အခန်း၈၅
Viewers 16k

အခန်း (၈၅)

 

ရှန်းဝေဝေက သူ့အင်္ကျီလက်ကို စိုးရိမ်တကြီး ဆွဲကာ “ရှောက်ယွီ၊ ဒီကိစ္စကို ကျွန်မကိုယ်တိုင် ကိုင်တွယ်ခွင့်ပြုမယ်လို့ ရှင် ပြောထားတယ်လေ။ ချင်းချင်း၊ ငါ နင့်ကို တောင်းပန်ချင်ပါတယ်။ အဲ့ဒီနေ့က နင့်ကို နားလည်မှုလွဲမှားခဲ့တာ ငါ့အမှားပါ။ နင်က ငါ့ကို တွန်းလိုက်တဲ့လူလို့ ငါ တကယ်ထင်ခဲ့တာ။ ကံကောင်းထောက်မစွာနဲ့၊ နင်ရဲ့ အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု ရှိနေ့လို့၊ မဟုတ်ရင်...”

 

“ဝေဝေ” ကုရှောက်ယွီက သူမကို ကြားဝင်ဖြတ်ပြောသည်။ “မင်းက ဘာလို့ တောင်းပန်နေရတာလဲ။ သူမက မင်းကို တွန်းထုတ်လိုက်တဲ့သူ မဟုတ်ရင်တောင် သူမက အပြစ်ရှိနေတုန်းပဲ။ မင်း ဘာအမှားမှ မလုပ်ခဲ့ဘူး။ မင်းက နစ်နာသူပဲ။ အနိုင်ကျင့်ခံရသူက ဘာကြောင့် တောင်းပန်ရမှာလဲ။”

 

“ဒါပေမယ့် ချင်းချင်းက ကျွန်မကြောင့် လူတွေ ပြစ်တင်ရှုတ်ချတာကို ခံခဲ့ရတယ်...”

 

“သူမက တခြားသူတွေဆီက ဆူပူကြိမ်းမောင်းခံရရင်ရော ဘာဖြစ်လဲ။ မင်း ဒုက္ခခံရတာနဲ့ မနှိုင်းယှဥ်နိုင်ဘူး။ မင်းက ထိခိုက်ဒဏ်ရာရပြီး ကုတင်ပေါ်မှာ အကြာကြီး လှဲလျောင်းနေရတာ။ မင်းကိုယ်မင်း အပြစ်တင်တာ ရပ်လိုက်တော့၊ ဟုတ်ပြီလား။”

 

ကျီချင်းချင်းရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေက ကွေးညွှတ်သွားခဲ့သည်။

 

ကျီချင်းချင်းသည် ဤခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်မှာ မာနကြီးသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ဆိုးရွားသော လုပ်ရပ်များစွာကို ကျုးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ကုရှောက်ယွီက သူမကို မထီမဲ့မြင်ပြုတာက ပုံမှန်ပင် ဖြစ်သည်။ မူလပိုင်ရှင်ရဲ့ ခန္ဓာကိုယ်သို့ ကူးပြောင်းလာကတည်းက မူလပိုင်ရှင် ကျူးလွန်ခဲ့သော အရှုပ်အထွေးများကို တာဝန်ယူပြီး ဖြေရှင်းပေးသင့်သည်။ သူမသည် ထိုသို့ပြုလုပ်ပေးရန် ဆန္ဒရှိသည်။ ဒါပေမယ့် တခြားသူတွေ လုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် သူမ ဝန်ခံတာမျိုး သို့မဟုတ် တောင်းပန်တာမျိုး မရှိဘူး။

 

ကျီချင်းချင်းက စားပွဲကို ညင်သာစွာ ပုတ်လိုက်သဖြင့် သူတို့ရဲ့ အာရုံစိုက်မှုကို တဖန် သူမအပေါ် ကျရောက်သွားစေခဲ့သည်။

 

“မစ်စတာကု၊ ကျွန်မက ရှန်းဝေဝေကို တစ်နည်းမဟုတ် တစ်နည်းနဲ့ တောင်ပေါ်ကနေ ပြုတ်ကျစေတယ်လို့ ရှင်က စွပ်စွဲနေတာလား။ တကယ်လို့ အဲ့နေရာမှာ ရှင် ရှိနေတယ်ဆိုရင် ကျွန်မက သူမကို ဘယ်လို ပြဿနာရှာလိုက်လဲ ဆိုတာကို ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး။”

 

“မင်းက သူမကို ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးတတ်သူမို့ မင်း သူမကို ဘယ်လို ပြဿနာရှာတယ်ဆိုတာ မင်းကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိမှာပေါ့။”

 

“ဒါပေမယ့် ကျွန်မ သူမကို ဘယ်လို ပြဿနာရှာမိလဲ ဆိုတာကို ကျွန်မ မသိဘူး။” ကျီချင်းချင်းက ပြုံးလိုက်သည်။ ကျီချင်းချင်းရဲ့ ဓားတစ်လက်လို စူးရှသော အကြည့်တွေဖြင့် သူ့ကို စိုက်ကြည့်နေရင်း “ရှင်က သူမကို ကျွန်မက ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးခဲ့တာလို့ ရှင် ယုံကြည်နေတာ ဆိုတော့ ရှင့်မှာ သက်သေအထောက်အထား တစ်ခုခု ရှိမယ်လို့ ထင်ပါတယ်။ ကျေးဇူးပြုပြီး ပြောပြပါဦး၊ ရှင်ရထားတဲ့ သက်သေအထောက်အထားလေးတွေ ကျွန်မ ကြားချင်လို့...”

 

ကုရှောက်ယွီ မျက်မှောင်ကြုတ်လိုက်သည်။ ကျီချင်းချင်းက အရမ်းယုံကြည့်မှုရှိနေတာကို တွေ့မြင်ပြီးနောက် သူရဲ့ ယုံကြည်မှု ရုတ်တရတ် ပျောက်ဆုံးသွားခဲ့သည်။

 

“အဲ့ဒီတုန်းက ဘယ်သူမှ မရှိဘူးဆိုတော့ ငါက ဘယ်လိုလုပ်ပြီး...”

 

“ဆိုလိုချင်တဲ့ အဓိပ္ပါယ်က ရှင် ဘာမှ မသိဘူးပေါ့၊ ရှင်က မှန်းဆပြောဆိုနေတာပဲ။” သူမက ရှန်းဝေဝေဖက်သို့လှည့်ပြီး မေးလိုက်သည်။ “ရှန်းမိန်းကလေး၊ ကျေးဇူးပြုပြီး အဲ့ဒီအချိန်တုန်းက ကျွန်မတို့ ပြောဆိုနေကြတဲ့ အကြောင်းတွေကို ပြန်ပြောပေးနိုင်မလား။”

 

ရှန်းဝေဝေရဲ့ မျက်ဝန်းနက်များတွင် ထိတ်လန့်တကြား အရိပ်အမြွတ်တွေ ယှက်သန်းသွားခဲ့သော်လည်း သူမ ချက်ချင်း ငြိမ်သက်သွားသည်။ သူမရဲ့ မျက်ဝန်းထဲက မုန်းတီးမှုနှင့် ထိတ်လန့်မှုတို့ကို ဖုံးကွယ်လိုက်နိုင်ခဲ့သည်။ ရှန်းဝေဝေက ခေါင်းငုံ့ပြီး အသံတုန်တုန်ယင်ယင်ဖြင့် “ကျွန်မ မမှတ်မိဘူး။”

 

ကျီချင်းချင်းက ခပ်တိုးတိုးလေး ရယ်မောလိုက်ရင်း “ကောင်းပြီ၊ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့သူတောင် မမှတ်မိသလိုပဲနော်။ မစ်စတာကု၊ ကျွန်မရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြပြီးပြီလို့ ထင်ပါတယ်။”

 

လက်ထောက်ဒါရိုက်တာလီက ရှန်းဝေဝေတစ်ယောက် ခေါင်းငုံ့နေခြင်းအား တခြားသူတွေရဲ့ မှားယွင်းပြစ်တင်နေတာကို ခါးစည်းခံနေတယ်လို့ ထင်မြင်မိသည်။ လက်ထောက်ဒါရိုက်တာလီက ရှန်းဝေဝေကို ကြည့်ပြီး သနားကရုဏာသက်မိသွားသည်။ သူက ကျီချင်းချင်းကို လှည့်ကြည့်ပြီး စိတ်မရှည်သည့်အသံဖြင့် “ကျီချင်းချင်း၊ ငါတို့ ဒီကိစ္စကို ဖြေရှင်းဖို့ ဘာလုပ်သင့်လဲ ဆိုတာကို ဆွေးနွေးဖို့ ဒီနေရာကို ရောက်နေကြတာပဲ။ ငါတို့ ရန်ဖြစ်လို့ လာတာ မဟုတ်ဘူး။”

 

“လက်ထောက်ဒါရိုက်တာလီ၊ ကျွန်မက သူတို့နဲ့ ရန်ဖြစ်ချင်နေတယ်လို့ ရှင်ထင်နေတာလား။ ဒါပေမယ့် ကျွန်မ မလုပ်ဖူးတဲ့ အရာတစ်ခုကို သူတို့က ပြစ်တင်ပြောဆိုနေလို့ ကျွန်မက ပြန်ပြောနေရတာပဲ။ ကျွန်မ ဒါကို ဘယ်လိုလုပ်ပြီး ထိုင်ပြီး ကြည့်နေနိုင်မှာလဲ။ စိတ်မပူပါနဲ့၊ ကျွန်မ ဒီကိစ္စကို ရှင်းလင်းပြီးရင် ကျွန်မတို့ လက်ရှိပြောနေတဲ့ အကြောင်းအရာကို ပြန်သွားကြတာပေါ့။” သူမက ကုရှောက်ယွီကို လှည့်ကြည့်လိုက်သည်။ “မစ်စတာကု၊ ရှင်က ကျွန်မကို စွန့်ပစ်လိုက်လို့ ကျွန်မက သူမကို မနာလိုဖြစ်နေတယ်လို့ ထင်ကောင်းထင်နေနိုင်ပေမယ့် အမှန်တရားကတော့ ကျွန်မက သူမကို လုံးဝ မနာလို မဖြစ်မိဘူး။ ရှင်က တခြားသူတွေရဲ့ အမြင်မှာ ရတနာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျွန်မမျက်လုံးထဲမှာတော့ ရှင်က ခွေးချေးပဲ။ ခွေးချေးတက်နင်းမိလို့ ကံကောင်းမယ် ဆိုရင်တောင် ကျွန်မက အဲ့လို ကံကောင်းမှုမျိုးကို လိုချင်တဲ့ စိတ်ဆန္ဒ မရှိဘူး။”

 

“ကျီချင်းချင်း၊ မင်း ဒီလိုပြောရဲတယ်ပေါ့။”

 

“ရှင် အခုတုန်းက ပြောခဲ့တဲ့အတိုင်းဆိုရင် ကျွန်မကသာ ရှင့်ကို ကျွေးမွေးထားတဲ့သူပဲ။” ကျီချင်းချင်းက ပြုံးလိုက်သည်။ “တောင်းပန်ပါတယ်၊ ဒါပေမယ့် ရှင့်ပိုက်ဆံကြောင့် ကျွန်မ ရှင်နဲ့ ချိန်းတွေ့ခဲ့တာ မဟုတ်ဘူး။ ချိန်းတွေ့အခါမှာ သုံးတဲ့ပိုက်ဆံကလွဲရင် ရှင့်ဆီက ကျွန်မ လက်ဆောင်တစ်ခုတောင် မရခဲ့ဖူးဘူး။ ဒါပေမယ့်...” ကျီချင်းချင်းက ကုရှောက်ယွီခါးမှာ ဝတ်ဆင်ထားတဲ့ ခါးပတ်ကို ညွှန်ပြရင်း “အဲ့တာက ကျွန်မ ရှင့်ကို ဝယ်ပေးထားတဲ့ ခါးပတ်ပဲ။ အဲ့ဒီခါးပတ်က အနည်းဆုံး ဂဏန်းငါးလုံး တန်ကြေးရှိတယ်။ ရှင့်ရဲ့ အဆိုအရ၊ ပိုက်ဆံအနည်းဆုံးသုံးတဲ့သူက ချူစားတယ် ဆိုတော့ ကျွန်မက ရှင့်ထက် ပိုက်ဆံပိုသုံးခဲ့တာ ဖြစ်လို့ ရှင်ကသာ ကျွန်မကို ချူစားနေတာလို့ ဆိုသင့်တယ် မဟုတ်လား။”