်ဒစ်ကတ်ကို ပြန်ယူလို့ ရပါပြီ။"

 

-- “တာဝန် ပြီးမြောက်သွားပါပြီ။ မင်းဘဝသက်တမ်းထဲကို ၁၀မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် အသက်ရှင်သန်ဖို့ ၁၀နာရီ ကျန်ရှိသွားပါပြီ။”

 

လုလီရှင်းရဲ့ ရပ်တန့်လုမတတ် အခုန်မြန်နေသော နှလုံးခုန်သံဟာ တည်ငြိမ်သွားခဲ့ကာ ပုံမှနန်နှလုံးခုန်နှုန်းဖြင့်သာ ခုန်နေပါတော့သည်။

 

လုလီရှင်းသည် ဆိုင်ဝန်ထမ်းထံမှ ခရက်ဒစ်ကတ်ကို ပြန်ယူကာ ကျီချင်းချင်းလက်ထဲထည့်၍ “ဒါကို ယူထားလိုက်” လို့ အတင်းအကြပ် ပြောဆိုလိုက်သည်။