အခန်း၈၂
Viewers 14k

အခန်း (၈၂)

 

လုလီရှင်း ထျန်းယွိအင်တာတိန်းမန့်သို့ လာနေစဥ်အတွင်း ကျီချင်းချင်းသည် ထျန်းယွိအင်တာတိန်းမန့်ရဲ့ ရုံးခန်းထဲမှာ တိုက်ပွဲစလုနီပါး ဖြစ်နေခဲ့သည်။

 

နေ့ခင်းဖက်တွင် သူမရဲ့ အေးဂျင့် ချင်ယွဲ့ထံမှ ဖုန်းဝင်လာခဲ့သည်။ သူမကို ရုံးသို့ လာခိုင်းခဲ့သည်။ ကုမ္ပဏီက သူမနှင့် ရှန်းဝေဝေတို့ကို တွေ့ဆုံဆွေးနွေးခွင့်ပေးထားကြောင်း သူက ပြောခဲ့သည်။

 

ဆွေးနွေးပွဲခေါင်းစဥ်က ဘာလဲ။ သေချာပေါက် အကြောင်းအရာ တစ်ခုပဲ ရှိနိုင်တာပေါ့။

 

ကျီချင်းချင်းက ဒါကို ပေါ့ပေါ့တန်တန်တွေးခဲ့မိသည်။ ကုမ္ပဏီက ဒီကိစ္စကို အကျယ်မချဲ့ချင်ပဲ အထက်လူကြီးပိုင်းကို ဖုံးကွယ်ထားချင်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့က သူမနှင့် ရှန်းဝေဝေတို့ကို တွေ့ဆုံဆွေးနွေးစေချင်ကြသည်။ သူတို့ တွေ့ဆုံပြီးနောက်မှာ အရာအားလုံးကို လွယ်လွယ်ကူကူနဲ့ စကားပြောလို့ ရမယ်လို့ ထင်နေပုံပါပဲ။

 

သူမ ထျန်းယွိအင်တာတိန်းမန့်ကို ရောက်ရောက်ချင်းမှာပဲ ချင်ယဲ့က သူမကို အစည်းအဝေးခန်းထဲသို့ ဆွဲသွင်းခဲ့သည်။

 

အစည်းအဝေးခန်းထဲမှာ လူသိပ်မရှိဘူး။ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သာ ရှိသည်။ ချင်ယွဲ့နှင့် သူမကိုပါ ပေါင်းထည့်လိုက်လျှင် အခ အခန်းထဲမှာ စုစုပေါင်း လူငါးယောက်သာ ရှိသည်။ ဒီနေ့အစည်းအဝေးသည် သီးသန့်အစည်းအဝေးတစ်ခုလို့ ဆိုနိုင်ပေသည်။

 

ပြောစရာ မလိုလောက်အောင်ပင် မျက်လုံးတွေ နီရဲနေသည့် အမျိုးသမီးကတော့ ရှန်းဝေဝေဖြစ်ပြီး ကျန်အမျိုးသားနှစ်ယောက်ကတော့...

 

ကျီချင်းချင်းသည် ရှန်းဝေဝေရဲ့ မျက်စောင်းထိုးနေရာလောက်မှာ ဝင်ထိုင်လိုက်ပြီး သူမရဲ့ အေးဂျင့် ချင်ယွဲ့သည် သူမဘေးတွင် ဝင်ထိုင်ခဲ့သည်။

 

“ကောင်းပြီ၊ ငါ့ကို ဘာဖြစ်လို့ ဒီနေရာကို ခေါ်ရတာလဲ ဆိုတာကို ပြောပါ။”

 

အစည်းအဝေးခန်းရဲ့ ထိပ်ဆုံးခုံမှာ ထိုင်နေတဲ့လူက ကျီချင်းချင်းကို တင်းမာတဲ့ မျက်နှာအမူအရာနှင့် လှမ်းကြည့်လိုက်သည်။ “ကိစ္စက ဒီလိုပဲ။ ရှန်းဝေဝေ ဒဏ်ရာရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချစရာတွေ ကျန်သေးတယ်။ ငါ မင်းကို ဖုန်းဆက်ပြီး ခေါ်ခိုင်းရတဲ့ အကြောင်းကတော့ မင်းနဲ့ ရှန်းဝေဝေတို့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို ဆွေးနွေးကြဖို့ပဲ။”

 

“ဒီကိစ္စကို ဘယ်လို ဖြေရှင်းမယ် ဆိုတာကို ကျွန်မတို့ သဘောတူပြီးသား မဟုတ်ဘူးလား။ ရှန်းမိန်းကလေးက သူမဖက်ကနေ တာဝန်အပြည့်ယူဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့တယ်လေ။ ဘာဆွေးနွေးစရာ ကျန်သေးလို့လဲ။”

 

အစည်းအဝေးခန်း စားပွဲထိပ်မှ လူက ဘာမှ ပြန်မပြောပေမယ့် ရှန်းဝေဝေဘေးမှာ ထိုင်နေတဲ့ အမျိုးသားက စကားဝင်ပြောသည်။ “ကျီချင်းချင်း၊ မင်း ဘာကို ဆိုလိုချင်တာလဲ။ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေက မျက်မြင်သက်သေတွေပဲ။ မင်း ရှန်းဝေဝေကို ပြဿနာရှာဖို့ သွားရှာတာ မဟုတ်ရင် သူမ တောင်ပေါ်ကနေ လဲကျသွားမှာ မဟုတ်ဘူး။”

 

ကျီချင်းချင်းက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ နောက်ဆုံးတော့ သူမ ဒီအမျိုးသားရဲ့ အသံကို မှတ်မိသွားသည်။ ဟုတ်တယ်၊ ဒီအမျိုးသားက ကုရှောက်ယွီပဲ။

 

“မစ်စတာကု၊ ကျွန်မ ရှန်းဝေဝေနဲ့ ငြင်းခုန်နေတယ်လို့ ရှင် ကိုယ်တိုင် မြင်တွေ့ခဲ့တာလား။ ပြီးတော့ ကျွန်မက သူမကို သွားရှာတယ်ဆိုတာနဲ့ ပြဿနာဖို့လို့ ရှင် ထင်လိုက်တာလား။”

 

“မင်း အဲ့တာကို ဝန်မခံသေးဘူးလား။ ဗီဒီယိုထဲမှာ ရှင်းလင်းနေတာပဲ။ ဝေဝေက ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး မင်းရဲ့ နစ်နာခဲ့ရသူကို ပြန်ပြီး စွပ်စွဲချင်နေသေးတာလား။” ကုရှောက်ယွီက ကျီချင်းချင်းကို အရှင်လတ်လတ် ဝါးမြိုချင်နေပုံပဲ။ သူ့လက်ကို စားပွဲပေါ်သို့ ကျယ်လောင်စွာ ရိုက်ပုတ်လိုက်သည်။

 

ရှန်းဝေဝေက ကုရှောက်ယွီကို အလျင်စလို လှမ်းဆွဲလိုက်သည်။ “ရှောက်ယွီ၊ ဒီလို မလုပ်ပါနဲ့။ ဒါက ကျွန်မ အမှားပါ။ ကျွန်မသာ ကျီမိန်းကလေးကို နားလည်မှု မလွဲခဲ့ရင် သူမ ဆိုက်ဘာအကြမ်းဖက်မှု သူမ ခံစားခဲ့ရမှာ မဟုတ်ဘူး။ ကျီမိန်းကလေးဖက်က ကျွန်မကို ဘယ်လိုပဲ တုံ့ပြန်ပါစေ၊ ကျွန်မ အဲ့တာကို လက်ခံဖို့ ဆန္ဒရှိပါတယ်။”

 

ကျီချင်းချင်းက သူမမျက်လုံးတွေကို လှိမ့်လိုက်မိသည်။

 

ရှန်းဝေဝေက သူမနှုတ်ခမ်းဖျားကသာ တာဝန်ယူချင်တယ်လို့ ပြောနေတာ ဖြစ်သည်။ ဒါပေမယ့် သူမသာ တကယ် တာဝန်ယူဖို့ ဆန္ဒရှိတယ်ဆိုရင် သူမက ကုရှောက်ယွီကို သူမရဲ့ ထောက်ခံအားပေးသူအဖြစ် ဆွဲထုတ်ပြီး ဒီလိုအစည်းအဝေးမျိုး ပြုလုပ်ခဲ့မှာလဲ။

 

ချင်ယွဲ့သည် ကျီချင်းချင်းရဲ့ အေးဂျင့် ဖြစ်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း သူမသည် သူ့အဖွဲ့ထဲတွင် ရှိနေဆဲ ဖြစ်သည်။ သူက သဘာဝအတိုင်း သူမကို ကာကွယ်ပေးရမည်။ “ရှန်းမိန်းကလေး၊ မင်း ဒီကိစ္စကို တာဝန်အပြည့်အဝယူဖို့ သဘောတူပြီးသားဆိုတော့၊ ဒါဆိုရင် ကျွန်တော်တို့...”

 

ကုရှောက်ယွီ နှာခေါင်းရှုံ့လိုက်သည်။ “တာဝန်ယူမှုလား။ ဘာကို တာဝန်ယူရမှာလဲ။ ငါ့အမြင်အရတော့ ဝေဝေက ဒီကိစ္စအတွက် လုံးဝ တာဝန်ယူစရာ မလိုဘူး။” သူက အစည်းအဝေးခန်း စားပွဲခုံထိပ်မှာ ထိုင်နေသည့် အမျိုးသားကို လှမ်းကြည့်လိုက်သည်။ “လက်ထောက်ဒါရိုက်တာလီ၊ ဒီကိစ္စမှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာ ခင်ဗျား ရှင်းရှင်းလင်းလင်း သိမယ်လို့ ကျွန်တော် ထင်တယ်။”

 

“တော်ပြီ” လက်ထောက်ဒါရိုက်တာလီက သက်ပြင်းချသည်။ သူက မျက်မှောင်ကြုတ်ထားရင်း ကျီချင်းချင်းကို လှမ်းကြည့်သည်။ “ကျီချင်းချင်း၊ ဒီကိစ္စက မင်းတို့နှစ်ယောက်စလုံးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုမျိုး ကြုံတွေ့ရလိမ့်မယ်။ ဒီကိစ္စကို ဇာချဲ့နေမယ်ဆိုရင် ကုမ္ပဏီကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေလိမ့်မယ်။ ကုမ္ပဏီရဲ့ အနုပညာရှင်တစ်ဦးအနေနဲ့ မင်းလုပ်ချင်တာကို လုပ်နိုင်တယ်လို့ ဒုဥက္ကဌချန်က ပြောခဲ့ပေမယ့် မင်းရဲ့ လုပ်ရပ်တွေက ကုမ္ပဏီကို ဘယ်လို အကျိုးသက်ရောက်မှု ရှိစေမလဲ ဆိုတာကို မင်း စဥ်းစားရမယ်။ မင်း ဒီလိုမျိုးသာ ငြင်းခုံနေမယ်ဆိုရင် ငါတို့ကုမ္ပဏီက ဖျော်ဖြေရေးနယ်ပယ်မှာ လူရယ်စရာ ဖြစ်လာလိမ့်မယ်။”

 

ကျီချင်းချင်း ခပ်ဖွဖွ ရယ်မောလိုက်သည်။

 

သူက တစ်ယောက်ကိုတော့ ဝေဝေလို့ခေါ်ပြီး နောက်တစ်ယောက်ကိုတော့ ကျီချင်းချင်းလို့ခေါ်သည်။ ဒီလက်ထောက်ဒါရိုက်တာလီက အစကတည်းက ဘက်လိုက်နေခဲ့တာ ဖြစ်သည်။

 

သူက သူမနောက်မှာ နောက်ခံကောင်းကောင်း မရှိဘူးလို့ ထင်တဲ့အတွက် သူမကို အနိုင်ကျင့်ဖို့ သူက ဒီကို ခေါ်လိုက်တာပဲ။